'စိတ်ကူးနှင့်ဖော်ပြချက်ခြားနားမှု ကို ရှင်းပြချက်တစ်ခုနှင့် နောက်ဆက်တွဲ အရင်းအမြစ်များ (ယူကေ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေရှင်းလင်းမှု)
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ယေဘုယျအားဖြင့် ကုန်စည်တစ်ခု၊ ဝန်ဆောင်မှုတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏အရင်းမြစ်နှင့်ပတ်သက်၍ မသဲမကွဲဖြစ်ခြင်းမှ အများပြည်သူအား ကာကွယ်ပေးပါသည်။ ကုန်အမှတ်တံဆိပ်တစ်ခု၏ပိုင်ရှင်သည် အများပြည်သူတို့ဇဝေဇဝါဖြစ်မည်ဆိုပါက အဆိုပါကုန်အမှတ်တံဆိပ်အား အခြားသူများမှ အသုံးပြုမှုကိုဟန့်တားခွင့်ရှိပါသည်။ ကုန်အမှတ်တံဆိပ်နမူနာများမှာ McDonald’s သုံးခဲ့သော ရွှေရောင်အခုံးများ (the golden arches) သို့မဟုတ် ‘Coca-Cola’ ကုန်အမှတ်တံဆိပ်အမည် တို့ဖြစ်သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ကုန်စည်နှင့်ဝန်ဆောင်မှုများထုတ်လုပ်သူတို့အား ၎င်းတို့၏ဂုဏ်သိက္ခာကိုကာကွယ်ရန် ကူညီပေးပါသည်။ ထို့အပြင် တူညီသည့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကြားတွင် ခွဲခြားရန်လွယ်ကူသောနည်းလမ်းတစ်ခုပေးခြင်းဖြင့် အများပြည်သူအား ကာကွယ်ပေးပါသည်။
တီထွင်မှုမူပိုင်ခွင့်ဥပဒေ တီထွင်သူများအား ၎င်းတို့၏တီထွင်မှုများအတွက် အချိန်ကန့်သတ်ထားသောချုပ်ကိုင်ခွင့်ပေးပါသည်။ တီထွင်မှုမူပိုင်ခွင့်သည် တီထွင်သူများအား ဖန်တီးခွင့်၊ ဖန်တီးပြီးခွင့်၊ အသုံးပြုခွင့်၊ အသုံးပြုပြီးခွင့်၊ ရောင်းချဖို့ကမ်းလှမ်းခွင့်၊ ရောင်းချခွင့်၊ ရောင်းချပြီးခွင့် သို့မဟုတ် တီထွင်မှုမူပိုင်ခွင့်ရနိုင်သော တီထွင်မှုများကို တင်သွင်းခွင့်တအတွက် သီးသန့်အခွင့်အရေးပေးထားသည်။
ဉာဏပစ္စည်းမူပိုင်ခွင့် အခြားအမျိုးအစားများတွင် ဥပမာ အချို့အနေဖြင့် ကုန်သွယ်မှုမူပိုင်ခွင့်လျှို့ဝှက်ချက်များ၊ ကြော်ငြာခြင်းအခွင့်အရေးများနှင့် ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများပါဝင်သည်။
မတူညီသည့် ဉာဏပစ္စည်း အမျိုးအစားများအား အကျဉ်းချုံးမိတ်ဆက်ခြင်းကို ၃ မိနစ်စာ ဗီဒီယိုဖြစ်သည့် ‘ကုန်သွယ်မှုမူပိုင်ခွင့်တစ်ခုကို မည်သို့မှတ်ပုံတင်သနည်း (ကနေဒါ) ကုန်သွယ်မှုမူပိုင်ခွင့်များ၊ တီထွင်မှုမူပိုင်ခွင့်များနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်များ – ခြားနားချက်ကဘာလဲ?တွင်ကြည့်ရှုပါ။
တာဝန်ရှိခြင်းနှင့် ကုစားခြင်း
‘စာပေနှင့်အနုပညာမူပိုင်ခွင့်ချိုးဖောက်ထားသည့်လက်ရာများအတွက် အင်တာနက်ပေါ်တွင် ခိုလှုံသည့်နေရာမရှိသင့်ပါ’ [အမေရိကန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် ဖြည့်စွက်ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍] (May and Cooper, ၂၀၂၀, Washington Post)
နံပါတ် | သဘောတူစာချုပ်အမည် | ပြဋ္ဌာန်းသည့်/ထူထောင်သည့်နေ့ | အတည်ပြုလက်မှတ်ရေးထိုးခြင်း/သဘောတူလက်ခံခြင်း |
---|---|---|---|
၁ | ကမ္ဘာ့ယဉ်ကျေးမှုနှင့်သဘာဝအမွေအနှစ်များကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် | ၁၉၇၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက် | ၁၉၉၄ ခုနှစ် ဧပြီ ၂၉ ရက် |
၂ | ဇီဝမျိုးကွဲဆိုင်ရာ သဘောတူညီချက် | ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် | 1994 ခုနှစ် နိုဝင်ဘာ 25 ရက် |
၃ | ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) | ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁ ရက် | ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁ ရက် |
၄ | ဉာဏပစ္စည်းမူပိုင်ခွင့်၏ ကုန်သွယ်ရေးလက္ခဏာများ (TRIPS) | ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁ ရက် | ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁ ရက် |
၅ | အာဆီယံဉာဏပစ္စည်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် | ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက် | ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက် |
၆ | ကမ္ဘာ့ဉာဏပစ္စည်းအဖွဲ့ (WIPO) သဘောတူညီချက် | 1970 ခုနှစ် ဧပြီ ၂၆ရက် | ၂၀၀၁ ခုနှစ် မေလ ၁၅ ရက် |
၇ | နိုင်ငံတကာသီးပင်စားပင်ကာကွယ်ရေးသဘောတူညီချက် (International Plant Protection Convention) | ၁၉၅၂ ခုနှစ် ဧပြီ ၃ ရက် | ၂၀၀၄ ခုနှစ် ဇွန်လ ၂၉ ရက် |
၈ | အစားအစာနှင့်စိုက်ပျိုးရေးအတွက် သီးပင်စားပင်မျိုးဗီဇအရင်းအမြစ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် | ၂၀၀၄ ခုနှစ် ဇွန်လ ၂၉ ရက် | ၂၀၀၄ ခုနှစ် ဇွန်လ ၂၉ ရက် |
၉ | ဇီဝမျိုးကွဲဆိုင်ရာသဘောတူညီချက်အတွက် ဇီဝလုံခြုံမှုဆိုင်ရာ ကာတာဂျန်န သဘောတူညီချက် | ၂၀၀၃ ခုနှစ် စက်တင်ဘာ ၁၁ ရက် | ၂၀၀၈ ခုနှစ် မေလ ၁၃ ရက် |
စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းများဆိုင်ရာ ဝီကီပီးဒီးယားဆောင်းပါးတွင်ကြည့်ရှုပြီး နိုင်ငံအလိုက် မူပိုင်ခွင့်သက်တမ်းစာရင်းများရှိသည့် စာမျက်နှာကို ကြည့်ပါ။
အခန်း ၂ ပုဒ်မ ၉ တွင် 'မျှတစွာ(Fair)' အသုံးပြုမှုဆိုသည့်သဘောတရားကိုဘန်းသဘောတူညီချက် (Berne Convention)က ပထမဆုံး သတ်မှတ်ခဲ့ပါသည်။ 'အဆင့် ၃ ဆင့် စမ်းသပ်ချက်' ဟုလူသိများကြပြီး အခြားသဘောတူစာချုပ်များစွာတွင်လည်း တစ်နည်းတစ်ဖုံ ချမှတ်ထားပါသည်။
အချို့သော အထူးအခြေအနေများတွင် ယင်းလက်ရာများမူပွားမှုကိုခွင့်ပြုရန်မှာ သမဂ္ဂနိုင်ငံများရှိဥပဒေပြဋ္ဌာန်းမှုအတွက် ပြဿနာတစ်ခုသေချာပေါက်ဖြစ်လာပါလိမ့်မည်။ ထိုကဲ့သို့မူပွားခြင်းများကြောင့် လက်ရာ၏ စီးပွားရေးဆိုင်ရာအခွင့်အရေးများအား ထိခိုက်မှုမရှိစေကြောင်းနှင့် မူလလက်ရာရှင်၏ တရားဝင်အကျိုးအမြတ်များ လွန်ကဲစွာနစ်နာမှုမဖြစ်စေပါဟုဆိုထားပြန်ပါသည်။။ [အလေးပေးဖော်ပြချက်]
အဆင့် ၃ ဆင့်စမ်းသပ်ချက်၏အတိုင်းအတာနှင့်အသုံးပြုမှုအကြောင်းပိုသိလိုပါက the Electronic Frontier Foundation မှ ထုတ်ဝေထားသည့် စာအုပ်ငယ်အား ဖတ်ရှုပါ။
အမေရိကန်နိုင်ငံတွင် မျှတစွာအသုံးပြုမှု(Fair use)မူကို တွေ့ရပြီး မျှတစွာပတ်သက်ဆက်ဆံမှု့်(fair dealing) မူကို အခြား အင်္ဂလိပ်ရိုးရာဥပဒေကျင့်သုံးသောနိုင်ငံများများစွာတွင် တွေ့ရပါသည်။ the WIPO ဝက်ဘ်ဆိုက်နှင့်ဝီကီပီးဒီးယားတို့တွင် ကန့်သတ်ချက်များနှင့် ခြွင်းချက်များအကြောင်းပို၍ လေ့လာပါ။
အမေရိကန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် ဥပဒေအတွင်းပါရှိသည့် မူပိုင်ခွင့်ဆိုင်ရာ အချို့သောအထူးခြွင်းချက်များရှိသော်လည်း ယင်းက မျှတစွာအသုံးပြုမှု(Fair use) နှင့်အတူ အမေရိကန်နိုင်ငံတွင်သုံးသည့် နည်းဖြစ်ပါသည်။ အမေရိကန်တွင် ဖက်ဒရယ်တရားရုံးတရားသူကြီးမှစီရင်သည့်အခါ မျှတစွာအသုံးပြုမှု(Fair use)ကို အကြောင်းရင်း ၄ ခုစမ်းသပ်ချက်အားအသုံးပြု၍ ဆုံးဖြတ်ပါသည်။
မျှတစွာအသုံးပြုမှု(Fair use)နှင့်စပ်လျဉ်းသည့် အမေရိကန်တရားရုံးအမှုများအကြောင်း ဤတွင်ဖတ်ပါ။
Kennisland ၏ ‘စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်ခြွင်းချက်များ’ (CC0 1.0 အများပြည်သူပိုင်နေရာ သတ်မှတ်ချက်)ဥရောပစာပေနှင့်အနုပညာမူပိုင်ခွင့်ခြွင်းချက်များကို ဖော်ပြသော တုံ့ပြန်လုပ်ဆောင်သည့်မြေပုံ
မူပိုင်ခွင့်ဆိုင်ရာအတွေးအခေါ်ကို မိတ်ဆက်ထားသည့်ဆောင်းပါးတစ်ခုကို ဝီကီပီးဒီးယားတွင် တွေ့နိုင်ပါသည်။