Skip to main content
Printable page generated အင်္ဂါ, 7 မေ 2024, 22:47
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated အင်္ဂါ, 7 မေ 2024, 22:47

ကြိုဆိုပါတယ်

မိတ်ဆက်

Visual Thinkery က စီစဉ်ဖန်တီးခဲ့သော 'CC course overview' သည် UK Aid မှ ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ်spheir.org.uk ၏ တစ်စိတ်တစ် ပိုင်း ဖြစ်သည့် TIDE စီမံကိန်းအတွက် ဖြစ်ပြီး  CC BY 2.0 လိုင်စင် သုံးထားပါသည်။

မင်္ဂလာပါ။ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် လွတ်လပ်စွာ ရယူအသုံးပြုခွင့်ပေးသော လိုင်စင် (open licence) များ ချပေးခြင်း အကြောင်း ပို့ချချက်မှ ကြိုဆိုပါသည်။ ဤသင်တန်းကနေ ကြိုဆိုခွင့်ရလို့ ဝမ်းသာပါသည်။

ဤသင်တန်းက မည်သူတွေကို ရည်ရွယ်ပါသလဲ။

ဤသင်တန်းသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ်များတွင် တာဝန်ထမ်းဆောင်နေကြသော စာကြည့်တိုက်မှူးများ၊ အိုင်စီတီနှင့် အထောက်အကူပြုဝန်ထမ်းများအတွက် အဓိက ဖန်တီးရေးဆွဲထားခြင်းဖြစ်သည်။ သင်ကြား ပို့ချ သူ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများလည်း စိတ်ဝင်စားနိုင်ပါသည်။ ဤသင်တန်း တွင် စာပေနှင့်အနုပညာမူပိုင်ခွင် အရေးပါရသော အကြောင်းအရင်း နှင့် အမျိုးမျိုးအဖုံဖုံအသုံးပြုရန် ရှင်းလင်းစွာ ခွင့်ပြုထားသော လွတ်လပ်စွာရရှိနိုင်သည့် အကြောင်းအရာ၊ အချက်အလက်များက သင်၏လုပ်ဖော်ကိုင်ဖက်များနှင့် ကျောင်းသားများအတွက် အရေးပါပုံများကို မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

ဤသင်တန်းတွင် ပါဝင်လေ့လာရန် စိတ်ဝင်စားနိုင်သည့် အကြောင်းရင်း များစွာရှိသည်။

  • လုပ်ဖော်ကိုင်ဖက်များနှင့် ကျောင်းသားများက ဆီလျော်မှုရှိကာ စိတ်ဝင်စားဖွယ်ကောင်းသည့် သင်ကြားရေးနှင့် သင်ယူရေးဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များကို ရယူသုံးစွဲနိုင်စေရန် သေချာစေသော နည်းလမ်းများကို ရှာဖွေနေပါသလား။
  • အဆင့်မြင့်ပညာရေးစနစ်တွင် ပြောင်းလဲလာမှုများ (ဥပမာ - ကိုဗစ် - ၁၉ ကပ်ရောဂါကိုတုံ့ပြန်သောအားဖြင့် ပေါင်းစပ်ထားသည့်သင်ကြားရေးပုံစံများသို့ ပြောင်းလဲလာသော ' တက္ကသိုလ် ပရဝုဏ်တစ်ခု၊ စနစ်နှစ်ခု' ) နှင့် သင်ယူရေးဆိုင်ရာရင်းမြစ်များကို ပံ့ပိုးရာတွင် သင်ကြားပို့ချသူများအား ပိုမိုကောင်းမွန်စွာ အားပေးထောက်ပံ့နိုင်ပုံတို့ကို စဉ်းစားမိပါလိမ့်မည်။
  • အသစ်ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေက သင်၏အခန်းကဏ္ဍနှင့် တက္ကသိုလ်အပေါ် သက်ရောက်လာနိုင်သည်တို့ကို သိလိုပါသလား။
  • ငွေကုန်ကျခြင်းမရှိဘဲ အရည်အသွေးမြင့်မားကာ မူပိုင်ခွင့်ကိုလည်းမချိုးဖောက်သည့် ရင်းမြစ်များကို မည်သို့ ရယူသုံးစွဲ (သို့) ဖန်တီးမလဲ သိချင်ပါသလား။
  • လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော ပညာရေးအရင်းအမြစ်များ (open educational resources (OER)) ကိုကြားဖူးပါသလား။ ကြားဖူးသော်လည်း ဘယ်ကစရမလဲ (သို့) OER ဆိုတာ ဘာလဲဆိုသည်ကို မသေချာဖြစ်နေပါသလား။
  • သင်ယူရေးနှင့် သင်ကြားရေးဆိုင်ရာ ရင်းမြစ်များကို အသုံးချပုံ၊ ဖန်တီးရေးဆွဲပုံတို့နှင့် သက်ဆိုင်သော အတွေ့အကြုံများကို နားထောင်ရန်နှင့် ် မျှဝေရန် စိတ်ဝင်စားပါသလား။

သင်တန်းမတက်ရောက်ခင် ဤသင် တန်းတွင်ပါဝင်သော Creative Commons၊ စာပေနှင့်အနုပညာမူပိုင်ခွင့်၊ လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် ချပေးခြင်း (open ilcensing ) (သို့) တခြားအကြောင်းအရာများအား တင်ကြိုသိရှိထားရန် (သို့မဟုတ် ကြားဖူးရန်ပင်) မလိုအပ်ပါ။

သင်ယူမှုရလဒ်များ

ဤသင်တန်းကိုတက်ရောက်ပြီးနောက် အောက်ပါရလဒ်များရရှိလာပါမည်။

  • အသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် အဆင့်မြင့်ပညာရေးအပေါ် ယင်း၏ သက်ရောက်မှုများကို နားလည်မှု ပိုအားကောင်းလာခြင်း
  • Creative Commons ကိုနားလည်လာပြီး open license ရယူထားသော အကြောင်းအရာများသည် သင်၏တက္ကသိုလ်အတွက် အကျိုးရှိ နိုင်သည့်အကြောင်းရင်းကို နားလည်လာခြင်း
  • open license ရယူထားသောရင်းမြစ်များအား အသုံးပြုပုံကို ပိုမိုနားလည်လာခြင်း
  • သင်၏ကိုယ်ပိုင်အလေ့အထနှင့် open license ရယူထားသောရင်းမြစ်များအား အသုံးပြုမည့် အခြားသူများကို ကူည ပံ့ပိုးပုံအား ပြန်လည်သုံးသပ်လာနိုင်ခြင်း

သင် တန်း အကြောင်းအရာ၊ အချက်အလက်များအား အသုံးပြုနည်း

ဤသင်တန်းသည် ကိုယ်ပိုင်အချိန်တွင် ကိုယ်ပိုင်အချိန်ဇယားဖြင့် လေ့လာရသည့် သင်တန်းဖြစ်သောကြောင့် မိမိအဆင်ပြေသည့်အချိန်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

သင် တန်းကို ယူနစ် ၆ ခုဖြင့် ဖွဲ့စည်းထားပြီး ၁ ခု စီတွင် အခန်း ၃ ခန်း (သို့) ၄ ခန်း ပါဝင်ပါသည်။ ယူနစ်တိုင်းတွင် သင်ယူမှုရလဒ်များထည့်သွင်းထားပါသည်။ ယူနစ်တစ် ခုအား ပြီးမြောက်ရန် ကြာချိန်သည် ၃ နာရီဝန်းကျင်ဖြစ်သည်။

သင်တန်း၏ အခန်းတိုင်းတွင် ပြန်လည်သုံးသပ်ချက်များပါရှိသောကြောင့် လေ့လာနေစဉ်အတွင်း သင်၏အတွေးအမြင်များ ၊ စိတ်ကူးများကို ချရေးလိုက ရေးနိုင်ပါသည် ။ ယူနစ်တိုင်း၏အဆုံးတွင် သင် တန်းအကြောင်းအရာများအပေါ် သင်၏နားလည်မှုကို စစ်ဆေးရန် ယူနစ်ပြီးဆုံးသည့်အနေဖြင့် စစ်ဆေးသော မေးခွန်းများ ပါဝင်ပါသည်။

သင် တန်းအကြောင်းအရာခြုံငုံ ဖော်ပြချက်မှာ -

  1. စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုတာဘာလဲ
    • ၁.၁ စာပေနှင့်အနုပညာမူပိုင်ခွင့်အခြေခံများ
    • ၁.၂ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ
    • စာပေနှင့်အနုပညာမူပိုင်ခွင့်၏ နိုင်ငံတကာလက္ခဏာ
    • ၁.၄ စာပေနှင့်အနုပညာမူပိုင်ခွင့်ခြွင်းချက်များနှင့်ကန့်သတ်ချက်များ
  2. အများပြည်သူပိုင်နေရာ နှင့် Creative Commons မိတ်ဆက်
    • ၂.၁ အများပြည်သူပိုင်နေရာ
    • ၂.၂ Creative Commons အကြောင်း
    • ၂.၃ လက်ရှိ Creative Commons အခြေအနေ
  3. CC လိုင်စင်တစ်ခုအား လေ့လာဆန်းစစ်ခြင်း
    • ၃.၁ လိုင်စင် ဖွဲ့စည်းပုံနှင့် အသုံးအနှုန်းများ
    • ၃.၂ လိုင်စင ၏ သက်ဆိုင်သည့်နယ်ပယ်
    • ၃.၃ လိုင်စင်အမျိုးအစားများ
    • ၃.၄ လိုင်စင်၏ စိုးမိုးနိုင်စွမ်း
  4. OER နှင့် CC လိုင်စင် သုံးထားသောလက်ရာများ
    • ၄.၁ လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော ပညာရေး အရင်းအမြစ်များ (Open educational resources (OER))
    • ၄.၂ OER ကို အဘယ်ကြောင့် အသုံးပြုပါသနည်း
    • ၄.၃ OER ကို ရှာဖွေခြင်းနှင့်အကဲဖြတ်ခြင်း
    • ၄.၄ OER ကို အသိအမှတ်ပြုခြင်း
  5. CC လိုင်စင် သုံးထားသောလက်ရာအားဖန်တီးခြင်း
    • ၅.၁ CC လိုင်စင်အား ရွေးချယ် သက်ရောက်စေခြင်း
    • ၅.၂ CC လိုင်စင် သုံးပြီးနောက် စဉ်းစားရန်အချက်များ
    • ၅.၃ CC လိုင်စင် သုံးထားသောလက်ရာများကို ပေါင်းစပ်ဖန်တီးခြင်း
  6. သင်နှင့်သင်၏တက္ကသိုလ်
    • ၆.၁ အဆင့်မြင့် လေ့လာသင်ယူမှုအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း
    • ၆.၂ သင်၏တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်းအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း
    • ၆.၃ နောက်ထပ်ဘာလဲ

သင်တန်း တက်ရောက်ပြီးဆုံးကြောင်း အတည်ပြု ထောက်ခံစာ ရရှိရန် သင်တန်းတွင်ပို့ချသော အခန်းများအားလုံးကို လေ့လာရမည်ဖြစ်ပြီး မေးခွန်းတစ်ခုစီအတွက် အနည်းဆုံး ၆၀% အမှတ် ရရှိရမည်ဖြစ်သည်။

ဤသင် တန်းကို နည်းလမ်းများစွာဖြင့် အသုံးချနိုင်ရန် ရေးဆွဲထားသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း သင် တန်းတစ်ခုလုံးအားလေ့လာနိုင်သည်။ သို့မဟုတ် မိမိ၏ နားလည်မှုကို ပြန်နွှေးရန် (သို့) အချို့အကြောင်းအရာများကို ပိုမိုသိရှိနိုင်ရန် သင်တန်းတွင် ပါဝင်သော အခန်းတစ်ချို့အား အသုံးပြုခြင်းကို အလေးထား လုပ်ဆောင်နိုင်ပါသည်။ ထိုသို့လေ့လာရာတွင် တစ်ဦးတည်းဖြစ်စေ လုပ်ဖော်ကိုင်ဖက်များနှင့် အုပ်စုဖွဲ့ပြီးဖြစ်စေ လေ့လာနိုင်သည်။

ယခင်က အွန်လိုင်းတွင် သင်ယူလေ့လာခြင်း မလုပ်ဖူးလျှင် သင်တန်း ကိုမလေ့လာခင် အွန်လိုင်းမှာပညာသင်ကြားမှုကိုစတင်လိုက်ပါကိုကြည့်နိုင်ပါသည်။

သင်တန်းအကြောင်း

ဤသင်တန်းသည် စာကြည့်တိုက်မှူးများအတွက် Creative Commons အသိအမှတ်ပြုလက်မှတ်ရသင်တန်းအစီအစဉ် ကို ပြန်ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။ အဝေးသင်ပညာရေးတွင်ဆန်းသစ်တီထွင်မှုဖြင့်ပြောင်းလဲခြင်း (TIDE) စီမံကိန်း၏ Master Trainer Programme (MTP) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ MTP နှင့် သက်ဆိုင်သော နောက်ထပ် အထောက်အကူ၊ အရင်းအမြစ်များလည်း ရနိုင်ပါသည်။

ဤသင် တန်းကို ပြန်လည်အသုံးပြုနိုင်စေရန် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် (open license) ချပေးထားပါသည်။ သင် တန်းအားကိုးကားပုံ အသေးစိတ်နှင့်အား အောက်တွင်တွေ့ရှိနိုင်ပြီး အသုံးပြုထားသည့် အကြောင်းအရာ၊ အချက်အလက်များ၏ စာရင်းကို ကျေးဇူးတင်လွှာနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် အချက်အလက်ဆိုင်ရာ အခန်းများတွင် ကြည့်ရှုနိုင်ပါသည်။

သင်တန်း အကောင်အထည်ဖော်မှု နောက်ကွယ်ရှိ အဖွဲ့အကြောင်း ပို၍အသေးစိတ် ထပ်မံသိရှိလိုပါက နောက်အခန်း ကျေးဇူးတင်လွှာတွင် ကြည့်ရှုနိုင်ပါသည်။

ဤသင်တန်းသည် ‘စာကြည့်တိုက်မှူးများအတွက် Creative Commons အသိအမှတ်ပြုလက်မှတ်ရသင်တန်း’ အပေါ်တွင် အခြေခံထားသော်လည်း တရားဝင် CC Certifiate အစီအစဉ်တွင် ပါဝင်ခြင်းမဟုတ်သည်ကို သတိပြု ပါ။ ဤသင်တန်းတွင်ပါဝင်သော မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာအကြောင်းအရာများသည် အချက်အလက် အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး ဥပဒေဆိုင်ရာ အကြံပြုချက်များ မပါဝင်သည်ကိုလည်း သတိပြုပါ။ ဤသင်တန်းက စာပေနှင့်အနုပညာမူပိုင်ခွင့်၏ မည်သည့် အကြောင်းခြင်းရာမဆိုနှင့် လွတ်လပ်စွာ ရယူအသုံးပြုခွင့်ပေးသော လိုင်စင်များချပေးခြင်းတို့ နှင့်စပ်လျင်းသည့် ဥပဒေဆိုင်ရာအကြံပြုချက်များ ပေးရန် အခွင့်အရေးကိုလည်း သင်ယူသူများအား မပေးအပ် ပါ။