Skip to main content
Printable page generated သောကြာ 21 နိုဝင်ဘာ 2025 at 08:27
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2025 The Open University, all rights reserved.
Printable page generated သောကြာ 21 နိုဝင်ဘာ 2025 at 08:27

မိတ်ဆက်

မိတ်ဆက်

ကောလိပ် သို့မဟုတ် တက္ကသိုလ်မှပို့ချသော သင်တန်းတစ်ခုကို စတင်တက်ရောက်ရန် စဉ်းစားနေပါသလား။ ထိုသို့ဆိုလျှင် ယခုသင်တန်းက မိမိ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို သုံးသပ်ကြည့်ရန် အခွင့်အရေးတစ်ခု ပေးပါသည်။ မည်သည့်အကြောင်းကြောင့် ယခုလိုလုပ်ရန် ဆန္ဒရှိသလဲဆိုသည့် အကြောင်းအရင်းများစွာ ရှိနိုင်ပါသည်။ အင်္ဂလိပ်ဘာသာမဟုတ်သည့် အခြားဘာသာတစ်ခုဖြင့် ပညာသင်ယူခဲ့ရခြင်း သို့မဟုတ် အင်္ဂလိပ်ဘာသာနှင့် လေ့လာခဲ့သော်လည်း ဗြိတိန်ပညာရေးစနစ်တွင် အသုံးပြုသော အစဉ်အလာများနှင့်မတူသည့် အခြားနိုင်ငံတစ်ခုတွင် လေ့လာခဲ့ရခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ သို့မဟုတ် ဗြိတိန်တွင် လေ့လာခဲ့သော်ငြား ဘွဲ့ရသည့်အဆင့်ထိ မလေ့လာခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။

ယခုသင်တန်းကပညာရေး ဘာသာရပ်ဆိုင်ရာ အဆင့် ၁ လေ့လာမှုတစ်ခုကို နမူနာအဖြစ် ပေးထားပါသည်။

သင်ယူမှုရလဒ်များ

သင်တန်းပြီးသည့်အခါ အောက်ဖော်ပြပါများကို လုပ်ဆောင်နိုင်ပါမည်။

  • အဆင့်မြင့်ပညာရေးအဆင့်တွင် အင်္ဂလိပ်ဘာသာဖြင့် လေ့လာသင်ယူနိုင်ခြင်း
  • အဆင့်မြင့်ပညာရေးနှင့် သင့်တော်သလား၊ မသင့်တော်ဘူးလား ဆိုသည်ကို ရွေးချယ်နိုင်ခြင်း
  • တိုးတက်ကောင်းမွန်ရန် လိုအပ်သည့် ဘာသာစကားနယ်ပယ်များကို ရှာဖွေဖော်ထုတ်ခြင်း

သင်တန်းမစတင်မီ

ဒီသင်တန်းကို မည်သူတွေ စိတ်ဝင်စားသလဲဆိုသည်ကို ကျွန်တော်တို့ နားလည်နိုင်စေရန် သင်တန်းစတင်မှု စစ်တမ်းမှ မေးခွန်းအချို့ကိုဖြေဆိုဖို့ အချိန်နည်းနည်းလောက်ယူလျှင် ကျေးဇူးအထူးတင်ပါသည်။ စစ်တမ်းဖြေဆိုမှုကို အပြည့်အဝလျှို့ဝှက်ထားမည်ဖြစ်ပြီး အခြားသူများအား သင့်ကိုယ်ရေးအချက်အလက်များ ပေးမည်မဟုတ်ပါ။

သင်တန်း အောင်မြင်စွာပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်ရယူရန် ဖြည့်ပေးရမည့် သင်တန်းအဆုံး စစ်တမ်းတစ်ခုလည်း ရှိပါသည်။

အခု အဆင့် ၁ အင်္ဂလိပ်ဘာသာဖြင့် လေ့လာဖို့ အသင့်ဖြစ်ပြီလား ကို ဆက်ကြည့်ပါ။