Skip to main content
Printable page generated ဗုဒ္ဓဟူး 4 မတ် 2026 at 10:23
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2026 The Open University, all rights reserved.
Printable page generated ဗုဒ္ဓဟူး 4 မတ် 2026 at 10:23

စာပေနှင့်အနုပညာမူပိုင်ခွင့်အချက်အလက်များ

စာပေနှင့်အနုပညာမူပိုင်ခွင့်အချက်အလက်များ

မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင်များ ချပေးခြင်း သည် Creative Commons မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေဖော်ပြပြီး Creative Commons Attribution 4.0 International License သုံးထားသော Creative Commons Certificate for Librarians (မူရင်းလက်ရာ) ကို မှီးထားခြင်းဖြစ်သည်။ ဤမှီငြမ်းမှုကို ‘အဝေးသင်ပညာရေးတွင်ဆန်းသစ်တီထွင်မှုဖြင့်ပြောင်းလဲခြင်း (TIDE) စီမံကိန်း’ (မှီငြမ်းသူ) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Creative Commons Attribution 4.0 International License အရ ဖန်တီးပြီး ဖော်ပြထားခြင်း ဖြစ်သည်။

‘မှီငြမ်းသူ’ သည် မူလလက်ရာအား အောက်ပါအချက်များတွင် ပြောင်းလဲထားပါသည်။ -

  • မြန်မာနိုင်ငံနှင့်ဆီလျော်မှုရှိစေရန် သင် တန်းအကြောင်းအရာများကို စိစစ်တည်းဖြတ်ကာ နေရာပြန်ချခြင်း
  • Rouse ထံမှ ခွင့်ပြုချက်ရထားသည့် အကြောင်းအရာကို အခြေခံ၍ ပေါ်ထွက်လာသော မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ အချက်အလက်များအပါအဝင် အကြောင်းအရာအသစ်များနှင့် ကဏ္ဍအသစ်များကို ပေါင်းထည့်ခြင်း
  • ပြန်ပေါင်းစပ်ဖန်တီးထားသည့်သင် တန်း ကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုခြင်း
  • Beck Pitt နှင့် Yin Tun တို့၏ OER အားရှာဖွေခြင်းနှင့် အကဲဖြတ်ခြင်း ပြကွက်များနှင့် Beck Pitt ၏ OER ကို မှီးခြင်းသင်ခန်းစာမှတ်စုများ (အားလုံးကို CC BY 4.0-လိုင်စင် သုံးထားသည် ) မှ TIDE စီမံကိန်းက ရယူထားသော ပြန်လည်ပြုပြင်ကာ လက်ရှိဖြစ်သည့် အကြောင်းအရာများ၏ အခန်းများကို ထည့်သွင်းထားပါသည်။

ယူနစ် ၆ တွင်ပါဝင်သော မြန်မာ ပညာရှင်များ၏ လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် သုံးထားသော သုတေသနဥပမာများကို Iryna Kuchma က ပေးအပ်ပါသည်။ လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် (open licence) သုံးထားသော သရုပ်ပြပုံများကို သင် တန်းအားပေါင်းစပ်ဖန်တီးရန်အတွက် Visual Thinkery မှ ခွင့်ပြုထားပြီး ပါဝင်သော လက်ရှိ OER များနှင့်အတူ အသေးစိတ်အချက်များကို ကျေးဇူးတင်လွှာ (မှီးထားသောလက်ရာ) တွင် ဖော်ပြထားသည်။

မူရင်းလက်ရာကိုဖြစ်စေ၊ မှီငြမ်းလက်ရာကိုဖြစ်စေ အသုံးပြုခြင်းသည် CC အသိအမှတ်ပြုလက်မှတ်ကို ရရှိမည်ဟုမဆိုလိုသကဲ့သို့ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကလည်း CC အသိအမှတ်ပြုလက်မှတ်များကို ပေးအပ်မည်ဟု မကမ်းလှမ်းပါ။ Creative Commons နှင့် မှီငြမ်းသူ၏ အမှတ်တံဆိပ်များသည် ပိုင်ရှင်များ၏ ကိုယ်ပိုင်ပစ္စည်းဖြစ်ပြီး ပြန်လည်အသုံးပြုရန် ခွင့်ပြုချက်တောင်းရန်လိုအပ်သည်။ CC အသိအမှတ်ပြုလက်မှတ်ရယူလိုပါက အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းပါ။ https://certificates.creativecommons.org.

သင်တန်းအား ပေါင်းစပ်ဖန်တီးလိုပါက သင်တန်းပါအကြောင်းအရာကို ယခုဝက်ဘ်ဆိုက်တွင် ဒေါင်းလုတ်ရယူနိုင်ပြီး ခွင့်ပြုထားသော သရုပ်ဖော်ပုံများကို TIDE Flickr account ဖြစ်သော http://www.flickr.com/ photos/ 191008788@N06 မှတဆင့် တွေ့နိုင်ပါသည် ။ အခြားသောအကြောင်းအရာများ အားလုံးကို ကျေးဇူးတင်လွှာ စာမျက်နှာရှိ သက်ဆိုင်ရာလင့်ခ်များ မှတဆင့် တွေ့ရှိနိုင်သည်။