Skip to main content
Printable page generated အင်္ဂါ, 30 ဧ 2024, 07:53
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated အင်္ဂါ, 30 ဧ 2024, 07:53

အခန်း ၄ ။ OER နှင့် CC လိုင်စင်ရှိ သောလက်ရာများကိုအသုံးပြုခြင်း

မိတ်ဆက်

Permission to share_my’ ကို UK Aid မှ ရန်ပုံငွေ ထောက်ပံ့သော SPHEIR အစီအစဉ် spheir.org.uk ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် TIDE စီမံကိန်းအတွက် Visual Thinkery က ဖန်တီးထားပြီး CC BY 2.0 လိုင်စင်သုံးထားပါသည်။

ယခုဆိုလျှင် လိုင်စင်များအလုပ်လုပ်ပုံနှင့် မည်သို့ရေးဆွဲထားသည်ကို သိပြီးဖြစ်တာကြောင့် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင်ရှိသည့် လက်ရာများကို အသုံးပြုလိုသည့် အကြောင်းရင်းများကို ဆွေးနွေးပါမည်။ CC license ရှိ သော လက်ရာများကို မည်သည့်နေရာတွင်တွေ့နိုင်ပါသနည်း။ မည်ကဲ့သို့ အကဲဖြတ်ကာ သင့်တော်စွာ ရည်ညွှန်းကိုးကားနိုင်ပါသနည်း။

ဤယူနစ်တွင် အခန်း ၄ ခန်း ရှိသည်။

  • ၄.၁ အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်သည့်ပညာရေးအရင်းအမြစ်များ (Open educational resources -- OER)
  • ၄.၂ OER ကို အဘယ်ကြောင့် အသုံးပြုပါသနည်း
  • ၄.၃ OER ကို ရှာဖွေခြင်းနှင့်အကဲဖြတ်ခြင်း
  • ၄.၄ OER ကို အသိအမှတ်ပြုဖော်ပြခြင်း

ဤယူနစ်မှအကြောင်းအရာများကို ထပ်မံလေ့လာလိုပါက နောက်ဆက်တွဲ အရင်းအမြစ်များတွင် လေ့လာနိုင်ပါသည်။

၄.၁ အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်သည့်ပညာရေးအရင်းအမြစ်များ ( Open educational resources )

‘open educational resources’ (OER) ဟူသောအသုံးအနှုန်းကို သင်ကြားဖူးကောင်းကြားဖူးပါလိမ့်မည်။ ပညာရေးဆိုင်ရာအရင်းအမြစ်များ (educational resources) များအတွက် open ဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ။ CC လိုင်စင်များနှင့် OER ကြားတွင် မည်သို့ဆက်စပ်နေသနည်း။

သင်ယူမှုရလဒ်များ

ဤအခန်းကိုတက်ရောက်ပြီးနောက် အောက်ပါရလဒ်များရရှိလာပါမည်။

  • OER အသုံးမှ open ကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း
  • OER နှင့် CC လိုင်စင်များကြားက ဆက်စပ်မှုကို နားလည်လာခြင်း
  • OER၊ open textbooks များ၊ open courses များနှင့် MOOCs များကို ခွဲခြားနိုင်လာခြင်း

ပြန်လည်သုံးသပ်ချက်

(Openness) ကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုမည်နည်း။ CC လိုင်စင်အားလုံးကို လွတ်လပ်စွာ ရယူအသုံးပြုခွင့်ပေးသော လိုင်စင်များ ဖြစ်သည်ဟု သင်ထင်ပါသလား။

မိတ်ဆက်

သင်တန်း၏ ယခုအခန်းတွင် ‘open’ ဖြစ်သော educational resources အယူအဆသဘောတရားနှင့် OER နှင့် CC လိုင်စင်၏ဆက်စပ်မှုကို လေ့လာရပါမည်။ မည်သည့်ရင်းမြစ်များက open ဖြစ်ပါသလဲ။ ဤယူနစ်၏နောက်အခန်းတွင် OER ကို အသုံးပြုသင့်သည့် အကြောင်းရင်းတချို့ကို လေ့လာမည်ဖြစ်သည်။

ကျွန်ုပ်တို့ဖန်တီးသည့်လက်ရာအတွက် CC လိုင်စင်တစ်ခုကို ရွေးချယ်အသုံးပြုရန် စဉ်းစားသည့်အခါတွင် open ဆိုသည့် အစိတ်အပိုင်းက မည်သည့်အတွက်ကြောင့်အရေးပါရသည်ဟူသော အကြောင်းရင်းကို လေ့လာပါမည်။

အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပညာရေးအရင်းအမြစ်များ (OER)

open educational resources များကို မည်သည့်အချက်က ‘open’ ဖြစ်စေသနည်း။ ယူနက်စကို (UNESCO) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လေ့လာကြည့်ကြပါမည်။

အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်သည့်ပညာရေးအရင်းအမြစ်များ (OER) ဆိုသည်မှာ အများပြည်သူပိုင်နေရာ တွင်ရှိနေသော (သို့) open licence ရယူထားသော မည်သည့် ပညာရေးဆိုင်ရာ အကြောင်းအရာ၊ အချက်အလက် မျိုးကိုမဆို ဆိုလိုသည်။ အဆိုပါ လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော အကြောင်းအရာ၊ အချက်အလက်များ (Open materials) များအား မည်သူမဆို တရားဝင်လွတ်လပ်စွာ မူပွား၊ အသုံးချ၊ မှီငြမ်းကာ ပြန်လည်ဝေမျှနိုင်သည်။ OER များတွင် ကျောင်းသုံးဖတ်စာအုပ်မှ သင်ရိုးညွှန်းတမ်းများ၊ သင်ရိုးမာတိကာများ၊ ပို့ချချက်မှတ်စုများ၊ သင်တန်းတာဝန်များ၊ စာမေးပွဲများ၊ စီမံကိန်းများ၊ အသံဖိုင်များ၊ ရုပ်သံများနှင့် ကာတွန်းရုပ်ရှင်များအထိ ပါဝင်နိုင်သည်။ (UNESCO, n.d.)

မြင်တွေ့ရသည့်အတိုင်း OER သည် ပို့ချချက်မှတ်စုများမှ ကျောင်းသုံးဖတ်စာအုပ်အထိ ပုံစံများစွာဖြင့် တည်ရှိနိုင်ပါသည်။ ထိုရင်းမြစ်များကို open licence ဖြင့်ရရှိနိုင်ခြင်း (သို့) အများပြည်သူပိုင်နေရာတွင် ရှိနေခြင်းတို့ကြောင့် (open) လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည်ဟု ညွှန်းဆိုနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါရင်းမြစ်များအား မည်သူမဆို တရားဝင်လွတ်လပ်စွာ မူပွား၊ အသုံးချ၊ မှီငြမ်းကာ ပြန်လည်ဝေမျှနိုင်သောကြောင့် (open) လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည်ကိုလည်း မြင်တွေ့နိုင်ပါသည်။

Creative Commons လိုင်စင်များအားလုံးက ယင်းလုပ်ဆောင်မှုအားလုံးကို လုပ်နိုင်စေပါသလား။

OER ၏ openness ဖြစ်မှုကို ဖော်ပြရန်နောက်တစ်နည်းမှာ David Wiley ၏ 5Rs ဖြစ်သည်။ David Wiley မှာ ကန့်သတ်ပိတ်ပင်မှု မရှိသော လွတ်လပ်စွာ လက်လှမ်းမီနိုင်သည့် ပညာရေးလှုပ်ရှားမှုတွင် အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ 5Rs ဆိုသည်မှာ OER ဖန်တီးသူတစ်ဦးက အသုံးပြုသူတစ်ဦးကို ပေးထားသော အခွင့်အရေးများဖြစ်ပြီး ပါဝင်သည့်အခွင့်အရေးများမှာ -

  • လက်ရာတစ်ခုကိုထိန်းသိမ်းခြင်း (၎င်းလက်ရာ၏မိတ္တူအား သိမ်းဆည်းထားခြင်းကိုဆိုလိုသည်။)
  • အကြောင်းအရာ၊ အချက်အလက်များကို ပြန်လည်အသုံးပြုခြင်း (ရင်းမြစ်၏ open licence စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုထားပြီးဖြစ်သောကြောင့် ခွင့်ပြုချက်တောင်းခံရန်မလို)
  • အကြောင်းအရာ၊ အချက်အလက်ကို ပြုပြင်တည်းဖြတ်ခြင်း (ရင်းမြစ်ကို အပြောင်းအလဲများပြုလုပ်ခြင်း)
  • ရင်းမြစ်တစ်ခုကို ပေါင်းစပ်ဖန်တီးခြင်း (အသစ်တစ်ခုဖန်တီးရန် ရင်းမြစ်ကို အခြား OER နှင့်ပေါင်းစပ်ခြင်း)
  • open licence ရယူထားသော လက်ရာကို ဖြန့်ဖြူးခြင်း (တစ်နည်းအားဖြင့် အခြားသူများနှင့်မျှဝေခြင်း)

(Wiley ၏ 5Rs အပေါ် မူလအဓိပ္ပာယ်ဖွင့်ဆိုချက်)

CC လိုင်စင်တစ်ခုအောက်တွင်ရှိသော ပညာရေးဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များ အားလုံးမှာ OER မဟုတ်ပါ။ အောက်ပါပုံတွင် ပညာရေးရင်းမြစ်များအတွက် အလုပ်ဖြစ်သည့် CC လိုင်စင်များနှင့် အလုပ်မဖြစ်သည့် CC လိုင်စင်များကို အသေးစိတ် ဖော်ပြထားပါသည် ။ "OER မဟုတ်" နှင့် "လွတ်လပ်ခွင့်အနည်းဆုံး (least free)" ဟု ညွှန်းဆိုသော CC လိုင်စင်အမျိုးအစားများကို ဖော်ပြပါ။ အဘယ်ကြောင့် ယင်းကဲ့သို့ ညွှန်းဆိုသည်ဟု ထင်ပါသလဲ။

ရုပ်ပုံအသိအမှတ်ပြုချက် (Paul Stacey and Hal Plotkin, CC BY 4.0) ၏ ‘Finding and using open educational resources (OER): implementing the Creative Commons CC BY licence (slide 4)’

"OER မဟုတ်” နှင့်် “လွတ်လပ်ခွင့်အနည်းဆုံး" လိုင်စင်အမျိုးအစား ၂ ခုတွင် 'ND' (သို့) no-derivatives (ဆင့်ပွားလက်ရာ ခွင့်မပြု) လိုင်စင်သတ်မှတ်ချက်ပါဝင်သည်ကို သင်မှတ်မိကောင်းမှတ်မိပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ND လိုင်စင်အစိတ်အပိုင်းသည် ရင်းမြစ်တစ်ခုကို အပြောင်းအလဲပြုလုပ်ခြင်းနှင့် ထိုသို့ပြုလုပ်ပြီးနောက် အခြားသူများနှင့်မျှဝေခြင်းကို တားမြစ်ထားသည်။

အခြားသူများနှင့်မျှဝေလိုသည့် ND လိုင်စင်ရှိသည့် အကြောင်းအရာ၊ အချက်အလက်များကို မှီငြမ်းပြုပြင်၍မရသောကြောင့်ND လိုင်စင်များသည် ယူနက်စကို (UNESCO) ၏ OER အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မကိုက်ညီပါ။ ND လိုင်စင်ရှိသော ရင်းမြစ်များသည် အသုံးပြုသူအား ရင်းမြစ်တစ်ခုကို ပေါင်းစပ်ဖန်တီးခြင်းနှင့် စိစည်တည်းဖြတ်ခြင်းတို့ကို ပြုလုပ်ရန် ခွင့်မပြုသောကြောင့် David Wiley ၏ 5Rs အချက်များနှင့်လည်း မကိုက်ညီပါ။

မိမိ၏ OER အတွက် သင့်တော်မှန်ကန်သောလိုင်စင်ကိုရွေးချယ်ရန် အခြားအသုံးပြုသူများကို မည်သည့်ခွင့်ပြုချက်များပေးလိုသည်နှင့် သင့်အတွက် မည်သည့်ခွင့်ပြုချက်များ ထိန်းသိမ်းထားလိုသည်ကို စဉ်းစားရန်လိုအပ်သည်။ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်၍မူကွဲဖန်တီးခြင်းအတွက် အသုံးပြုသူအား ခွင့်ပြုချက်အများဆုံးပေးသောကြောင့် လွတ်လပ်စွာ လက်လှမ်းမီနိုင်သည့် ပညာရေး (open education) ကို ထောက်ခံသူများစွာက CC BY လိုင်စင်အား ပညာရေးအတွက် အသုံးပြုခြင်းကို ထောက်ခံကြပါသည်။ CC BY ကို အသုံးပြုရသည့်အကြောင်းရင်းကို နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းတွင် လေ့လာနိုင်သည်။ ကိုယ်ပိုင်လက်ရာတစ်ခုအတွက် CC လိုင်စင်တစ်ခုကို အသုံးပြု ရာတွင် စဉ်းစားရမည့်အချက်များနှင့် မှီငြမ်းခြင်းကိုခွင့်ပြုသည့် လိုင်စင်ကို ရွေးချယ်ရန် အရေးပါပုံကို အခန်း ၄.၂ နှင့် ၅.၂ တို့တွင် အသေးစိတ်လေ့လာပါမည်။

အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပြဋ္ဌာန်းစာအုပ်များ (Open textbooks) များ

OER များသည် အရွယ်အစားပုံသဏ္ဌာန်မျိုးစုံရှိပြီး ဗီဒီယိုတစ်ခုစာ (သို့) သရုပ်ပြဗီဒီယိုတစ်ခုစာအရွယ်လောက် သေးငယ်နိုင်သကဲ့သို့ ဘွဲ့သင်တန်းတစ်ခုလုံးစာလောက်လည်း ကြီးနိုင်ပါသည်။ ဆရာများအတွက် မူပိုင်ခွင့်ရှိ သော ပြဋ္ဌာန်းစာအုပ်နေရာတွင် အစားထိုးရန် အတော်အတန် ပြည့်စုံ သော စုစည်းမှုတစ်ခုအဖြစ် OER ကို ဖန်တီးရန်မှာ အလွန်ခက်ခဲနိုင်ပြီး ယုတ်စွအဆုံး အချိန်ကုန်နိုင်ပါသည်။ ထို့ကြောင့် ဆရာများ နားလည်ပြီး စတင်အသုံးပြုရာတွင် ပိုမိုလွယ်ကူစေရန်အလို့ငှာ OER များကို သမားရိုးကျပြဋ္ဌာန်းစာအုပ်နှင့်ဆင်တူသော ပုံစံများဖြင့် စုစည်းတင်ဆက်လေ့ရှိပါသည်။

'အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပြဋ္ဌာန်းစာအုပ်များ (Open textbooks)'ဟူသည့် စကားရပ်သည် စတင်အသုံးပြုရာတွင် လွယ်ကူချောမွေ့စေရန်အလို့ငှာ သမားရိုးကျပြဋ္ဌာန်းစာအုပ်အသွင် ဖွဲ့စည်းထားသော OER စုစည်းမှုတစ်ခုကိုသာ ိ ဆိုလိုပါသည်။ ဘာသာရပ်များစွာတွင် ရှိသော အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်ပြဋ္ဌာန်းစာအုပ်များ (Open textbooks) ၏ နမူနာများကို OpenStax the Open Textbook Library (သို့) theBC Open Textbook Project တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ OER များကို ဒစ်ဂျစ်တယ် သင်ကြားရေးဆော့ဖ်ဝဲ (digital courseware) - ဥပမာ MIT OpenCourseWare ­ အဖြစ် စုစည်းတင်ပြနိုင်သည်။

အခမဲ့လွတ်လပ်စွာ လေ့လာသင်ယူနိုင်သည့်သင်တန်းများ(Open courses) များနှင့် MOOCs

၂၀၀၇ ခုနှစ်တွင် David Wiley နှင့် Alec Couros တို့က 'open courses ( လွတ်လပ်စွာ လေ့လာသင်ယူနိုင်သောသင်တန်းများ)' ကို စတင်စမ်းသပ်ခဲ့ကြသည်။ အခမဲ့လွတ်လပ်စွာ လေ့လာသင်ယူနိုင်သည့်သင်တန်း(Open course) ၏ ရည်ရွယ်ချက်မှာ တက္ကသိုလ်၌ ပုံစံတကျ စာသင်ကြားပို့ချရာတွင် အသုံးပြုသော သင်ရိုးမာတိကာ၊ စာအုပ်စာတမ်းများ၊ ရုပ်သံဖိုင်များနှင့် အခြားသောသင်ထောက်ကူပစ္စည်းများအား အများပြည်သူ ရရှိအသုံးပြုနိုင်ရန် နှင့် စာဖတ်ခြင်း၊ ရုပ်သံများကြည့်ရှုခြင်း၊ လူမှုမီဒီယာပေါ်ရှိ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်းနှင့် သင်တန်းတက်ရောက်နေသော တရားဝင် မှတ်ပုံတင်ထားသည့် ကျောင်းသားများနှင့်ပူးပေါင်းကာ သင်တန်းတာဝန်များကို လုပ်ဆောင် ို ခြင်းအားဖြင့် သင်တန်းတွင် ပြည်သူများပါဝင်လာအောင် ဖိတ်ခေါ်ရန်တို့ဖြစ်သည်။ ကျောင်းမအပ်ဘဲ ပြင်ပမှ ပါဝင်လေ့လာသူများသည် တက္ကသိုလ်များမှ တရားဝင်အသိအမှတ်ပြုလက်မှတ်များမရရှိခဲ့သော်လည်း ဝင်ခွင့်လျှောက်ထားခြင်း (သို့) ကျောင်းလခပေးရခြင်းများ ပြုလုပ်ရန်မလိုအပ်ခဲ့ပါ။ အခမဲ့လွတ်လပ်စွာ လေ့လာသင်ယူနိုင်သည့်သင်တန်း၌ သင်ခန်းစာပို့ချရာတွင် ဆရာများသည် OER ကိုအသုံးပြုရန် လိုအပ်ခဲ့သည်။ သို့မှသာ ၎င်းတို့ကို သမားရိုးကျကျောင်းသားနှင့် အများပြည်သူအပါအဝင် ပါဝင်တက်ရောက်သူအားလုံးက ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် George Siemens နှင့် Stephen Downes တို့နှစ်ဦးပူးပေါင်းကာ ဒစ်ဂျစ်တယ်ခေတ် လေ့လာသင်ယူမှု သဘောတရားနှင့် ချိတ်ဆက်နေသည့်သုတ (Connectivism and Connected Knowledge (CCK08)) ဟူသော open course တစ်ခုကို ပို့ချခဲ့သည်။ ယင်းသင်တန်းသည် ၂၀၀၇ ခုနှစ်က Wiley နှင့် Couros ဦးဆောင်ခဲ့သော သင်တန်းများထက် တက္ကသိုလ်ပြင်ပမှ တက်ရောက်သူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး တက်ရောက်သူ ၂၀၀၀ ကျော်ရှိခဲ့သည်။ အဆိုပါများပြားသောအရေအတွက်ကြောင့် Dave Cormier က CCK08 ကို အမြောက်အမြား လွတ်လပ်စွာ လေ့လာသင်ယူနိုင်သောအွန်လိုင်းသင်တန်း (massive open online course (MOOC)) အဖြစ် ရည်ညွှန်းခဲ့ သည်။ ၎င်းသည် ၁၉၉၀ ခုနှစ်များ၏ နှောင်းပိုင်းတွင် ရေပန်းစားလာခဲ့သော အမြောက်အမြား ပါဝင်ဆော့ကစားနိုင်သည့် ဇာတ်ကောင်အခြေပြုအွန်လိုင်းဂိမ်းများ (massively multiplayer online role-playing games) ကို ကိုကားကာ ရည်ညွှန်းခြင်းဖြစ်သည်။

ယနေ့ခေတ်တွင် edXCoursera နှင့် FutureLearn များအပါအဝင် အကျိုးအမြတ်ယူသောနှင့် အကျိုးအမြတ်မယူသော MOOC သင်တန်းစီစဉ်သူများ ရှိနေပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ၎င်းတို့၏သင်တန်းများကို အများပြည်သူအား အခမဲ့/ လွတ်လပ်စွာ သင်ကြားခွင့် များ ပေးထားသော်လည်း မူရင်း MOOCs ဖန်တီးသူများကဲ့သို့ OER ကို ဖန်တီးခြင်း (သို့) အသုံးပြုခြင်းတို့ကို ပြုလုပ်ရန် မည်သည့်အဖွဲ့အစည်းကမှ ကတိပြုထားခြင်းမရှိပါ။ နောက်ပိုင်း MOOCs များကို သင်ကြားမှုပုံစံများသည် အစောပိုင်း MOOCs များ၏ အမျိုး စုံလင်ကွဲပြားကာ ချိတ်ဆက်နေသော သင်ကြားမှုပုံစံများနှင့် သိသိသာသာကွဲပြားမှုလည်းရှိပါသည်။

လတ်တလောပို့ချနေသော MOOCs သင်တန်းများသည် ယေဘုယျအားဖြင့် ပို၍ပို၍ တ ပုံစံတည်းဖြစ်ကာ အကျိုးမရှိ ဖြစ်လာပြီး ပုံမှန်အားဖြင့် ရုပ်သံဖိုင်အတိုများကြည့်ရှုခြင်းနှင့် မေးခွန်းဖြေဆိုခြင်းများ ပါဝင်ကြသည်။ Tony Bates သည် အစောပိုင်းဖြစ်သော လွတ်လပ်ကာ စမ်းသပ်မော်ဒယ်များဖြစ်သည့် MOOCs များကို cMOOCs များဟု ညွှန်းဆိုပြီး ပိုမို၍ တ ပုံစံတည်းဖြစ်ကာ ကော်ပိုရိတ်ပုံစံရှိသည့် MOOCs များကို xMOOCs များအဖြစ် ညွှန်းဆိုထားသည်။

အပြီးသတ် မှတ်ချက်များ

open textbooks များအဖြစ် (သို့) open courseware များအဖြစ် ဖွဲ့စည်းထားသော OER သည် ပညာရေးကို ပိုမိုတတ်နိုင်စေပြီး ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိစေသည့် ခွင့်ပြုချက်များ အမျိုးမျိုးကို ဆရာများ၊ ကျောင်းသားများနှင့် အခြားသူမျာအား ံ ထောက်ပံ့ပေးထားပါသည်။ ယင်းခွင့်ပြုချက်များသည် အစောပိုင်း MOOCs များတွင် မြင့်တွေ့ခဲ့ရသည့်အတိုင်း လျင်မြန်ပြီး အကုန်အကျသက်သာသည့် စမ်းသပ်မှုများ၊ တီထွင်ဆန်းသစ်မှုများကိုလည်း လုပ်ဆောင်နိုင်စေပါသည်။

၄.၂ OER ကို အဘယ်ကြောင့် အသုံးပြုပါသနည်း

ရုပ်ပုံအသိအမှတ်ပြုချက်: Breno Trautwein ၏ oer_logo_EN_1 ကို CC BY-SA 2.0 ဖြင့် လိုင်စင် ချထားပါသည်။

OER ကို မိတ်ဆက်ပေးပြီးဖြစ်တာကြောင့် ဤအရင်းအမြစ်အမျိုးအစား အသုံးဝင်ရသည့်အကြောင်းရင်းကို ဆက်လက်လေ့လာပါမည်။

သင်ယူမှုရလဒ်များ

ဤသင်ခန်းစာကိုလေ့လာပြီးနောက် CC လိုင်စင်ရှိ သောအရင်းအမြစ်များနှင့် OER က သင်၏တက္ကသိုလ်အတွက် အသုံးဝင်နိုင်သည့် အကြောင်းအရင်းတချို့ကို စဉ်းစားမိသွားမည်ဖြစ်သည်။

ပြန်လည်သုံးသပ်ချက်

သင်၏တက္ကသိုလ်တွင် သင်အသုံးပြုသော အရင်းအမြစ်အမျိုးအစားကို စဉ်းစားပါ။ CC လိုင်စင် သုံးထားသောအရင်းအမြစ်များသည် မည်သည့်အတွက်ကြောင့်နှင့် မည်သို့ အသုံးဝင်နိုင်ပါသနည်း။

မိတ်ဆက်

အသစ်ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ မူပိုင်ခွင့်တင်ထားသောအရင်းအမြစ်များကို အသုံးပြုရာတွင် လိုအပ်သလို သင့်တော်သောခွင့်ပြုချက်ရယူမှုအား သေချာစေရန် အရေးကြီးပါသည်။ မြင်တွေ့ခဲ့ရသည့်အတိုင်း open license ရယူထားသောအရင်းအမြစ်များကို မျှဝေခြင်း (သို့) မူပွားခြင်းတို့အတွက် ခွင့်ပြုချက်တောင်းခံရန်မလိုအပ်ပါ။ ဤသင်ခန်းစာတွင် CC လိုင်စင် သုံးထားသော လက်ရာများကို အသုံးပြုသင့်ပုံနှင့် CC ရင်းမြစ်များကို ပိုမိုလွတ်လပ်စာ ခွင့်ပြုထား သောလိုင်စင် များ (ဥပမာ ရင်းမြစ်အား ပြောင်းလဲမှုများပြုလုပ်ခွင့်ပေးသော open license များ)တွင် ပိုမိုရှာဖွေသင့်ပုံနှင့်ပတ်သက်သော နောက်ထပ်အကြောင်းအရင်းများကို လေ့လာသွားမည်ဖြစ်သည်။

CC လိုင်စင် သုံးထားသည်ဖြစ်စေ၊ မူပိုင်ခွင့် ထိန်းသိမ်းထားသည်ဖြစ်စေ မည်သည့်ရင်းမြစ်ကိုအသုံးပြုနေသည် ဖြစ်စေ အသုံးပြုသည့်ရင်းမြစ်ကို ကိုးကားဖော်ပြရန်အရေးကြီးသည်။ ကိုးကားဖော်ပြခြင်းအကြောင်းကို အခန်း ၄.၄ တွင် ဆက်လက်လေ့လာပါမည်။

OER နှင့် CC လိုင်စင်ရှိ သောအရင်းအမြစ်များကို အသုံးပြုရသည့်အကြောင်းရင်းများ

နောက်ဆုံးသင်ခန်းစာတွင်မြင်တွေ့ခဲ့ရသည့်အတိုင်း CC လိုင်စင် သုံးထားသော လက်ရာအားလုံးသည် ပြောင်းလဲခြင်းများ ပြုလုပ်ရန် ခွင့်ပြုထားသည်မဟုတ်ပါ။ သို့သော်လည်း ND (no-derivatives) လိုင်စင်ရှိ သော ရင်းမြစ်များသည် ၎င်းတို့ကို မျှဝေခြင်းနှင့် ကူးယူခြင်းတို့ကို တစ်ခါတစ်ရံ စီးပွားဖြစ်အတွက်ပါ ခွင့်ပြုပေးထားသည်။ ND လိုင်စင်ရှိ သောလက်ရာများကို ပြောင်းလဲမှုများမပြုလုပ်နိုင်သော်လည်း သင်၏တက္ကသိုလ်တွင် အကိုးအကားအတွက် (သို့) အထောက်အကူပြုရင်းမြစ်အဖြစ် အသုံးဝင်နိုင်ပါသည်။ နောက် သင်ခန်းစာတွင် အခမဲ့လွတ်လပ်စွာသုံးနိုင်သည့် Open license ရှိသောရင်းမြစ်များကို ရှာဖွေသောအခါ စဉ်းစားရမည့်အချက်များနှင့် ရှာဖွေရမည့်နေရာများအကြောင်း အသေးစိတ်လေ့လာမည်ဖြစ်သည်။

CC လိုင်စင်ရှိ သောရင်းမြစ်များနှင့် OER ကို အသုံးပြုသင့်သည့် အခြားအကြောင်းအရင်းတချို့ကို အသေးစိတ်လေ့လာကြပါစို့ -

  • Open licence ရှိသောရင်းမြစ်များတွင် ၎င်းတို့အား သင်လုပ်ခွင့်ရှိသည့်အရာများ၊ လုပ်ခွင့်မရှိသည့်အရာများနှင့် ပတ်သက်၍ ရှင်းလင်းသော ညွှန်ကြားချက်များ ပါဝင်သည်။
  • မူပိုင်ခွင့်ကိုင်ဆောင်ထားသူထံ ခွင့်ပြုချက်တောင်းခြင်း နှင့်/သို့မဟုတ် အခကြေးငွေပေးခြင်းများ လုပ်ရန်မလိုသည့်အတွက် CC လိုင်စင်ရှိသော အချက်အလက်များ၊ ရင်းမြစ်များကို အသုံးပြုရန် ပိုလွယ်ပါသည်။ ထို့ကြောင့် အချိန်နှင့်ငွေကို ချွေတာနိုင်ပါသည်။
  • ပိုမိုလွတ်လပ်သည့် CC လိုင်စင်ရှိ သော အချို့အရင်းအမြစ်များ (ဥပမာ-ပြောင်းလဲမှုများပြုလုပ်ခွင့်ပေးထားသော အရင်းအမြစ်များ) ကိုမူ အသုံးပြုမည့်အကြောင်းအရာ၊ အခြေအနေနှင့် ပိုမိုဆီလျော်စေရန် ပြုပြင်ပြောင်းလဲနိုင်သည်။ ဤကဲ့သို့ပြုလုပ်ခြင်းကို နေရာဒေသအလိုက်၊ လုပ်ဆောင်မှုအလိုက် သင့်တော်အောင် ပြောင်းလဲ ခြင်း (localisation) ဟု တစ်ခါတစ်ရံ ရည်ညွှန်းလေ့ရှိသည်။ ရှိရင်းစွဲရင်းမြစ်များအား နေရာဒေသအလိုက်၊ လုပ်ဆောင်မှုအလိုက် သင့်တော်အောင် ပြောင်းလဲခြင်း သည် အစမှနေ၍ အသစ်ဖန်တီးရန် မလိုအပ်သောကြောင့် အချိန်ကုန်သက်သာစေပါသည်။
  • Open license ရှိသောရင်းမြစ်အတော်များများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား သည်။ အခြားဘာသာစကားများဖြင့် OER များနှင့် အကြောင်းအရာအမျိုးမျိုးကို ပြန်လည်သုံးသပ်ခြင်းများ လိုအပ်သော်လည်း မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် အသုံးပြုရန်ထည့်စဉ်းစားနိုင်သည့် ရှိရင်းစွဲရင်းမြစ်များ များစွာရှိနေပါသည်။ အဆိုပါရင်းမြစ်များမှ အများအပြားကို လိုင်စင်အမျိုးအစားကခွင့်ပြုပါက ဘာသာပြန်ဆိုနိုင်ပါသည်။
  • မတူ သည့် OER များကို သင်ကြားရေးနှင့်သင်ယူရေး အကြောင်းအရာ၊ အချက်အလက် များတွင် ပေါင်းစပ်ခြင်းသည် ကျောင်းသားများကို မတူ သည့်အမြင်ရှုထောင့်များ (သို့) အကြောင်းအရာအားရှင်းပြ ပုံများ ပေးနိုင်ပါသည်။
  • လိုအပ်သည့် စာအုပ်စာတမ်းများဝယ်ယူရန်တတ်နိုင်သူများအတွက်သာမဟုတ်ဘဲ လူတိုင်းအတွက် ရင်းမြစ်များထောက်ပံ့ပေးခြင်းဖြင့် လွတ်လပ်စွာ ရယူသုံးစွဲခွင့်ပြုသော လိုင်စင်များရှိသည့် ရင်းမြစ်များသည် ပညာရေးဆိုင်ရာ အကြောင်းအရာ၊ အချက်အလက် များအား ရယူသုံးစွဲနိုင်မှုကို တိုးလာစေပါသည်။ စာကြည့်တိုက်တွင် စာအုပ်စာတမ်း တိုးပွားစေ ရန် (သို့) ရှိပြီးသားသင် တန်းများကို အထောက်အကူပြုရန် OER စုဆောင်း မှုများကို ရွေးချယ်နိုင်ပါသည်။
  • နိဂုံးအားဖြင့် ကမ္ဘာတစ်ဝန်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် အစိုးရများမှ OER ရည်ရွယ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပါသည်။ ထိုသို့အားပေးထောက်ခံမှုကို အောက်ပါ စာရွက်စာတမ်းများ (ဥပမာ - Cape Town Open Education Declaration (2007), the UNESCO Paris OER Declaration (2012), and the UNESCO Ljubljana OER Action Plan (2017) and the UNESCO OER Recommendation (2019)) က သက်သေ ပြနေပါသည်။

ပြန်လည်သုံးသပ်ချက်

open license ရှိသောရင်းမြစ်များကို အသုံးပြုစေသော ယင်းအကြောင်းရင်းများက အလားတူ အကြောင်းအရင်းများကို တွေးမိစေပါသလား။ ဤစာရင်းတွင်ထပ်ဖြည့်နိုင်သော အခြားအကြောင်းရင်းများကို စဉ်းစားနိုင်ပါသလား။ မည်သည့်အကြောင်းအရင်းများက လုပ်ဖော်ကိုင်ဖက်များ (သို့) ကျောင်းသားများနှင့် အကိုက်ညီဆုံးဖြစ်နိုင်ပါသလဲ။

အပြီးသတ် မှတ်ချက်များ

ဤသင်ခန်းစာတွင် သင်၏အဖွဲ့အစည်း၌ လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင်ရှိသော ရင်းမြစ်များကို အသုံးပြုသင့်သည့် အကြောင်းရင်းတချို့ကို လေ့လာမည်ဖြစ်သည်။ အခန်း ၆ တွင် OER ကိုအသုံးပြုခြင်းနှင့် မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်အား နားလည်စေရန်တို့အတွက် လုပ်ဖော်ကိုင်ဖက်များသိရှိစေရန်ဆောင်ရွက်ခြင်းနှင့် အထောက်အကူပေးခြင်းဆိုင်ရာ နောက်ထပ်ခြေလှမ်းများနှင့် အမျိုးမျိုးသော နည်းလမ်းများကို ဆွေးနွေးပါမည်။

၄.၃ OER ကို ရှာဖွေခြင်းနှင့်အကဲဖြတ်ခြင်း

ရုပ်ပုံအသိအမှတ်ပြုချက်: Oliver Tacke ၏ Checklist သည် CC0 1.0 ဖြင့် လိုင်စင်တင်ထားသည်။

အင်တာနက်ပေါ်တွင် CC လိုင်စင်ရှိ သောလက်ရာများ ၁ ဘီလီယံ (သန်းတစ်ထောင်) ကျော်ရှိသည်။ သင့်အတွက်နှင့် သင်၏ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် အသုံးဝင်နိုင်သည့်အရင်းအမြစ်ကို မည်သို့သိရှိနိုင်ပါသနည်း။ အသုံးဝင်သောရင်းမြစ်တစ်ခုကို တွေ့ရှိပြီးသည့်အခါ ပြန်လည်အသုံးပြုရာတွင် မည်သည်တို့ကို လုပ်ဆောင်ရန်လိုအပ်ပါသနည်း။

သင်ယူမှုရလဒ်များ

ဤ အခန်းကိုတက်ရောက်ပြီးနောက် အောက်ပါရလဒ်များရရှိလာပါမည်။

  • လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့် ရင်းမြစ်များကို ရှာဖွေနိုင်ပြီး တွေ့ရှိသည့် ရင်းမြစ်များအတွက် သင့်တော်သည့်နာမည်ဖော်ပြအသိအမှတ်ပြုခြင်းများ ပြုလုပ်နိုင်လာခြင်း
  • လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော အင်တာနက် မော်ကွန်းတိုက်များ၊ Google၊ CC Search နှင့် အခြားပလက်ဖောင်းများတွင် OER ကိုရှာနိုင်လာခြင်း
  • လွတ်လပ်စွာ ရယူအသုံးပြုနိုင်သောရင်းမြစ်များကို အကဲဖြတ်နိုင်လာခြင်း

ပြန်လည်သုံးသပ်ချက်

ယခုအခါ၌ သင်ကြားရေးနှင့်သင်ယူရေးအတွက် ရင်းမြစ်များကို မည်သည့်နေရာတွေ ရှာဖွေပါသနည်း။ ရင်းမြစ်များရွေးချယ်ရာတွင် မည်သည့်စံသတ်မှတ်ချက်များကို အသုံးပြုပါသနည်း။ OER ၏သင့်တော်မှုအား အကဲဖြတ်ရန် မည်သည့်အပိုစံသတ်မှတ်ချက်များ လိုအပ်ပါသနည်း။

မိတ်ဆက်

သင်၏ဆရာများနှင့် ကျောင်းသားများလိုအပ်သော OER ကိုရှာဖွေရန် မည်သည့်ကျွမ်းကျင်မှုနှင့် ဗဟုသုတများ လိုအပ်ပါသနည်း။

ဤအခန်းတွင် OER အားရှာတွေ့နိုင်သည့်နေရာအချို့နှင့် ရင်းမြစ်များအားကြည့်ရှုသုံးသပ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် စံသတ်မှတ်ချက်များအကြောင်းကို လေ့လာသွားမည်ဖြစ်သည်။ OER ပုံစံအမျိုးမျိုးအား ဖန်တီးခြင်းကို အခန်း ၅ တွင် လေ့လာပါမည်။ သင် OER ရှာဖွေသောနေရာများမှ အများအပြားသည် သင်၏လက်ရာကိုမျှဝေကာ သင့်တက္ကသိုလ်၏ဖန်တီးမှုလက်ရာကို ပြသနိုင်သည့်နေရာများလည်းဖြစ်ပါသည်။

OER ကို ရှာဖွေရမည့်နေရာများ

Open license ရှိသောရင်းမြစ်များကိုရှာဖွေရန် နေရာအများအပြားရှိပါသည်။ တချို့သောအင်တာနက်စာမျက်နှာများတွင် OER ကို ပညာရပ်၊ ပညာအရည်အချင်းနှင့်/သို့မဟုတ် ရင်းမြစ်အမျိုးအစားအလိုက် ရွေးချယ်ထည့်သွင်းထားသည်။ အခြားသော ဝက်ဘ်ဆိုက်များတွင် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် (open license) ရှိသောရင်းမြစ်များ (သို့) အခြားသတ်မှတ်ချက်များသာ ရှာဖွေဖော်ပြစေရန် ကျွန်ုပ်တို့၏ရှာဖွေမှုများကို မွမ်းမံပေးနိုင်သော ရှာဖွေမှုလုပ်ဆောင်ချက်များ ပါဝင်ပါသည်။

CC လိုင်စင်ရှိ သောရင်းမြစ်များကို ရှာဖွေရန် အခြားနေရာများကို အသေးစိတ်လေ့လာကြည့်ကြပါစို့။ OER အကြောင်း အခန်း ၄.၁ တွင် open license ရှိသော အရင်းအမြစ်များ၏ တချို့သောအမျိုးအစားများ (ဥပမာ-သင်တန်းများနှင့် ပြဋ္ဌာန်းစာအုပ်များ) ကိုတွေ့ရှိနိုင်သော အသုံးတည့်သည့်နေရာများ များစွာပါဝင်ပါသည်။ ၎င်းရင်းမြစ်အမျိုးအစားများကို ရှာဖွေပါက အောက်ဖော်ပြပါများကို ရှာဖွေနိုင်သည်။ တချို့သောဘာသာရပ်များအတွက် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီသောဝေါဟာရများကို အသုံးပြုသည်ကို သတိပြုပါ။ ဥပမာအားဖြင့် 'ဇီဝသိပ္ပံပညာရပ်များ (Life Sciences)' သည် သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဇီဝဗေဒကဲ့သို့သော ဘာသာရပ်များကို ညွှန်းဆိုပြီး 'လူမှုသိပ္ပံပညာ' တွင် ပထဝီဝင်နှင့် စီးပွားရေးကဲ့သို့သော ဘာသာရပ်များပါဝင်သည်။ နိုင်ငံအလိုက် ပညာရေးစနစ်မတူညီမှုများရှိပြီး ရင်းမြစ်များ၏ သင့်တော်မှု အဆင့်သတ်မှတ်ချက်နှင့် ယင်းက သင့်ကျောင်းသားများ၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိမရှိကို စဉ်းစားရန် လိုကောင်းလိုပါလိမ့်မည်။

မြန်မာနိုင်ငံတစ်လွှားရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် ကျောင်းများတွင် ဒစ်ဂျစ်တယ်နည်းပညာသုံး OER ကို အင်တာနက်မလိုဘဲ အသုံးပြုနိုင်စေသော eTekkatho ကို သင်ကြားဖူးကောင်းကြားဖူးပါလိမ့်မည်။ ACU-OER သည် ပူးတွဲဆောင်ရွက်ခြင်းနှင့် လွတ်လပ်စွာ ရယူနိုင်သောသောပညာရေးကို မြှင့်တင်ပေးပြီး အာဆီယံဒေသ တွင် OER ကို မျှဝေပေးသည်။ မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ် (MIMU) သည် အသိအမှတ်ပြုချက်နှင့်အတူ အသုံးပြုနိုင်သော နိုင်ငံဆိုင်ရာ သတင်းအချက်အလက်များကို ထောက်ပံ့ပေးသည်။ Open Development Myanmar သည် CC BY-SA လိုင်စင်ရှိ သော အထောက်အကူများနှင့် အချက်အလက်များကို ထောက်ပံ့ပေးသည်။

အခြားအသုံးဝင်သော အထောက်အကူများတွင် CC Search ပါဝင်ပြီး ၎င်းသည် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင်ရှိ သော ဓာတ်ပုံ သန်း ၅၀၀ ကို ရှာဖွေနိုင်စေသော အထောက်အကူဖြစ်သည်။

၎င်းတို့၏ဝက်ဘ်ဆိုက်ျား ပေါ်တွင် မျှဝေ သော လက်ရာများကို CC လိုင်စင်ချပေးနိုင်စေသည့် ပလက်ဖောင်းအတော်များများတွင် OER Commons ကဲ့သို့ CC အကြောင်းအရာများကို ရှာဖွေရန် စိစစ်ရွေးချယသည့် လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ Open license ရှိသောအကြောင်းအရာ (သို့) CC လိုင်စင် ရှိသောလက်ရာကို ရှာဖွေနိုင်ရန် Google၊ Flickr နှင့် YouTube တို့တွင်လည်း စိစစ်ရွေးချယ်ကာ ရှာဖွေနိုင်ပါသည်။

အကြောင်းအရာတစ်မျိုးကို ရှာဖွေလိုပါက ၎င်းနှင့်ဆက်စပ်သော သီးသန့်သက်ဆိုင်သည့်ရင်းမြစ်များတွင် စစ်ထုတ်ရှာဖွေနိုင်ပါသည်။ ဝီကီပီးဒီးယားတွင် နေရာအသီးသီးမှ အဓိက CC လက်ရာ အရင်းအမြစ်များစွာ၏ ပြည့်စုံသောစာရင်းတစ်ခု ကိုပေးပါသည်။

သက်ဆိုင်ရာ CC လိုင်စင်တစ်ခု၏ အောက်တွင်ရှိသော လက်ရာများကိုလည်း ရှာဖွေနိုင်ပါသည်။ စီမံကိန်းနမူနာများနှင့် ၎င်းလိုင်စင်များကိုအသုံးပြုနေသူတို့၏ နမူနာများပါဝင်သော လိုင်စင်တစ်ခုချင်းစီ၏ Creative Commons ခြုံငုံသုံးသပ်ချက်ကို လေ့လာပါမည်။

ပြန်လည်အသုံးပြုလိုသောလက်ရာတစ်ခုကို တွေ့ရှိပါက အဆိုပါရင်းမြစ်အတွက် သင့်တင့်သော အသိအမှတ်ပြုမှု ပြုလုပ်ရန် အရေးကြီးသည်။ အခန်း ၃.၁ ရှိ ခေါင်းစဉ်(Title)၊ လက်ရာရှင်(Author)၊ အရင်းအမြစ်(Source)နှင့် လိုင်စင်(Licence) TASL ကို သင်မှတ်မိပါသလား။ ရင်းမြစ်တစ်ခုအား အသိအမှတ်ပြု ရည်ညွှန်းဖော်ပြရန် TASL အား အသုံးချပုံကို အခန်း ၄.၄ တွင် အသေးစိတ်လေ့လာသွားပါမည်။

အဆုံးသတ်အနေ ဖြင့် OER ကမ္ဘာ့မြေပုံ (OER World Map) ကိုအသုံးပြုုပြီး ဒေသအလိုက် တသီးတသန့်ဖြစ်သော OER ကို လည်း ရှာဖွေနိုင်ပါသည်။ ဥပမာ အောက်ဖော်ပြပါသည် ထိုင်းနိုင်ငံရှိ OER များ ဖြစ်သည်။

ရင်းမြစ်များကို အကဲဖြတ်ခြင်း

သင်အသုံးပြုသော အခြားပညာရေးဆိုင်ရာရင်းမြစ်များနည်းတူ OER ကိုလည်း အသုံးမချခင် အကဲဖြတ်ရန်လိုအပ်သည်။ OER အားအသုံးပြုခြင်းနှင့်အကဲဖြတ်ခြင်းဖြစ်စဉ်သည် သမားရိုးကျဖြစ်သော "မူပိုင်ခွင့်များထိန်းသိမ်းထား ပြီး (All rights reserved)" ဟူသည့် မူပိုင်ခွင့်တင်ထားသောရင်းမြစ်များကို အကဲဖြတ်ခြင်းနှင့် များစွာကွာခြားမှုမရှိပေ။ အခမဲ့လွတ်လပ်စာအသုံးပြုခွင့်လိုင်စင်ပေးထားသည်ဖြစ်စေ၊ မူပိုင်ခွင့်ဖြင့် ပိတ်ပင်ထားသည်ဖြစ်စေ ၎င်းပညာရေး အကြောင်းအရာ၊ အချက်အလက် များ၏ အရည်အသွေးကိုအကောင်းဆုံးဝေဖန်အကဲဖြတ်နိုင်သူများမှာ ကျောင်းသားများ၏လိုအပ်ချက်နှင့် ရင်းမြစ်တစ်ခုအား မည်သို့မည်ပုံ အသုံးပြု မည်ကိုသိထားသော သင်နှင့်သင်၏လုပ်ဖော်ကိုင်ဖက်များသာဖြစ်သည်။

ပညာရေး အကြောင်းအရာ၊ အချက်အလက်များကို အကဲဖြတ်စစ်ဆေးသောအခါ စဉ်းစားသင့်သည့်အချက်များကို အသေးစိတ်လေ့လာကြည့်ကြပါမည်။ JISC က ထောက်ပံ့ပေးထားသော အရည်အသွေးအကဲဖြတ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ မှာ -

  • တိကျမှု (accuracy)
  • ဖန်တီးသူ/အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျော်ကြားမှု (reputation of author/institution)
  • နည်းပညာဆိုင်ရာထုတ်လုပ်မှု၏ စံနှုန်းအဆင့်အတန်း (standard of technical production)
  • လက်လှမ်းမီခြင်း့် (accessibility)
  • မူလရည်ရွယ်ချက်အတိုင်းကိုက်ညီမှု (fitness for purpose)

OER အားအကဲဖြတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သော အရေးကြီးသည့်အချက်တစ်ချက်မှာ ယင်းလက်ရာကို အခြား open license ရယူထားသောရင်းမြစ်များနှင့် ပေါင်းစပ်ကာ မှီငြမ်းခြင်း (သို့) ပြောင်းလဲခြင်းများ ပြုလုပ်ရန် စိတ်ကူးရှိမရှိဟူသော အချက်ဖြစ်သည်။ အချို့သော CC လိုင်စင်အမျိုးအစားများသည် ကိုက်ညီမှုမရှိသောကြောင့် လက်ရာအသစ်များဖန်တီးရန် ၎င်းတို့အား ပေါင်းစပ်၍မရသည်ကို လာမည့်အခန်းတွင် လေ့လာရပါမည်။ ဆိုလိုသည်မှာ မှီငြမ်းရန်အတွက် open license ရယူထားသောလက်ရာကို ရှာဖွေနေပါက သင်ရွေးချယ်သည့်ရင်းမြစ်များ၏ လိုင်စင်အမျိုးအစားများကို အထူးသဖြင့် သတိပြုရန်လိုအပ်ပါသည်။ ဆိုလိုသည်မှာ ကြိုတင်စဉ်းစားထားရန်လိုအပ်ပါသည်။ အထူးသဖြင့် ဤ ကိစ္စတွင် စာကြည့်တိုက်မှူးများ၊ ICT ကဏ္ဍရှိဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါပါသည်။ အဘယ်ကြောင့်ဆိုသော် လိုအပ်သည့်အကြောင်းအရာပေါ်မူတည်ကာ ရင်းမြစ်များ ရွေးချယ်ခြင်းနှင့် ရည်ရွယ်ချက်နှင့်ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ခြင်းတို့တွင် ဆရာများကို ၎င်းတို့က ကူညီအားဖြည့်ပေးနိုင်ပါသည်။

ရင်းမြစ်များကို အကဲဖြတ်သောအခါ ရင်းမြစ်တစ်ခု၏ ပုံစံကိုပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ မြန်မာနိုင်ငံသည် မိုဘိုင်းဖုန်းဦးစားပေးနိုင်ငံအဖြစ် မကြာခဏညွှန်းဆိုခံရသော်လည်း လက်ရှိတွင် OER အားလုံးကို မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ခြင်းမရှိပါ။ သင်သည် နည်းပညာပိုင်းဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်ပါက လုပ်ဖော်ကိုင်ဖက်များအား အသင့်တော်ဆုံး OER အားရွေးချယ်ခြင်းနှင့် ယင်းနှင့်စပ်လျဉ်း၍ ဆက်လက်အကြံပြုခြင်းများတွင် ကူညီပေးနိုင်ပါလိမ့်မည်။

ပြန်လည်သုံးသပ်ချက်

ရင်းမြစ် အမျိုးမျိုးကို စဉ်းစားသောအခါ အဆိုပါရင်းမြစ်ကို ရယူသုံးစွဲမည့် ကျောင်းသား အမျိုးမျိုးကိုပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ ဒေတာအချက်အလက်များသည် ဈေးကြီးနိုင်ပြီး ရင်းမြစ်များကိုရယူသုံးစွဲရန် တက္ကသိုလ်ရှိဝိုင်ဖိုင် (သို့) Offline ဖြင့်အသုံးပြုနိုင်သောဝန်ဆောင်မှုများ (ဥပမာ eTekkatho) ကို နေ့တက်ကျောင်းသားများမှ အသုံးပြုနိုင်သော်လည်း အဝေး သင် ကျောင်းသားများက ရင်းမြစ်များကို ရယူသုံးစွဲနိုင်ရန် သင်မည်သို့ထောက်ပံ့နိုင်ပါသလဲ။ ရင်းမြစ်များကို ဒေါင်းလုတ်ရယူကာ ကျောင်းသားများနှင့် ဆရာများထံ အင်တာနက်ကို အသုံးမပြုဘဲ သင်ထောက်ပံ့နိုင်ပါသလား။ ရှာဖွေရွေးချယ်ထားပြီးသား OER များကို အဝေးသင်ကျောင်းသားများက တက္ကသိုလ်၌ ကျောင်းလာအပ်သည့်အခါ (သို့) တက္ကသိုလ်နယ်မြေတွင် စာမေးပွဲလာဖြေသည့်အခါ ထောက်ပံ့ပေးနိုင်ပါသလား။

သင်၏ကိုယ်ပိုင်လေ့ကျင့်မှုများ

ကျွန်ုပ်တို့မြင်တွေ့ခဲ့ရသည့်အတိုင်း OER များရှာဖွေခြင်းနှင့် မှန်ကန်စွာအသုံးချခြင်းတို့တွင် လုပ်ဖော်ကိုင်ဖက်များအားကူညီထောက်ပံ့ပေးရာ၌ စာကြည့်တိုက်မှူးများနှင့် အခြားသော ICT ကဏ္ဍရှိဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါပါသည်။ သင်စတင်လုပ်ဆောင်နိုင်ရန် လေ့ကျင့်မှုနှင့် ပတ်သက်၍ အကြုံပြုချက်ကောင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • Open license ရှိသည့် ရင်းမြစ်များကိုရှာဖွေသောအခါ ရင်းမြစ်အားတွေ့ရှိခဲ့သည့်နေရာ၊ ဖန်တီးသူနှင့် အသုံးပြုထားသော CC လိုင်စင်အမျိုးအစားတို့ကို မှတ်သားထားရန် အရေးကြီးသည်။ သို့မှသာ သင့်တင့်လျောက်ပတ်စွာဖြင့် အသိအမှတ်ပြုရည်ညွှန်းဖော်ပြနိုင်မည်ဖြစ်သည်။ နောက်သင်ခန်းစာတွင် အသိအမှတ်ပြုခြင်း (Attribution)အကြောင်းကို ဆက်လက်လေ့လာပါမည်။ ယင်းအချက်အလက်များအား တစ်နေရာတည်းတွင်ထိန်းသိမ်းထားနိုင်ရန် သီးခြားစာဖိုင်တစ်ခု (ရင်းမြစ်မှတ်တမ်း (asset log) ဟု ခေါ်လေ့ရှိသည်) ကို ဖန်တီးထားသင့်သည်။ ဒေါင်းလုတ်ရယူထားသောရင်းမြစ်များကိုလည်း တည်နေရာတစ်ခုတည်းတွင် သိမ်းဆည်းထားသင့်သည်။ မတူ သော OER များကို အသုံးပြုမည့်ပုံစံကို မှတ်တမ်းသိမ်းဆည်းထားခြင်းသည် အထူးသဖြင့် ရှုပ်ထွေးသည့်စီမံကိန်းများ (ဥပမာ - ရှိပြီးသား အကြောင်းအရာ၊ အချက်အလက်များပါဝင်သော open course တစ်ခု ဖန်တီးရေးဆွဲခြင်း) လုပ်ဆောင်ရာတွင် အရေးပါသည်။ နမူနာအချို့ကို အခန်း ၅ တွင် လေ့လာပါမည်။
  • လုပ်ဖော်ကိုင်ဖက်များနှင့်အတူ OER ကိုရှာဖွေရာတွင်သော်လည်းကောင်း open license ရှိသောအကြောင်းအရာကို ကိုယ်တိုင်ရှာဖွေရာတွင်သော်လည်းကောင်း အသုံးပြုလိုသည့်ရင်းမြစ်တစ်ခုချင်းကို ပြန်လည်သုံးသပ်ရန်နှင့် စစ်ဆေးရန် အရေးကြီးပါသည်။ ဖန်တီးသူ (သို့) လိုင်စင်အချက်အလက်များမဖော်ပြထားသော ရင်းမြစ်အားတွေ့ရှိသောအခါ သတိကြီးစွာထားပြီး ဆက်လက်လုပ်ဆောင်သင့်ပါသည်။ အသုံးပြုရန် အခြားရွေးချယ်စရာရင်းမြစ်တစ်ခုကို ရှာနိုင်ပါသလား။ တစ်ခါတစ်ရံတွင် လိုအပ်သောအချက်အလက်များကိုရှာဖွေရန် ဖန်တီးသူက ရင်းမြစ်ကို လွှင့်တင်ထားခဲ့သော မူရင်းဝက်ဘ်ဆိုက် သို့ ပြန်သွားရန်လိုအပ်ကောင်းလိုအပ်နိုင်သည်။ open license ရယူထားသောလက်ရာများ၏ အားသာချက်များထဲမှတစ်ခုမှာ ဖန်တီးသူနှင့် သင့်အား ရင်းမြစ်ကိုအသုံးပြုစေလိုသည့် ပုံစံနှင့်ပတ်သက်ပြီး ရှင်းလင်းသောအချက်အလက်များကို ဖော်ပြထားခြင်းဖြစ်သည်။
  • နောက်ဆုံးတွင် သင်အသုံးပြုလိုသော ရင်းမြစ်များကို ရရှိပြီးဖြစ်သော်လည်း မူလတွေ့ရှိခဲ့သည့်နေရာကို သင်မေ့သွားခဲ့သည် ဆိုပါစို့။ မူပိုင်ခွင့်ကိုမချိုးဖောက်ဘဲ ယင်းတို့ကိုအသုံးပြုနိုင်ပါသလား။ ၎င်းတို့သည် open license ဖြင့်ပေးထားသည်များ ဖြစ်ပါသလား။ ရင်းမြစ်သည် ဓာတ်ပုံဖြစ်နေပါက ဓာတ်ပုံနှင့် ၎င်းအားဖန်တီးသူနှင့် မူပိုင်ခွင့်အချက်အလက်များကိုရှာဖွေရန် Google reverse image search ကို အသုံးပြုနိုင်ပါသည်။ သို့မဟုတ် အဓိကအသုံးအနှုန်းများကိုအသုံးပြုခြင်းအားဖြင့် ရှာဖွေရေးအင်ဂျင် (search engine) တစ်ခုကို အသုံးပြုကာ မူလရင်းမြစ်ကိုရှာဖွေနိုင်ပါသည်။

အပြီးသတ် မှတ်ချက်များ

ကျွန်ုပ်တို့သည် အချက်အလက်ပေါကြွယ်ဝသော အံ့ဖွယ်ကမ္ဘာကြီးတွင် နေထိုင်နေခြင်းဖြစ်ပြီး တိုးပွားလာနေသော ကျွန်ုပ်တို့၏ဒစ်ဂျစ်တယ်ဗဟုသုတရာခိုင်နှုန်းများမှာလည်း လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် (open licence) ကို အသုံးပြုထားသည်။ သင်၏သင်ယူမှုဝန်းကျင်များနှင့် သင်၏ကျောင်းသားများ၏လိုအပ်ချက်နှင့် ကိုက်ညီသော မှန်ကန်သင့်တော်သည့် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော ရင်းမြစ်များကို ရှာတွေ့ရန်မှာ စိန်ခေါ်မှုဖြစ်နိုင်ပါသည်။ OER အသုံးပြုခြင်းအတွက် အဓိကအရင်းခံအကြောင်းရင်းများထဲမှ တစ်ချက်မှာ ဆရာ/မများနှင့် ကျောင်းသူ/သားများ၏လိုအပ်ချက်နှင့် အသင့်တော်ဆုံးဖြစ်စေရန် ယင်းလက်ရာများအား စိစစ်တည်းဖြတ်ခြင်း၊ ပေါင်းစပ်ဖန်တီးခြင်းနှင့် မျှဝေခြင်းတို့ကို လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

၄.၄ OER ကို အသိအမှတ်ပြု ဖော်ပြခြင်း

ရုပ်ပုံအသိအမှတ်ပြုချက် Centrum Cyfrowe ၏ Open Education Policy Forum 2018 ကို CC BY 2.0 ဖြင့် လိုင်စင်တင်ထားပါသည်။

သင့်တော်မှန်ကန်သော open license ရှိသည့်ရင်းမြစ်များကို ရှာဖွေနိုင်ပြီဖြစ်သောကြောင့် ယင်းတို့အား အသိအမှတ်ပြုမည့်ပုံစံကို အသေးစိတ်လေ့လာကြပါမည်။

သင်ယူမှုရလဒ်များ

ဤ အခန်းကိုတက်ရောက်ပြီးနောက် အောက်ပါရလဒ်များရရှိလာပါမည်။

  • CC လိုင်စင် ရှိသောရင်းမြစ်ကို အသိအမှတ်ပြုဖော်ပြတတ်လာမည်။
  • လက်ရှိ ရည်ညွှန်းဖော်ပြနေသည့် ပုံစံများကို ပြန်လည်သုံးသပ်နိုင်လာမည်။

ပြန်လည်သုံးသပ်ချက်

ပုံမှန်အားဖြင့် အခြားသူ၏လက်ရာကို သင်မည်သို့အသိအမှတ်ပြုပါသနည်း။ ကျွန်ုပ်တို့အသုံးပြုသောရင်းမြစ်များကို ရည်ညွှန်းဖော်ပြရန် အဘယ်ကြောင့်အရေးကြီးပါသနည်း။

မိတ်ဆက်

open license ရယူထားသည်ဖြစ်စေ မရယူထားသည်ဖြစ်စေ ရင်းမြစ်အားလုံးကို သင့်တင့်လျောက်ပတ်စွာ ရည်ညွှန်းဖော်ပြရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့မြင်တွေ့ခဲ့ရသည့်အတိုင်း အသစ်ပြန်ဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏ ပုဒ်မ ၂၇ အရ ပညာသင်ကြားရန်ရည်ရွယ်ချက်ဖြင့် အသုံးပြုရန်ခွင့်ပြုသော မည်သည့်လက်ရာကိုမဆို ရည်ညွှန်းဖော်ပြရန်လိုအပ်သည်။

ဤအခန်းတွင် CC လိုင်စင် ရှိသည့် ရင်းမြစ်များအား ရည်ညွှန်းရန် လိုအပ်သည့် အချက်အလက်များကို လေ့လာသွားပါမည်။ အခန်း ၅ တွင် open license ရှိသော အရင်းအမြစ်များကို အသုံးပြုမှုအမျိုးမျိုးအား ရည်ညွှန်းဖော်ပြပုံကို လေ့လာပါမည်။ အသုံးပြုပုံအမျိုးမျိုး ဆိုသည်မှာ ဥပမာ အရင်းအမြစ်တစ်ခုကို အပြောင်းအလဲများ လုပ်ခွင့်ရှိသည့်အခါ သို့မဟုတ် ရင်းမြစ်တစ်ခုဖန်တီးရန် open license ရှိသော အကြောင်းအရာ၊ ပစ္စည်းအမျိုးမျိုးကို ပေါင်းစပ်သည့်အခါများတွင် (ကျွန်ုပ်တို့ ကိုယ်ပိုင်လက်ရာနှင့် ပေါင်းစပ်တာလည်း ဖြစ်နိုင်) ဖြစ်ပါသည်။ အခြားသူများအား အသိအမှတ်ပြုဖော်ပြပေးရန် ကျွန်ုပ်တို့အသုံးပြုသောအချက်အလက်များသည် ကျွန်ုပ်တို့ ၏ ကိုယ်ပိုင် လက်ရာအတွက် open license တစ်ခုအသုံးပြုသည့်အခါ ထည့်သွင်းရန်လိုအပ်သည့်အချက်အလက်များလည်းဖြစ်သည်ကိုမြင်တွေ့ရပါမည်။

အသိအမှတ်ပြုခြင်း (Attribution)ဆိုင်ရာ အခြေခံအချက်များ

OER ကိုရှာဖွေရာတွင် ရင်းမြစ်တစ်ခုအား သင့်တင့်လျောက်ပတ်စွာ အသိအမှတ်ပြုဖော်ပြနိုင်ရန် လိုအပ်သောအချက်အလက်များ မိမိတွင် စုံလင်မှုရှိမရှိအား စစ်ဆေးရန်လိုအပ်သည်။ ဤတွင် သင်၏ရင်းမြစ်မှတ်တမ်း(Asset Log)သည် အသုံးဝင်လာနိုင်သည်။

CC လိုင်စင် ရှိသော ရင်းမြစ်အားလုံးကို အသိအမှတ်ပြုဖော်ပြရန် ဥပဒေကြောင်းအရလိုအပ်သည်ကို ဤသင်တန်း အစောပိုင်းကတည်းက သင်မှတ်မိကောင်းမှတ်မိပါလိမ့်မည်။ ယင်းသို့လိုအပ်ရခြင်းမှာ CC လိုင်စင်အားလုံးတွင် 'BY' အစိတ်အပိုင်း ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ အများပြည်သူပိုင်နေရာရှိ လက်ရာများနှင့် CC0 အထောက်အကူဖြင့် အမှတ်အသားပေးထားသော လက်ရာများသည် အသိအမှတ်ပြုဖော်ပြခြင်း (Attribution)မလိုအပ်ကြောင်း အခန်း ၂ တွင် လေ့လာခဲ့ရသည်ကို သင်မှတ်မိကောင်းမှတ်မိပါလိမ့်မည်။ သို့ရာတွင် ယင်းကဲ့သို့ရင်းမြစ်အမျိုးအစားအား ရည်ညွှန်းဖော်ပြခြင်းသည် ကောင်းသောလုပ်ရပ်ဖြစ်ကြောင်း မကြာခဏ သတ်မှတ်ခံရလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဖော်ပြခြင်းသည် အခြားအသုံးပြုသူများအား မူလရင်းမြစ်ကို ရှာဖွေနိုင်စေသည်။

အသိအမှတ်ပြုဖော်ပြခြင်းအတွက် အကောင်းဆုံးလုပ်ရပ်မှာ ရည်ညွှန်းရာတွင် အောက်ပါအချက်များပါဝင်စေခြင်းဖြစ်သည်။ -

  • T = ခေါင်းစဉ် (Title)
  • A = လက်ရာရှင် (Author)
  • S = ရင်းမြစ် (Source)
  • L = လိုင်စင် (Licence)

ယင်းအား 'TASL' ချဉ်းကပ်မှုပုံစံဟု ခေါ်ဆိုလေ့ရှိသည်။ မူလလက်ရာရှင်က ၎င်းတို့၏ အသိအမှတ်ပြု ဖော်ပြချက်ဆိုင်ရာ သတိပေးစာတွင် အချက်အလက်များစွာ ပေးထားပါက ဖြစ်နိုင်လျှင် ထိုအချက်အလက်များကို ဆက်၍ ထိန်းသိမ်းရမည်။

ဤသင်တန်းတွင် အသုံးပြုထားသော အကြောင်းအရာ၊ အချက်အလက်များနှင့် ပုံများအား အသိအမှတ်ပြုဖော်ပြပုံကို လေ့လာသိရှိနိုင်ရန် သင်တန်းတလျှောက်တွင် ပို့ချဲ့သည်များနှင့် ‘ကျေးဇူးတင်လွှာ’ အခန်းကို ကြည့်ပါ။

သက်ဆိုင်ရာ အကြောင်းအရာအားအသုံးပြုသည့် များစွာသောပုံစံများနှင့် ကိုက်ညီမှုရှိစေရန်အတွက် CC လိုင်စင်များတွင် ပါဝင်သော ှ ရည်ညွှန်းဖော်ပြခြင်းဆိုင်ရာလိုအပ်ချက်များကို အတန်အသင့်ပြောင်းလွယ်ပြင်လွယ်ရှိစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးဆွဲထားသည်။ ရုပ်ရှင်ရိုက်ကူးသူတစ်ဦးသည် ပညာရပ်ဆိုင်ရာ စာတမ်းတစ်ခုအား ထုတ်ဝေဖော်ပြသည့် သိပ္ပံပညာရှင်တစ်ဦးထက် အသိအမှတ်ပြုဖော်ပြရာတွင် ရွေးချယ်ခွင့်ပိုမိုရရှိပါသည်။ CC wiki တွင် အသိအမှတ်ပြု ဖော်ပြခြင်းအတွက် အကောင်းဆုံးအလေ့အကျင့်များ အကြောင်းကို လေ့လာနိုင်ပါသည်။ စာရင်းတွင်ပါရှိသော ရွေးချယ်ခွင့်များထဲမှ သင်၏ကိုယ်ပိုင်လက်ရာအတွက် မည်သို့ အသိအမှတ်ပြု ဖော်ပြခံချင်သည်ကို စဉ်းစားပါ။

Creative Commons သည် အသိအမှတ်ပြုဖော်ပြခြင်း (Attribution)ကို အလိုအလျောက်ပြုလုပ်နိုင်မည့် နည်းလမ်းသစ်များကိုလည်း ရှာဖွေနေပါသည်။ CC search အထောက်အကူမှ ရလဒ်များရှိသည့် စာမျက်နှာ ကို ကြည့်ရှုရန်။ အသိအမှတ်ပြုဖော်ပြသည့်ပုံစံကိုကြည့်ရှုရန် မတူသောဓာတ်ပုံနှစ်ပုံကို ကလစ်နှိပ်ပါ။ ထို့နောက် 'Credit အားစာသားအဖြစ်ကူးယူပါ (Copy credit as text)' နှင့် 'Credit အား HTML ဖိုင်အဖြစ်ကူးယူပါ (Copy credit as HTML)' ဟူသောလုပ်ဆောင်ချက်များ (functions) ကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ Open Attribute ကလည်း CC အသိအမှတ်ပြု ဖော်ပြချက်ကို အလွယ်တကူ ပြုလုပ်နိုင်စေရန် အထောက်အကူ (tool) တစ်ခု ပေးထားပါသည်။ Word ၊ Excel နှင့် Power Point တွင် အသိအမှတ်ပြု ဖော်ပြချက်များ ထည့်သွင်းရန် Creative Commons Microsoft Office Add-in ရှိပါသည်။

ပေါင်းစပ်ခြင်း မဟုတ်ဘဲ လက်ရာများအားမူပွားခြင်း တွင် (ပေါင်းစပ်ဖန်တီးခြင်းအကြောင်းကို အခန်း ၅ တွင်လေ့လာရပါမည်) အခြားသောအဓိကစဉ်းစားရမည့်အချက်တစ်ချက်မှာ NC (သို့) စီးပွားဖြစ်အသုံးမပြုရန် တားမြစ်ချက်ဖြစ်သည်။ သင်အသုံးပြု သည့်လက်ရာကို NC အစိတ်အပိုင်း ပါဝင်သော CC လိုင်စင် ၃ ခုထဲမှ ၁ ခုနှင့် ထုတ်ဝေဖော်ပြထားပါက ၎င်းအား စီးပွားဖြစ်အသုံးပြုခြင်းမဟုတ်ကြောင်း သေချာရန်လိုအပ်သည်။

လိုင်စင် ခွင့်ပြုချက်ထက်ကျော်လွန်သော အပိုခွင့်ပြုချက်တောင်းခံလိုပါက ဖန်တီးသူလက်ရာရှင်ကို ဆက်သွယ်နိုင်ကြောင်း သတိရပါ။

အပြီးသတ် မှတ်ချက်များ

အသိအမှတ်ပြုဖော်ပြခြင်းသည် Creative Commons လိုင်စင်များတွင် တစ်ခုတည်းသော အရေးအကြီးဆုံး လက္ခဏာတစ်ခု ဖြစ်မည် ထင်ပါသည်။ ဥပဒေအရ မလိုအပ်စေကာမူ သင်၏ကိုယ်ပိုင်လက်ရာအတွက် အသိအမှတ်ပြုခြင်းကို အဘယ်ကြောင့်လိုချင်ရသည်ကို စဉ်းစားပါ။ အသိအမှတ်ပြုဖော်ပြခြင်းသည် လက်ရာရှင်များနှင့် ၎င်းလက်ရာအား အင်တာနက်ပေါ်တွင် မြင်တွေ့ရမည့် ပြည်သူလူထုကို မည်သည့် တန်ဖိုးပေးပါသလဲ။

အခန်း ၄ ဉာဏ်စမ်းမေးခွန်းများ