‘Open textbook community advocates CC BY licence for open textbooks‘ ဆောင်းပါးကိုဖတ်ပြီး ပညာရေးအတွက် Creative Commons Attribution Licence (CC BY) ကို အဘယ်ကြောင့် အကြံပြုကြသည်ကို စဉ်းစားပါ။ Open Access Scholarly Publishers Association ၏ ‘Why CC-BY?‘ တွင် သိပ္ပံသုတေသနစာတမ်းများထုတ်ဝေခြင်းအတွက် ယင်းလိုင်စင်နှင့် ပတ်သက်၍ ထပ်မံ၍ဆွေးနွေးထားသည့် အလားတူ ရေးသားချက် ကို လေ့လာနိုင်ပါသည်။
OER ကဲ့သို့လက်ရာများကို မျှဝေရန် အရေးကြီးရသည့်အကြောင်းရင်း မိတ်ဆက်အတွက် ‘Open education matters: why is it important to share content?’ နှင့် ‘Why OER?’ တို့ရှိ ဗီဒီယိုများကိုကြည့်ရှုရန်။ Dave Cormier ၏ ‘What is a MOOC?’ (CC-BY 3.0) ဗီဒီယိုကိုလည်း ကြည့်ရှုနိုင်ပါသည်။
အခမဲ့လွတ်လပ်စွာ လေ့လာသင်ယူနိုင်သည့်သင်ကြားရေးဆော့ဖ်ဝဲ (Open courseware) နမူနာများအား ထပ်မံလေ့လာလိုပါက Open Education Consortium နှင့် Lumen Learning တို့တွင် လေ့လာရန်။
အခမဲ့ဖြစ်သောကြောင့် OER များသည် 'အရည်အသွေးနိမ့်သည်' ဟု မည်သူကမှ သင့်အား လာမပြောစေရန် သတိပြုပါ။ SPARC OER Mythbusting Guide က ယခုလိုဆိုပါသည်။
ထို့အပြင် 'ပညာရေးဆိုင်ရာအရင်းအမြစ်များ၏ အရည်အသွေး နိမ့်ခြင်း (သို့) မြင့်မားခြင်း' အကြောင်းကို ဆွေးနွေးငြင်းခုံမနေသင့်ဘဲ သင်ကြားပို့ချသူ ဆရာ/မများ အမှန်တကယ်စိတ်ပူသင့်သည်မှာ 'ထိရောက်မှု' ဖြစ်သည်ကို သတိပြုသင့်ပါသည်။ David Wiley ၏ အောက်ပါ တင်ပြမှု ၂ ခုကို ဖတ်ရှုပါရန် ‘Stop saying “high quality”’ နှင့် ‘No, really – stop saying “high quality”’