Skip to main content
Printable page generated တနင်္ဂနွေ, 5 မေ 2024, 18:58
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated တနင်္ဂနွေ, 5 မေ 2024, 18:58

အွန်လိုင်းတွင် လေ့လာသင်ယူခြင်း

မိတ်ဆက်

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အွန်လိုင်းမှ လေ့လာသင်ယူသည့် အတွေ့အကြုံသည် သိသာစွာ ပြောင်းလဲသွားပါသည်။ နည်းပညာ တိုးတက်လာသည့်အလျောက် လေ့လာမှုကို ပိုစိတ်ဝင်စားစရာကောင်းပြီး အပြန်အလှန်လုပ်ဆောင်နိုင်အောင်၊ လက်ရှိနေထိုင်ကျင့်ကြံလျက်ရှိသော လူနေမှုဘဝပုံစံနဲ့ ပိုပြီးကိုက်ညီအောင် အဆိုပါနည်းပညာကို အသုံးပြုရန် အခွင့်အလမ်းများလည်း တိုးပွားလာပါသည်။ သို့ဖြစ်၍ အချိန်မရွေး နေရာဒေသမရွေး သင်တကယ့်ကို သင်ယူလို့ရနေပါပြီ။

ကျွန်တော်တို့ ဘာကိုဆိုလိုသလဲ

Open Educatioanal Resources (OER) သည် သင်ကြားမှု၊ သင်ယူမှုနှင့် သုတေသန အထောက်အကူပြု အရင်းအမြစ်များဖြစ်ပါသည်။ ထိုအရင်းအမြစ်များသည် (က) အများပြည်သူပိုင်နယ်ပယ် သို့မဟုတ် (ခ) လူတိုင်းကို R ၅ လုံး ဆောင်ရွက်မှုများတွင် အမြဲတမ်း အခမဲ့ပါဝင်လုပ်ဆောင်ခွင့် ပေးထားသော ပုံစံတစ်ခုဖြင့် လိုင်စင်ချထားသည့် အရင်းအမြစ်များဖြစ်ပါသည်။

ဒီတစ်ပတ်တွင် ပထမဆုံးအနေဖြင့် အင်တာနက်မှတဆင့် လေ့လာသင်ယူမှုကို အထောက်အကူပြုရန် ဖန်တီးထားသော သင်ကြားမှု၊ သင်ယူမှုဆိုင်ရာ တီထွန်ဆန်းသစ်မှုအချို့ကို လေ့လာစမ်းသပ်ခွင့်ရမှာဖြစ်ပါသည်။ အွန်လိုင်းတက္ကသိုလ်များ အားလုံးတွင် တစ်ပုံစံတည်းသော တီထွင်ဆန်းသစ်မှုများ ရှိမည်မဟုတ်သော်လည်း ဘာကိုမျှော်လင့်ထားရမလဲ ဆိုသည်ကိုပေးနိုင်ပါသည်။ လေ့လာနိုင်သည့် တီထွင်ဆန်းသစ်မှု ၃ ခုရှိပါသည်။ သုံးခုစလုံးကို The Open University ကဖန်တီးထားပါသည်။ ယင်းတို့အားလုံးသည် Open Educatioanal Resources (OER) များပင်ဖြစ်ပါသည်။. ပထမတစ်ခုက ခေတ်သစ်အစောပိုင်း ဥရောပ (Early Modern Europe) ကိုအခြေခံသည့် သမိုင်းကြောင်းဆိုင်ရာ ဂိမ်းတစ်ခုဖြစ်ပြီး ဒုတိယတစ်ခုက တရုတ်ဘာသာစကား အပ္ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ တတိယတစ်ခုက OpenScience Laboratory (OSL) မှ စမ်းသပ်မှုတစ်ခု ဖြစ်ပါသည်။ သိပ္ပံအကြောင်း၊ တရုတ်နိုင်ငံသမိုင်းအကြောင်းနှင့် ဥရောပသမိုင်းတို့အကြောင်း ဘာမှမသိလည်း စိုးရိမ်စရာမရှိပါ။

ကျေးဇူးပြု၍ မှတ်သားထားပါ။

သမိုင်းဆိုင်ရာ လေ့ကျင့်ခန်းနှင့် OSL လေ့ကျင့်ခန်းများကို စားပွဲတင်ကွန်ပျူတာနှင့် တက်ဘလက် နှစ်ခုလုံးဖြင့် လုပ်နိုင်ပါသည်။ တရုတ်ဘာသာစကား လေ့ကျင့်ခန်းကို တက်ဘလက်နှင့် စမတ်ဖုန်းများဖြင့် လုပ်၍ရပါသည်။ မိမိအချိန်ရသည့်အပေါ် မူတည်ပြီး ၂ ခုသို့မဟုတ် ၃ ခုလုံးလုပ်နိုင်ပါသည်။

၂.၁ O'Fortuna - ခေတ်သစ် အစောပိုင်း ဥရောပမှာ ရှင်သန်နိုင်မလား

အွန်လိုင်းတွင် လေ့လာသင်ယူရန် များစွာသော နည်းလမ်းအမျိုးမျိုး ရှိပါသည်။ ထိုနည်းလမ်းများအနက်တစ်ခုမှာ ဂိမ်းကစားခြင်းဖြင့် သို့မဟုတ် ပုံစံတူနမူနာများမှတဆင့် ဖြစ်ပါသည်။ ဥပမာ O' Fortuna ဂိမ်းကို The Open University က ဖန်တီးထားပြီး ဥရောပသမိုင်းရှိ အလှုပ်ခတ်ဆုံးသော ကာလများမှတစ်ခုဖြစ်သော ၁၅၀၀ ခုနှစ်မှ ၁၇၀၀ ခုနှစ်အကြားကာလကို အခြေခံထားခြင်း ဖြစ်ပါသည်။

ထိုဂိမ်းကသင့်ကို အဆိုပါခေတ်ကာလမှ လူတစ်ယောက်အနေဖြင့် အိမ်ထောင်ရေး၊ ကုန်သွယ်ရေးနှင့် ဘာသာရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်စေမည်ဖြစ်ပြီး အဆိုပါ ပြင်းထန်ကြမ်းတမ်းသော ခေတ်ကာလတွင် ကြွယ်ဝချမ်းသာမည်လား သို့မဟုတ် အတော့်ပင် မွဲတေနုံချာသူဖြစ်သွားမလား ကြည့်မှာဖြစ်ပါသည်။ O' Fortuna ဆိုသည့် ဝေါဟာရကို ၁၃ ရာစုအစောပိုင််၌ လက်တင်ဘာသာစကားဖြင့် ရေးသားခဲ့သော အလယ်ခေတ်ကဗျာတစ်ပုဒ်မှ ရပါသည်။ ယင်းကဗျာသည် ကံတရားနှင့် ရောမဒဏ္ဍာရီလာ ကံကောင်းခြင်းကို လူ့အသွင်ပြု၍တင်စားသော Fortuna (ကံနတ်သမီး)ကို အပြစ်တင်ထားခြင်း ဖြစ်ပါသည်။

ဂိမ်းကစားရန်နှိပ်ပါ။ ‘O’ Fortuna' ခေတ်သစ်အစောပိုင်း ဥရောပမှာ ရှင်သန်နိုင်မလား

ဇာတ်ကောင် ၄ ခုထဲမှ ရွေးချယ်ပြီး ကစားရမှာ ဖြစ်ပါသည်။ ဇာတ်ကောင် တစ်ခုချင်းစီအတွက် အချိန် ၃ မိနစ်မှ ၄ မိနစ်အထိ ကြာနိုင်ပါသည်။ ဇာတ်ကောင်တစ်ခုမက ရွေးချယ်နိုင်သလို ဇာတ်ကောင်တစ်ခုတည်းအတွက် ဆုံးဖြတ်ချက်များစွာ ချမှတ်ပေးနိုင်ပါသည်။

၂.၁.၁ Chinese Characters First Steps

Chinese Characters First Steps အပ္ပလီကေးရှင်ကို ကျောင်းသူကျောင်းသားများ တရုတ်စာရေးသားပုံ သင်ယူနိုင်ရန် The Open University က ဖန်တီးထားခြင်း ဖြစ်ပါသည်။

အချို့စာလုံးများ ရေးသားရန် ဘောပင်ဖြင့် ၂ ချက်၊ ၃ ချက်သာဆွဲဖို့ လိုအပ်သော်လည်း ပုံမှန်စာလုံးတစ်လုံးတွင် ၁၂ ချက်ခန့် ရေးဆွဲရသောကြောင့် အတော်များများ မှတ်မိရန်လိုပါသည်။ ထိုအပ္ပလီကေးရှင်းတွင် တရုတ်စာရေးသားရာတွင်သုံးသည့် စုတ်ချက် သို့မဟုတ် ဘောပင်ဖြစ်ရေးဆွဲချက်မျိုး ဖြစ်စေရန်နှင့် ရေးဆွဲသည့်အဆင့်အများကို သိနိုင်ရန် touchscreen နည်းပညာကို သုံးထားပါသည်။

ထိုလေ့ကျင့်ခန်းကိုလုပ်ရန် အခမဲ့ app ကို ဒေါင်းလုဒ်ပြုလုပ်ရန် လိုပါမည်။ app ကို ဒေါင်းလုဒ် လုပ်၍မရပါကလည်း စိတ်ပူဖို့မလိုပါ။ သင်ယူမှုဆိုင်ရာ တီထွင်ဆန်းသစ်မှုများအနက် ၂ ခုသာ လုပ်ဖို့လိုပါသည်။

တရုတ်လို ၁ မှ ၁၀ အထိ ရေးနည်းကို သင်ရပါမည်။

ညွှန်ကြားချက်များ

  • အပ္ပလီကေးရှင်းကို ဖွင့်ပါ
  • 'Lesson 1' ကိုနှိပ်ပါ။ ပြီးလျှင် 'Writing Practice' ကိုနှိပ်ပါ။
  • 'Start Writing' ကိုမနှိပ်မီ ပေါ်လာသည့် ညွှန်ကြားချက်များကိုဖတ်ပြီး ညွှန်ကြားသည့်အတိုင်း လုပ်ရပါမည်။
  • ဂဏန်း ၁ မှ ၁၀ အထိ လိုအပ်သော စုတ်ချက်များအတိုင်း လိုက်ရေးဆွဲပါ။

၂.၁.၂ The OpenScience Laboratory

တက္ကသိုလ်တွင် နေ့အတန်းတက်သော သိပ္ပံကျောင်းသားတစ်ဦးအနေဖြင့် တကယ့်ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများပြုလုပ်ရမည်ဟု မျှော်လင့်ထားနိုင်ပါသည်။ အွန်လိုင်းတက္ကသိုလ်တစ်ခုတွင်မူ မည်သည့်နေရာတွင်ဖြစ်စေ အွန်လိုင်းဓာတ်ခွဲခန်းထဲတွင် လေ့လာမှု ပြုလုပ်နိုင်ပါသည်။

OpenScience Laboratory (OSL) သည် ကျောင်းသားများ လက်တွေ့ သိပ္ပံစမ်းသပ်မှုများကို တတ်နိုင်သည့်နည်းဖြင့် အတွေ့အကြုံရစေရန် The Open University နှင့် Wolfson Foundation တို့ပူးပေါင်းလုပ်ဆောင်သော စီမံချက်ဖြစ်ပါသည်။ ယင်းကို The Open University မှ ကျောင်းသားများတက်ရောက်နေသည့် သိပ္ပံဘာသာရပ်သင်တန်း အချို့တွင် ထည့်သွင်းပေါင်းစပ်ထားပါသည်။ သိပ္ပံဘာသာရပ်များကို အွန်လိုင်းမှ လေ့လာရသည့်ပုံစံအား နားလည်သွားစေရန် Bunsen မီးမှုတ်စက်အသုံးပြုကာ သတ္တုဆားအချို့ ကိုမီးရှို့ပြီး မီးတောက်စမ်းသပ်မှု အသေးစားတစ်ခု ပြုလုပ်စမ်းသပ်ရပါမည်။ စမ်းသပ်မှုပြုလုပ်ရန် မည်သည့် သိပ္ပံပညာရပ်ဆိုင်ရာ အသိပညာမှ ရှိထားရန်မလိုအပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ရန် အခမဲ့ OU အွန်လိုင်းစာရင်းတစ်ခု လိုပါမည်။

စမ်းသပ်မှု၏ပထမအပိုင်းကို လေ့လာရန် မိနစ် (၂၀) ခန့်သာအသုံးပြုပါ။ ယခုစမ်းသပ်မှုတွင် လင်ဗန်း ၁ (ပုံ ၃) တွင်ရှိသော သတ္တုဆားများကိုကို လောင်ကျွမ်းစေပြီး ထွက်လာသော မီးတောက်အရောင်များကို ခွဲခြားခြင်း ပါဝင်ပါသည်။ အချိန်ရလျှင် ခန့်မှန်းခြေ (၁) နာရီနီးပါး ကြာမြင့်နိုင်သည့် စမ်းသပ်မှုတစ်ခုလုံးကို ပြုလုပ်နိုင်ပါသည်။

ညွှန်ကြားချက်များ

  • OpenScience Laboratory သို့ဝင်ရောက်ပါ
  • မီးတောက်စမ်းသပ်ချက် (၂) သို့ဝင်ရောက်ပါ
  • ကွန်ပြူတာ သို့မဟုတ် တက်ဘလက် မျက်နှာြပင်တွင် ပေါ်လာသည့် ညွှန်ကြားချက်များအတိုင်း ဆက်လုပ်ပါ - စမ်းသပ်မှုပြုလုပ်ပုံကို ရှင်းပြထားသည့် ဗီဒီယိုအတိုများကို ကြည့်ရှုတာ သေချာဖို့လိုပါသည်။

လင်ပန်း ၁ (ပုံ ၃) မှ အောက်ဖော်ပြပါ သတ္တုဆားများနှင့် ထိတွေ့စေခြင်းဖြင့် ပေါ်ထွက်လာသော မီးတောက်အရောင်များကို ရေးပါ။

Described image
ပုံ ၁ သတ္တုဆားများ

၂.၁.၃ မီးတောက်စမ်းသပ်ချက်ရလဒ်များ

မီးတောက်စမ်းသပ်ချက်မှ အရောင်များဖြစ်ပါသည်။ ဘယ်လောက်နီးစပ်ပါသလဲ။

Described image
ပုံ - ၂ သတ္တုဆားမီးတောက်အရောင်များ

ယခုအခါ ခေတ်သစ် ဓာတုဗေဒပညာရှင်များတွင် အမျိုးအမည်မသိသည့် ဓာတုဗေဒပစ္စည်း (သို့) ဓာတုဗေဒပစ္စည်း အရောအနှောကို ခွဲခြားရန် ကိရိယာများ စုံလင်စွာရှိနေပြီ ဖြစ်သည်။ ထိုသို့မရှိခင်က မီးတောက်စမ်းသပ်ချက်သည် ဓာတုဗေဒပစ္စည်းများအား ခွဲခြားရာတွင် အရေးပါခဲ့သည်။ မီးတောက်စမ်းသပ်ချက်တွင် တွေ့ရှိသည့်ဓာတုဗေဒစ္စည်းပေါ် မူတည်ကာ မီးတောက်က ကွဲပြားသည်။ ဓာတုပစ္စည်းအတွင်းမှ အီလက်ထရွန်ကို မီးဖြင့်အပူပေးပါက စွမ်းအင်တိုးပွားလာသည်။ အီလက်ထရွန်သည် မပြေလျော့ခင်တွင် လှုံ့ဆော်ထားသည့် အခြေအနေအတိုင်း တည်ရှိသည်။ ပြေလျော့သွားပါက ဖိုတွန်တစ်ခုကို ထုတ်လွှတ်သည်။ ဖိုတွန်၏စွမ်းအင်နှင့် အရောင်သည် အပူပေးခံရသည့် ဓာတ်ပစ္စည်းပေါ်တွင် မူတည်သည်။

မီးတောက်စမ်းသပ်ချက်တွင် မြင်ရသော အရောင်ကွဲပြားမှုများကို မီးရှုးမီးပန်းများတွင် မြင်တွေ့နိုင်သည်။ မီးရှုးမီးပန်းများက ဓာတုဓာတ်ပစ္စည်း အမျိုးမျိုးကိုသုံးပြီး အဆိုပါဓာတ်ပစ္စည်း တစ်ခုစီက ကွဲပြားသောအရောင်တစ်ခုစီ ပေးပါသည်။ မီးရှူးမီးပန်းများတွင်သုံးသော ဓာတ်ပစ္စည်းများကို အောက်ပါ ဇယား - ၁ တွင် ဖော်ပြထားသည်။

ဇယား - ၁ မီးရှူးမီးပန်းတွင်သုံးသောဒြပ်စင်များ
အနီ Strontium or lithium salts
လိမ္မော် Calcium salts
ရွှေရောင် Iron
အဝါ Sodium salts
အစိမ်း Barium salts
အပြာ Copper salts
ခရမ်း Mixture of strontium (အနီ) and copper (အပြာ) salts
အဖြူ Magnesium or aluminium

၂.၁.၄ မည်သို့ထင်ပါသလဲ။

အောက်ပါ လေ့ကျင့်ခန်းတွင် လုပ်ခဲ့သည့် လေ့ကျင့်ခန်းများကို ပြန်လည်သုံးသပ်မည် ဖြစ်ပါသည်။

လေ့ကျင့်ခန်း (၁)

ယခုဆိုလျှင် အွန်လိုင်းသင်ယူမှုဆိုင်ရာ တီထွင်ဆန်းသစ်မှု အနည်းဆုံးနှစ်ခုကို စမ်းသပ်အသုံးပြုပြီးဖြစ်သည်။ အောက်ပါ သင်ယူမှုအတွေ့အကြုံများကို ပြန်သုံးသပ်ပါ။

  • လုပ်ဆောင်ခဲ့သည့် လေ့ကျင့်ခန်းများ
  • တီထွင်ဆန်းသစ်မှုတစ်ခုချင်းစီကို အသုံးပြုရာတွင် လွယ်ကူသည့် အတိုင်းအတာ
  • မိမိအနှစ်သက်ဆုံး တီထွင်ဆန်းသစ်မှုနှင့် နှစ်သက်ရသည့်အကြောင်းရင်း
  • အွန်လိုင်းလေ့လာသင်ယူရေးနှင့် ပတ်သက်၍ သိခဲ့ရသည်များ

၂.၂ အွန်လိုင်းတွင် မည်သူနှင့် အလုပ်အတူတူ လုပ်သလဲ။

အွန်လိုင်းမှ လေ့လာသင်ယူခြင်းသည် အချိန်ပြည့် ကွန်ပျူတာရှေ့တွင်ထိုင်ပြီး မိမိဆရာများ (သို့) အခြားကျောင်းသားများနှင့် အပြန်အလှန်ဆွေးနွေးနိုင်မည့် အခွင့်အလမ်း မရှိတော့ဘူးဟု ထင်ကောင်းထင်ပါလိမ့်မည်။ တက္ကသိုလ် (သို့) ကျောင်းမှာကဲ့သို့ပင် ရှေ့မှတက်တက်ကြွကြွ ရှိရမည်၊ လေ့လာသင်ယူမည့်အချိန်ကို စီမံခန့်ခွဲတတ်ရမည်မှာ မှန်ပါသည်။ သို့သော် ကျောင်းသူကျောင်းသားနှင့် တက္ကသိုလ် အသိုက်အမြုံတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားနိုင်ရန် နည်းလမ်းများစွာရှိပါသည်။

နောက်လာမည့်အခန်းများတွင် လေ့လာသင်ယူမည့်အချိန်ကို စီမံခန့်ခွဲနည်း၊ ဆရာနှင့် အခြားကျောင်းသားများနှင့်အတူ ထိရောက်စွာသင်ယူနည်းများကို လေ့လာနိုင်မည်ဖြစ်သည်။

၂.၂.၁ မိမိကိုယ်တိုင်၏ လေ့လာသင်ယူမှုကို စီမံခန့်ခွဲခြင်း

အွန်လိုင်းမှ သင်ယူသူတစ်ဦးအနေဖြင့် မိမိ၏လေ့လာချိန်အများစုကို စီမံခန့်ခွဲရန် တာဝန်ရှိကြောင်းကို နားလည်သဘောပေါက်ရန် အရေးကြီးသည်။

အလုပ်နှင့် မိသားစုကဲ့သို့သော အခြားတာဝန်ဝတ္တရားများရှိသဖြင့် အွန်လိုင်းမှသင်ယူလေ့ရှိတာ ဖြစ်သည်။ ဆိုလိုသည်မှာ ဖယ်ထားနိုင်သောအချိန်သည် နေ့တက်ကျောင်းသားများထက် ပို၍အကန့်အသတ်ရှိနေနိုင်ပြီး ပိတ်ရက်နှင့် ညဘက်ကဲ့သို့ လေ့လာချိန်အားဖြင့်လည်း တူညီမည်မဟုတ်ပေ။ လေ့လာသည့် သင်တန်းယူနစ်တစ်ခု သို့မဟုတ် သင်တန်းတွင် လေ့ကျင့်ခန်းများ ဖြေဆိုခြင်းနှင့် ပေးအပ်ထားသောအလုပ်များ တင်ပြခြင်းတို့အတွက် ရက်စွဲအတိအကျ သတ်မှတ်ထားခြင်းနှင့်အတူ ပုံသေအချိန်ဇယားပါ ရှိနေတတ်သည်။ သို့သော်လည်း အွန်လိုင်းသင်ယူမှုသည် အပတ်စဉ် ပုံသေအချိန်ဇယား သတ်မှတ်ထားခြင်း မရှိတတ်သလို နေ့တက်ကျောင်းသားများနှင့်မတူဘဲ မိမိလေ့လာရန်နေရာကိုလည်း ရှာဖွေထားဖို့ လိုအပ်မည်ဖြစ်သည်။

အမှီအခိုကင်းသော သို့မဟုတ် မိမိကိုယ်ကိုယ် ထိန်းကျောင်းသော သင်ယူသူဖြစ်ရန် လိုပေသည်။ အမှီအခိုကင်းသော အွန်လိုင်းမှ လေ့လာသူဆိုသည်မှာ -

အချိန်ကို ထိရောက်စွာစီမံနိုင်ခြင်း၊ မိမိအပေါ်တောင်းဆိုမှုများကို ဟန်ချက်ညီစွာ ဖြည့်ဆည်းနိုင်ခြင်း၊ သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ခြင်း၊ အခြားကျောင်းသားများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် သင်ယူမှုကိုမြှင့်တင်ရန် ကွန်ပျူတာအသုံးပြုနိုင်ခြင်းတို့ ဖြစ်ပါသည်။

(The Open University, ၂၀၁၃, အခန်း (၉))

အောက်ပါဗီဒီယိုတွင် အွန်လိုင်း ကျောင်းသူကျောင်းသားတချို့က အလုပ်တဖက်၊ ကလေးထိန်းရတာတဖက်ဖြင့် ပညာရှာပုံနှင့် ထိုသို့လုပ်နိုင်ရန် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနေရာများ ဖန်တီးထားပုံတို့ကို ပြောပြထားပါသည်။ ဗီဒီယိုကြည့်စဉ် ထိုသူတို့သည် အမှီအခိုကင်းသော လေ့လာသင်ယူသူများဖြစ်သည့် အထောက်အထားများကို ရှာဖွေကြည့်ပါ။

Download this video clip.Video player: ou_futurelearn_cicp_vid_1005.mp4
Copy this transcript to the clipboard
Print this transcript
Show transcript|Hide transcript
 
Interactive feature not available in single page view (see it in standard view).

အခုဆိုလျှင် ဗီဒီယိုတွင်ပါသော ကျောင်းသူကျောင်းသားများ၏ အတွေ့အကြုံများကို နားထောင်ပြီးပါပြီ။ မိမိအခြေအနေများနှင့် မိမိက အမှီအခိုကင်းသော လေ့လာသသင်ယူသူတစ်ယောက် ဟုတ်မဟုတ်ကို စဉ်းစားကြည့်ပါ။

  • မိမိ၏ လက်ရှိတာဝန်ဝတ္တရားများက အဘယ်နည်း။
  • လေ့လာရန် တစ်ပတ်လျှင် အချိန်မည်မျှ ဖယ်ထားနိုင်သနည်း။ မည်သည့်အချိန်များ ဖြစ်သနည်း။
  • လေ့လာရေးလုပ်ရန် နေရာတစ်နေရာ ရှိပါသလား။
  • အမှီအခိုကင်းသော လေ့လာသင်ယူသူတစ်ဦး၏ မည်သည့်လက္ခဏာများ သင့်တွင်ရှိနေပါသနည်း။
  • အမှီအခိုကင်းသော လေ့လာသင်ယူသူတစ်ဦး၏ မည်သည့်လက္ခဏာများကို ရယူရန်လိုပါသနည်း။
  • လေ့လာသင်ယူမှုပြုနိုင်ရန် ဘဝတွင် မည်သည့်ပြောင်းလဲမှုများ ပြုလုပ်ရမည်နည်း။

၂.၂.၂ မိမိ၏ လေ့လာသင်ယူမှု အသိုက်အမြုံ

အွန်လိုင်းတွင် မိမိနှင့်အတူ လေ့လာသင်ယူမည့်ကျောင်းသား ထောင်နှင့်ချီရှိနိုင်ပြီး အွန်လိုင်းသင်ခန်းစာများမှဖြစ်စေ၊ တက်ရောက်မည့် တက္ကသိုလ်၏ အွန်လိုင်းသင်ကြားရေး ပတ်ဝန်းကျင် (VLE) ၏ ဖိုရမ်များမှဖြစ်စေ မိမိတက်ရောက်နေသောသင်တန်းမှ အခြားသောကျောင်းသားများနှင့် တွေ့ရနိုင်ပါသည်။ တက္ကသိုလ်များရှိ အွန်လိုင်းသင်တန်းတချို့သည် များသောအားဖြင့် နေ့ဘက်လူနည်းနည်းဖြင့် သင်ကြားပို့ချသော သင်ခန်းစာများတွင် တခြားကျောင်းသားများနှင့် လူချင်းတွေ့နိုင်စေရန် အခွင့်အလမ်းများလည်း ပေးပါသည်။ Skype နှင့် အီးမေးလ်သည်လည်း အခြားကျောင်းသားများနှင့် ဆက်သွယ်ရန် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂများသည် ယခင်ကထက် ပို၍သက်ဝင်လှုပ်ရှားလာကြသည်။ ၎င်းတို့သည် ပြည်ပတွင်ပညာသင်ယူရန် အခွင့်အလမ်းများရှာဖွေတတ်ရန် ကူညီပေးသည့်အပြင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကူညီပေးကြသည်။

နိဂုံးချုပ်ပြောရလျှင် လူမှုကွန်ရက်များသည် လေ့လာသင်ယူသည့်ကိစ္စ သပ်သပ်အတွက်ဖြစ်စေ၊ လူမှုရေးအရဖြစ်စေ တခြားကျောင်းသားများနှင့် အတွေ့အကြုံများမျှဝေရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။ The Open University ကဲ့သို့ အွန်လိုင်းမှသင်ယူနိုင်သည့် တက္ကသိုလ်များတွင် Facebook နှင့် YouTube ကဲ့သို့လူမှုကွန်ရက်များမှတဆင့် ကျောင်းသား သောင်းချီရှိသည့် လူမှုကွန်ယက်အဖွဲ့များ ရှိပါသည်။

အခြားလေ့လာသူများနှင့် ချိတ်ဆက်ရန် မည်သည့်ဗျူဟာများကို အသုံးပြုမည်နည်း။ အောက်တွင် ဖော်ပြထားသော ပြောဆိုဆက်သွယ်သည့် နည်းလမ်းများကို စဉ်းစားကြည့်ပါ။ ပေါင်းသင်းဆက်ဆံရေး၊ အကူအညီပေးခြင်း၊ ယူခြင်း (သို့) သင်ယူမှုဆိုင်ရာ လုပ်ဆောင်မှုများတွင် တခြားကျောင်းသူကျောင်းသားများနှင့်အတူ ပါဝင်လုပ်ဆောင်ခြင်းတို့အတွက် မည်သည့်နည်းက အသင့်တော်ဆုံးဖြစ်မလဲ။

  • ကျောင်းသားတစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အီးမေးလ်ပို့ခြင်း/ Skype အသုံးပြုခြင်း
  • ဒေသခံကျောင်းသားများနှင့် လူချင်းတွေ့ဆုံခြင်း
  • Facebook နှင့် Viber ကဲ့သို့သော ဆိုရှယ်မီဒီယာများကို အသုံးပြုခြင်း
  • ဘလော့ဂ်တွင် ရေးသားခြင်း(ဘလော့ဂ်ဆိုသည်မှာ ဝက်ဘ်ဆိုက်တစ်ခုတွင်ရှိသော အွန်လိုင်းဒိုင်ယာရီ (သို့) မှတ်တမ်းဖြစ်သည်)

၂.၂.၃ မိမိအတွက်သီးသန့် သင်တန်းဆရာ

အွန်လိုင်းမှသင်ယူတိုင်း တစ်ဦးတည်းသင်ယူရမည် မဟုတ်ပေ။

အွန်လိုင်းမှသင်ယူနိုင်သော တက္ကသိုလ်အများစုတွင် သင်တန်းတစ်ခုစီအတွက် ဆရာတစ်ယောက်စီရှိသည်။ တက္ကသိုလ်၏ ပို့ချမှုပြင်ပရှိ အခြားသော အွန်လိုင်းသင်တန်းများတွင်မူ သင်တန်းဆရာမဟုတ်ဘဲ ကူညီပံ့ပိုးသူ (Faciliator) သာ ရှိနိုင်ပါသည်။ ၎င်းတို့၏ အခန်းကဏ္ဍများက အတော်ကွဲပြားပြီး ပိုမိုနားလည်သိရှိလိုပါက "အွန်လိုင်းပံ့ပိုးသူ(online facilitator) ဖြစ်အောင်လုပ်နည်း" သင်တန်းကို လေ့လာပါ။ ယခုသင်တန်းသည် ပံ့ပိုးသူ (သို့) သင်တန်းဆရာတို့၏ မည်သည့်တိုက်ရိုက်အကူအညီမှ မရှိဘဲ အမှီအခိုကင်းစွာ သင်ယူနိုင်ရန် စီစဉ်ရေးဆွဲထားခြင်း ဖြစ်ပါသည်။

မိမိအတွက် သင်တန်းဆရာရှိပါက သက်ဆိုင်ရာဘာသာရပ်တွင် ကျွမ်းကျင်သူဖြစ်ပြီး အွန်လိုင်းမှ သင်ယူနေသည့် ကျောင်းသားများကို အားပေးကူညီရာတွင် အတွေ့အကြုံရှိသူ ဖြစ်ပါလိမ့်မည်။ လေ့လာရေးဆိုင်ရာ ပြဿနာများအတွက် ပထမဆုံးအကူအညီပေးမည့်သူမှာ မိမိ၏ သင်တန်းဆရာဖြစ်ပြီး အီးမေးလ်၊ ဖုန်းနှင့် Skype ကဲ့သို့ အွန်လိုင်းအသုံးပြုသော ကွန်ပျူတာအခြေပြု တွေ့ဆုံဆွေးနွေးရေး ဝန်ဆောင်မှုများမှတစ်ဆင့် ကူညီပေးနိုင်ပါသည်။ သင်တန်းဆရာများက တစ်ဦးချင်း အားပေးထောက်ပံ့မှုအပြင် မိမိတက်ရောက်နေသောသင်တန်းရှိ အခြားကျောင်းသားများအတွက် အွန်လိုင်းမှဖြစ်စေ၊ တစ်ခါတစ်ရံ လူချင်းတွေ့ဆုံပြီးဖြစ်စေ လူနည်းနည်းဖြင့် သင်ကြားပို့ချပေးပါသည်။ သင်တန်းဆရာက ပံ့ပိုးမည့်အရာများမှာ -

  • လေ့လာမှုများတွင် လမ်းညွှန်ပြသပြီး သင်တန်းအကြောင်းအရာများကို နားလည်စေရန် ကူညီပေးခြင်း
  • တစ်ဦးချင်း သို့မဟုတ် လူနည်းနည်းဖြင့် သင်ကြားပို့ချခြင်း
  • အခြားကျောင်းသားများနှင့် လေ့လာရေးအုပ်စုဖွဲ့ရာတွင် အကြံဉာဏ်များပေးခြင်း
  • မိမိသင်တန်း အလုပ်တာဝန်များအပေါ် အပြုသဘောဆောင်သည့် အကြံပြုချက်များပေးခြင်း
  • သင်တန်းတစ်လျှောက် မိမိ၏တိုးတက်မှုကို စောင့်ကြည့်ခြင်း
  • စာမေးပွဲအတွက် (သို့) သင်တန်းယူနစ်အဆုံး အကဲဖြတ်မှုအတွက် ကူညီပြင်ဆင်ပေးခြင်း

သင်တန်းဆရာနှင့် မိမိဆက်ဆံရေး၏ အရေးအကြီးဆုံးအပိုင်းမှာ မိမိ၏ သင်တန်းအလုပ်တာဝန်များနှင့် ပတ်သက်၍ သူတို့ပေးသော မှတ်ချက်၊ အကြံပြုချက်များမှတဆင့် ဖြစ်ပါသည်။ မိမိ၏ သင်တန်းအလုပ်တာဝန်များမှတဆင့် မိမိ၏တိုးတက်မှုကို အမှန်တကယ် မြင်တွေ့နိုင်သောကြောင့် ဖြစ်ပါသည်။ သင်တန်းဆရာ၏ ဝေဖန်အကြံပြုချက်အပေါ် ကျောင်းသားတချို့က တုံ့ပြန်ပုံများကို အောက်ပါဗီဒီယိုများတွင် လေ့လာနိုင်ပါသည်။

Download this video clip.Video player: ou_futurelearn_cicp_vid_1006.mp4
Copy this transcript to the clipboard
Print this transcript
Show transcript|Hide transcript
 
Interactive feature not available in single page view (see it in standard view).

ဝေဖန်အကြံပြုချက်ကို ဘယ်လိုလက်ခံယူမလဲ ဆိုတာနှင့်ပတ်သက်လို့ စဉ်းစားပြီးပါပြီ။ ဒါကြောင့် ဆရာနှင့် ဆက်ဆံရေးတည်ဆောက်မည့်ပုံကို စဉ်းစားကြည့်ပါ။ အမြဲတစေ အကောင်းမြင်တတ်သည့်သူမျိုး လိုသလား (သို့) အပြုသဘောဆောင်သည့် ဝေဖန်မှုများကို လက်ခံနိုင်ပါသလား။ သင်တန်းဆရာနှင့် လူချင်းတွေ့ချင်မှတွေ့ရမည့်အဖြစ်က အကျိုးသက်ရောက်မှု ရှိနိုင်ပါသလား။

၂.၃ အွန်လိုင်းမှ လေ့လာသင်ယူသည့် ကျောင်းသားတစ်ယောက် ဖြစ်လာခြင်း

ယခုသင်တန်းကို နှစ်သက်ပါက အွန်လိုင်းမှသင်ယူခြင်းသည် သင့်အတွက်ဖြစ်နိုင်ပါသည်။ ယခုဆိုလျှင် အွန်လိုင်းမှတစ်ဆင့် လေ့လာသူများအတွက် သင်ယူတတ်မြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနေသည့် တက္ကသိုလ်များစွာ ပေါ်ပေါက်လာသည့်အတွက် မိမိ၏ ပထမဆုံးဖြတ်ချက်က မည်သည့်တက္ကသိုလ်နှင့် မည်သည့်သင်တန်းကိုတက်မည် ဆိုတာပင်ဖြစ်သည်။

အွန်လိုင်းမှ မိမိသင်ယူမည့် တက္ကသိုလ်ကို စဉ်းစားသည့်အခါ စဉ်းစားရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မိမိလိုချင်သော ပညာရပ်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ရမှာလား။
  • မိမိလိုအပ်သော တစ်ဦးချင်း ထောက်ပံ့ကူညီမှုအဆင့်မျိုး ပေးသလား။
  • မိမိ၏နေထိုင်မှုပုံစံနှင့် ကိုက်ညီသည့် အချိန်နှင့်နေရာတွင် သင်ယူနိုင်မည်လား။

လေ့လာသင်ယူမှု ဆက်လုပ်ရန် TIDE collection ရှိ အခြားသင်တန်းများကို ကြည့်နိုင်ပါသည်။

သင်တန်းအဆုံး အကျဉ်းချုပ်

ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်း -

  • အွန်လိုင်းသင်ကြားရေးက ဘာလဲဆိုသည်နှင့် အွန်လိုင်းသင်ကြားရေးကို မိမိဘယ်လို လုပ်ဆောင်နေပြီးသား ဆိုသည်ကို စဉ်းစားခဲ့သည်။
  • ပုံစံတကျ သင်ယူခြင်းနှင့် ပုံစံတကျ မဟုတ်သော သင်ယူခြင်း၏ ခြားနားချက်ကို စဉ်းစားဆင်ခြင်ခဲ့သည်။
  • အွန်လိုင်းတက္ကသိုလ်တစ်ခုတွင် လေ့လာလျှင် လုပ်ဆောင်ရနိုင်သည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်ခဲ့သည်။
  • အွန်လိုင်းမှ လေ့လာသင်ယူမှုက ဘဝအပြောင်းလဲဖြစ်စေသည့် အတွေ့အကြုံဖြစ်ကြောင်း လေ့လာခဲ့သည်။

စစ်တမ်း ဖြည့်ပေးပါ။

သင်တန်းတက်ရောက်ပြီးဆုံးကြောင်း လက်မှတ်ရယူနိုင်ရန် အောက်ပါ သင်တန်းအဆုံးစစ်တမ်းကို ဖြည့်ပေးပါ။ သင့်မှတ်ချက်က အမည်မဖော်ပြသောမှတ်ချက်ဖြစ်ပြီး စီမံကိန်းကိုအသိပေးရာတွင်၊ အနာဂတ်တွင် လေ့လာသင်ယူမှု အတွေ့အကြုံများ တိုးတက်ကောင်းမွန်စေရာတွင် အထောက်အကူပြုပါလိမ့်မည်။ သင်တန်းအဆုံးစစ်တမ်း

ရင်းမြစ်များ

ပထမပတ်

Conner, M. (1997–2013) Informal Learning [Online] http://marciaconner.com/resources/informal-learning/ (Accessed 26 November 2015) တွင်ကြည့်ပါ။

Digital report 2019 – Myanmar’ We Are Social အင်တာနက်တွင် ကြည့်ရန် https://www.slideshare.net/DataReportal/digital-2019-myanmar-january-2019-v01 (Accessed 5 May 2020).

Hirschfeld, G., Krumeich, G. and Renz, I. (eds) (2012) Brill’s Encyclopedia of the First World War, vol. 2, Leiden, Brill.

Jeffs, T. နှင့် Smith, M.K. (1997–2012) ‘What is informal education’, The Encyclopaedia of Informal Education ကြည့်ရန်လင့်ခ် http://infed.org/mobi/what-is-informal-education/ (Accessed 26 November 2015).

အဓိကရှာဖွေတွေ့ရှိချက်များ - မြန်မာ့လူနေမှုအခြေအနေစစ်တမ်း ၂၀၁၇ (n.d.). https://www.worldbank.org/en/country/myanmar/publication/key-findings-myanmar-living-conditions-survey-2017 pp မှယူထားသည်။ 85

Office for National Statistics (2015) အင်တာနက်အသုံးပြုသူများ ကြည့်ရန်လင့်ခ် http://www.ons.gov.uk/ons/rel/rdit2/internet-users/2015/index.html (Accessed 3 December 2015).

The Open University (2015) ‘သင်ဘာတွေလုပ်နိုင်လဲ?’, OpenLearn ကြည့်ရန်လင့်ခ် www.open.edu/openlearn/lifechanginglearning (Accessed 26 November 2015)

Wikipedia (2015) ပထမကမ္ဘာစစ် သေကြေဒဏ်ရာရမှုများ [Online] ဒီဇင်ဘာ ၄ ရက်နေ့ ကြည့်ရန်လင့်ခ် https://en.wikipedia.org/wiki/World_War_I_casualties (Accessed 4 December 2015).

Winter, J. (ed.) (2014) The Cambridge History of the First World War, vol. 3, Cambridge, Cambridge University Press.

ဒုတိယပတ်

Jones, C. (2013) ‘The flame test and fireworks’ The Collapsed Wavefunction, 4 July [Blog]. ကြည့်ရန်လင့်ခ် http://www.thecollapsedwavefunction.com/2013/07/the-flame-test-and-fireworks.html (Accessed 4 December 2015).

The Open University (2013) ‘Unclear about nuclear?’, OpenLearn [Online]. ကြည့်ရန်လင့်ခ် http://www.open.edu/openlearn/science-maths-technology/science/unclear-about-nuclear/content-section-10 (Accessed 26 November 2015).

ကျေးဇူးတင်လွှာ

ယခုသင်တန်းကို မူလရေးသားသူများမှာ Laura Hills နှင့် Jonathan Hughes တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံ TIDE စီမံကိန်းတွင် အသုံးပြုရန်ပြုပြင်ထားခြင်းဖြစ်သည်။

ကျေးဇူးတင်လွှာတွင် ဖော်ပြထားခြင်း သို့မဟုတ် အခြားအဖွဲ့အစည်းပိုင် အကြောင်းအရာများမှလွဲ၍ ဤသင်တန်းပါ အကြောင်းအရာများအားလုံးသည် Creative Commons Attribution-NonCommercial-ShareAlike 4.0 Licenceတွင် အကျူံးဝင်ပါသည်။

အောက်ပါ အချက်အလက်များနှင့် အထောက်အကူပစ္စည်းများသည် အဖွဲ့အစည်းပိုင်ဖြစ်ပြီး ခွင့်ပြုချက်ရယူ အသုံးပြုထားခြင်းဖြစ်သည်။ (Creative Commons Licence နှင့်မသက်ဆိုင်ပါ) ဤအခန်းတွင် အသုံးပြုထားသည့် အချက်အလက်များနှင့် အထောက်အကူပစ္စည်းများကို ပြန်လည်အသုံးပြုရန်ခွင့်ပြုခဲ့သည့် အောက်ပါအဖွဲ့အစည်းများကိုလှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။

သင်တန်းပုံ- © Asian Development Bank.

အခန်း ၁.၂.၁- © ICT support staff session at TIDE May 2019 Residential School by Pooja Batta

အခန်း ၁.၂.၃- © ICT support staff session at TIDE May 2019 Residential School by Pooja Batta

ပုံ ၃- © s_lena (via iStockPhoto.com)

အခန်း ၁.၃.၂- Johan, S. via Wikipedia (http://en.wikipedia.org/wiki/File:Tyne_Cot_%287%29.JPG), Creative Commons Attribution-ShareAlike 3.0 Unported license (http://creativecommons.org/licenses/by-sa/3.0/deed.en) 

အခန်း ၁.၃.၁- © The Open University

အခန်း ၁.၃.၁- ပထမကမ္ဘာစစ်အတွင်း စစ်သားနှင့် အရပ်သားများ အသေအပျောက် အချက်အလက်များကို Gerhard Hirschfeld၊ Gerd Krumeich နှင့် Irina Renz (eds) (2012) Brill’s Encyclopedia of the First World War, volume 2, Leiden, Brill မှ ယူသုံးထားပါသည်။

အခန်း ၁.၃.၁- ပထမကမ္ဘာစစ်အတွင်း စစ်သားကျဆုံးစာရင်း စစ်တပ်မှတ်တမ်း အချက်အလက်များကို Jay Winter (ed.) (2014) The Cambridge History of the First World War, volume 3, Cambridge, Cambridge University Press မှ ယူသုံးပါသည်။

အခန်း ၂.၂- © Rawpixel Ltd (via iStockPhoto.com)

အခန်း ၂.၂.၂- © Rawpixel Ltd (via iStockPhoto.com)

အခန်း ၂.၃- © cosmonaut (via iStockPhoto.com)

အခန်း ၂.၂.၁- © The Open University

အခန်း ၂.၂.၃- © The Open University

အခန်း ၂.၃.၂- © TED

ဇယား ၁- © စာအချို့ကို Jones, C. (2013) ‘The flame test and fireworks’ The Collapsed Wavefunction, 4 July [Blog] မှ ယူကာ သင့်တော်သလို ပြုပြင်ထားသည်။ ကြည့်ရန်လင့်ခ် http://www.thecollapsedwavefunction.com/ 2013/ 07/ the-flame-test-and-fireworks.html.

မူပိုင်ခွင့် ပိုင်ရှင်များအားလုံးကို ဆက်သွယ်ရန် အစွမ်းကုန်ကြိုးစားခဲ့ပါသည်။ မူပိုင်ခွင့်ဆိုင်ရာများ မရည်ရွယ်ဘဲ ကျန်ရစ်ခဲ့သည်ရှိပါက လိုအပ်သော အစီအစဉ်များကို ထုတ်ဝေသူများက အမြန်ဆုံးဆောင်ရွက်သွားပါမည်။

လက်လွတ်မခံပါနှင့်။

၁။ The Open University မှာ လက်ရှိ တက်ရောက်နေသော ကျောင်းသား ၂၀၀၀၀၀ ကျော်နှင့်အတူ တက်ရောက်သင်ယူလိုက်ပါ။ – http://www.open.ac.uk/ choose/ ou/ open-content

၂။ သင်တန်းကို နှစ်သက်ပါသလား။ ယခုအကြောင်းအရာကိုပဲဖြစ်စေ၊ ကျွန်တော်တို့ရဲ့ အခမဲ့သင်တန်း အချက်အလက်များ၊ အထောက်အကူများ အားလုံးကိုပဲဖြစ်စေ OpenLearn – http://www.open.edu/ openlearn/တွင် သွားရောက်ရှာဖွေလိုက်ပါ။

၃။ ယူကေနိုင်ငံက မဟုတ်ဘူးလား။ တရားဝင်အသိအမှတ်ပြုမှု သုံးကြိမ်ရရှိထားသော ကျွန်တော်တို့ရဲ့ Business School တွင် MBA တက်နေသည့်အပြင် ကျွန်တော်တို့ အွန်လိုင်းမှချီးမြှင့်သော သင်ယူတတ်မြောက်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များအတွက် – http://www.openuniversity.edu/ လေ့လာသင့်ယူနေသော ကျောင်းသားများ နိုင်ငံပေါင်းတစ်ရာကျော်တွင် ရှိပါသည်။