Skip to main content
Printable page generated အင်္ဂါ 10 မတ် 2026 at 06:34
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2026 The Open University, all rights reserved.
Printable page generated အင်္ဂါ 10 မတ် 2026 at 06:34

အဆင့် ၆ မိမိကိုယ်ကိုယ် စစ်ဆေးအကဲဖြတ်သည့် လုပ်ဆောင်မှု

အဆင့် ၆ မိမိကိုယ်ကိုယ် စစ်ဆေးအကဲဖြတ်သည့် လုပ်ဆောင်မှု

Described image

ယခုသင်တန်းတိုကာလတွင် အဝေးသင်တစ်ယောက်အဖြစ် လေ့လာသင်ယူရန် အသင့်ဖြစ်မှုကိုစစ်ဆေးရန် မိမိကိုယ်ကိုယ် စစ်ဆေးအကဲဖြတ်သည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ခဲ့ပြီးပါပြီ။

ယခုသင်တန်းတိုက မိမိ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ပေးပြီး အသုံးဝင်သည့် ကျွမ်းကျင်မှုများကို စူးစမ်းရှာဖွေရန်နှင့် လေ့လာသင်ယူရန် မည်မျှအဆင်သင့်ဖြစ်ပြီလဲ၊ လေ့လာသင်ယူမှုဆိုင်ရာ ကျွမ်းကျင်မှုများဖွံ့ဖြိုးအောင် မည်သို့လုပ်ရမည်လဲ စသည်တို့ကို ရှာဖွေတွေ့ရှိရန် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ပါသည်။

စနစ်တကျ လေ့လာမှုပြုသည့် အဝေးမှသင်ယူသူတစ်ဦး ဖြစ်လာခြင်းကို သဘောကျလျှင် ပညာရေးအကြံပေးနှင့် ဆွေးနွေးပါ။ မိမိစတင်သည့်အဆင့်နှင့် လေ့လာဖို့ မိမိဘယ်လောက်ကောင်းကောင်း ပြင်ဆင်ထားသလဲဆိုတာက မိမိ၏လေ့လာမှု အောင်မြင်ရေးတွင် ကြီးမားစွာ သက်ရောက်မှုရှိသည်ဟု ကျောင်းသားများကပြောပါသည်။

ဆက်လေ့လာနိုင်အောင် ပြင်ဆင်ပေးဖို့ နောက်ဆုံးလုပ်ဆောင်မှုတစ်ခု ရှိပါသည်။

လုပ်ဆောင်မှု ၇

Timing: ကြာချိန် မိနစ် ၃၀

မိမိကိုယ်ကိုယ် စစ်ဆေးအကဲဖြတ်မှု မေးခွန်းလွှာ.ကိုဖွင်ပါ။ အဖြေများ ဖြည့်ပါ။ မိမိကွန်ပြူတာတွင် သိမ်းထားပြီးနောက် ပရင့်ထုတ်ပါ။ မိမိသင်ယူလေ့လာသည့်နေရာတွင် ကပ်ထားပြီး လေ့လာမှုပြုစဉ် အလွယ်တကူ ယူကြည့်နိုင်သည်။ မိမိလေ့လာဖို့ ရည်ညွှန်းထားသည့်စာများကို ပြန်လေ့လာရန် သုံးလိုကသုံးနိုင်သည်။

လေ့လာမှုများ တိုးတက်လာသည်နှင့်အမျှ မေးခွန်းလွှာကို ထပ်မံ၍ ပုံမှန်ဖြေဆိုပေးခြင်းက မိမိ၏တိုးပွားလာသည့် လေ့လာမှုသင်ယူမှုဆိုင်ရာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ခြေရာခံရန် ကူညီပေးနိုင်ပါသည်။

မိမိကိုယ်ကိုယ် စစ်ဆေးအကဲဖြတ်မှု မေးခွန်းလွှာ

အခု သင်တန်းအဆုံးကိုရောက်ပါပြီ။ အောင်မြင်စွာပြီးဆုံးကြောင်း အသိအမှတ်ပြုမှုနှင့် လက်မှတ်ရယူရန် သင်တန်းပြီးဆုံးမှုစစ်တမ်းကို ဖြည့်ဖို့လိုပါသည်။