Skip to main content
Printable page generated ကြာသပတေး 6 ဩဂုတ် 2026 at 02:57
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2026 The Open University, all rights reserved.
Printable page generated ကြာသပတေး 6 ဩဂုတ် 2026 at 02:57

အဆင့် ၉ နောက် ဘာဆက်လုပ်ရမလဲ။

အဆင့် ၉ နောက် ဘာဆက်လုပ်ရမလဲ။

ပုံ ၅
ဓာတ်ပုံ: Karen Parker

အဆင့် ၈ ရှိ ဇယားကွက်ကို ဖြည့်ပြီးပြီဖြစ်၍ ယခုဆိုလျှင် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချသော ဘာသာစကားအသုံးပြုမှု နယ်ပယ်များကို ကောင်းစွာသိလာပြီဖြစ်သလို ပိုအောင်းအောင်လုပ်လိုသော နယ်ပယ်များကို ဖော်ထုတ်နိုင်ပြီဖြစ်သည်။ သင်တန်းတွင်ပါဝင်သော လေ့ကျင့်ခန်းအချို့က အတော်ခက်ခဲမှုရှိလျှင်ပင် အခြားအထောက်အပံ့၊ အကူအညီများရှိပါသည်။

နောက်တစ်ဆင့်အနေဖြင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုရှိ ကျောင်းသားရေးရာအကြံပေး သို့မဟုတ် ကျောင်းဝင်ခွင့်အကြံပေးသူတစ်ဦးနှင့် ဆွေးနွေးမှုအတွက် ယခုဖြည့်ထားသော ဇယားကွက်ကို အခြေခံအဖြစ် သုံးနိုင်ပါသည်။

မိမိ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအဆင့်ကို ထပ်ပြီးစမ်းသပ်ရန် ဆန္ဒရှိကောင်းရှိနိုင်ပါသည်။ အောက်ပါ စာမေးပွဲများသည် ယူကေရှိ အဆင့်မြင့်ပညာရေးအဆင့်တွင် လေ့လာသင်ယူမှုလုပ်ရန် လက်ခံနိုင်သော အနိမ့်ဆုံးသတ်မှတ်ချက်ဆိုင်ရာ လမ်းညွှန်တစ်ခုဖြစ်ပါသည်။

ယခုလေ့လာခဲ့သော မိမိကိုယ်ကိုယ် စစ်ဆေးအကဲဖြတ်မှု သင်တန်းမှအလုပ်များကို လုပ်ဆောင်ပြီးနောက် အဆင့်မြင့်ပညာရေးအဆင့်တွင် လေ့လာနိုင်သည်များကို ဆက်လက် စုံစမ်းလိုစိတ် ပြင်းပြလာနိုင်ပါသည်။ Open University ၏ သင်တန်းအထောက်အကူများနှင့် ရင်းနှီးကျွမ်းဝင်ရန် ရနိုင်သော အရင်းအမြစ်များစွာ ရှိပါသည်။ ဥပမာ ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

http://www.open.ac.uk/ openlearn/

မိမိ၏ အင်္ဂလိပ်စာအခြေခံက မည်သို့ပင်ဖြစ်စေ ယခုသင်တန်းတွင် ပါဝင်သော လေ့ကျင့်ခန်းများနှင့် ဆင်ခြင်သုံးသပ်မှုကို ပြုလုပ်လိုက်ခြင်းက အနာဂတ် ပညာရေးအစီအစဉ်များအတွက် ရွေးချယ်မှုတစ်ခုပြုရန် ပိုကောင်းမွန်သော အနေအထားတစ်ခုကို ရရှိစေခဲ့ပြီဟု မျှော်လင့်ပါသည်။

နိဂုံး

ယခုအခမဲ့သင်တန်းသည် ပညာရေး၊ ကလေးသူငယ်နှင့် လူငယ်ဘဝဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ်များအတွက် လေ့လာရေးမိတ်ဆက် ဖြစ်ပါသည်။ လေ့လာခြင်းနှင့် အဝေးမှသင်ယူခြင်းအပေါ် မိမိ၏ချဉ်းကပ်မှု တိုးတက်လာစေရန် ရည်ရွယ်ရေးဆွဲထားသော လေ့ကျင့်ခန်းများ တသီတတန်းကို ဖြတ်သန်းခေါ်ဆောင်ခဲ့ပြီး အမှီအခိုကင်းသော လေ့လာသင်ယူသူတစ်ဦးအဖြစ် မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးလာစေရန် ကူညီပေးခဲ့ပါသည်။ 

အခု သင်တန်းရဲ့အဆုံးကို ရောက်လာပါပြီ။ အောင်မြင်စွာပြီးဆုံးကြောင်း အသိအမှတ်ပြုမှုကိုရယူရန်နှင့် လက်မှတ်တစ်ခုရယူရန် သင်တန်းအဆုံး စစ်တမ်းကိုဖြည့်ပေးဖို့ လိုပါသည်။