Skip to main content
Printable page generated အင်္ဂါ 10 မတ် 2026 at 07:54
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2026 The Open University, all rights reserved.
Printable page generated အင်္ဂါ 10 မတ် 2026 at 07:54

အဆင့် ၂ အဆင့်မြင့်ပညာရေးအဆင့်မှာ လေ့လာနိုင်ဖို့ ဘယ်လိုအင်္ဂလိပ်စာမျိုးကို လိုအပ်သလဲ

အဆင့် ၂ အဆင့်မြင့်ပညာရေးအဆင့်မှာ လေ့လာနိုင်ဖို့ ဘယ်လိုအင်္ဂလိပ်စာမျိုးကို လိုအပ်သလဲ

ပုံ ၁:
ဓာတ်ပုံ: Richard Learoyd

နိစ္စဓူဝကိစ္စများတွင် အင်္ဂလိပ်ဘာသာစကားကိုသုံးဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေနိုင်ပါသည်။ သို့သော် လေ့လာသင်ယူမှုအတွက် လိုအပ်သော အင်္ဂလိပ်စာ အမျိုးအစားက နေ့စဉ်သုံးအင်္ဂလိပ်စာနှင့် အတော်အသင့် ကွာခြားပါသည်။ ထိုအမျိုးအစားကို 'ပညာရေးဆိုင်ရာ အင်္ဂလိပ်စာ' သို့မဟုတ် 'ပညာရေး ရည်ရွယ်ချက်များအတွက် အင်္ဂလိပ်စာ' (EAP) ဟု သိကြပြီး အောက်ဖော်ပြပါ လုပ်ဆောင်မှုများကို လုပ်ဆောင်ရာတွင် လိုအပ်သော အင်္ဂလိပ်စာပင် ဖြစ်ပါသည်။

  • တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ စာအုပ်များနှင့် အကြောင်းအရာများကို ဖတ်ရှုနားလည်ခြင်း

  • ရေးသားပို့ချသော၊ ပြောဆိုပို့ချသော စာအုပ်များ၊ ကက်ဆက်ခွေများ၊ ဗွီဒီယို၊ ဒီဗွီဒီ၊ စီဒီခွေများ စသည်တို့မှ အဓိကအချက်များကို မှတ်သားခြင်း(မှတ်စုထုတ်ခြင်း)

  • အယူအဆများနှင့် အတွေးအမြင်များကို ကိုယ်ပိုင်စကားလုံးများဖြင့် ဖော်ပြခြင်း

  • မိမိ၏ဆွေးနွေးချက် သို့မဟုတ် ဖော်ပြချက်၏ ဆိုလိုရင်းရှင်းလင်းအောင် စနစ်တကျ ရေးသားခြင်း

  • မှန်ကန်သော သဒ္ဒါနှင့် စာလုံးပေါင်းသတ်ပုံများကို အသုံးပြုခြင်း

  • သင့်လျော်သည့်ရေးဟန်ဖြင့် ရေးသားခြင်း

  • ရေးထားသည့်စာတွင် တိကျမှန်ကန်မှုနှင့် အဓိပ္ပာယ် ရှိ၊ မရှိ စစ်ဆေးနိုင်ခြင်း

  • မိမိလုပ်ရမည့်အလုပ်အတွက် သင့်လျော်သည့် ဖွဲ့တည်ပုံကိုရွေးချယ်ပြီး ပညာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာအသုံးပြုခြင်း (ဥပမာ ရည်ညွှန်းကျမ်းများ ဖော်ပြပုံ)

  • ပေးအပ်ထားသော အလုပ်တာဝန်များနှင့် စာမေးပွဲများအတွက် သတ်မှတ်ထားသော မေးခွန်းများ၏ လိုအပ်ချက်များကို နားလည်ခြင်း

လေ့လာသည်နှင့်အမျှ အဆိုပါစွမ်းရည်များ ပိုတိုးတက်လာမှာ ဖြစ်သော်လည်း မစတင်ခင်မှာ ထိုစွမ်းရည်များကို အထိုက်အလျောက်သိထားရန် လိုပါသည်။ သင်တန်း၏ နောက်လာမည့်အခန်းက မိမိ၏ ရှိရင်းစွဲ ဘာသာဗေဒစွမ်းရည်များကို သုံးသပ်အကဲဖြတ်နိုင်ရန် အထက်ပါစွမ်းရည်များမှ အချို့နှင့် သက်ဆိုင်သော အတွဲလိုက်ရှိသည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်စေမှာဖြစ်ပါသည်။ အလုပ်အမျိုးမျိုးကို လုပ်ဆောင်ရသည့်ဖြစ်စဉ်က အဆင့်မြင့်ပညာရေးအဆင့်တွင် စတင်လေ့လာရန် အဆင်သင့်ဖြစ်၊ မဖြစ် ဆုံးဖြတ်နိုင်ရန် ကူညီပါလိမ့်မည်။

အခု အဆင့် ၃ မိမိကိုယ်ကိုယ် စစ်ဆေးအကဲဖြတ်မှု လေ့ကျင့်ခန်းများ - ဖတ်ရှုခြင်းနှင့် နားလည်သဘောပေါက်ခြင်းကို ဆက်ကြည့်ပါ။