Skip to main content
Printable page generated ဗုဒ္ဓဟူး 4 မတ် 2026 at 10:25
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2026 The Open University, all rights reserved.
Printable page generated ဗုဒ္ဓဟူး 4 မတ် 2026 at 10:25

အခန်း ၁ ။ နောက်ဆက်တွဲ အရင်းအမြစ်များ

အခန်း ၁ ။ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုသည်မှာ အဘယ်နည်း။

၁.၁ စာပေနှင့်အနုပညာမူပိုင်ခွင့်အခြေခံများ

စိတ်ကူးစိတ်သန်းနှင့်ဖော်ပြချက်ကြားမှ ကွာခြားချက်

'စိတ်ကူးနှင့်ဖော်ပြချက်ခြားနားမှု ကို ရှင်းပြချက်တစ်ခုနှင့် နောက်ဆက်တွဲ အရင်းအမြစ်များ (ယူကေ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေရှင်းလင်းမှု)

မူလလက်ရာရှင်၏သီးသန့်အခွင့်အရေးများ

ဝီကီပီးဒီးယားစာမျက်နှာ

ဉာဏပစ္စည်း အခြားအမျိုးအစားများမှ စာပေနှင့်အနုပညာမူပိုင်ခွင့်ကိုခွဲခြားကြည့်ခြင်း

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ယေဘုယျအားဖြင့် ကုန်စည်တစ်ခု၊ ဝန်ဆောင်မှုတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏အရင်းမြစ်နှင့်ပတ်သက်၍ မသဲမကွဲဖြစ်ခြင်းမှ အများပြည်သူအား ကာကွယ်ပေးပါသည်။ ကုန်အမှတ်တံဆိပ်တစ်ခု၏ပိုင်ရှင်သည် အများပြည်သူတို့ဇဝေဇဝါဖြစ်မည်ဆိုပါက အဆိုပါကုန်အမှတ်တံဆိပ်အား အခြားသူများမှ အသုံးပြုမှုကိုဟန့်တားခွင့်ရှိပါသည်။ ကုန်အမှတ်တံဆိပ်နမူနာများမှာ McDonald’s သုံးခဲ့သော ရွှေရောင်အခုံးများ (the golden arches) သို့မဟုတ် ‘Coca-Cola’ ကုန်အမှတ်တံဆိပ်အမည် တို့ဖြစ်သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ကုန်စည်နှင့်ဝန်ဆောင်မှုများထုတ်လုပ်သူတို့အား ၎င်းတို့၏ဂုဏ်သိက္ခာကိုကာကွယ်ရန် ကူညီပေးပါသည်။ ထို့အပြင် တူညီသည့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကြားတွင် ခွဲခြားရန်လွယ်ကူသောနည်းလမ်းတစ်ခုပေးခြင်းဖြင့် အများပြည်သူအား ကာကွယ်ပေးပါသည်။

တီထွင်မှုမူပိုင်ခွင့်ဥပဒေ တီထွင်သူများအား ၎င်းတို့၏တီထွင်မှုများအတွက် အချိန်ကန့်သတ်ထားသောချုပ်ကိုင်ခွင့်ပေးပါသည်။ တီထွင်မှုမူပိုင်ခွင့်သည် တီထွင်သူများအား ဖန်တီးခွင့်၊ ဖန်တီးပြီးခွင့်၊ အသုံးပြုခွင့်၊ အသုံးပြုပြီးခွင့်၊ ရောင်းချဖို့ကမ်းလှမ်းခွင့်၊ ရောင်းချခွင့်၊ ရောင်းချပြီးခွင့် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်ရနိုင်သော တီထွင်မှုများကို တင်သွင်းခွင့်တအတွက် သီးသန့်အခွင့်အရေးပေးထားသည်။

ဉာဏပစ္စည်းမူပိုင်ခွင့် အခြားအမျိုးအစားများတွင် ဥပမာ အချို့အနေဖြင့် ကုန်သွယ်မှုမူပိုင်ခွင့်လျှို့ဝှက်ချက်များ၊ ကြော်ငြာခြင်းအခွင့်အရေးများနှင့် ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများပါဝင်သည်။

မတူညီသည့် ဉာဏပစ္စည်း အမျိုးအစားများအား အကျဉ်းချုံးမိတ်ဆက်ခြင်းကို ၃ မိနစ်စာ ဗီဒီယိုဖြစ်သည့် ‘ကုန်သွယ်မှုမူပိုင်ခွင့်တစ်ခုကို မည်သို့မှတ်ပုံတင်သနည်း (ကနေဒါ) ကုန်သွယ်မှုမူပိုင်ခွင့်များ၊ တီထွင်မှုမူပိုင်ခွင့်များနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်များ – ခြားနားချက်ကဘာလဲ?တွင်ကြည့်ရှုပါ။

စာပေနှင့်အနုပညာမူပိုင်ခွင့်သဘောတရားများအကြောင်း ပို၍စုံလင်သောအချက်အလက်များ

  • တာဝန်ရှိခြင်းနှင့် ကုစားခြင်း

    • ယေဘုယျအားဖြင့် မူပိုင်ခွင့်ချိုးဖောက်ကြောင်းအဆိုကို သက်သေပြရန် မူလလက်ရာရှင် သို့မဟုတ် မူပိုင်ခွင့်ရရှိသူသည် ဖန်တီးထားသောလက်ရာအတွက် ၎င်းတို့တွင် တရားဝင်မူပိုင်ခွင့်ရှိကြောင်းနှင့်တရားခံသည် ထိုလက်ရာမှမူပိုင်ခွင့်ရှိသည့်ဖော်ပြချက်ကိုကူးယူခဲ့ကြောင်း သက်သေပြရန်သာလိုအပ်ပါသည်။ သို့သော် စွပ်စွဲခံရသောချိုးဖောက်သူ၏ ရည်ရွယ်ချက်သည် အချို့အမှု များတွင်ဆီလျော်မှုရှိနိုင်ပါသည်။ ဥပမာ တရားခံမှ ၎င်း၏အသုံးပြုမှုတွင် ခြွင်းချက်(သို့)ကန့်သတ်ချက်ကို ကျင့်သုံးထားသည် (သို့) ၎င်း၏လက်ရာအား အမှီအခိုကင်းစွာဖန်တီးခဲ့သည်ဟု အခိုင်အမာပြောဆိုခြင်းမျိုးဖြစ်သည်။
    • အချို့နိုင်ငံများမှစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများသည် မူပိုင်ခွင့်ချိုးဖောက်မှုအတွက် မူပိုင်ခွင့်ရရှိသူများအား ပြဋ္ဌာန်းဥပဒေအရကုစားခွင့်များကိုပေးပါသည်။ နစ်နာမှုများအပါအဝင် ကုစားခွင့်အမျိုးအစားနှင့်ပမာဏတို့အား ဥပဒေအရသတ်မှတ်ပြဋ္ဌာန်းလေ့ရှိပါသည်။ အချို့အခြေအနေများတွင် တရားရေးစရိတ်များအား လျော်ကြေးပေးရန် ပြဋ္ဌာန်းဥပဒေပါ စည်းကမ်းချက်များအပါအဝင် သက်ဆိုင်ရာဥပဒေမှခွင့်ပြုထားသော ပြဋ္ဌာန်းဥပဒေပါနစ်နာကြေးများနှင့် အခြားသောကုစားခွင့်များ တည်ရှိသည်ကို သတိပြုသင့်ပါသည်။
  • လိုင်စင်ပြုလုပ်ခြင်းနှင့်လွှဲပြောင်းခြင်း -- မူလလက်ရာရှင်နှင့်မူပိုင်ခွင့်ရရှိသူအများအပြားသည် သီးသန့်အခွင့်အရေးများကိုအပြည့်အဝကျင့်သုံးရန် (သို့) မူပိုင်ခွင့်ဥပဒေမှ ခွင့်ပြုသောအခွင့်အရေးကို ကျင့်သုံးရန် အခြားသူများအား ရိုးရှင်းစွာခွင့်ပြုချက်ပေးရန် အကူအညီများလိုအပ်ပါသည်။ ထိုသို့ပြုလုပ်ရန် နည်းလမ်းအချို့ရှိနေပါသည်။ အချို့မူလလက်ရာရှင်များသည် ၎င်းအခွင့်အရေးများ၏ အချို့ (သို့) အားလုံးကို သီးသန့်သော်လည်းကောင်း သီးသန့်မဟုတ်သည့်နည်းဖြင့်သော်လည်းကောင်း အသုံးပြုခွင့်ပေးတတ်ကြပါသည်။ အခြားသူများသည် ၎င်းတို့၏မူပိုင်ခွင့် အလုံးစုံကို ရောင်းချရန်ရွေးချယ်ကြပြီး အခြားသူများအား ၎င်းတို့ကိုယ်စား တွင် အသုံးချနိုင်ရန် ခွင့်ပြုပေးကာ တစ်ခါတစ်ရံတွင် အသုံးပြခွင့်အတွက် မူပိုင်ခများ တောင်းခံတတ်ကြသည်။ သက်ဆိုင်ရာစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအပေါ် မူတည်၍ စာပေနှင့်အနုပညာမူပိုင်ခွင့် လိုင်စင်တစ်ခုကို မည်သည့်အချိန်တွင် စာဖြင့်ရေးသားရမည်ဆိုသည့်အချက်အပါအဝင် မူပိုင်ခွင့်များရောင်းချခြင်း သို့မဟုတ် ခွင့်ပြုခြင်းနှင့် ဆက်စပ်နေသော လုပ်ရိုးလုပ်စဉ်များ ရှိတတ်ပါသည်။
  • စာပေနှင့်အနုပညာမူပိုင်ခွင့်လွှဲပြောင်းမှုများနှင့်လိုင်စင်များအဆုံးသတ်ခြင်း - - အချို့နိုင်ငံများမှဥပဒေများသည် လွှဲပြောင်းမှုသဘောတူညီချက် သို့မဟုတ် လိုင်စင်အရ ခွင့်မပြုလျှင်ပင် မူပိုင်ခွင့်ရရှိသူများအား လွှဲပြောင်းမှုသဘောတူညီချက်များ သို့မဟုတ် လိုင်စင်များကိုအဆုံးသတ်နိုင်ခွင့် ပေးထားပါသည်။ ဥပမာ အမေရိကန်ပြည်ထောင်စုတွင် လွှဲပြောင်းမှုသဘောတူညီချက် သို့မဟုတ် လိုင်စင် သက်ရောက်မှုရှိလာသည့်အချိန်ပေါ်တွင် မူတည်၍ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် လုပ်ထုံးလုပ်နည်း ၂ ခုပြဋ္ဌာန်းထားပါသည်။ ယင်းအခွင့်အရေးများအကြောင်းနှင့် မူလလက်ရာရှင်၊ မူပိုင်ခွင့်ရရှိသူတို့ကို ၎င်းတို့တွင် ယင်းအခွင့်အရေးများရှိမရှိသိနိုင်စေမည့် အထောက်အကူတစ်ခုအကြောင်း အပြည့်အစုံသိချင်ပါကhttps://rightsback.orgသို့ဝင်ကြည့်ပါ။
  • Harvard Law School ၏ CopyrightX ဟားဗတ် ဥပဒေပညာသင်ကျောင်း၏ HarvardX အဝေးသင်အစီအစဉ်မှ စီစဉ်ပေးထားသည့် စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်းသင်တန်းတစ်ခု/ (ပို၍အသေးစိတ်ကြည့်ရန် ဒီနေရာသို့နှိပ်ပါ)
  • ‘စာပေနှင့်အနုပညာမူပိုင်ခွင့်အခြေခံများ’အမေရိကန်နိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနမှ ကြော်ငြာစာ
  • သင်ကြားသူများနှင့် စာကြည့်တိုက်မှူးများအတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်Coursera မှစီစဉ်သော စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်းသင်တန်း
  • စာကြည့်တိုက်မှူးများအတွက် စာပေနှင့်အနုပညာမူပိုင်ခွင့် (အင်္ဂလိပ်) EIFL နှင့် ဟားဗတ်၏ Berkman Center for Internet and Society က ဖန်တီးထားသော စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ အွန်လိုင်းသင်ရိုးညွှန်းတမ်း

၁.၂။ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ

စာပေနှင့်အနုပညာမူပိုင်ခွင့်သတိပေးချက်များနှင့် အင်တာနက်ပေါ်မှ ဖယ်ရှားမှုများ

‘စာပေနှင့်အနုပညာမူပိုင်ခွင့်ချိုးဖောက်ထားသည့်လက်ရာများအတွက် အင်တာနက်ပေါ်တွင် ခိုလှုံသည့်နေရာမရှိသင့်ပါ’ [အမေရိကန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် ဖြည့်စွက်ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍] (May and Cooper, ၂၀၂၀, Washington Post)

၁.၃။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာ လက္ခဏာများ

ဉာဏပစ္စည်းဆိုင်ရာ သဘောတူစာချုပ်များ၊မြန်မာနိုင်ငံ (၂၀၂၀ ခုနှစ် သြဂုတ်လအထိ)
နံပါတ်သဘောတူစာချုပ်အမည်ပြဋ္ဌာန်းသည့်/ထူထောင်သည့်နေ့အတည်ပြုလက်မှတ်ရေးထိုးခြင်း/သဘောတူလက်ခံခြင်း
ကမ္ဘာ့ယဉ်ကျေးမှုနှင့်သဘာဝအမွေအနှစ်များကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်၁၉၇၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်၁၉၉၄ ခုနှစ် ဧပြီ ၂၉ ရက်
ဇီဝမျိုးကွဲဆိုင်ရာ သဘောတူညီချက် ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်1994 ခုနှစ် နိုဝင်ဘာ 25 ရက်
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁ ရက်၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁ ရက်
ဉာဏပစ္စည်းမူပိုင်ခွင့်၏ ကုန်သွယ်ရေးလက္ခဏာများ (TRIPS)၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁ ရက်၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁ ရက်
အာဆီယံဉာဏပစ္စည်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်
ကမ္ဘာ့ဉာဏပစ္စည်းအဖွဲ့ (WIPO) သဘောတူညီချက် 1970 ခုနှစ် ဧပြီ ၂၆ရက်၂၀၀၁ ခုနှစ် မေလ ၁၅ ရက်
နိုင်ငံတကာသီးပင်စားပင်ကာကွယ်ရေးသဘောတူညီချက် (International Plant Protection Convention)၁၉၅၂ ခုနှစ် ဧပြီ ၃ ရက်၂၀၀၄ ခုနှစ် ဇွန်လ ၂၉ ရက်
အစားအစာနှင့်စိုက်ပျိုးရေးအတွက် သီးပင်စားပင်မျိုးဗီဇအရင်းအမြစ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်၂၀၀၄ ခုနှစ် ဇွန်လ ၂၉ ရက်၂၀၀၄ ခုနှစ် ဇွန်လ ၂၉ ရက်
ဇီဝမျိုးကွဲဆိုင်ရာသဘောတူညီချက်အတွက် ဇီဝလုံခြုံမှုဆိုင်ရာ ကာတာဂျန်န သဘောတူညီချက် ၂၀၀၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်၂၀၀၈ ခုနှစ် မေလ ၁၃ ရက်

ကမ္ဘာတစ်ဝန်းရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းများ

စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းများဆိုင်ရာ ဝီကီပီးဒီးယားဆောင်းပါးတွင်ကြည့်ရှုပြီး နိုင်ငံအလိုက် မူပိုင်ခွင့်သက်တမ်းစာရင်းများရှိသည့် စာမျက်နှာကို ကြည့်ပါ။

၁.၄။ ခြွင်းချက်များနှင့် အကန့်အသတ်များ

ဘန်းသဘောတူညီချက် (Berne Convention)ပါ မျှတစွာအသုံးပြုမှု(Fair use)

အခန်း ၂ ပုဒ်မ ၉ တွင် 'မျှတစွာ(Fair)' အသုံးပြုမှုဆိုသည့်သဘောတရားကိုဘန်းသဘောတူညီချက် (Berne Convention)က ပထမဆုံး သတ်မှတ်ခဲ့ပါသည်။ 'အဆင့် ၃ ဆင့် စမ်းသပ်ချက်' ဟုလူသိများကြပြီး အခြားသဘောတူစာချုပ်များစွာတွင်လည်း တစ်နည်းတစ်ဖုံ ချမှတ်ထားပါသည်။

အချို့သော အထူးအခြေအနေများတွင် ယင်းလက်ရာများမူပွားမှုကိုခွင့်ပြုရန်မှာ သမဂ္ဂနိုင်ငံများရှိဥပဒေပြဋ္ဌာန်းမှုအတွက် ပြဿနာတစ်ခုသေချာပေါက်ဖြစ်လာပါလိမ့်မည်။ ထိုကဲ့သို့မူပွားခြင်းများကြောင့် လက်ရာ၏ စီးပွားရေးဆိုင်ရာအခွင့်အရေးများအား ထိခိုက်မှုမရှိစေကြောင်းနှင့် မူလလက်ရာရှင်၏ တရားဝင်အကျိုးအမြတ်များ လွန်ကဲစွာနစ်နာမှုမဖြစ်စေပါဟုဆိုထားပြန်ပါသည်။။ [အလေးပေးဖော်ပြချက်]

အဆင့် ၃ ဆင့်စမ်းသပ်ချက်၏အတိုင်းအတာနှင့်အသုံးပြုမှုအကြောင်းပိုသိလိုပါက the Electronic Frontier Foundation မှ ထုတ်ဝေထားသည့် စာအုပ်ငယ်အား ဖတ်ရှုပါ။

အမေရိကန်နိုင်ငံတွင် မျှတစွာအသုံးပြုမှု(Fair use)မူကို တွေ့ရပြီး မျှတစွာပတ်သက်ဆက်ဆံမှု့်(fair dealing) မူကို အခြား အင်္ဂလိပ်ရိုးရာဥပဒေကျင့်သုံးသောနိုင်ငံများများစွာတွင် တွေ့ရပါသည်။ the WIPO ဝက်ဘ်ဆိုက်နှင့်ဝီကီပီးဒီးယားတို့တွင် ကန့်သတ်ချက်များနှင့် ခြွင်းချက်များအကြောင်းပို၍ လေ့လာပါ။

အမေရိကန်နိုင်ငံရှိ ပြောင်းလွယ်ပြင်လွယ်ရှိသောလမ်းညွှန်ချက်များနှင့် မျှတစွာအသုံးပြုမှု(Fair use)

အမေရိကန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် ဥပဒေအတွင်းပါရှိသည့် မူပိုင်ခွင့်ဆိုင်ရာ အချို့သောအထူးခြွင်းချက်များရှိသော်လည်း ယင်းက မျှတစွာအသုံးပြုမှု(Fair use) နှင့်အတူ အမေရိကန်နိုင်ငံတွင်သုံးသည့် နည်းဖြစ်ပါသည်။ အမေရိကန်တွင် ဖက်ဒရယ်တရားရုံးတရားသူကြီးမှစီရင်သည့်အခါ မျှတစွာအသုံးပြုမှု(Fair use)ကို အကြောင်းရင်း ၄ ခုစမ်းသပ်ချက်အားအသုံးပြု၍ ဆုံးဖြတ်ပါသည်။

  • သင့်အသုံးပြုမှု၏ရည်ရွယ်ချက်နှင့်လက္ခဏာ
  • မူပိုင်ခွင့်ရထားသည့်လက်ရာ၏ သဘောသဘာဝ
  • ယူထားသည့်အစိတ်အပိုင်း၏ပမာဏနှင့်များပြားမှု
  • အလားအလာရှိသည့်စျေးကွက်အပေါ် ယင်းသို့အသုံးပြုခြင်း၏သက်ရောက်မှု

မျှတစွာအသုံးပြုမှု(Fair use)နှင့်စပ်လျဉ်းသည့် အမေရိကန်တရားရုံးအမှုများအကြောင်း ဤတွင်ဖတ်ပါ။

နောက်ဆက်တွဲ အရင်းအမြစ်များ

မူပိုင်ခွင့်ဆိုင်ရာအတွေးအခေါ်ကို မိတ်ဆက်ထားသည့်ဆောင်းပါးတစ်ခုကို ဝီကီပီးဒီးယားတွင် တွေ့နိုင်ပါသည်။