Skip to main content
Printable page generated အင်္ဂါ 10 မတ် 2026 at 06:34
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2026 The Open University, all rights reserved.
Printable page generated အင်္ဂါ 10 မတ် 2026 at 06:34

မိတ်ဆက်

မိတ်ဆက်

Described image

အဝေးမှသင်ယူမှုကို ယခင်ကမလုပ်ဖူးသော ကျောင်းသားများသည် ပညာရေးနှင့်အဆက်ပြတ်နေပြီးမှ တဖန်ပြန်ပြီးလေ့လာသင်ယူကြတာ ဖြစ်တတ်သည်။ အများစုက အဆင်သင့်ဖြစ်နေပြီဟုမခံစားရဘဲ သူတို့တွင်ရှိပြီးသားအရည်အချင်းများက အောင်မြင်အောင်လုပ်ပေးနိုင်မည်ဟု မယုံကြည်ကြောင်းပြောကြပါသည်။

ယခုပို့ချမည့် အခမဲ့သင်တန်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသော အဝေးသင်ကျောင်းသားတစ်ဦးဖြစ်လာရန် ကူညီပေးပါလိမ့်မည်။ မိမိ၏ သင်ယူပုံ၊ သင်ယူနည်းကို အားသစ်လောင်းပေးရန် ရိုးရှင်းသည့် အပြန်အလှန်လုပ်ဆောင်မှုအဆင့် ၅ ဆင့်ဖြင့် လမ်းညွှန်ပေးပါလိမ့်မည်။ အသုံးဝင်သောလေ့လာမှုစွမ်းရည်များ၊ အချိန်စီမံခန့်ခွဲမှု၊ စစ်ဆေးအကဲဖြတ်ခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုတွင် အဆင်သင့်ဖြစ်လာခြင်း၊ သင်တန်းနှင့်ဆိုင်သည့် အချက်အလက်များ၊ အထာက်အကူများကို ထိရောက်စွာစီမံခန့်ခွဲခြင်းတို့ကို လေ့လာမှာဖြစ်ပါသည်။

အဝေးသင်ကျောင်းသားတစ်ဦးဖြစ်ရန် အသင့်ဖြစ်မှုကို ပြန်သုံးသပ်နိုင်စေမည့် လေ့ကျင့်ခန်းတစ်ခုနှင့် သင်တန်းပြီးဆုံးမှုစစ်တမ်းတစ်ခုဖြင့် သင်တန်းကို အဆုံးသတ်ပါမည်။

ယခုသင်တန်းအားတက်ရောက်ပြီးလျှင် အောက်ဖော်ြပပါများကို လုပ်နိုင်လိမ့်မည်။:

  • အဝေးမှသင်ယူသူတစ်ဦးဖြစ်လာရန် ပြင်ဆင်ရာတွင် အားသာချက်နယ်ပယ်များကို ဖော်ထုတ်နိုင်ခြင်း
  • အဝေးမှသင်ယူရာတွင် အဖိုးတန်သောကျွမ်းကျင်မှုများကို စူးစမ်းရှာဖွေပြီး ပြန်သုံးသပ်နိုင်ခြင်း
  • အဝေးမှသင်ယူသူတစ်ဦးအဖြစ် မိမိ၏ကျွမ်းကျင်မှုများ ဆက်လက်ဖွံ့ဖြိုးရန် အခွင့်အလမ်းများကို ဖော်ထုတ်နိုင်ခြင်း
  • အောင်မြင်သော အဝေးသင်ကျောင်းသားတစ်ဦး၏ အရည်အချင်းများကို နားလည်သဘောပေါက်နိုင်ခြင်း

မြန်မာနိုင်ငံတွင် အဝေးသင်ပညာရေး ဘွဲ့သင်တန်းတစ်ခုကို စတင်တက်ရောက်တော့မည့် Mg Mg နှင့်အတူ ဒီသင်တန်းကိုတက်ရမှာြဖစ်ပါသည်။ အခုသူက သူ့ကိုယ်သူ မိတ်ဆက်ပါလိမ့်မည်။

"မင်္ဂလာပါ။ ကျွန်တော် Mg Mg ပါ။ မိဘတွေနဲ့အတူ မုံရွာမှာနေပါတယ်။ သူတို့ကကျွန်တော့်ကို တအားချစ်ပါတယ်။ ကျွန်တော်စိတ်ဝင်စားတဲ့အရာတွေနဲ့ အိပ်မက်တွေအကောင်အထည်ပေါ်ဖို့ တကယ့်ကိုအားပေးပါတယ်။ ကျွန်တော်မကြာခင်ကပဲ မန္တလေးအဝေးသင်တက္ကသိုလ်မှာ ဇီဝဗေဒဘာသာဘွဲ့အတွက် ကျောင်းစတက်ဖို့ စာရင်းပေးခဲ့ပါတယ်။ နည်းနည်းတော့စိတ်ပူပါတယ်။ ကျွန်တော်တက္ကသိုလ်ဝင်တန်းဖြေပြီးတာ ၂ နှစ်ရှိပြီဆိုတော့ ဘယ်လိုလေ့လာသင်ယူမလဲဆိုတာကို ကျွန်တော်မေ့နေလောက်ပါပြီ။ မိသားစုကိုထောက်ပံ့ဖို့လိုလို့ ကျွန်တော်အလုပ်လုပ်ရမှာပါ။ ဒါကြောင့် အဝေးသင်တက်တာက ကျွန်တော့်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ အလုပ်လည်းလုပ် ပညာလည်းရှာနိုင်ပြီး ၄ နှစ်အတွင်းမှာ လစာပိုကောင်းတဲ့အလုပ်တစ်ခု ရစေမယ့်ဘွဲ့တစ်ခုရမှာပါ။ ဒီသင်တန်းက အဝေးသင်ပညာရေးမှာကြုံတွေ့နိုင်တဲ့ အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ပေးနိုင်ပြီး အလေ့အကျင့်ကောင်းတွေမွေးဖို့ အကြံပြုချက်တွေပေးနိုင်မယ်လို့ ထင်ပါတယ်။

အခုသင်တန်းကို မည်သူတွေစိတ်ဝင်စားသလဲ သိစေနိုင်ဖို့ သင်တန်းစတင်မှုစစ်တမ်းတွင်ပါသောမေးခွန်းအနည်းငယ်ကို အချိန်ခဏလောက်ပေးပြီး ဖြေပေးစေချင်ပါသည်။ ပါဝင်ဖြေဆိုမှုကို လုံးဝလျှို့ဝှက်ထားမှာဖြစ်ပြီး သင့်အချက်အလက်များကို အခြားသူများကို ပေးမှာမဟုတ်ပါ။

အခု အဆင့် ၁ လေ့လာသင်ယူဖို့အချိန်ဘယ်လိုယူမလဲ?ကိုဆက်ကြည့်ပါ။