Skip to main content
Printable page generated သောကြာ, 26 ဧ 2024, 08:51
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated သောကြာ, 26 ဧ 2024, 08:51

အဆင့် ၅ စစ်ဆေးအကဲဖြတ်မှုက မိမိရဲ့ သင်ယူမှုအပေါ် ဘယ်လိုအထောက်အပံ့ဖြစ်စေမလဲ ဆိုတာကို နားလည်ပါသလား

အဆင့် ၅ စစ်ဆေးအကဲဖြတ်မှုက မိမိရဲ့ သင်ယူမှုအပေါ် ဘယ်လိုအထောက်အပံ့ဖြစ်စေမလဲ ဆိုတာကို နားလည်ပါသလား

Described image

ငယ်စဉ်ကကျောင်းတွင် ကြုံခဲ့ရသော စစ်ဆေးအကဲဖြတ်မှုနှင့်ဆိုင်သည့် ဆိုးရွားသည့် အတွေ့အကြုံများက ကျောင်းပြီးသည့်တိုင် ပါလာတတ်သည်ဟု ကျောင်းသားများက ပြောပါသည်။ စစ်ဆေးအကဲဖြတ်မှုက သူတို့အပေါ် သက်ရောက်ခဲ့သည်ကို မှတ်မိကြပြီး စာကောင်းကောင်းမလုပ်လျှင် အပြစ်ပေးခံရသည်ကိုပါ အတူတွဲလျက် မှတ်မိနေတတ်သည်။ သို့ဖြစ်၍ စစ်ဆေးအကဲဖြတ်မှုက ထိရောက်သည့်သင်ယူမှု၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်ဆိုသော သဘောတရားနှင့်ပတ်သက်၍ ကျောင်းသားများ အခက်တွေ့သည်မှာ မဆန်းပေ။

လေ့လာသင်ယူသည့် ကာလတစ်ခုသို့ ပြန်ရောက်သည့်အခါ စစ်ဆေးအကဲဖြတ်မှုကို တမျိုးတွေးကြည့်ဖို့ အရေးကြီးပါသည်။ ယင်းက မိမိလေ့လာထားသည်များကို စစ်ဆေးအကဲဖြတ်ရုံသက်သက် မဟုတ်ဘဲ ထိထိရောက်ရောက် လေ့လာသူတစ်ဦးဖြစ်လာရန် ထူးခြားသိသာစွာ ပံ့ပိုးပေးပါသည်။

စစ်ဆေးအကဲဖြတ်သည့် လုပ်ဆောင်မှုများမှ ထိရောက်သော သင်ယူမှုအတွက်သော့ချက်မှာ မိမိရရှိသောတုံ့ပြန်မှတ်ချက်ကို နားလည်အောင်ကြိုးစားခြင်းပင် ဖြစ်ပါသည်။ စစ်ဆေးအကဲဖြတ်မှုကို လေ့လာသင်ယူမှုကိုတိုးတက်စေမည့် လက်နက်တစ်ခုအဖြစ် တွေးကြည့်ပါ။ ရရှိသည့် တုံ့ပြန်မှတ်ချက်က မိမိ၏လေ့လာသင်ယူမှုခရီးတွင် အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ စစ်ဆေးအကဲဖြတ်မှုကို သင်တန်းအဆုံးတွင် ထည့်သွင်းထားသည့် စစ်ဆေးမှုတစ်ခုဆိုသည်ထက် လေ့လာမှုတွင် အမြစ်တွယ်နေသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ခြင်းဖြင့် အောင်မြင်သော အဝေးမှသင်ယူသူတစ်ဦး ဖြစ်လာမည့် အလားအလာက များပါသည်။

အဝေးသင်ပညာရေးတွင် ပါဝင်သော စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ လုပ်ဆောင်မှုအချို့သည် ပုံစံတကျလုပ်ရသည့် အလုပ်များ (အစီရင်ခံစာရေးသာခြင်း၊ စာစီစာကုံးရေးခြင်း၊ ရှင်းလင်းတင်ပြမှုများပြုလုပ်ခြင်း၊ သိပ္ပံပညာရပ်ဆိုင်ရာအစီရင်ခံစာ ရေးသားခြင်း၊ တွက်ချက်မှုများ) နှင့် ပုံစံတကျလုပ်ဖို့မလိုသော အလုပ်များ (မေးခွန်းများ၊ ဘလော့ဂ်ရေးခြင်း၊ ဝီကီတွင် ပါဝင်ရေးသားခြင်း၊ ဖိုရမ်တွင်ရေးသားခြင်း သို့မဟုတ် ဆွေးနွေးမှုကွင်းဆက်များ) ရောထားသည့်ပုံစံဖြစ်လိမ့်မည်။

သင်တန်းများတွင် သင်ယူမှုဆိုင်ရာ ရည်ရွယ်ချက်များ သို့မဟုတ် သင်ယူမှုရလဒ်များ ရှိနေတတ်ပြီး (ဥပမာ အောက်တွင် ဖော်ြပထားသော လုပ်ဆောင်မှု ၆ တွင်ပါဝင်သည့် ယခုသင်တန်းမှရလဒ်များ) သင်တန်းတစ်ခု၏ စစ်ဆေးအကဲဖြတ်မှုဗျူဟာသည် မိမိလေ့လာသင်ယူထားမှုများကို လက်တွေ့ပြသရာတွင် အထောက်အကူဖြစ်ရန် စီမံဖန်တီးထားခြင်းဖြစ်သည်။

စစ်ဆေးအကဲဖြတ်မှုကို ပိုပြီးယုံကြည်မှုရှိစွာဖြင့် နားလည်သဘောပေါက်ဖို့ နည်းလမ်းတစ်ခုမှာ မိမိကိုယ်ကိုယ်စစ်ဆေးအကဲဖြတ်သော စွမ်းရည်များကို ဖော်ထုတ်မြှင့်တင်တာဖြစ်ပါသည်။

လုပ်ဆောင်မှု ၆

Timing: ကြာချိန် မိနစ် ၃၀

ယခုသင်တန်းမှ လေ့လာမှုရလဒ်များ (အောက်တွင်ပြထားသည်) ကိုသုံးသပ်ခြင်းဖြင့် မိမိကိုယ်ကိုယ် စစ်ဆေးအကဲဖြတ်မှုစွမ်းရည်များကို လေ့ကျင့်ပါ။ ထို့နောက် ယခုသင်တန်းတွင် လေ့လာနေစဉ်ကာလအတွင်း မိမိရရှိခဲ့သည့်ရလဒ်များ၏ အတိုင်းအတာကို စဉ်းစားပါ။

သင်တန်းလေ့လာမှု ရလဒ်များ

ယခုသင်တန်းကို တက်ရောက်ပြီးနောက် အောက်ပါတို့ကို လုပ်ဆောင်နိုင်လိမ့်မည်

  • အဝေးမှသင်ယူသူတစ်ဦးဖြစ်လာဖို့ ပြင်ဆင်ရာတွင် လေ့လာမှုအားသန်သည့် နယ်ပယ်များကို ဖော်ထုတ်ခြင်း
  • အဝေးမှသင်ယူမှုအတွက် အဖိုးတန်သော ကျွမ်းကျင်မှုများကို ရှာဖွေသုံးသပ်ခြင်း
  • အဝေးမှသင်ယူသူတစ်ဦးအဖြစ် မိမိ၏ကျွမ်းကျင်မှုများကို မြှင့်တင်ရန်အခွင့်အလမ်းများကို ဖော်ထုတ်ခြင်း
  • အောင်မြင်သော အဝေးသင်ကျောင်းသားတစ်ယောက်၏ အရည်အချင်းများကို နားလည်ခြင်း

သင်တန်းဆရာတစ်ဦးက မိမိ၏အဖြေများကိုဖတ်ပြီး မှတ်ချက်ပြုမည့်အဖြစ်ကို စိတ်ကူးကြည့်ပါ။ မိမိကအသေးစိတ် တုံ့ပြန်ပြီး အဖြေများအတွက် အကြောင်းပြချက်ပေးတာ သေချာဖို့လိုပါသည်။

အောက်ပါဇယားတွင် စာကြောင်း တစ်ကြောင်းချင်းဖြည့်ရန် စာပိုဒ်တိုတစ်ခုရေးပါ။

By signing in and enrolling on this course you can view and complete all activities within the course, track your progress in My OpenLearn Create. and when you have completed a course, you can download and print a free Statement of Participation - which you can use to demonstrate your learning.

ယခုမေးခွန်းများကိုဖြေဆိုရာတွင် အခက်အခဲရှိပါက ယခင်အခန်းများတွင်ပါသည့် 'နောက်အဆင့််များ'အတွက် အကြံပြုချက်များကို ကိုပြန်ကြည့်ပါ။

ယခုလုပ်ဆောင်မှုအပေါ် Mg Mg ၏ သုံးသပ်ချက်များ:

ကျွန်တော့် လေ့လာမှုဆိုင်ရာ အားသာချက်တွေကို ဖော်ထုတ်ထားပါတယ်။ အဲဒါတွေက ညနေပိုင်းနဲ့ ရုံးပိတ်ရက်တွေမှာ လေ့လာဖို့ အချိန်ဇယားတစ်ခု ထားတာပါ။ အလုပ်လုပ်တဲ့ ရက်တွေမှာလည်း နေ့လယ်စာစားချိန် ၃ ချိန်မှာ လေ့လာမယ်။ ကျွန်တော်က စည်းကမ်းတကျလုပ်မှာပါ။ တစ်ခါလေ့လာရင် မိနစ် ၄၀ စီလေ့လာမှုလုပ်မယ်လို့ ပြောထားပါတယ်။

အဝေးသင်တစ်ယောက်အဖြစ် ကျွန့်တော့်ကျွမ်းကျင်မှုတွေကို အခုထက်ပိုကောင်းအောင်လုပ်ဖို့ အခွင့်အလမ်းတွေ ဖော်ထုတ်ထားပါတယ်။ မေးရမယ့်ဆရာမရှိလို့ ဒါမှမဟုတ် အိုင်တီပြဿနာတွေနဲ့ ပတ်သက်လို့ စိတ်ရှုပ်ရတာတွေကြောင့် စိတ်မဖိစီးရအောင် ကြိုးစားဖို့ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်အတွက် အချိန်လုံလုံလောက်လောက် ပေးနိုင်အောင် ကြိုတင်အစီအစဉ်ဆွဲဖို့ ဖြစ်ပါတယ်။

အဝေးကနေ သင်ယူရတာအတွက် အဖိုးတန်တဲ့ ကျွမ်းကျင်မှုတွေကို ရှာဖွေသုံးသပ်ထားပါတယ်။ အဲဒါတွေကတော့ တစ်ခုခုလုပ်ရတဲ့ အတွေ့အကြုံအကြောင်းကို ပိုစဉ်းစားဖို့နဲ့ နိဂုံးမချုပ်ခင်မှာ အဲဒါကိုပိုပြီးစနစ်တကျ သုံးသပ်ဖို့ဖြစ်ပါတယ်။ အဲဒီလိုလုပ်ရင် Kolb ရဲ့ သင်ယူမှုစက်ဝိုင်းရဲ့ အစိတ်အပိုင်း ၄ ခုကို လုပ်ဆောင်တာဖြစ်ပြီး ပိုပြည့်စုံတဲ့ သင်ယူမှုအတွေ့အကြုံကို ရသွားမယ့်သဘောပါ။

အောင်မြင်တဲ့ အဝေးသင်ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းတွေကိုနားလည်ပါတယ်။ ကျွန်တော့်အတွက်တော့ အဲဒီအရည်အချင်းတွေမှာ ပါဝင်တာတွေက လေ့လာရေး အချိန်ဇယားတစ်ခုထားပြီး ပြင်ဆင်တာ၊ ကိုယ့်သင်ယူမှုပုံစံတွေကို သိတာ၊ ကိုယ့်သင်ယူမှုပုံစံတွေ ကျယ်ပြန့်အောင် နည်းလမ်းတွေရှာတာ၊ သင်တန်းဆရာရဲ့ မျှော်မှန်းချက်တွေ ပြည့်မီအောင်လို့ ကြိုတင်စီစဉ်တာတွေပါပဲ။ ကျွန်တော်ြပင်ဆင်ရာမှာ လမ်းညွှန်ပေးမယ့် အသုံးဝင်တဲ့အရင်းအမြစ် အချို့ရှိတာကိုလည်း သိပါတယ်။ ဒီသင်တန်းတက်ပြီးရတဲ့ အဲဒီအရင်းအမြစ်တွေကို သိမ်းဆည်းထားပါတယ်။

နောက်အဆင့်များ

OpenLearn မှ အောက်ပါအခမဲ့ သင်တန်းတိုများက ယခုလေ့လာမှုနယ်ပယ်တွင် ကျွမ်းကျင်မှုများ ပိုရှာတွေ့နိုင်ဖို့ စူးစမ်းလေ့လာရန် အကူအညီပေးနိုင်ပါလိမ့်မည်။

လေ့လာသင်ယူပုံကို သင်ယူခြင်း

သင်ယူဖို့ လေ့လာသင်ယူခြင်း၊ သင်နှင့် သင့်သင်ယူမှု

အဓိကကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေးအကဲဖြတ်မှု၊ မိမိ၏သင်ယူမှုနှင့် စွမ်းဆောင်မှုကို မြှင့်တင်ခြင်း

အခု အဆင့် ၆ မိမိကိုယ်ကိုယ်စစ်ဆေးအကဲဖြတ်သည့် လုပ်ဆောင်မှု.ကို ဆက်ကြည့်ပါ။