Skip to main content
Printable page generated စနေ, 4 မေ 2024, 09:06
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated စနေ, 4 မေ 2024, 09:06

အခန်း ၁ ။ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုသည်မှာ အဘယ်နည်း။

မိတ်ဆက်

'ဒါကို အသုံးပြုလို့ရလား'ကို UK Aid က ရန်ပုံငွေ ထောက်ပံ့သော SPHEIR အစီအစဉ် spheir.org.uk ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် TIDE စီမံကိန်းအတွက် Visual Thinkery က ဖန်တီးခဲ့ပြီး CC BY 2.0 လိုင်စင်တင်ထားပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုသည်မှာ အဘယ်နည်း၊ မူပိုင်ခွင့်က မည်သည့်အတွက်ကြောင့် အရေးကြီးပါသနည်း။

စာပေနှင့်အနုပညာမူပိုင်ခွင့်သည် စာအုပ်များ၊ ပညာရပ်ဆိုင်ရာ သုတေသနဆောင်းပါးများ၊ ဂီတနှင့် အနုပညာတို့ကဲ့သို့ လူတို့ တီထွင်ဖန်တီးလိုက်သည့် လက်ရာများအား အသုံးပြုပုံကို ထိန်းညှိပေးသည့် ဥပဒေနယ်ပယ်တစ်ခု ဖြစ်သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်သည် မူလလက်ရာရှင်တစ်ဦးကို သီးသန့်အခွင့်အရေးများဖြင့် အကာအကွယ်ပေးထားသည့်အတွက် သတ်မှတ် အချိန်ကာလတစ်ခုအတွင်း ၎င်း၏လက်ရာများကို အခြားသူများက မူပွားခြင်း နှင့် ပြောင်းလဲခြင်းတို့ကို တားမြစ်နိုင်စွမ်း ရှိစေသည်။ တစ်နည်းဆိုရလျှင် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေသည် မည်သူကို ကူးယူခွင့်ပြုပြီး တခြားမည်သူနှင့် မျှဝေခွင့်ပြုသည်ကို တင်းကြပ်စွာထိန်းချုပ်ပါသည်။

စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေသည် ကျွန်တော်တို့ သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ ဘဝ၏ကဏ္ဍအများအပြားအပေါ် သက်ရောက်မှုရှိသည့် အရေးပါသည့်ဥပဒေနယ်ပယ်တစခု ဖြစ်သည်။ စာပေနှင့်အနုပညာ မူပိုင်ခွင့်ထိန်းချုပ်မှုအောက်တွင်မရှိသည့် (ထိတွေ့ကိုင်တွယ်နိုင်သော စာအုပ်တစ်အုပ်ကို ဖတ်ရှုခြင်းကဲ့သို့) လုပ်ရပ်မျာ ဥပမာ ထိုစာအုပ်ကို အင်တာနက်ပေါ်တွင် မျှဝေရန် နည်းပညာကို အသုံးပြုလျှင် မူပိုင်ခွင့်ဖြင့်ထိန်းချုပ်လာပါသည်။ အင်တာနက်ပေါ်တွင် ကျွန်တော်တို့ လုပ်သမျှအရာအားလုံးနီးပါးတွင် ကူးယူရခြင်းပါဝင်နေသဖြင့် မူပိုင်ခွင့်သည် နေ့စဉ်ဘဝ၏ ပုံမှန်လက္ခဏာရပ်တစ်ခုဖြစ်နေပါသည်။

မူပိုင်ခွင့်ဖြင့် ထိန်းချုပ်ထားသည့် လူသားတို့၏ ဖန်တီးမှုများ ကို ကြည့်ရှုအသုံးပြုရန်၊ မျှဝေရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းကို အင်တာနက်က ကျွန်တော်တို့ကို မကြုံဖူးသည့် အတိုင်းအတာဖြင့် ပေးအပ်ထားပါသည်။ သို့သော် ဒစ်ဂျစ်တယ်နည်းပညာကြောင့် ရရှိလာသည့် မျှဝေနိုင်စွမ်းများက ကမ္ဘာတစ်ဝန်းရှိမူပိုင်ခွင့်ဥပဒေများတွင် ပြဋ္ဌာန်းထားသည့် တားမြစ်ချက်များနှင့် ဆန့်ကျင်အားပြိုင်နေပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် မေလ၌အတည်ပြုခဲ့သော စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ အသစ်တစ်ရပ်ရှိကြောင်း သတိပြုမိပါလိမ့်မည်။ ယခုအခန်းတွင်

  • စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်၏ နောက်ခံအကြောင်းကို ရှင်းပြထားပါသည်။
  • အခြားသော ဒေသဆိုင်ရာနှင့်နိုင်ငံတကာဆိုင်ရာမူပိုင်ခွင့်ဥပဒေများနှင့်နှိုင်းယှဉ်ပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို စူးစမ်းလေ့လာထားပါသည်။
  • အဆင့်မြင့်ပညာရေးအတွက် မူပိုင်ခွင့်ဥပဒေအသစ်၏ အကျိုးဆက်ကို စူးစမ်းလေ့လာထားပါသည်။

အခန်း ၂ တွင် အများပြည်သူပိုင်နေရာ (Public Domain) ရှိ အရင်းအမြစ်များဟုခေါ်သည့် မူပိုင်ခွင့်နှင့်အကျုံးမဝင်တော့သည့် ဖန်တီးမှုလက်ရာများအကြောင်းကို ဆွေးနွေးသွားမည့်အပြင် Creative Commons အကြောင်းကိုလည်း မိတ်ဆက်ပေးသွားပါမည်။ မူလလက်ရာရှင်တစ်ယောက် ၏ မိမိ၏ဒစ်ဂျစ်တယ်လက်ရာများကို ကမ္ဘာအနှံ့မျှဝေနိုင်စွမ်းနှင့် မူပိုင်ခွင့်ထိန်းညှိမှုတို့အကြားမှ အဆင်မပြေဖြစ်နေမှကို ကူညီဖြေရှင်းပေးနိုင်ရန် အတွက် Creative Commons ကိုဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ အစဉ်အလာဖြစ်သော "အခွင့်အရေးများ အားလုံးကို ထိန်းသိမ်းထားသည် (All rights reserved)" ဆိုသည့် မူပိုင်ခွင့်သည် ဖန်တီးထုတ်လုပ်ထားသည့် လက်ရာတစ်ခုကို မူပွားခွင့်နှင့် မှီငြမ်းဲခွင့်များအားလုံးကို မူလလက်ရာရှင် သို့မဟုတ် ဖန်တီးသူကသာ လုပ်ခွင့်ရှိနေခြင်းဖြစ်သည်။ (ယင်းသို့အကာအကွယ်ပေးမှုတွင် ခြွင်းချက်အချို့ရှိပါသည်။ ၎င်းတို့ကို ရှေ့တွင် လေ့လာရမည်ဖြစ်သည်။) Creative Commons လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ပတ်သက်လုပ်ဆောင်ပြီး 'အခွင့်အရေးတချို့ကို ထိန်းသိမ်းထားသည် (some rights reserved) ' ဆိုသောပုံစံဖြင့် မူလလက်ရာရှင်တစ်ဦး သို့မဟုတ် ဖန်တီးသူတစ်ဦးက အချို့အခြေအနေများ၌ အများပြည်သူတို့အား ၎င်းတို့၏ဖန်တီးမှုကို ပြန်သုံးခွင့် ပေးနိုင်စေပါသည်။

Creative Commons လိုင်စင်၏အသုံးဝင်ပုံကိုနားလည်ရန် စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်းကို အခြေခံအားဖြင့် နားလည်ထားဖို့ အရေးကြီးပါသည်။

ယခုအခန်းတွင် အပိုင်း ၄ ပိုင်းရှိသည်။

  • ၁.၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်အခြေခံများ
  • ၁.၂။ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ
  • ၁.၃။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာ လက္ခဏာများ
  • ၁.၄။ စာပေနှင့်အနုပညာမူပိုင်ခွင့်၏ ခြွင်းချက်များနှင့် အကန့်အသတ်များ

ဤအခန်းတွင် ပါဝင်သော သို့မဟုတ် ချန်လှပ်ထားခဲ့သော စာပေနှင့်အနုပညာမူပိုင်ခွင့် ဆိုင်ရာ အကြောင်းအရာများကို ထပ်မံလေ့လာလိုလျှင် နောက်ထပ် အရင်းအမြစ်များ တွင် လေ့လာနိုင်ပါသည်။

Creative Commons လိုင်စင်များနှင့် အများပြည်သူပိုင်နေရာ (Public Domain) ဆိုင်ရာအထောက်အကူများ အသက်ဝင်ရန် စာပေနှင့်အနုပညာမူပိုင်ခွင့်အပေါ် မူတည်နေသည့်အတွက် ယခုအခန်းက အရေးကြီးပါသည်။ အခန်း ၁ တွင် Creative Commons လိုင်စင်များအလုပ်လုပ်ပုံကို နားလည်ရန် အရေးအကြီးဆုံးဖြစ်သည့် အခြေခံသဘောတရားများကို ခြုံငုံသုံးသပ်ကြမည်ဖြစ်သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ လက္ခဏာအချို့မှာ တစ်ကမာ္ဘလုံးတွင် တူညီကြသော်လည်း စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ ဥပဒေများမှာမူ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြပါ။ တခါတရံ သိသာစွာကွဲလွဲနေကြပါသည်။

ယခုအခန်းတွင် ပါဝင်သော အချက်အလက်များက ပြည့်စုံရန် သို့မဟုတ် ကမ္ဘာတစ်ဝန်းရှိ ရှုပ်ထွေးသော မူပိုင်ခွင့်ဆိုင်ရာ ့ လက္ခဏာများအားလုံးကို ရှင်းပြရန် ် မရည်ရွယ်ပါ။ အခြေအနေတစ်ခုတွင် လိုင်စင်များ ို အလုပ်လုပ်ပုံအပေါ် သက်ရောကနိုင်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ လက္ခဏာရပ်တိုင်းကိုကိုပင် ရှင်းပြရန် မရည်ရွယ်ပါ။ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေဆိုင်ရာ ဖော်ပြချက်သည် အချက်အလက်ဆိုင်ရာ ရည်ရွယ်ချက်မျှသာဖြစ်ပြီး ဥပဒေအကြံပြုချက်များမပါဝင်ပါ။

၁.၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်အခြေခံများ

ဓာတ်ပုံအသိအမှတ်ပြုချက် Marc Veraart ၏ Myanmar - Bagan သည် CC BY-ND 2.0 လိုင်စင်တင်ထားပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်က သင့်အတွက် ရှုပ်ထွေးနေပါလား။ စာပေနှင့်အနုပညာမူပိုင်ခွင့် သမိုင်းကြောင်းနှင့် ရည်ရွယ်ချက်ကိုလေ့လာခြင်းဖြင့် ရှင်းလင်းအောင်လုပ်ပါ။

သင်ယူမှုရလဒ်များ

သင်တန်း ၏ ယခုအပိုင်း ပြီးဆုံးသည့်အခါ

  • စာပေနှင့်အနုပညာမူပိုင်ခွင့်၏ အခြေခံသမိုင်းကြောင်းကို ခြေရာကောက်နိုင်လာမည်
  • စာပေနှင့်အနုပညာမူပိုင်ခွင့်၏ ရည်ရွယ်ချက်ကို ရှင်းပြနိုင်လာမည်။
  • စာပေနှင့်အနုပညာမူပိုင်ခွင့်က မည်ကဲ့သို့အလိုအလျောက်ရရှိပြီးသားဖြစ်သည်ကို ရှင်းပြနိုင်လာမည်။
  • ယေဘုယျ စာပေနှင့်အနုပညာမူပိုင်ခွင့်စည်းကမ်းချက်များကို ရှင်းပြနိုင်လာမည်။

ပြန်လည်သုံးသပ်ချက်

မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် ပြောင်းလဲနေပါသည်။ ယင်းသို့ ပြောင်းလဲမှုများက သင်၏လုပ်ကိုင်ပုံနှင့်နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိလာပါလိမ့်မည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ရှိသော အရင်းအမြစ်များကို ခွင့်ပြုချက်မရရှိဘဲ ဖြန့်ဝေခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ကို ပြုလုပ်နေကြပါသည်။ အရင်းအမြစ်များကို မည်သို့ရှာဖွေကာ မျှဝေပါသလဲ။ စာပေနှင့်အနုပညာမူပိုင်ခွင့်ကို ထည့်စဉ်းစားမိပါသလား သို့မဟုတ် မိမိမျှဝေသည့် ဖန်တီးထားသောလက်ရာကို မည်သူဖန်တီးထားသလဲဟု တွေးမိပါသလား။

ခြုံငုံဖော်ပြချက်

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေက စာရေးဆရာများ သို့မဟုတ် ဖန်တီးသူများဟု ကျွန်တော်တို့ခေါ်လေ့ရှိသူများ၏ မူလလက်ရာများကို အများပြည်သူ အသုံးပြုရနိုင်ပုံကို ကန့်သတ်ထားပါသည်။ မူလလက်ရာများတွင် ဝတ္ထုများနှင့် သီချင်းစာသားများမှစပြီး အိမ်မွေးကြောင်များကို ရိုက်ကူးထားသော ဗီဒီယိုများနှင့် လက်သုတ်ပဝါပေါ်တွင် ရေးခြစ်ထားသည့်ပုံများအထိ အားလုံးပါဝင်နေပါသည်။

စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများကို တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမျိုးမျိုးပြဋ္ဌာန်းထားကြသော်လည်း တစ်ကမာ္ဘလုံး အတိုင်းအတာဖြင့် ယင်းဥပဒေများအားလုံးတွင် ယေဘူယျတူညီမှုအချို့ ရှိနေပါသည်။ ယင်းသို့ တူညီရခြင်းမှာ နိုင်ငံတကာသဘောတူစာချုပ်များကြောင့်ဖြစ်ပြီး ထိုအကြောင်းကို အခန်း ၁.၃ တွင် အသေးစိတ်ရှင်းလင်းထားသည်။

မည်သည့်အရာကို မူပိုင်ခွင့်ရရှိနိုင်သည်ဆိုသည့်အချက်နှင့်စပ်လျဉ်း၍ သတိပြုရန်လိုသော အရေးပါသည့်အခြေခံအချက်အချို့လည်းရှိနေပါသည်။ အခွင့်အရေးများကိုစီမံခန့်ခွဲခွင့်ရှိသည့်သူနှင့် မူပိုင်ခွင့်ရထားသည့်လက်ရာတစ်ခုကို ပြန်လည်အသုံးပြုရန် ခွင့်ပြုပေးနိုင်သူ စသည်တို့နှင့်ပတ်သက်၍လည်း အလားတူပင်ဖြစ်သည်။

  1. စာပေနှင့်အနုပညာမူပိုင်ခွင့်သည် မူလလက်ရာရှင်များ သို့မဟုတ် အခွင့်အရေးပိုင်ရှင်များကို သီးသန့်အခွင့်အရေးများ ရစေသည်။ ဆိုလိုသည်မှာ ထိုအထူးသီးသန့်အခွင့်အရေးများကိုချိုးဖောက်၍ မည်သူမျှ မူပွားခြင်း၊ ဖြန့်ချိခြင်း၊ တင်ဆက်ခြင်း၊ မှီငြမ်းခြင်း သို့မဟုတ် အခြားသော အသုံးပြုခြင်းများကို ပြုလုပ်ခွင့်မရှိပေ။ ယင်းက မူလလက်ရာရှင်များ သို့မဟုတ် အခွင့်အရေးပိုင်ရှင်များကို၎င်းတို့၏ လက်ရာများက အခြားသူများက အသုံးပြုမှုနှင့် ပတ်သက်၍ ထိန်းချုပ်ခွင့်ရစေသဖြင့် ၎င်းတို့အား လက်ရာအသစ်များတီထွင်နိုင်ရန် အားပေးမြှင့်တင်မှုတစ်မျိုးပင်ဖြစ်သည်။ သို့သော် အခွင့်အရေးများကိုထိန်းချုပ်သူသည်အမြဲတမ်း စာရေးဆရာ (မူလဖန်တီးသူ) ကိုယ်တိုင် ဖြစ်မနေနိုင်ပါနိုင်ပါ။ စာပေ သို့မဟုတ် အနုပညာလက်ရာကို အခြားသူများအား ပြန်လည်အသုံးပြုခွင့် ပေးနိုင်သည့် အခွင့်အာဏာ မည်သူထံတွင်ရှိသည်ကို နားလည်ရန် မူပိုင်ခွင့်အရခွင့်ပြုထားသော သီးသန့်အခွင့်အရေးများက မည်သူ့လက်ထဲတွင်ရှိသည်ကို နားလည်ရန်အရေးကြီးပါသည်။

    • လုပ်ခလစာဖြင့် မိမိတာဝန်ထမ်းဆောင်နေချိန်အတွင်း ဖန်တီးထားသည့်လက်ရာတစ်ခု သည် သက်ဆိုင်ရာတည်ဆဲဥပဒေအရ အလုပ်ရှင်ပိုင်ဆိုင်မှု အတိုင်းအတာ အမျိုးမျိုးပေါ် မူတည်သည်။ သြစတြေးလျ၊ ဂျပန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ‘work-for-hire’ (အလုပ်အပ်သူအတွက် ဖန်တီးမှု) ဟုလူသိများသည့် မူတစ်ခုကို ကျင့်သုံးလိုက်နာကြပါသည်။ ယင်းမူကြောင့် အလုပ်တာဝန်ထမ်းဆောင်ချိန်အတွင်း မူပိုင်ခွင့်ရနိုင်သောလက်ရာတစ်ခုကို ဖန်တီးခဲ့လျှင် မိမိက မူလ လက်ရာရှင်ဖြစ် ပြီးကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများ (Moral rights) ကိုရနိုင်စေကာမူ အလုပ်ရှင်သည် မူပိုင်ခွင့်ရထားသည့်လက်ရာကို ပိုင်ဆိုင်သူဖြစ်ပြီးစီးပွားရေးအခွင့်အရေးများကို ထိန်းချုပ်ပါသည်။ (အခန်း ၁.၂ တွင် ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများအကြောင်း ပို၍ စူးစမ်းလေ့လာကြပါမည်) အလုပ်ရှင်နှင့်အလုပ်သမားအကြား အခြားနည်းဖြင့် သဘောတူညီချက်မရှိလျှင် ၂၀၁၉ ခုနှစ် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေအသစ်အရ မြန်မာနိုင်ငံတွင်လည်း အလားတူပင်ဖြစ်ပါသည်။
    • သင်ကြားသူများ၊ သင်ယူသူများ သို့မဟုတ် တက္ကသိုလ် မဟာဌာနကြီးတစ်ခုက ၎င်းတို့ဆိုင်ရာ အခန်းကဏ္ဍအလိုက်ဖန်တီးသော လက်ရာများအတွက် မူပိုင်ခွင့်အခွင့်အရေးများ ရရှိနိုင်သကဲ့သို့ မရရှိခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ၎င်းတို့မှာ မူလလက်ရာရှင်များဖြစ်ပြီး ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများကို ရရှိနိုင်သော်လည်း အချို့ဥပဒေပြဋ္ဌာန်းချက်များ (ဥပမာ work-for-hire ို့) နှင့် အလုပ်ခန့်အပ်မှုစာချုပ် သို့မဟုတ် ကန်ထရိုက်သဘောတူညီမှုစာချုပ်ပါ စည်းကမ်းချက်များ၊ တက္ကသိုလ် သို့မဟုတ် ကျောင်း၏ မူဝါဒများနှင့်ကျောင်းတစ်ကျောင်းရှိ ကျောင်းအပ်မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များပေါ်တွင်မူတည်နေပါသည်။
    • မူပိုင်ခွင့်အကာအကွယ်ရရှိသည့် မူလလက်ရာတစ်ခုကိုပူးတွဲဖန်တီးခဲ့လျှင် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေက အပ်နှင်းသော အခွင့်အရေးများကို သီးသန့်ပိုင်ဆိုင်သူ ် (Exclusive Owner) မဖြစ်ဘဲ ပူးတွဲပိုင်ဆိုင်သူ (Joint Owner) ဖြစ်နိုင်ပါသည်။ ပုံမှန်အားဖြင့် ပူးတွဲပိုင်ဆိုင်မှုက ပိုင်ဆိုင်သူအားလုံးကို ဥပဒေက အပ်နှင်းသော သီးသန့်အခွင့်အရေးများကို ကျင့်သုံးခွင့်ပြုပါသည်။ သို့သော် ပိုင်ရှင်များသည် ၎င်းတို့၏ ပူးတွဲမူလလက်ရာအား အသုံးပြုမှုအချို့အတွက် တစ်ဦးနှင့်တစ်ဦး တာဝန်ခံဖို့လိုပါသည်။
    • စာရေးဆရာက ၎င်းတို့မည်သူမည်ဝါဖြစ်သည်ကိုထုတ်ဖော်ခြင်းမရှိလျှင် ထုတ်ဝေသူများသည် အမည်မဖော်ဘဲ သို့မဟုတ် ကလောင်အမည်သုံးထားသူတစ်ဦးဦးက ဖန်တီးထားသော လက်ရာ၏ မူပိုင်ခွင့်ကို ပိုင်ဆိုင်ခွင့်နှင့် ထိန်းချုပ်ခွင့်ရရှိနိုင်ပါသည်။
  • စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများက အပ်နှင်းသော အခွင့်အရေးများအား ပိုင်ဆိုင်မှုနှင့်ထိန်းချုပ်မှုတို့မှာ ရှုပ်ထွေးပါသည်။ အပြည့်အစုံသိချင်ပါက နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းကိုကြည့်ပါ။

  1. စာပေနှင့်အနုပညာ မူပိုင်ခွင့်သည် အချက်အလက်များ သို့မဟုတ် စိတ်ကူးစိတ်သန်းများကို အကာအကွယ်မပေးပါ။ထိုအချက်အလက်များ သို့မဟုတ် စိတ်ကူးစိတ်သန်းများအား ဖော်ပြထားချက်ကိုသာ အကာအကွယ်ပေးပါသည်။ ယင်းအချက်သည် ရိုးရှင်းသည်ဟုထင်ရသော်လည်း တကယ်တမ်းမှာ မရိုးရှင်းပါ။ စိတ်ကူးစိတ်သန်းတစ်ခုနှင့် ထိုစိတ်ကူးစိတ်သန်းအားဖော်ပြချက်တို့အကြားမှ ခြားနားချက်သည် သိမ်မွေ့လှသလို နားလည်ရန်လည်း လွန်စွာအရေးပါလှသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် မူလလက်ရာရှင်များကို စိတ်ကူးစိတ်သန်းတစ်ခုအားဖော်ပြချက်အပေါ်တွင် ထိန်းချုပ်ခွင့်ပြုသော်လည်း စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်ကို ယင်းစိတ်ကူးစိတ်သန်းကိုပိုင်ဆိုင်ခွင့် သို့မဟုတ် သီးသန့်ထိန်းချုပ်ခွင့် မပေးပါ။ ဤအကြောင်းကို ပိ၍လေ့လာချင်လျှင် နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းကိုကြည့်ပါ။
  2. ယေဘုယျစည်းမျည်းတစ်ခုအနဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်သည် ဖန်တီးမှုတစ်ခုက လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ပုံစံတစ်ခု ဖြစ်လာသည့် အခိုက်မှာပင် အလိုအလျောက် အသက်ဝင်သည်။ ဥပမာ နိုင်ငံအများစုတွင် ကဗျာတစ်ပုဒ်၏ ပထမစာကြောင်းကို ချရေးလိုက်သည်နှင့် တပြိုင်တည်း သို့မဟုတ် သီချင်းတစ်ပုဒ်ကိုအသံသွင်းသည်နှင့် တပြိုင်တည်း မူပိုင်ခွင့်ရရှိပြီးဖြစ်သည်။ နိုင်ငံများစွာတွင် ဒေသခံမူပိုင်ခွင့်မှတ်ပုံတင်ရုံး (Local copyright authority) ၌ မိမိ၏မူပိုင်ခွင့်ကို မှတ်ပုံတင်ခြင်းသည် မိမိ၏ မူလလက်ရာရှင်ဖြစ်ခြင်းကိုှုတရားဝင် မှတ်တမ်းတင်စေပါသည်။ ယင်းမှတ်တမ်းက မူလလက်ရာရှင်ကို ရက်စွဲအတိအကျဖြင့် မူပိုင်ခွင့်အတွက် သက်သေအထောက်အထားရစေပါသည်။ အချို့နိုင်ငံများတွင် သင်၏အခွင့်အရေးများသက်ရောက်မှုရှိစေရန် ယင်းကို လိုအပ်နိုင်ပါသည်။ သို့မဟုတ် အချို့သောအကျိုးကျေးဇူးများလည်း ယင်းက ပေးနိုင်ပါသည်။ သို့သော် ယေဘုယျအားဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်ဖြစ်လာရန် မိမိ၏လက်ရာတစ်ခုကိုမဖြစ်မနေ မှတ်ပုံတင်ထားရန် မလိုပါ။
  3. စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ပေးမှုသည် အချိန်ကာလကြာရှည်ပါသည်။။ နောက်ပိုင်းတွင် ထိုအကြောင်းကိုပိုသိရပါလိမ့်မည်။ ယခုလောလောဆယ်တွင် မူပိုင်ခွင့်က ကာလကြာရှညကြောင်း __ များသောအားဖြင့် မူလလက်ရာရှင်ကွယ်လွန်ပြီးနောက် ဆယ်စုနှစ်များစွာအထိပင် အကာအကွယ်ပေးနိုင်ကြောင်းကိုသိရှိလျှင် လုံလောက်ပါသည်။

အချက် ၃ နှင့် ၄ တို့၏ ပေါင်းစပ်မှုသည် (မူပိုင်ခွင့်စနစ်အတွင်း အလိုအလျောက်ဝင်ခွင့်ရရှိစေပြီး ရှည်လျားသည့်မူပိုင်ခွင့်စည်းကမ်းချက်များ ရစေသည်)'မိဘမဲ့လက်ရာများ(Orphan works)'ဟုခေါ်သည့် များပြားသည့်လက်ရာများပေါ်ပေါက်စေသည်ကို မှတ်သားထားပါ။ ၎င်းတို့မှာ မူပိုင်ခွင့်ပိုင်ရှင်ကို မည်သူမည်ဝါမသိရသော သို့မဟုတ် ရှာဖွေ၍မရသော မူပိုင်ခွင့်ရထားသည့် လက်ရာများဖြစ်သည်။

ပြန်လည်သုံးသပ်ချက်

သင်၏တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်း၌ အလုပ်လုပ်သူတိုင်း သို့မဟုတ် လေ့လာသူတိုင်း ဖန်တီးသော လက်ရာများကို စုပေါင်းစီမံရန် ဗျူဟာတစ်ခုရှိပါသလား။ အလုပ်တာဝန် ထမ်းဆောင်နေစဉ်အတွင်း သင်ဖန်တီးသော အရင်းအမြစ်များအပေါ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သင်တို့တက္ကသိုလ်တွင် မူဝါဒရှိပါသလား။ အရင်းအမြစ်အသုံးပြုပုံနှင့် မူလလက်ရာကိုပံ့ပိုးပေးရန် မူဝါဒတစ်ခုဖြစ်စေ ဗျူဟာတစ်ခုဖြစ်စေ ရှိခြင်းကို အရေးပါသည်ဟု ထင်ပါသလား။

စာပေနှင့်အနုပညာမူပိုင်ခွင့်၏ ရိုးရှင်းသောသမိုင်းကြောင်း

မည်သို့ပင်ဆိုစေ ကမ္ဘာပေါ်တွင် အရေးအပါဆုံးနှင့် အစောဆုံး စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအန်းဘုရင်မ၏ဥပဒေ(Statute of Anne) ကို ၁၇၁၀ခုနှစ်၌အင်္ဂလန်တွင်ပြဋ္ဌာန်းခဲ့သည်။

ယင်းခေတ်ကာလအတွင်း ပုံနှိပ်စာအုပ်များ၏ မိတ္တူများကို စာရေးဆရာများထံ သို့မဟုတ် ထိုမိတ္တူများအား ဝယ်ယူသူများထံ ပိုင်ဆိုင်ခွင့်အပ်နှင်းခြင်းဖြင့် လေ့လာမှုများအား အားပေးတိုက်တွန်းမှုတစ်ရပ်လည်း ဖြစ်ခဲ့သည်။

ယင်းဥပဒေသည် စာအုပ်ထုတ်ဝေသူများအား ၎င်းတို့၏ စာအုပ်များကို အခြားသူများ မူပွားခြင်းမှ ၁၄ နှစ်အထိ ဥပဒေအရအကာအကွယ် ပေးပါသည်။

ထိုအချိန်မှစ၍ စာပေနှင့်အနုပညာမူပိုင်ခွင့်အရအပ်နှင်းသော သီးသန့်အခွင့်အရေးများဆိုင်ရာ နယ်ပယ်သည် ကျယ်ပြန့်လာခဲ့သည်။ ယနေ့ခေတ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒ၌ စာအုပ်များတင်မကဘဲ လူတို့တီထွင်ထားသည့် တီထွင်ဖန်တီးမှု တစ်ပိုင်းတစ်စမျှ သို့မဟုတ် ကိုယ်ပိုင်ဖန်တီးမှုဖြစ်သည့် မည်သည့်အရာမဆိုနီးပါး အကျုံးဝင်ပါနေပါပြီ။

ထို့အပြင် သီးသန့်အခွင့်အရေးများ၏ အချိန်ကာလသည်လည်း ပိုမိုကြာမြင့်စွာရရှိနေပြီဖြစ်သည်။ ယနေ့တွင် ကမ္ဘာ့နိုင်ငံအများအပြား၌ မူလလက်ရာရှင်တစ်ဦးကို ပေးသည့် စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းသည် ၎င်း်၏တစ်သက်တာကာလအပြင် ၎င်းသေဆုံးပြီးနောက် အနှစ် ၅၀ အထိဖြစ်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ်များကိုနိုင်ငံများစွာက လက်မှတ်ရေးထိုးထားကြသည့်အတွက် ကမ္ဘာတစ်ဝှမ်းရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများသည် အတိုင်းအတာတစ်ခုအထိ တူညီမှုရှိနေကြပြီဖြစ်သည်။ အခန်း ၁.၃ တွင် အရေးအကြီးဆုံးစာချုပ်စာတန်းများနှင့် ကမ္ဘာတစ်ဝန်း၌ စာပေနှင့်အနုပညာမူပိုင်ခွင့် အလုပ်လုပ်ပုံကို ပိုမိုလေ့လာရပါလိမ့်မည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်၏ရည်ရွယ်ချက်

(ဥပဒေကျင့်ထုံးများတွင် နောက်ခံ အကြောင်းတရားများ အမျိုးမျိုးကွဲပြားနေတတ်သော်လည်း) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအတွက် အဓိက နောက်ခံအကြောင်းတရား နှစ်ခု ရှိပါသည်။

  • လူ့အဖွဲ့အစည်းတွင်း သာယာပျော်ရွှင်မှုကို အစွမ်းကုန် မြှင့်တင်ပေးသော (Utilitarian) - စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် မူလလက်ရာရှင်များကို အားပေးသမှုပြုရန် ရေးဆွဲထားခြင်းဖြစ်သည်။ စာပေ သို့မဟုတ် အနုပညာလက်ရာသစ်များဖန်တီးမှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်လိုခြင်းဖြစ်သည်။
  • မူလလက်ရာရှင်၏အခွင့်အရေးများ (Author's rights) - မူပိုင်ခွင့်သည် မူလလက်ရာရှငများအနေဖြင့် အသိအမှတ်ပြုခံရမှု (Attribution) သေချာစွာရရှိစေရန်နှင့် ဖန်တီးမှုလက်ရာများ ပြုပြင်ပြောင်းလဲခြင်း မခံရဘဲ မူလအတိုင်းတည်ရှိမှု (Integrity)ကို ထိန်းသိမ်းထားနိုင်ရန် အဓိကရည်ရွယ်ပါသည်။ ရည်ရွယ်ချက်မှာ မူလလက်ရာရှင်များနှင့် ၎င်းတို့၏ဖန်တီးမှုလက်ရာများအကြား နက်ရှိုင်းသည့်ဆက်နွှယ်မှုကို အသိအမှတ်အပြု ကာကွယ်ရန်ဖြစ်ပါသည်။ (နောက်ဆက်တွဲ အရင်းအမြစ်များအပိုင်းတွင် မူလလက်ရာရှင်၏အခွင့်အရေးများအကြောင်း ပိုလေ့လာပါ)

ဥပဒေစနစ်အမျိုးမျိုးတို့တွင် ယင်းအကြောင်းတရားနှစ်ခုအနက် တစ်ခုမဟုတ် တစ်ခုက ပိုမိုလွှမ်းမိုးထားခြင်း ရှိနေသော်လည်း သို့မဟုတ် ၎င်းတို့၏ ဥပဒေထုံးတမ်းများနှင့်သာ တကူးတက သက်ဆိုင်သည့် အခြားအကြောင်းတရားများ ရှိနေတတ်သော်လည်း (မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်စနစ်အပါအဝင်) စာပေနှင့်အနုပညာမူပိုင်ခွင့်စနစ်များစွာတို့ကို ထိုနှစ်ချက်လုံးဖြင့် လွှမ်းမိုးပုံဖော်ထားခြင်းသာဖြစ်ပါသည်။

ပြန်လည်သုံးသပ်ချက်

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအတွက်ဖြစ်သော ထိုအကြောင်းတရားနှစ်ခုထဲမှ တစ်ခု သို့မဟုတ် နှစ်ခုစလုံးက တခြား အလားတူ အကြောင်းတရားများကို စဉ်းစားမိစေပါသလား။ ကိုယ်ပိုင်လက်ရာများကို ဖန်တီးသည့် မူလလက်ရာရှင်အား သီးသန့်အခွင့်အရေးများပေးရာတွင် တခြားမည်သည့် အကြောင်းအရင်းများက အထောက်အကူပေးသည် သို့မဟုတ် အထောက်အကူမပေးဟု သင်ယုံကြည်ပါသလဲ။

မူလလက်ရာရှင်၏ အခွင့်အရေးများဆိုင်ရာ ထုံးတမ်းများအရ နိုင်ငံအများစုတွင် ကျင့်ဝတ်ဆိုင်ရာ သီးသန့်အခွင့်အရေးများရှိသည်။ ၎င်းတို့က မူလလက်ရာရှင်နှင့်၎င်း၏ဖန်တီးမှုလက်ရာအကြားရှိ ဆက်နွှယ်မှုကို (တစ်ခါတရံတွင် အကန့်အသတ်မရှိ) ကာကွယ်ပေးပါသည်။ ကျင့်ဝတ်ဆိုင်ရာ သီးသန့်အခွင့်အရေးများနှင့် မူပိုင်ခွင့်ရရှိသူများအား ၎င်းတို့၏လက်ရာများကို အခြားသူများက စီးပွားရေးအရအမြတ်ထုတ်ခြင်းမှ အကာအကွယ်ပေးသောအခွင့်အရေးများအကြား ကွဲပြားခြားနားမှုရှိပါသည်။ သို့သော် နီးစပ်သောဆက်နွှယ်မှုရှိပါသည်။

အများဆုံးတွေ့ရတတ်သော ကျင့်ဝတ်ဆိုင်ရာသီးသန့်အခွင့်အရေး ၂ မျိုးမှာ

  • 'မူလလက်ရာရှင်အမည်ကိုဖော်ပြခွင့် ( Right of paternity)' ဟု အစဉ်အလာအားဖြင့်လူသိများသည့် လက်ရာတစ်ခု၏ မူလလက်ရာရှင်အဖြစ် အသိအမှတ်ပြုခံယူနိုင်ခွင့်
  • ယေဘုယျအားဖြင့် လက်ရာအားချို့ယွင်းမှုဖြစ်ပေါ်စေရန်ပြုလုပ်ခြင်းအား ကန့်ကွက်ပိုင်ခွင့် သို့မဟုတ် မလိုလားအပ်သည့်ပြုပြင်ပြောင်းလဲမှုများပြုလုပ်လာခြင်းအား ကန့်ကွက်ပိုင်ခွင့်ဖြစ်သည့် လက်ရာ၏ မပျက်မယွင်း တည်ရှိမှု ကိုကာကွယ်ခွင့်

မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်တွင် မူလလက်ရာရှင်များအတွက် ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများ ပါဝင်ပါသည်။ နိုင်ငံတိုင်းတွင် ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများမရှိသော်လည်း အချို့နိုင်ငံများတွင် ယင်းအခွင့်အရေးများသည် မူလလက်ရာရှင်က ခွင့်ပြု၍မရလောက်အောင် သို့မဟုတ် စွန့်လွှတ်၍မရလောက်အောင် လက်ရာရှင်နှင့်တစ်သားတည်းဖြစ်နေသည် ယူဆကြသဖြင့် ယင်းတို့သည် အချိန်ကာလ ကန့်သတ်ချက်မရှိ ကြာမြင့် ပါသည်။ အခန်း ၁.၂ တွင် ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများအကြောင်း ပို၍လေ့လာကြပါမည်။

စာပေနှင့်အနုပညာမူပိုင်ခွင့် အလုပ်လုပ်ပုံ

စာပေနှင့်အနုပညာမူပိုင်ခွင့်သည် ကိုယ်ပိုင်ဖန်တီးမှုဖြင့် ဖန်တီးပြုလုပ်ထားသော လက်ရာများနှင့် သက်ဆိုင်ပါသည်။ ခြားသူ၏ လက်ရာမဟုတ်သော ဆန်းသစ်သည့် လက်ရာများကို ဆိုလိုပါသည််။ မူပိုင်ခွင့်ရရှိရန် လက်ဆုပ်လက်ကိုင်ပြနိုင်မှုလိုအပ်သဖြင့် လက်ရာအား ရေးချထားရန်၊ မှတ်တမ်းပြုလုပ်ထားရန်၊ ကွန်ပျူတာတွင်သိမ်းဆည်းရန် စသဖြင့် လိုအပ်ပါသည်။

ယင်းမူလလက်ရာများအပေါ် အလိုအလျောက်သက်ရောက်သော ယင်းတို့အားအသုံးပြုပုံဆိုင်ရာ အခြေခံစည်းကမ်းချက်များကို မူပိုင်ခွင့်ဥပဒေက ချမှတ်ပါသည်။ ထိုစည်းကမ်းချက်များသည် မူလလက်ရာရှင် သို့မဟုတ် စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်အတွက် စီးပွားရေးဆိုင်ရာသီးသန့်အခွင့်အရေးများ(Exclusive rights)ကို အကာအကွယ်ပေးပါသည်။ တစ်ပြိုင်နက်တည်းမှာပင် အသုံးပြုသူများသည် လိုင်စင် သို့မဟုတ် ခွင့်ပြုချက် ရယူရန်မလိုအပ်ဘဲ ထိုလက်ရာများအားအချို့သောနည်းလမ်းများဖြင့် အသုံးပြုခွင့်ရရှိနေပါသည်။

မည်သည်တိုက စာပေနှင့်အနုပညာမူပိုင်ခွင့်ရနိုင်ပါသနည်း?

အခန်း ၁.၂ တွင် အသေးစိတ်ပိုဖော်ပြထားသည့် အဓိက စာပေနှင့်အနုပညာမူပိုင်ခွင့်စာချုပ်စာတမ်းများ၌ ပါဝင်လက်မှတ်ရေးထိုးထားသောနိုင်ငံများတွင် နိုင်ငံအပေါ်မူတည်ပြီး အထူးစည်းကမ်းများ တစ်ခါတရံ ကျင့်သုံးသော်လည်း အောက်ပါ အထွေထွေ ဖန်တီးမှုလက်ရာအတန်းအစားများတွင် မူပိုင်ခွင့်ရှိပါသည်။ နိုင်ငံအလိုက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများတွင် အတန်းအစားတစ်ခုချင်းစီအတွင်း စာပေ သို့မဟုတ် အနုပညာလက်ရာအမျိုးအစားများကို အမြဲတမ်းနီးပါးသတ်မှတ်ပြဋ္ဌာန်းပေးထားလေ့ရှိသည်။ အတန်းအစားတစ်ခုချင်းစီအတွင်းရှိစာပေ သို့မဟုတ် အနုပညာလက်ရာအမျိုးအစားတစ်ခုကို စဉ်းစားကြည့်နိုင်ပါသလား။

  • စာပေနှင့်အနုပညာလက်ရာများ၊
  • ဘာသာပြန်ဆိုချက်များ၊ မှီငြမ်းခြင်းများ၊ ဂီတတေးသွား အစီအစဉ်များ၊ စာပေနှင့်အနုပညာလက်ရာများကို ပြုပြင်ပြောင်းလဲထားမှုများ၊
  • စာပေနှင့်အနုပညာလက်ရာ စုဆောင်းမှုများ

ထို့အပြင် နိုင်ငံအပေါ်မူတည်၍ ဖန်တီးပြုလုပ်ထားသော ကိုယ်ပိုင်လက်ရာများတွင် အောက်ဖော်ပြပါတို့ လည်းပါဝင်နိုင်ပါသည်။

  • အသုံးချအနုပညာ၊ စက်မှုဒီဇိုင်းများနှင့် နမူနာပုံစံများ
  • ကွန်ပျူတာဆော့ဖ်ဝဲ

မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉) တွင် ထိုလက်ရာအတန်းအစားများအားလုံးပါဝင်ကြောင်း တွေ့ရမှာဖြစ်ပါသည်။

ဥပဒေ၏ အကာအကွယ်ရသည့် သီးသန့်အခွင့်အရေးများက မည်သည်တို့ဖြစ်ပါသလဲ။

မူပိုင်ခွင့်အကာအကွယ်ရသည့် မူလလက်ရာရှင်များသည် အခြားသူများက ၎င်းတို့၏ လက်ရာများကို အချို့နည်းလမ်းများဖြင့် အသုံးပြုခြင်းအား ထိန်းချုပ်ရန် အောက်ပါအတိုင်း သီးသန့်အခွင့်အရေးများ ရရှိသည် -

  • ၎င်းတို့၏ လက်ရာများကို ဘာသာပြန်ဆိုခွင့်ပြုနိုင်ခြင်း။
  • ၎င်းတို့၏ လက်ရာများကို မူပွားခွင့်ပြုနိုင်ခြင်း။
  • ရုပ်မြင်သံကြားမှတဆင့််လွှင့်တင်ခြင်း အပါအဝင် ၎င်းတို့၏လက်ရာများကို အများပြည်သူအားမျှဝေ ခြင်းကို ခွင့်ပြုနိုင်ခြင်း။
  • ၎င်းတို့၏လက်ရာများကို မှီငြမ်းခြင်း နှင့် စီစဉ်ခြင်းများပြုလုပ်ခြင်းကို ခွင့်ပြုနိုင်ခြင်း။

(မြန်မာနိုင်ငံ၏ဥပဒေများအရ အခြားအခွင့်အရေးများလည်းရှိနေနိုင်ပါသေးသည်။)

ဆိုလိုသည်မှာ စာအုပ်တစ်အုပ်၏မူပိုင်ခွင့်ကို ပိုင်ဆိုင်ထားပါက သင့်ခွင့်ပြုချက်မရရှိဘဲ အခြားသူတစ်ဦးဦးက ထိုစာအုပ်ကို မူပွားခြင်း သို့မဟုတ် မှီငြမ်းခြင်းတို့ကို ပြုလုပ်ခွင့်မရှိပါ။ (ယင်းနှင့်သက်ဆိုသည့် အရေးကြီးသော သတိပေးချက်များကို အခန်း ၁.၄ တွင် ဆွေးနွေးသွားပါမည်)

ဝတ္ထုစာအုပ် တစ်အုပ်၏မူပိုင်ခွင့်ပိုင်ရှင်ဖြစ်ခြင်းနှင့် ၎င်းဝတ္ထု၏ တရားဝင်မိတ္တူအား အသုံးပြုပုံကို ထိန်းချုပ်ခြင်းတို့အကြားတွင် အရေးကြီးသည့်ခြားနားချက်တစ်ခု တည်ရှိနေသည်ကို သတိပြုရန်ဖြစ်သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်သည် ဝတ္ထုမိတ္တူများ ဖန်တီးရန် သီးသန့်အခွင့်အရေးများကို ပိုင်ဆိုင်သကဲ့သို့ ၎င်းဝတ္တု၏ ထိတွေ့ကိုင်တွယ်နိုင်သေ‌ော မိတ္တူကို ပိုင်ဆိုင်သူသည်လည်း ယင်းကို အလိုရှိသလို လုပ်နိုင်မှာဖြစ်သည် - ဥပမာ ထိုမိတ္တကို မိတ်ဆွေတစ်ဦးအား ငှားရမ်းခြင်း သို့မဟုတ် စာအုပ်အဟောင်းဆိုင်သို့ရောင်းချခြင်း။

စာပေနှင့်အနုပညာမူပိုင်ခွင့်၏သီးသန့်အခွင့်အရေးများမှ တစ်ခုသည် လက်ရာတစ်ခုကို မှီငြမ်းခွင့်ရှိခြင်းဖြစ်ပါသည်။ မှီငြမ်းခြင်း (သို့မဟုတ် တစ်ခါတရံ ဆင့်ပွားလက်ရာဟုခေါ်ကြသည်) သည် ရှိရင်းစွဲလက်ရာအပေါ်အခြေခံထားသည့် လက်ရာအသစ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်သည််မှီငြမ်းထားသည့်လက်ရာကို အကာအကွယ်ပေးထားသော်လည်း ထိုစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထည့်သွင်းထားခြင်းမရှိပါ။ သို့သော် ယင်းဥပဒေ၏ ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၈ (ခ) သည် ပုံစံတစ်ခုမှ အခြားတစ်ခု(ဥပမာ အရေးပုံစံမှ ရုပ်မြင်သံကြားပုံစံ)သို့ ပြောင်းလဲသည့်ထားသည့် လက်ရာကို အကာအကွယ်ပေးမည်ဟု ရည်ညွှန်းပါသည်။ ရှိရင်းစွဲလက်ရာ ကိုအခြေခံ၍ နောက်ထပ် လက်ရာတစ်ခုဖန်တီးမည်ဆိုပါက မူပိုင်ခွင့်ပိုင်ဆိုင်သူ၏ခွင့်ပြုချက်ရရှိမှ ဖန်တီးနိုင်မည့်သဘောဖြစ်ပါသည်။ ရှိရင်းစွဲလက်ရာကို ပြုပြင်ပြောင်းလဲမှုတိုင်းအတွက် ခွင့်ပြုချက်လိုအပ်သည်မဟုတ်ကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။ ယေဘုယျအားဖြင့် ပြုပြင်ထားသောလက်ရာသည် ရှိရင်းစွဲလက်ရာကို အခြေခံပြီး မူပိုင်ခွင့်ပြုနိုင်ရန် လုံလောက်သော ဖန်တီးမှုအသစ်တစ်ခုကို ဖော်ပြသည့်အခါ မှီငြမ်း လက်ရာအဆင့် သို့မဟုတ် ဆင့်ပွားလက်ရာအဆင့်သို့ ရောက်ရှိသွား ပါသည်။ ဥပမာ ဝတ္ထုစာအုပ်တစ်အုပ်ကို မူရင်းဘာသာစကားမှ အခြားဘာသာစကားတစ်ခုသို့ ပြန်ဆိုထားချက် သို့မဟုတ် ယင်းဝတ္ထုအားအခြေခံ၍ဖန်တီးထားသည့် ဇာတ်ညွှန်းတို့ဖြစ်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များသည် ၎င်းတို့၏လက်ရာများကို မှီငြမ်းရန် အခြားသူတို့အား မကြာခဏ ခွင့်ပြုပါသည်။ ဘာသာပြန်ဝတ္ထုများ သို့မဟုတ် ဝတ္ထုများကို မှီငြမ်းထားသည့် ဇာတ်ညွှန်များသည် အတွေ့ရဆုံးနမူနာများဖြစ်ကြသည်။ မှီငြမ်းထားသည့်လက်ရာများအတွက် သီးခြားမူပိုင်ခွင့်ရရှိသော်လည်း ယင်းသို့ပြောင်းလဲရာတွင်ထည့်သွင်းထားသည့် အစိတ်အပိုင်းအသစ်များအတွက်သာ မူပိုင်ခွင့်၏ အကာအကွယ်ကို ရရှိနိုင်ပါသည်။ ဥပမာ ကဗျာတစ်ပုဒ်၏မူလလက်ရာရှင်သည် တစ်စုံတစ်ဦးအား မှီငြမ်းခွင့်ပေးထားပါက ယင်းပုဂ္ဂိုလ်သည် ကဗျာစာပိုဒ်များကို ပြန်လည်စီစဉ်ခြင်း၊ စာပိုဒ်အသစ်များဖြည့်စွက်ခြင်းနှင့် စကားအသုံးအနှုန်းအချို့ပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုငပါသည်။ ယေဘုယျအားဖြင့် မူလလက်ရာရှင်သည် မှီငြမ်းမှုတွင် ဆက်လက်ပါရှိနေသော ကဗျာ၏အစိတ်အပိုင်းများအတွက် မူပိုင်ခွင့်မှန်သမျှကို ဆက်လက်ရရှိခံစားခွင့်ရနေမည်ဖြစ်ပြီး ကဗျာကိုမှီငြမ်းသူသည် အသစ်ဖြည့်စွက်ထားသော အစိတ်အပိုင်းများအတွက် မူပိုင်ခွင့်ကိုသာရရှိပါသည်။ ဆင့်ပွားလက်ရာ (Derivative work) တစ်ခုဖန်တီးခြင်းသည် ် ရှိရင်းစွဲမူလလက်ရာကိုပိုင်ဆိုင်သည့် မူလလက်ရာရှင်၏ မူပိုင်ခွငကို မဖျက်သိမ်းပါ။

ဆင့်ပွားလက်ရာ(Derivative work) ဟူသည့်စကားရပ်တွင် အချို့နိုင်ငံများ၌ (the Berne Convention)ဘန်းသဘောတူညီချကတွင် 'မှီငြမ်းထားသည့်လက်ရာများ(Adaptations)' ကို ဖော်ပြပုံသာမက တခြားဖော်ပြပုံများပါ အကျုံးဝင်သော်လည်း ယခုသင်တန်းရည်ရွယ်ချက်များအရ နှင့် Creative Commons ကိုနားလည်စေရန်် ဤစကားရပ်များကို ဖလှယ်ပြီးသုံးစွဲသွားပါမည်။

အများပြည်သူတို့တွင် မူလလက်ရာရှင်၏သီးသန့်အခွင့်အရေးများကို မချိုးဖောက်သော စာပေနှင့်အနုပညာမူပိုင်ခွင့်ရထားသည့်လက်ရာများကိုအသုံးပြုခွင့်တစ်စုံတစ်ရာရှိပါသလား။

အဓိက အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များတွင် လက်မှတ်ရေးထိုးထားသော နိုင်ငံများအားလုံးတွင် မူလလက်ရာရှင်ပိုင်ဆိုင်သည့်သီးသန့်အခွင့်အရေးများကိုချိုးဖောက်ခြင်းမရှိဘဲ ၊ ခွင့်ပြုချက်ရယူစရာမလိုဘဲ မူပိုင်ခွင့်ရထားသော လက်ရာများကို အများပြည်သူက အသုံးပြုခွင့်တချို့ကို ပေးထားပါသည်။ ၎င်းတို့ကို အများအားဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်၏'ခြွင်းချက်များနှင့်ကန့်သတ်ချက်များ' ဟုခေါ်ပါသည်။

နိုင်ငံအများအပြား၌ အထူးခြွင်းချက်များနှင့် အထူးကန့်သတ်ချက်များကို သတ်မှတ်ပေးထားကြပြီး အချို့နိုင်ငံများတွင် 'မျှတစွာအသုံးပြုမှု(fair use)'နှင့်'မျှတစွာပတ်သက်ဆက်ဆံမှု့(fair dealing)' ကဲ့သို့သော ပျော့ပြောင်းသော အယူအဆများကို အသုံးပြုပါသည်။ မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်၏ အပိုဒ် ၁.၄ တွင် ပြဋ္ဌာန်းထားသည့်ခြွင်းချက်များကိုပြန်ကြည့်သွားပါမည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် မူပိုင်ခွင့်ရထားသောလက်ရာအား အသုံးပြုမှုတိုင်းအတွက် မူလလက်ရာရှင်၏ခွင့်ပြုချက် လိုအပ်ခြင်း မရှိကြောင်း သိရန်အရေးကြီးပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်နှင့် အများပြည်သူတို့အကြား ရံဖန်ရံခါ အကျိုးအမြတ်ဆိုင်ရာလွန်ဆွဲမှုကို ထိန်းညှိသော စာပေနှင့်အနုပညာမူပိုင်ခွင့် မူဝါဒအရ အချို့သောအသုံးပြုမှုများကို ခွင့်ပြုပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်ပတ်သက်၍ အခြားမည်သည့်အချက်များကို သိထားသင့်ပါသေးသလဲ။

ယခုအခန်း၏ အစပိုင်းတွင်တွေ့ခဲ့သည့်အတိုင်း စာပေနှင့်အနုပညာမူပိုင်ခွင့်သည် ရှုပ်ထွေးပြီး နိုင်ငံအလိုက် ကွဲပြားခြားနားမှုရှိနေပါသည်။ ယခုအခန်းသည် ယင်း၏ ပင်မသဘောတရားများ(Central concepts)ကို အခြေခံအားဖြင့် မိတ်ဆက်ပေးနေခြင်းဖြစ်ပါသည်။ သိထားလျှင်အသုံးဝင်နိုင်မည့် အခြားသဘောတရားများ (ဥပမာ တာဝန်ရှိခြင်းနှင့် ကုစားခြင်း၊ အသုံးပြုခွင့်လိုင်စင် ထုတ်ပေးခြင်း၊ လွှဲပြောင်းခြင်း ၊ မူပိုင်ခွင့် လွှဲပြောင်းခြင်းနှင့် လိုင်စင်များ ရုတ်သိမ်းခြင်း စသည်ဖြင့်) များစွာရှိပါသည်။ ထိုအကြောင်းအရာများကို နောက်ဆက်တွဲ အရင်းအမြစ်များအခန်းတွင် ပို၍လေ့လာနိုင်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် မပါဝင်သည့် ဖန်တီးမှုလက်ရာအချို့အတွက် ထည့်သွင်းစဉ်းစားမှုများရှိနေပါသည်။ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ နောက်ခံအခြေအနေများနှင့် အရေးပေါ်ကိစ္စများက ဖန်တီးထားသောလက်ရာများကို အသုံးပြုခြင်းနှင့်ဆိုင်သည် အများပြည်သူ၏ဆုံးဖြတ်ချက်များပေါ်တွင် သက်ရောက်မှုရှိနိုင်ပါသည်။ အစဉ်အလာ အသိပညာဆိုင်ရာ အမှတ်အသားများ(Traditional Knowledge labels)က မူလလက်ရာများဖြစ်ကြောင်း အသိပေးသည့် အမှတ်အသားများ ထည့်သွင်းပေးထားပါသည်။ ့် ၎င်းလက်ရာများစတင်ပေါ်ပေါက်ဖွားရာလူ့အသိုင်းအဝိုင်း၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် ထူးခြားအရေးပါမှုကို အသိအမှတ်ပြုနိုင်စေရန်အတွက် ယင်းအမှတ်အသားများ ထည့်သွင်းပေးထားခြင်းဖြစ်ပါသည်။

အပြီးသတ် မှတ်ချက်များ

ဒစ်ဂျစ်တယ်နည်းပညာကြောင့် အခြားသူများတီထွင်ထားသည့် လက်ရာကို မူပွားရန်နှင့် ပြန်လည်သုံးစွဲရန် အရင်ကထက်ပိုမိုလွယ်ကူစေပါသည်။ ထို့အတူ သင်၏ကိုယ်ပိုင်လက်ရာကို ဖန်တီးရန်နှင့်ဝေမျှရန် ပိုလွယ်ကူစေပါသည်။ အတိုချုံးပြောရလျှင် နေရာတိုင်းတွင် စာပေနှင့်အနုပညာမူပိုင်ခွင့် ရှိနေပါသည်။

အင်တာနက်ပေါ်ရှိ ဖန်တီးထားသောလက်ရာတစ်ခုကို အသုံးပြုမှုအားလုံးလိုလိုတွင် မူပွားခြင်းပါဝင်နေသဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် ကျွန်ုပ်တို့ အင်တာနက်ပေါ်တွင်လုပ်သမျှ အရာအားလုံးနီးပါး၌ အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေပါသည်။ မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပေါ်ထွက်လာမှုကို အသေးစိတ်လေ့လာကြည့်ကြပါစို့။

၁.၂။ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ

EIFL မှ ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလ EIFL-IP အား CC BY 2.0 လိုင်စင်ယူထားပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ် လာတော့မည် ။

သင်ယူမှုရလဒ်များ

  • ၂၀၁၉ ခုနှစ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်၏ ဖွင့်ဆိုချက်များကိုနားလည်စေမည်။
  • ၁၉၁၄ နှင့် ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများအကြား ကွာခြားချက်ကို နားလည်စေမည်။

မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သမိုင်းကြောင်း

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (၁၉၁၄ ခုနှစ်)ကို ကိုလိုနီခေတ်အတွင်းက ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ၁၉၄၈ ခုနှစ်တွင် ထုတ်ပြန်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ (ဥပဒေများပြင်ဆင်ပြောင်းလဲခြင်းအမိန့် )အရ ဆက်လက်ပြဋ္ဌာန်းခဲ့သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (၁၉၁၄ ခုနှစ်) သည် မြန်မာနိုင်ငံတွင် ပထမအကြိမ် ထုတ်ဝေသောလက်ရာ သို့မဟုတ် မြန်မာနိုင်ငံတွင်အခြေစိုက်နေထိုင်သူ သို့မဟုတ် မြန်မာနိုင်ငံသားများမှ ဖန်တီးထားသည့် လက်ရာများကိုသာအကာအကွယ်ပေးပါသည်။ ၁၉၁၄ ခုနှစ်အက်ဥပဒေအရ ဖန်တီးထားသောလက်ရာတစ်ခုကို မူလဖန်တီးသူ၏တစ်သက်တာအပြင် ကွယ်လွန်ပြီးနှစ်ပေါင်း ၃၀ အထိ အကာအကွယ်ပေးပါသည်။

နှစ်ပေါင်း ၁၀၀ ရာကျော်က အတည်ပြုပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည့်အတွက် ဒစ်ဂျစ်တယ်အသွင်ဖြင့်ရှိသော ကြောင်းအရာများကဲ့သို့ ဖန်တီးထားသောလက်ရာများကို ကျွန်တော်တို့ဖန်တီးပြီးဝေမျှသည် နည်းလမ်းအသစ်များစွာကို ယင်းဥပဒက ထည့်သွင်းစဉ်းစားခြင်းခြင်းမရှိပါ။ မြန်မာနိုင်ငံရုပ်ရှင်နှင့်ဂီတနယ်ပယ်များကဲ့သို့ ကြီးမားလာသောစျေးကွက်များ၏လိုအပ်ချက်များကိုလည်း စဉ်းစားခြင်း ခြင်း မရှိပါ။ ထို့အပြင် ၁၉၁၄ ခုနှစ် အက်ဥပဒ က စိုးမိုးမှု မရှိသလောက်ပင် ဖြစ်သည်။ ထိုဥပဒေသည် ခေတ်မမီတော့သည့်အတွက် မြန်မာနိုင်ငံရှိ မူပိုင်ခွင့်ဆိုင်ရာ အသိပညာရေချိန်သည် အခြေခံအားဖြင့် နိမ့်ကျနေပြီး လက်ရှိ ကျင့်ကြံမှုများသည်လည်း အခြားသူများဖန်တီးထားသည့်လက်ရာများကိုအသုံးမပြုမီ အရင်းအမြစ်များကို ရည်ညွှန်းရန်နှင့် ခွင့်ပြုချက်ယူရန်လိုအပ်ကြောင်း မစဉ်းစားကြပါ။

မြန်မာနိုင်ငံကို နိုင်ငံတကာစံနှုန်းများနှင့်ညီစေရန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်ကို နှစ်ပေါင်းများစွာရေးဆွဲခဲ့ရာ ၂၀၁၅ ခုနှစ်တွင် မူကြမ်းပြီးစီးခဲ့ပါသည်။ ၁၉၁၄ ခုနှစ်နှင့် ၂၀၁၉ နှစ်များအတွင်း မြန်မာနိုင်ငံသည် ဉာဏပစ္စည်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် များစွာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ (အခန်း ၁.၃ တွင် ထိုအကြောင်းအရာများကိုသုံးသပ်သွားပါမည်။)

'ဉာဏပစ္စည်း (Intellectual property) 'ဆိုသည်မှာ မူလလက်ရာရှင်များက ၎င်းတို့၏လက်ရာများကို အခြားသူများသုံးစွဲခြင်းအား ကန့်သတ်ထိန်းချုပ်နိုင်စေသည့် ဥပဒေအရ ပြဋ္ဌာန်းထားသော အခွင့်အရေးများအတွက် သုံးနှုန်းသောစကားရပ်ဖြစ်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်သည် ဉာဏပစ္စည်းမူပိုင်ခွင့်အမျိုးအစားတစ်ခုဖြစ်သော်လည်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့််ဥပဒေတို့အပါအဝင် များစွာရှိပါသည်။ မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MIPPA)သည် ဉာဏပစ္စည်းမူပိုင်ခွင့်နေ့(ဧပြီ ၂၆)အား ဂုဏ်ပြုထားပြီး စာပေနှင့်အနုပညာမူပိုင်ခွင့်အပါအဝင် မတူညီသည့် ဉာဏပစ္စည်းမူပိုင်ခွင့်အမျိုးအစားများကိုရှင်းပြထားသည့် ဗီဒီယိုတစ်ခုကိုဖန်တီးခဲ့ပါသည်။ မတူညီသည့်ဉာဏပစ္စည်းအမျိုးအစားများနှင့်ပတ်သက်၍ နောက်ဆက်တွဲ အရင်းအမြစ်များအခန်း တွင် ထပ်မံလေ့လာနိုင်ပါသည်။

မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ၂၁၀၉ ခုနှစ် မေလ ၂၄ ရက်တွင် အတည်ပြုခဲ့ပါသည်။ ၂၀၂၀ ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံတော်အစိုးရက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ( Central Committee for Intellectual Property - CCIPR)ကို တည်ထောင်ခဲ့ပါသည်။ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ သည် မြန်မာနိုင်ငံဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီ((MIPRA)တည်ထောင်ခြင်းကို ကြီးကြပ် ပါလိမ့်မည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ် စတင်သက်ရောက်မည်ဟု မျှော်မှန်းထားပြီး ထိုအခါတွင် ၁၉၁၄ ခုနှစ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ဖျက်သိမ်းပါလိမ့်မည်။

၂၀၁၉ ခုနှစ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ

မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်သည် ကိုယ်ပိုင်ဖန်တီးမှုဖြစ်သော စာပေများနှင့် အနုပညာလက်ရာများအားလုံးကို မူပိုင်ခွင့်ပိုင်ရှင်ထံမှကြိုတင်ခွင့်ပြုချက်မပါဘဲ ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေရခြင်း၊ မှီငြမ်းခြင်း သို့မဟုတ် မူပွားခြင်းတို့ကို အကာအကွယ်ပေးပါသည်။ အဆိုပါဥပဒက ဖော်ပြပုံ သို့မဟုတ် ဖော်ပြသည့်ပုံစံ၊ ပါဝင်သည့်အကြောင်းအရာ၊ အရည်အသွေးနှင့် ရည်ရွယ်ချက်တို့ မည်သို့ပင်ကွဲပြားစေကာမူ မူလလက်ရာအားလုံးနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် ဥပဒေသစ်သည် ထိတွေ့ကိုင်တွယ်နိုင်သောပုံစံများနှင့် ဒစ်ဂျစ်တယ်ပုံစံလက်ရာနှစ်မျိုးစလုံးကို အကာအကွယ်ပေးထားပါသည်။ လက်ဖြင့်ဖန်တီးသည့်လက်ရာများ (ဥပမာ ပန်းချီကားများ သို့မဟုတ် ပန်းပုလက်ရာများ) သို့မဟုတ် ထုတ်လုပ်ထားသည့် လက်ရာများကိုလည်း အကာအကွယ်ပေးပါသည်။ အစောပိုင်းတွင် လေ့လာခဲ့ရည့်အတိုင်း မူလလက်ရာရှင်က လက်ရာတစ်ခုကို လက်ဆုပ်လက်ကိုင်ပြ နိုင်သည့်ပုံစံတစ်ခု (ဥပမာ - ရေးသားထားလျှင် ၊ ခြယ်သထားလျှင် သို့မဟုတ် ရေးဆွဲထားလျှင်) အဖြစ်သို့ စတင်ပြုလုပ်သည့်အချိန်မှစ၍ ထိုဖန်တီးမှုက ် အလိုအလျောက် မူပိုင်ခွင့်အကာအကွယ်ရရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် စာပေနှင့်အနုပညာမူပိုင်ခွင့်အတွက် မှတ်ပုံတင်သွင်းရန် မလိုအပ်ပါ။

၂၀၁၉ ခုနှစ် ဥပဒေတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ဆိုင်ရာ ပြဋ္ဌာန်းချက် အသစ်များလည်း ထည့်သွင်းလာပါသည်။ ယေဘုယျအားဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်သည် မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ်ကာလအပြင် ကွယ်လွန်ပြီး သည့်နှစ်မှ နှစ် ၅၀ ဖြစ်ပါသည်။ သို့သော် အရုပ်အသံလက်ရာ(audiovisual work) သို့မဟုတ် ရုပ်ရှင်ဖန်တီးမှုလက်ရာ (Cinematographic work) သည် အများပြည်သူ ရရှိခံစားနိုင်စေရန် ဆောင်ရွက်ပြီးသည့်နှစ်မှ နှစ် ၅၀ အကာအကွယ်ရမည်ဖြစ်ပါသည်။ အသုံးချအနုပညာလက်ရာများသည် ယင်းလက်ရာပြုလုပ်ပြီးသည့်နှစ်မှ ၂၅ နှစ်ကြာသည်အထိ အကာအကွယ်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများနှင့်မြန်မာနိုင်ငံတွင်အခြေစိုက်နေထိုင်သူများက ဖန်တီးထားသောလက်ရာကို စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်ဖြင့် အကာအကွယ်ပေးပါမည်။ သို့သော် ထုတ်လွှင့်ခြင်း၊ အရုပ်အသံနှင့် ရုပ်ရှင်ဖန်တီးမှုလက်ရာများတွင် မူလလက်ရာရှင်သည် မြန်မာနိုင်ငံတွင်အခြေစိုက်နေထိုင်သောသူ သို့မဟုတ် မြန်မာနိုင်ငံတွင်ရုံးစိုက်သူ သို့မဟုတ် လုပ်ငန်းလုပ်နေသူ ဖြစ်ရပါမည်။ ဥပဒေအသစ်အရ သက်ဆိုင်ရာအဆောက်အအုံသည် မြန်မာနိုင်ငံအတွင်းတည်ရှိမှသာ ဗိသုကာလက်ရာများက အကာအကွယ်ရပါမည်။ ၎င်းတို့၏ မူလလက်ရာကို မြန်မာနိုင်ငံတွင် တင်ဆက်ခြင်း သို့မဟုတ် ပထမဆုံးထုတ်ဝေခြင်းဖြစ်လျှင် နိုင်ငံသားဖြစ်ခြင်း သို့မဟုတ် အခြေစိုက်နေထိုင်ခြင်းတို့နှင့် မသက်ဆိုင်ဘဲ ဘဲ မူလလက်ရာရှင်ကို ဥပဒေသစ်အရအကာအကွယ်ပေးပါမည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များတွင် လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်လျှင် အခြားနိုင်ငံများတွင် မြန်မာနိုင်ငံသားများ၏ဖန်တီးမှုများကို စာပေနှင့်အနုပညာမူပိုင်ခွင့်ဖြင့်အကာကွယ်ပေးမည်ဖြစ်ကြောင်း အခန်း ၁.၃ တွင်တွေ့ရပါလိမ့်မည်။

ဥပဒေသစ်တွင် ထိုစကားရပ်ကို ဖွင့်ဆိုချက်မပါသည့်တိုင် အစောပိုင်းတွင်သိထားခဲ့သည့်အတိုင်း ပုံစံတစ်ခုမှ အခြားတစ်ခုသို့ပြောင်းလဲခြင်းဖြစ်သည့် 'မှီငြမ်းထားသည့်လက်ရာများ(Adaptations)' ကိုလည်းကာကွယ်ပေးပါသည်။ ထို့ကြောင့် ဤစာကို ရေးသားစဉ် (၂၀၂၀ စက်တင်ဘာလ) မူကြမ်းရေးဆွဲဆဲဖြစ်သည့် ပေါ်ထွက်လာမည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် ထပ်မံရှင်းလင်းချက်များ ပို၍လိုအပ်ပါသည်။

တခြားသူများက အွန်လိုင်းတွင် တင်လာသောအကြောင်းအရာများ ဥပမာ စာပေနှင့်အနုပညာမူပိုင်ခွင့်ရှိသော အကြောင်းအရာများ ပါဝင်သည့် ဖေ့စ်ဘွက် တင်ပြမှုများကို ဖယ်ရှားပေးရန် မူပိုင်ခွင့်ပိုင်ရှင်များ၏တောင်းဆိုချက်များကို တုံ့ပြန်သောဝက်ဘ်ဆိုက်များက စာပေနှင့်အနုပညာမူပိုင်ခွင့်ချိုးဖောက်ထားခြင်းရှိမရှိကို ရှင်းလင်းရန် အခွင့်အရေးတစ်ခုလည်း ဥပဒေသစ်အတွက် ရပါသည်။ ခေတ်မမီတော့သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ဆိုသည်မှာ မျက်မှောက်ကာလတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သတိပေးချက်များနှင့် ဝက်ဘ်ဆိုက်၊ ဝက်ဘ်ဆိုက် စာမျက်နှာနှင့် ဖိုင်များ အင်တာနက်ပေါ်မှ ဖယ်ရှားခံရခြင်းတို့နှင့်ပတ်သက်၍ ဝက်ဘ်ဆိုက်များအတွက် 'ခိုလှုံရာ' တစ်ခုရှိနေခြင်း ဖြစ်ပါသည်။ထို့ကြောင့် သုံးစွဲသူမျာ၏ ှ စာပေနှင့်အနုပညာမူပိုင်ခွင့်ချိုးဖောက်မှုအတွက် ဝက်ဘ်ဆိုက်များတွင် တာဝန်မရှိခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိအခြားနေရာများတွင် ယင်းကိစ္စအား ကိုင်တွယ်နေသည့် အစီအမံများအကြောင်းကို နောက်ဆက်တွဲ အရင်းအမြစ်များအခန်းတွင် ပိုမိုလေ့လာနိုင်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်တွင် ဥပဒေချိုးဖောက်သူတိုင်းအတွက် ပြင်းထန်သောပြစ်ဒဏ်များလည်း ပါဝင်မှာဖြစ်ပါသည်။ အနိမ့်ဆုံးပြစ်ဒဏ်သည် သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းအောက် မနည်းသောငွေဒဏ်ဖြစ်စေ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀၀၀ ခန့်) ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။ ထပ်မံကျူးလွန်သူများအတွက် ၃ နှစ်မှ ၁၀ နှစ်အထိထောင်ဒဏ်အပြင် ကျပ်သိန်း ၁၀၀ ထက်မပိုသောငွေဒဏ(ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ခန့် )ကို ပြစ်ဒဏ်ချမှတ်ပါလိမ့်မည်။ သို့သော် စာပေနှင့်အနုပညာမူပိုင်ခွင့်ရှိသောလက်ရာကို မူပိုင်ခွင့်ရရှိသူထံမှ ခွင့်ပြုချက်ယူရန်မလိုအပ်ဘဲ အသုံးပြုနိုင်သည့်အခြေအနေအချို့ရှိပါသည်။ (အခန်း ၁.၄ တွင် အဆိုပါ တသီးတသန့်ဖြစ်သော အခြေအနေများကို ဆွေးနွေးထားပါသည်။)

မူပိုင်ခွင့်ဥပဒေသစ်၏ ပုဒ်မ ၉၀ တွင် ဥပဒေအာဏာသက်ရောက်သည့်နေ့မှ ၂ နှစ်အတွင်း မူပိုင်ခွင့်ရှိသော လက်ရာတစ်ခု၏ ခွင့်ပြုချက်မဲ့ မိတ္တူများကို ခွင့်ပြုချက်မပါဘဲ ဖြန့်ချိခွင့်ပြုနိုင် ကြောင်း ပြဋ္ဌာန်းချက်ပါရှိပါသည်။ သို့သော် ထိုကာလကျော်လွန်သည်နှင့် မူပိုင်ခွင့်ရရှိသူ၏ခွင့်ပြုချက်မရှိဘဲ ဖန်တီးထားသောလက်ရာကိုမူပွားခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဝေမျှခြင်း လုပ်နိုင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် ဥပဒေအသစ်နှင့်အညီလိုက်နာကျင့်ကြံရန် အသင့်ဖြစ်စေဖို့ မိမိနှင့် မိမိ၏တက္ကသိုလ် သို့မဟုတ် ကောလိပ်၏ ကျင့်ကြံလုပ်ဆောင်မှုမျတွင် ပြုပြင်ပြောင်းလဲရန် လိုအပ်နိုင်သည်များကို ယခုပင်စတင်တွေးကြည့်ဖို့ အရေးကြီးလှပါသည်။ အခန်း ၁.၄ တွင်အဆင့်မြင့်ပညာရေးကဏ္ဍအပေါ် သက်ရောက်မှုများကို ပို၍အသေးစိတ်ဆွေးနွေးသွားပါမည်။

(မြန်မာဘာသာဖြင့်ဖတနိုင်သော) ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ အပြင် အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့်အနှစ်ချုပ်များကို နောက်ဆက်တွဲ အရင်းအမြစ်များအခန်း တွင်ဖတ်နိုင်ပါသည်။

မြန်မာနိုင်ငံဉာဏပစ္စည်းမူပိုင်ခွင့်ဌာန၏ ဝက်ဘ်ဆိုက်တွင်ရှာဖွေလေ့လာနိုင်သကဲ့သို့ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကိုပုံမှန် တင်ပြသောIP Myanmar၏ ဖေ့စ်ဘွက် စာမျက်နှာတွင်လည်း ကြည့်ရှုနိုင်ပါသည်။

Frontier မဂ္ဂဇင်းကလည်း မြန်မာနိုင်ငံ၏စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် သက်ရောက်နိုင်ခြေများကိုဆန်းစစ်လေ့ရှိသလို EIFL ၏ ဥပဒေအသစ်အပေါ်သုံးသပ်အကဲဖြတ်မှုကိုလည်းဖတ်ရှုနိုင်ပါသည်။

မူပိုင်ခွင့်ဥပဒေသစ်ပါ သီးသန့်အခွင့်အရေးများ

မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်တွင်ထည့်သွင်းထားသော သီးသန့်အခွင့်အရေးများဟုခေါ်သည့် အခြားအခွင့်အရေးအတန်းအစား ၂ မျိုးရှိပါသည်။ ထိုသီးသန့်အခွင့်အရေးများကိုနားလည်ရန်အရေးကြီးပါသည်။ အကြောင်းရင်းမှာ အခန်း ၃.၂ တွင်တွေ့ရမည့်အတိုင်း ထိုအခွင့်အရေးများမှာ လိုင်စင်ရရှိထားပြီး Creative Commons လိုင်စင်များနှင့် အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူ များက ကိုးကားသောကြောင့်ဖြစ်ပါသည်။

  • ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကျင့်ဝတ်ဆိုင်ရာအခွင့်အရေးများသည် နိုင်ငံအများအပြားရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများတွင် သီးခြားခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်အောက်တွင် ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများကို မူလလက်ရာရှင်တစ်ဦး၏တစ်သက်တာကာလအပြင် ၎င်းကွယ်လွန်ပြီးနောက်တွင်လည်း အချိန်ကာလအကန့်အသတ်မရှိအကာအကွယ်ပေးထားပါသည်။ သို့သော် အချို့အခြေအနေများတွင် ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများကို လျှော့ပေါ့ပေးနိုင်ပါသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် စာပေနှင့်အနုပညာလက်ရာများအကာအကွယ်ပေးခြင်းအတွက် ဘန်းသဘောတူညီချက်( the Berne Convention) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ ဘန်းသဘောတူညီချက်၏ ပုဒ်မခွဲ ခွဲ ၆(ခ)တွင် ပို၍လေ့လာနိုင်ပါသည်။ (အခန်း ၁.၃ တွင်ဘန်းသဘောတူညီချက် (Berne Convention)အကြောင်း ပို၍လေ့လာသွားပါမည်။)
  • ဆင်တူပြီးဆက်နွှယ်နေသောအခွင့်အရေးများ(နိုင်ငံအများအပြားတွင် 'အိမ်နီးချင်းအခွင့်အရေးများ'ဟု လူသိများသည့်အခွင့်အရေးများပါဝင်သည်) စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် နီးကပ်စွာ ဆက်နွှယ်နေသည်များမှာ ဆင်တူပြီးဆက်နွှယ်နေသောအခွင့်အရေးများဖြစ်ပါသည်။ ယင်းအခွင့်အရေးများသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ရလက်ရာများနှင့် ဆက်စပ်နေပြီး အထက်တွက်ဖော်ပြထားသည့် မူလလက်ရာရှင်အတွက် အခြေခံအခွင့်အရေးများအပြင် နောက်တိုးသီးသန့်အခွင့်အရေးများပါ ရစေပါသည်။ ယင်းအခွင့်အရေးများမှအချို့ကို နိုင်ငံတကာ သဘောတူစာချုပ်များက ထိန်းချုပ်သော်လည်း နိုင်ငံအလိုက်လည်း ကွဲပြားကြပါသေးသည်။ ယေဘုယျအားဖြင့် မိမိကိုယ်တိုင်က မူလလက်ရာရှင်များ မဟုတ်သော်လည်း ဖန်တီးမှုကို အများပြည်သူအား တင်ဆက်ရာတွင် ပါဝင်ပတ်သက်သူများ ဥပမာ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ် တင်ဆက်ထုတ်လွှင့်သူများနှင့် ဖျော်ဖြေသူများအတွက် ' မူပိုင်ခွင့်နှင့်တူသည့်'အခွင့်အရေးအချို့ကိုပေးရန် ယင်းအခွင့်အရေးများကို ရေးဆွဲထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်၏ အခန်း ၂ တွင် ဆင်တူပြီးဆက်နွှယ်နေသောအခွင့်အရေးများပါဝင်သည်။ အထူးသဖြင့် ဖျော်ဖြေသူများ၊ အရုပ်အသံလက်ရာ ထုတ်လုပ်သူများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ် ရထုတ်လွှင့်သည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်သော ေအခွင့်အရေးများပါဝင်သည်။ ယင်းဥပဒေတွင် အများပြည်သူအား တင်ဆက်မှုသာမက တင်သွင်းခြင်း၊ အင်တာနက်ပေါ်သို့် (မူပွား)လွှဲပြောင်းခြင်းနှင့် ဖြန့်ချိရန်ရည်ရွယ်ချက်ဖြင့် အများပြည်သူသို့ရောင်းချခြင်းများလည်း အကျုံးဝင်သည်။

Creative Commons လိုင်စင်များနှင့် အများပြည်သူပိုင်နေရာဆိုင်ရာ အထောက်အကူများတွင် ယင်းအခွင့်အရေးများအကျုံးဝင်ပါသည်။ ထိုကဲ့သို့ အများပြည်သူကို စာပေ သို့မဟုတ် အနုပညာလက်ရာမျာအားို အခွင့်အရေးများကို မချိုးဖောက်သော နည်းလမ်းများဖြင့် အသုံးပြုခွင့်ပေးခြင်းကို အခန်း ၂ တွင် တွေ့ရပါမည်။

၁.၃။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာ လက္ခဏာများ

Steve Cadman ၏ Globe လိုင်စင်အမှတ် CC BY-SA 2.0

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီကြသော်လည်း မီဒီယာက ကမ္ဘာသုံးဖြစ်နေသော ကမ္ဘာလောကတွင် ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။ တဖြည်းဖြည်းဖြင့် ကမ္ဘာတစ်ဝန်းရှိ မူပိုင်ခွင့်ဥပဒေများကို တညီတညွတ်တည်းဖြစ်စေရန် ကြိုးပမ်းနေကြပါသည်။

သင်ယူမှုရလဒ်များ

သင်တန်း ၏ ယခုအပိုင်း ပြီးဆုံးသည့်အခါ

  • သင့်နိုင်ငံမှ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများသည် အခြားနိုင်ငံများ၏ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေများနှင့်မည်သို့ကွဲပြားသည်ကို ရှင်းပြနိုင်ပါမည်။
  • အရေးကြီးသောအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များနှင့် ကမ္ဘာတစ်ဝန်းရှိဥပဒေများအား တသမတ်တည်းဖြစ်ရန်ကြိုးပမ်းမှုများကို သိရှိလာပါမည်။

ပြန်လည်သုံးသပ်ချက်

အွန်လိုင်းပေါ်တွင် တစ်ခုခုကို လွှင့်တင်သည့်အခါ သို့မဟုတ် ပြန်အသုံးပြုသည့်အခါများတွင် မည်သည့်ဥပဒေနှင့် ငြိစွန်းနေသည်လဲဆိုသည့်အချက်ကို သင်တွေးဖူးပါသလား။ သင့်ဖန်တီးမှုလက်ရာကို အသုံးပြုမှုနှင့် ပတ်သက်၍ အရပ်ဒေသကိုလိုက်ပြီး လူအမျိုးမျိုးတါင် ကန့်သတ်ချက် အမျိုးမျိုးရှိသင့်သည် ဆိုသည့်အချက်က အဓိပ္ပါယ် ရှိပါသလား။ မည်သည့်အတွက်ကြောင့်အဓိပ္ပာယ်ရှိပါသလဲ သို့မဟုတ် မည်သည့်အတွက်ကြောင့်အဓိပ္ပာယ်မရှိပါသလဲ။

ခြုံငုံဖော်ပြချက်

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီသော်လည်း မူပိုင်ခွင့်ရနိုင်သည့်လက်ရာများအား ကမ္ဘာအနှံ့ဖြန့်ချိခြင်းနှင့် မျှဝေခြင်းများကို အင်တာနက်ပေါ်တွင် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်နေပြီဖြစ်ပါသည်။ အင်တာနက်ပေါ်တွင်သင်၏လက်ရာကိုမျှဝေသည့်အခါနှင့် အခြားနိုင်ငံမှ ထုတ်ဝေထားသည့်လက်ရာများကို အသုံးပြုသည့်အခါ သင်မည်သို့ထင်မြင်ပါသနည်း။ အိန္ဒိယနိုင်ငံမှလူတစ်ယောက်က ကင်ညာနိုင်ငံသို့အလည်သွားစဉ်ရိုက်ကူးထားပြီး ယူကျု (YouTube) တွင် တင်ပြသော ဗီဒီယိုတစ်ခုသည် မည်သည့်ဥပဒေနှင့် သက်ဆိုင်မှုရှိပါသနည်း။ ထိုဗီဒီယိုကို ကနေဒါနိုင်ငံမှလူတစ်ယောက်က ကြည့်ရှုခြင်း သို့မဟုတ် ၎င်း၏ကွန်ပြူတာ သို့မဟုတ် အလားတူ စက်ပစ္စည်းတွင် ကူးယူခြင်း (download) ပြုလုပ်လျှင် မည်သည့်ဥပဒေနှင့်သက်ဆိုင်ပါသနည်း။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း မိမိနိုင်ငံအလိုက် ပြဋ္ဌာန်းကြပါသည်။ ရှုပ်ထွေးမှုကိုလျှော့ချရန်အလို့ငှာ ကမ္ဘာတစ်ဝန်းမှမူပိုင်ခွင့်များအလုပ်လုပ်ပုံဆိုင်ရာ အခြေခံအစိတ်အပိုင်းအချို့ကို တညီတညွတ်တည်းဖြစ်စေရန် ကြိုးစားဆောင်ရွက်နေကြပါသည်။

အပြည်ပြည်ဆိုင်ရာစာပေနှင့်အနုပညာမူပိုင်ခွင့်စနစ်ကို မိတ်ဆက်ခြင်း

နိုင်ငံတကာဥပဒေများ

နိုင်ငံတိုင်းတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများကိုယ်စီရှိပါသည်။ သို့သော် မကြာသေးခင်က နှစ်များအတွင်း ယင်းဥပဒေများကို ကမ္ဘာနှင့်အဝန်း အတိုင်းအတာကြီးမားစွာဖြင့် တညီတညွတ်တည်းဖြစ်ရန် လုပ်ဆောင်မှုကို စာချုပ်စာတမ်းများ ၊ နိုင်ငံပေါင်းစုံ နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး သောသဘောတူညီချက်များမှတစ်ဆင့် လုပ်ဆောင်နေပါသည်။ ၎င်းတို့သည် ပါဝင်သောနိုင်ငံများအားလုံးအတွက် အနိမ့်ဆုံးအဆင့် စံချိန်စံညွှန်းများကို သတ်မှတ်ပါသည်။ ထို့နောက် နိုင်ငံများက ၎င်းတို့၏ ကိုယ်ပိုင်ဥပဒေများကို သဘောတူညီထားသော ကန့်သတ်ချက်များနှင့်အညီ ပြဋ္ဌာန်းကြပါသည် သို့မဟုတ် ကိုက်ညီအောင် ပြုလုပ်ကြပါသည်။ ဤစနစ်တွင် ဒေသအလိုက် ကွဲလွဲခွင့် ပေးထားပါသည်။

ယင်းစာချုပ်များနှင့် သဘောတူညီချက်များကို ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)နှင့် သီးသန့်နိုင်ငံများအကြား သီးသန့်စေ့စပ်ညှိနှိုင်းမှုများ အစရှိသည့် ဆွေးနွေးပွဲမျိုးစုံတို့တွင် ညှိနှိုင်းနေကြပါသည်။

အထင်ရှားဆုံးနိုင်ငံတကာသဘောတူညီချက်များမှတစ်ခုမှာ ၁၈၈၆ ခုနှစ်တွင် အပြီးသတ် ညှိနှိုင်းသဘောတူခဲ့သော စာပေနှင့်အနုပညာလက်ရာများအကာအကွယ်ပေးမှုဆိုင်ရာ ဘန်းသဘောတူညီချက် (the Berne Convention)ဖြစ်ပါသည်။ ထိုအချိန်မှစ၍ ဘန်းကွန်ဗင်းရှင်း(The Berne Convention)ကို အကြိမ်ကြိမ် ပြောင်းလဲခြင်းနှင့် ပြင်ဆင်ခြင်းများ ပြုလုပ်လာခဲ့ပါသည်။ WIPO သည် သဘောတူစာချုပ်နှင့် ယင်းကို ပြောင်းလဲခြင်းများနှင့် ပြင်ဆင်ခြင်းများ အား စီမံခန့်ခွဲသည့် အဖွဲ့အစည်းအဖြစ် လုပ်ဆောင်ပြီး ို့ လက်ခံသဘောတူခြင်းနှင့် သဘောတူလက်မှတ်ရေးထိုးခြင်းဆိုင်ရာ တရားဝင်စာချုပ်စာတမ်းများထားရှိရာနေရာဖြစ်ပါသည်။ ၂၀၂၀ ဇွန်လအထိ ဘန်းသဘောတူညီချက်(the Berne Convention) တွင် လက်မှတ်ရေးထိုးခဲ့ကြသည့်အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၉ နိုင်ငံကျော် ရှိနေပြီဖြစ်သည်။ အရှေ့တောင်အာရှ၌ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့သာ လက်မှတ်ထိုးရန်ကျန်ရှိနေပါသည်။ ထိုသဘောတူညီမှုစာချုပ်(ပြင်ဆင်ပြောင်းလဲခဲ့သည့်အတိုင်း)သည် ပါဝင်သည့်နိုင်ငံအားလုံးက သဘောတူညီထားသည့် အခြေခံမူများစွာကို ချမှတ်ထားပါသည်။ အဆိုပါမူများအနက် တစ်ခုသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ကို အလိုအလျောက် ခွင့်ပြုရမည်ဆိုသည်ပင် ဖြစ်ပါသည် ဆိုလိုသည်မှာ စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ရရှိရန် ဥပဒေရေးရာလုပ်ရိုးလုပ်စဉ်များ လိုအပ်ခြင်း မရှိရပါ။ ဥပမာ သဘောတူညီချက်တွင်လက်မှတ်ထိုးထားသည့်နိုင်ငံများ၏ သက်ဆိုင်ရာဥပဒေများက မူပိုင်ခွင့်အကာအကွယ်ရရှိရန် သတ်မှတ်ချက်တစ်ခုအဖြစ် သင်၏မူပိုင်ခွင့်အား မှတ်ပုံတင်ခြင်း သို့မဟုတ် ယင်းအတွက်အခကြေးငွေပေးခြင်းများလုပ်ရန် လိုအပ်ကြောင်း မပြဋ္ဌာန်းနိုင်ပါ။ ယေဘုယျအားဖြင့် ပြင်ဆင်ပြောင်းလဲမှုများလုပ်ထားသည့်ဘန်းသဘောတူညီချက်(the Berne Convention)သည် နိုင်ငံအားလုံးက မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်းဖန်တီးသည့်လက်ရာများကိုပေးသည့် အကာအကွယ်များနှင့်တန်းတူ ပြည်ပနိုင်ငံမှ လက်ရာများကိုလည်း ယင်းနိုင်ငံသည် သဘောတူလက်မှတ်ရေးထိုးထားသည့် နိုင်ငံဟုမှတ်ယူပြီး အကာအကွယ်ပေးရန်လိုအပ်စေပါသည်။ (အပြာဖြင့်)ပြထားသည့်အောက်ပါမြေပုံသည် ၂၀၂၀ ခုနှစ်မှအထိ ဘန်းသဘောတူညီချက် (the Berne Convention)၌ လက်မှတ်ရေးထိုးထားသည့်နိုင်ငံများအားပြပါသည်။

ထို့အပြင် သက်ဆိုင်ရာအကြောင်းအရာအလိုက် ခြွင်းချက်အချို့ရှိသော်လည်း ဘန်းသဘောတူညီချက်(the Berne Convention)က ် ဖန်တီးထားသောလက်ရာများအတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်သက်တမ်းနှင့်စပ်လျဉ်းသည့် အနည်းဆုံးစံသတ်မှတ်ချက်များ_(စံသတ်မှတ်ထားသော စည်းကမ်းချက်များ) ကိုချမှတ်ထားပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်အတွက်ဘန်းသဘောတူညီချက်(the Berne Convention)၏ စံသတ်မှတ်ချက်များသည် အနိမ့်ဆုံးသက်တမ်းကို မူလလက်ရာရှင်၏တစ်သက်တာအပြင် အနှစ် ၅၀ ကာလအထိ သတ်မှတ်ပေးပါသည်။ ဘန်းသဘောတူညီချက်(the Berne Convention) သည် အနိမ့်ဆုံးသက်တမ်းများကိုသာသတ်မှတ်သဖြင့် အချို့နိုင်ငံများသည် မူလလက်ရာရှင်တစ်ဦးချင်းစီအလိုက် ပိုကြာသောစာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းများကိုသတ်မှတ်ထားခဲ့ပါသည်။ ဥပမာ 'မူလလက်ရာရှင်၏တစ်သက်တာအပြင် အနှစ် ၇၀' နှင့်'မူလလက်ရာရှင်၏တစ်သက်တာအပြင် အနှစ် ၁၀၀' တို့ဖြစ်ပါသည်။ အောက်ပါမြေပုံသည် ၂၀၁၂ ခုနှစ်တွင်ရှိသော ကမ္ဘာတစ်ဝန်းရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းများ၏အခြေအနေကိုပြပါသည်။

ကမ္ဘာတစ်ဝန်းရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်ကာလသက်တမ်း Balfour Smith, Canuckguy, Badseed, Martsniez- Duke Universityမှ Balfour Smith ၏မူရင်းပုံ CC BY 3.0

ဘန်းသဘောတူညီချက်(the Berne Convention) အပြင် အခြား အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များစွာက ကမ္ဘာတစ်ဝန်းရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ စည်းကမ်းချက်များကို ပို၍ညီညွတ်လာစေပါသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် ဘန်းသဘောတူညီချက်(the Berne Convention)တွင် လက်မှတ်ထိုးမထားသော်လည်း ဉာဏပစ္စည်းမူပိုင်ခွင့်နှင့်ပတ်သက်သည့် စာချုပ်စာတမ်း ၉ ခုတို့တွင် လက်မှတ်ထိုးထားပါသည်။ ထိုစာချုပ်စာတမ်းများတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)၏ ဉာဏပစ္စည်းမူပိုင်ခွင့်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်မူဘောင်(Framework Agreement on Intellectual Property Cooperation) ၊ ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာအဖွဲ့(WIPO) နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)မှ အဖွဲ့ဝင်များအားလုံးလိုက်နာရသော ဉာဏပစ္စည်းမူပိုင်ခွင့်များ၏ ကုန်သွယ်ရေးဆိုင်ရာ လက္ခဏာများနှင့်စပ်လျဉ်းသည့် သဘောတူညီချက် (TRIPS) တို့ ပါဝင်သည်။ TRIPS အဖွဲ့ဝင်နိုင်ငံများအားလုံးသည် စာပေနှင့်အနုပညာမူပိုင်ခွင့်အပါအဝင် ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေများကိုပြဋ္ဌာန်းရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံအား ့်ဥပဒေများပြဋ္ဌာန်းရမည့်သတ်မှတ်ကာလအား သက်တမ်းတိုးပေးခြင်းကို အကြိမ်ကြိမ်တိုးပေးထားခဲ့ပါသည်။ အကောင်အထည်ဖော်ရန်နောက်ဆုံးသတ်မှတ်ထားသည့်အချိန်မှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ဖြစ်ပါသည်။ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ်များစာရင်းကို နောက်ဆက်တွဲ အရင်းအမြစ်များတွင် ကြည့်ရှုနိုင်ပါသည်။

ရှေ့တွင်လေ့လာခဲ့ရသည့်အတိုင်း လက်ရှိတွင် မြန်မာနိုင်ငံသားများဖန်တီးသည့်လက်ရာများသည် အခြားနိုင်ငံများတွင် တန်းတူသောစာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်များကိုမရရှိသေးပါ။ အခြားနိုင်ငံများတွင် မြန်မာနိုင်ငံသားများဖန်တီးသည့်လက်ရာများ စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ရရှိနိုင်ရန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်ကိုဖော်ဆောင်သည့်အခါ မြန်မာနိုင်ငံသည် ဘန်းသဘောတူညီချက်(the Berne Convention) (၁၈၈၆) ခုနှစ်၊ WIPO ဝီပိုမူပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ် (၁၉၉၆) နှင့် မာရာကက်ရှ် သဘောတူစာချုပ် (Marrakesh Treaty) (၂၀၁၆) တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ရန် လိုအပ်ပါသည်။ ဝီပို နှင့် မာရာကက်ရှ် စာချုပ်များသည် မျက်မမြင်များ သို့မဟုတ် အမြင်အာရုံချို့တဲ့သူများအတွက် ဒစ်ဂျစ်တယ်အရင်းအမြစ်များရရှိစေပြီး အရင်းအမြစ်များဝေမျှခြင်းကိုလွယ်ကူချောမွေ့စေရန် အထောက်အကူပေးပါသည်။

ပြည်တွင်းဥပဒေများ

ဘန်းသဘောတူညီချက်(the Berne Convention)နှင့်အခြားသဘောတူစာချုပ်များ သဘောတူညီချက်များကြောင့် နိုင်ငံတကာဆိုင်ရာမူဘောင်များရှိနေသော်လည်း စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ပြည်တွင်းဥပဒေများဖြင့် ပြဋ္ဌာန်းပြီး စိုးမိုးစေပါသည်။ ပြည်တွင်းမူပိုင်ခွင့်ဦးစီးဌာနများမှ ထိုဥပဒေများအတိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မူပိုင်ခွင့်ရရှိသူများအားအကူအညီပေးခြင်း၊ မှတ်ပုံတင်ရန်ဆောင်ရွက်ခြင်းနှင့် ရှင်းလင်းသောလမ်းညွှန်ချက်များပေးခြင်းတို့ကို ဆောင်ရွက်စေရမည် ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ကမ္ဘာတစ်ဝန်းတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်အတွက်စံသတ်မှတ်ချက်များအနည်းဆုံးဖြစ်စေရန်အထူးကြိုးပမ်းနေကြသော်လည်း သဘောတူစာချုပ်များနှင့်သဘောတူညီချက်များ၏စည်းကမ်းချက်များအား လိုက်နာမှုနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် မတူကွဲပြားမှု ကြီးမားစွာ ရှိနေဆဲဖြစ်ပါသည်။ ဆိုလိုသည်မှာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏အသေးစိတ်အချက်အလက်များသည် နိုင်ငံအလိုက် ကွဲပြားနေကြဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ဦးစီးဌာနအကြောင်းနှင့် သင့်ကိုမည်သို့အကူအညီပေးနိုင်ကြောင်းကို အဆိုပါဌာန၏ဝက်ဘ်ဆိုက်တွင် ပိုမိုလေ့လာနိုင်ပါသည်။

မိမိက စာပေနှင့်အနုပညာမူပိုင်ခွင့်ဖြင့်ကန့်သတ်ထားသည့်လက်ရာတစ်ခုအား အသုံးပြုခြင်းသည် မည်သည့်ဥပဒေနှင့် သက်ဆိုင်ပါသနည်း။

လက်ရာတစ်ခုအား အသုံးပြပုံတစ်ခုသည် မည်သည့်စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့်သက်ဆိုင်သနည်းဆိုသည်မှာ မူပိုင်ခွင့်မူလလက်ရာရှင်များနှင့် ၎င်းတို့၏လက်ရာများကိုအသုံးပြုသူများ မေးကြလေ့ရှိသည့် မေးခွန်းတစ်ခုဖြစ်ပါသည်။ အများအားဖြင့် နယ်မြေဒေသကန့်သတ်ချက်စည်းကမ်းများဖြင့် သက်ဆိုင်ပါသည်။ နိုင်ငံတွင်းဖြစ်ပေါ်သည့် ကိစ္စများအပေါ်တွင်သာ ပြည်တွင်းဥပဒေများ၏ အာဏာစက်သက်ရောက်မှုရှိပါသည်။ ယေဘုယျအားဖြင့် လက်ရာတစ်ခုကိုအသုံးပြုရာနိုင်ငံ၏ဥပဒေက ထိုအသုံးပြုမှုအပေါ် သက်ဆိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံတွင် စာအုပ်တစ်အုပ်အား ဖြန့်ချိပါက ယေဘုယျအားဖြင့် အဆိုပါစာအုပ်ကိုဖြန့်ချိမည့်နိုင်ငံ၏ ဥပဒေအတိုင်း ကျင့်သုံးရမည်ဖြစ်သည်။

ကျင့်သုံးရန်များစွာပိုမိုခက်ခဲသော အင်တာနက်ခေတ်တွင်ပင်လျှင် ယင်းအတိုင်း ကျင့်သုံးရမည်ဖြစ်သည်။ ဥပမာ သင်သည်ဂျာမနီနိုင်ငံသို့ခရီးသွားသည့် ကနေဒါနိုင်ငံသားတစ်ဦးဖြစ်ပြီး ပါဝါပွိုင့်တင်ဆက်စဉ်အတွင်း မူပိုင်ခွင့်ရထားသည့်လက်ရာတစ်ခုကိုသုံးလျှင် ပုံမှန်အားဖြင့် သင်၏အသုံးပြုမှုအား ဂျာမန်ဥပဒေက သက်ရောက်မည် ဖြစ်သည်။

ကြုံရသည့်အခြေအနေအလိုက် သက်ရောက်သည့်ဥပဒေကိုဆုံးဖြတ်ရာတွင် ရှုပ်ထွေးနိုင်ပါသည်။ ထိုရှုပ်ထွေးမှုသည် နေရာဒေသတိုင်းတွင် အာဏာတည်စေရန်ချမှတ်ထားသော Creative Commons လိုင်စင်များ၏ အားသာချက်တစ်ခုဖြစ်ပါသည်။ နောက်အခန်းတွင် Creative Commons အကြောင်းကိုပိုလေ့လာသွားပါမည်။

အပြီးသတ် မှတ်ချက်များ

နိုင်ငံတကာ စာပေနှင့်အနုပညာမူပိုင်ခွင့်စာချုပ်များနှင့် သဘောတူညီချက်များတည်ရှိသော်လည်း တစ်ခုတည်းသော 'နိုင်ငံတကာစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ' မရှိပါ။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေဖြင့်ကာကွယ်ပေးသည့်အရာ၊ မူပိုင်ခွင့်သက်တမ်းကြာမြင့်ချိန်နှင့်ကန့်သတ်ထားသည့်အရာ၊မူပိုင်ခွင့်အားချိုးဖောက်ပါကကျင့်သုံးသည့်ပြစ်ဒဏ်များအတွက် နိုင်ငံအသီးသီးတွင် မတူညီသောစံများရှိပါသည်။

၁.၄ စာပေနှင့်အနုပညာမူပိုင်ခွင့် ခြွင်းချက်များနှင့် ကန့်သတ်ချက်များ

ပုံ Dennis Skley ၏မူပိုင်ခွင့်လိုင်စင်အမှတ်CC BY-ND 2.0

အချို့နိုင်ငံများတွင် ကျင့်သုံးနေသော မျှတစွာအသုံးပြုမှု(Fair use) နှင့် မျှတစွာ ပတ်သက်ဆက်ဆံမှု (fair dealing) များအပါအဝင် စာပေနှင့်အနုပညာမူပိုင်ခွင့်တွင်ပါရှိသော ခြွင်းချက်များနှင့် ကန့်သတ်ချက်များကို မူပိုင်ခွင့်ကြောင့် အများပြည်သူတို့၏အခွင့်အရေးများကိုအလွန်အမင်းကန့်သတ်မှုမဖြစ်စေရန်အတွက် ရေးဆွဲပြဋ္ဌာန်းထားကြပါသည်။

သင်ယူမှုရလဒ်များ

သင်တန်း ၏ ယခုအပိုင်း ပြီးဆုံးသည့်အခါ

  • စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် ပါရှိသည့်ခြွင်းချက်များနှင့်ကန့်သတ်ချက်များနှင့် ၎င်းတို့ရှိရသည့်အကြောင်းရင်းကို နားလည်ပါမည်။
  • စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် ပုံမှန်တွေ့ရတတ်သော ခြွင်းချက်များနှင့်ကန့်သတ်ချက်အချို့တို့ကို ပြောနိုင်ပါမည်။
  • မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်တွင် ပါဝင်သော့ ကန့်သတ်ချက်များနှင့် ခြွင်းချက်များကိုသိရှိလာခြင်းအပြင် အဆင့်မြင့်ပညာရေးနှင့် ဆက်စပ်နေပုံများကိုပါနားလည်လာမည်ဖြစ်သည်။

မိတ်ဆက်ခြင်းများ

မူပိုင်ခွင့်တွင် မူပိုင်ခွင့်ရထားသည့်လက်ရာအား အသုံးပြုခြင်းမှ တားမြစ်သည့်အရာအပေါ် မည်သည့် ကန့်သတ်ချက်များမှ မရှိလျှင် ကမ္ဘာကြီးမည်သို့ဖြစ်နေမည်နည်း။

သူငယ်ချင်းတစ်ယောက်နှင့်အငြင်းအခုံဖြစ်သည့် အသေးအဖွဲ့ကိစ္စအချို့ကို ဖြေရှင်းရန် သင်၏လပ်တော့ပ် သို့မဟုတ် စမတ်ဖုန်းထဲမှ ဂူဂဲလ်ရှာဖွေမှုစနစ်ကိုသုံးရမည်ဟု တွေးကြည့်ပါ။ မိမိရှာဖွေလိုသည်ကို ရိုက်ရှာပါက ဂူဂဲလ်တွင် မည်သည့်အချက်အလက်မှ ပေါ်လာခြင်းမရှိသည်ကိုတွေ့ရမည် ဆိုကြပါစို့။ ထိုသို့ဖြစ်ရခြင်းမှာ စာရေးသူတစ်ယောက်ချင်းစီအပြင် ဝဘ်ဆိုက်ပိုင်ရှင်တစ်ယောက်ချင်းစနှင့်မည်သည့်မူပိုင်ခွင့်သဘောတူစာချုပ်မှ ချုပ်ဆိုထားခြင်းမရှိသောကြောင့် ဂူဂဲလ်အား ဝက်ဘ်ဆိုက်အညွှန်း (web index) တစ်ခုလုံးကို ဖျက်ချလိုက်ရန်တရားရုံးကအမိန့်ချထားကြောင်း သင်ထိုအချိန်တွင် သိလိုက်ရသည်ဆိုပါစို့။ ဝက်ဘ်ဆိုက်စာမျက်နှာတစ်ခုကို မှတ်တမ်းတင်(index)ပြီး ၎င်း၏ရှာဖွေမှုရလဒ်များတွင် သတင်းအတိုအထွာများအား အများပြည်သူသို့ပြသခြင်းကြောင့် အဆိုပါတရားရုံးက ဂူဂဲလ်သည် လူသန်းပေါင်းများစွာ၏စာပေနှင့်အနုပညာမူပိုင်ခွင့်များကိုချိုးဖောက်သည်ဟု ကြေညာထားပြီး ထိုရလဒ်များကိုထပ်မံပြသခွင့်မပြုတော့ဟု ကြေညာလိုက်သည် ဆိုပါစို့။

ကံကောင်းစွာဖြင့် ကမ္ဘာအနှံ့ရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများတွင်ပါဝင်သော ခြွင်းချက်များနှင့် ကန့်သတ်ချက်များကျေးဇူးကြောင့် နိုင်ငံအများအပြားတွင် ထိုစိတ်ကူးကြည့်သည့်အခြေအနေမျိုးသည် ဖြစ်လာနိုင်ဖွယ်မရှိချေ။ ၎င်းစိတ်ကူးကြည့်သည့်ဖြစ်ရပ်သည် မူပိုင်ခွင့်တွင် အခြေခံကန့်သတ်ချက်များနှင့် ခြွင်းချက်များထည့်သွင်းထားခြင်းက လွန်စွာအရေးကြီးကြောင်းပြသသည့် ဥပမာများထဲမှတစ်ခုဖြစ်ပါသည်။

ပြန်လည်သုံးသပ်ချက်

ဖန်တီးထားသောလက်ရာတစ်ခုကို သင်မူပွားခဲ့ဖူးပါသလား လေ့လာရေးလုပ်နေလျှင် သို့မဟုတ် သုတေသနပြုနေလျှင် အချက်အလက်များကို ပုံမှန်အားဖြင့် မည်သို့ရည်ညွှန်းပါသလဲ။ သင်ယူလေ့လာရေးနှင့်သင်ကြားရေးအတွက် ဖန်တီးထားသောလက်ရာကိုမူပွားရန် ခွင့်ပြုချက်တောင်းဖူးပါသလား။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေရှိ ကန့်သတ်ချက်များနှင့်ခြွင်းချက်များ

စာပေနှင့်အနုပညာမူပိုင်ခွင့်က အကြွင်းမဲ့မပြည့်စုံပါ။ ခွင့်ပြုချက်တောင်းရန်မလိုသော မူပိုင်ခွင့်ရထားသည့်လက်ရာများအသုံးပြုမှုအချို့ရှိပါသည်။ ထိုအသုံးပြုမှုများသည် ပုံမှန်အားဖြင့် မူပိုင်ခွင့်ရရှိသူကိုပေးထားသော သီးသန့်အခွင့်အရေးများအပေါ်ကန့်သတ်ချက်များဖြစ်သည်။ မူပိုင်ခွင့်ဥပဒဆိုင်ရာှိ 'ခြွင်းချက်များနှင့်ကန့်သတ်ချက်များ'ဟု သိကြပါသည်။

ဥပဒေပြုသူများသည် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်များဖော်ဆောင်စဉ်က ဖန်တီးထားသောလက်ရာများအား လုံးဝအသုံးမပြုရန်ကန့်သတ်ခြင်းကို ခွင့်ပြုပါက ပြဿနာများစွာဖြစ်လာမည်ဟု နားလည်သဘောပေါက်ခဲ့ကြပါသည်။ ဥပမာ ပညာရှင်များ သို့မဟုတ် ဝေဖန်ရေးဆရာများသည် မူလလက်ရာများကိုကူးယူဖော်ပြခြင်းမပြုလုပ်ဘဲ ပြဇာတ်များအကြောင်းရေးသားခြင်း၊ စာအုပ်များအကြောင်းရေးသားခြင်း၊ ရုပ်ရှင်များအကြောင်းရေးသားခြင်း သို့မဟုတ် အခြားအနုပညာများအကြောင်းရေးသားခြင်းများကို မည်သို့ပြုလုပ်နိုင်မည်နည်း။ (အလွန်ခက်ခဲသွားပါမည်) မူပိုင်ခွင့်ရရှိသူသည် အပျက်သဘောဖြစ်နိုင်သည့်သုံးသပ်ချက်များကိုရေးသားသူအား လိုင်စင်များ သို့မဟုတ် အခြားသောခွင့်ပြုချက်များပေးချင်ပါသလား။ (မပေးနိုင်လောက်ပါ)

နိုင်ငံအများစုတွင် ထိုအကြောင်းရင်းနှင့်အခြားသောအကြောင်းရင်းများကြောင့် အချို့သောအသုံးပြုမှုများကို စာပေနှင့်အနုပညာမူပိုင်ခွင့်မှ ရှင်းလင်းစွာဖယ်ထုတ်ထားပါသည်။ဝေဖန်ရေးရည်ရွယ်ချက်ဖြင့်အသုံးပြုမှုများ၊ အမြင်အာရုံချို့ယွင်းသူများက လက်လှမ်းမီရန်နှင့် သရော်စာများနှင့် အခြားသော ရည်ရွယ်ချက်များဖြင့် အသုံးပြုမှုများ ပါဝင်ပါသည်။

မျှတစွာအသုံးပြုမှု(Fair use)၊ မျှတစွာပတ်သက်ဆက်ဆံမှု (Fair dealing) နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အခြားသောခြွင်းချက်များ၊ ကန့်သတ်ချက်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဒီဇိုင်း၏ အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အချို့နိုင်ငံများသည် မျှတစွာပတ်သက်ဆက်ဆံမှု ကဲ့သို့သော မူပိုင်ခွင့်တွင်ပါရှိသည့်ခြွင်းချက်များနှင့်ကန့်သတ်ချက်များကို ခွင့်ပြုထားသော်လည်း အခြားနိုင်ငံများသည် ခြွင်းချက်များနှင့်ကန့်သတ်ချက်များကိုလုံးဝခွင့်ပြုခြင်းမရှိပါ။ အခြားသူ၏ မူပိုင်ခွင့်ရထားသည့်လက်ရာအပေါ် သင်၏အသုံးပြုမှုသည် 'မျှတလျှင်' သို့မဟုတ် မူပိုင်ခွင့်တွင်ပါရှိသော ခြွင်းချက်ဖြစ်စေ ကန့်သတ်ချက်တွင်ဖြစ်စေ အကျုံးဝင်လျှင် မူလလက်ရာရှင်၏မူပိုင်ခွင့်ကို ချိုးဖောက်ခြင်းမမည်ပါ။ ကမ္ဘာတစ်ဝန်းနှင့် ဘန်းကွန်ဗင်းရှင်း(the Berne Convention)ကဲ့သို့ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များအရ မျှတစွာအသုံးပြုမှု(Fair use)'အကြောင်းကို ပိုမိုသိရှိရန် နောက်ဆက်တွဲ အရင်းအမြစ်များအပိုဒ်တွင် လေ့လာနိုင်ပါသည်။ မူပိုင်ခွင့်တွင်ပါရှိသော ခြွင်းချက်များနှင့် ကန့်သတ်ချက်များသည် နိုင်ငံအလိုက်ကွဲပြားပါသည်။ ယင်းတို့ကို တစ်သမတ်တည်းဖြစ်အောင်လုပ်ရန် ကမ္ဘာတစဝန်းတွင်ဆွေးနွေးမှုများရှိပါသည်။ ကမ္ဘာတစ်ဝန်းရှိနိုင်ငံအများအပြားမှစာကြည့်တိုက်များအတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ခြွင်းချက်များနှင့် ကန့်သတ်ချက်များကို ဤ ဝီပို စာတမ်း၌ နှိုင်းယှဉ်ပြထားပါသည်။

ပုံမှန်အားဖြင့် မူပိုင်ခွင့်ဥပဒေတွင်ရေးထားသော ကန့်သတ်ချက်များနှင့် ခြွင်းချက်များကို အဓိကရေးသားထားပုံနှစ်မျိုးရှိပါသည်။

  • ပထမတစ်မျိုးမှာ စာပေနှင့်အနုပညာမူပိုင်ခွင့်၏ သက်ရောက်ရာနယ်ပယ်ထဲမှ ဖယ်ထုတ်ထားသည့် အထူးပြဿနာများကို စာရင်းသွင်းခြင်းဖြင့်ဖြစ်သည်။ ဥပမာ ဂျပန်နိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် မူပိုင်ခွင့်ရထားသောလက်ရာအား စာသင်ခန်းအတွင်းအသုံးချမှုကို ခွင့်ပြုပေးသည့် အထူးကင်းလွတ်ခွင့်တစ်ခုရှိပါသည်။ ထိုဖြေရှင်းနည်းသည် အများပြည်သူ၏ မည်သို့အသုံးပြုမှုများကို ခွင့်ပြုပေးထားပြီး ယင်းတို့သည်မူပိုင်ခွင့်ချိုးဖောက်ရာမရောက်ကြောင်း ရှင်းရှင်းလင်းလင်း သိစေသည့်အကျိုးကျေးဇူးရှိပါသည်။ သို့သော် အကန့်အသတ်ရှိနိုင်ပါသည်။ အကြောင်းရင်းမှာ ခြွင်းချက်များတွင် တိတိကျကျမပါရှိသော အရာများကို မူပိုင်ခွင့်ဖြင့်ကန့်သတ်ထားသည်ဟု မှတ်ယူနိုင်သည့်အတွက်ဖြစ်ပါသည်။
  • နောက်တစ်နည်းမှာ အထက်တွင်ဖော်ပြခဲ့သည့် အဆင့် ၃ ဆင့်စမ်းသပ်ချက်မူတွင် ခွင့်ပြုမည့်အချက်များနှင့်ပတ်သက်၍ ပြောင်းလွယ်ပြင်လွယ်ရှိသည့်လမ်းညွှန်ချက်များကို ထည့်သွင်းရန်ဖြစ်သည်။ ထို့နောက် တရားရုံးများသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ရရှိသူ၏ခွင့်ပြုချက်မလိုဘဲ ခွင့်ပြုသည့်အသုံးပြုမှုများကို အတိအကျဆုံးဖြတ်သည်။ ပြောင်းလွယ်ပြင်လွယ်ရှိသည့်လမ်းညွှန်ချက်များ၏ အားနည်းချက်မှာ မရေရာမှုများ တိုးလာနိုင်စေခြင်းဖြစ်သည်။ နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းတွင် အမေရိကန်နိုင်ငံ၌ မျှတစွာအသုံးပြုမှု(Fair use)ကို ချမှတ်ပုံများအကြောင်း ပိုလေ့လာနိုင်ပါသည်။

နိုင်ငံအများစုတွင်လည်း မဖြစ်မနေလိုက်နာရမည့် လိုင်စင်ပေးခြင်းစီမံချက်များရှိသည်။၎င်းတို့မှာ စာပေနှင့်အနုပညာမူပိုင်ခွင့်ရရှိသူ၏ သီးသန့်အခွင့်အရေးများအပေါ် ကန့်သတ်ချက်ပုံစံနောက်တစ်မျိုးဖြစ်ပါသည်။ ထိုပြဋ္ဌာန်းဥပဒေပါစနစ်များသည် မူပိုင်ခွင့်ရထားသည့် လက်ရာ(ဥပမာ ဂီတကဲ့သို့)အား ခွင့်ပြုချက်မတောင်းဘဲ အထူးတလည်ဖြစ်သော ပြန်အသုံးပြုမှုပုံစံများရရှိစေနိုင်ပါသည်။ သို့သော် မူပိုင်ခွင့်ပိုင်ရှင်များအား တိကျသောအခကြေးငွေ(ညှိနှိုင်း၍မရသော)ပေးရန်လိုပါသည်။ အစိုးရခွင့်ပြုချက်ရ တီထွင်မှုအသုံးချခွင့်လိုင်စင်အား ကျင့်သုံးသည့်စနစ်များ (Compulsory licensing schemes) တွင် မည်သူမဆိုလက်ရာ၏ မူပိုင်ခွင့်ပိုင်ဆိုင်သူကို အခကြေးငွေပေးနေသ၍စာပေနှင့်အနုပညာမူပိုင်ခွင့်လက်ရာများကို အချို့သောနည်းလမ်းများဖြင့်အသုံးပြုခွင့်ရပါသည်။

မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်အက်ဥပဒေ၏ ခြွင်းချက်များနှင့် အဆင့်မြင့်ပညာရေး

ယခုအခန်း၏ရှေ့ပိုင်းတွင် မူပိုင်ခွင့်ရလက်ရာကိုအသုံးပြုရန်အလို့ငှာ မူပိုင်ခွင့်ရရှိသူ၏ ခွင့်ပြုချက်ကိုတောင်းရန် လိုအပ်ကြောင်း ဖတ်ခဲ့ရပါသည်။ သို့သော် မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်အောက်တွင် စာပေလက်ရာများနှင့်စပ်လျဉ်း၍ ခြွင်းချက်အများအပြားပါရှိပါသည်။ ၎င်းတို့တွင်

  • ပုဂ္ဂလိကအသုံးပြုမှုအတွက် မူပွားခြင်း
  • ကိုးကားခြင်း
  • ပညာရေးရည်ရွယ်ချက်များအတွက်သုံးစွဲခြင်း
  • စာကြည့်တိုက်များ မော်ကွန်းတိုက်များတွင် မူပွားခြင်းနှင့် ဘာသာပြန်ဆိုခြင်း
  • ပုံနှိပ်ရာတွင် သုံးစွဲခြင်း
  • ပြင်ဆင်မှု သို့မဟုတ် အရန်ထားရှိမှုအတွက် ယာယီမူပွားခြင်း
  • မသန်စွမ်းသူများအတွက် သုံးစွဲခြင်း

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအသစ်တွင် အများပြည်သူဆိုင်ရာမူဝါဒ၊ လုံခြုံရေးတို့နှင့် စပ်လျဉ်းသည့် အစိုးရဆောင်ရွက်ချက်တို့မှ တစ်ဆင့် ပေါ်ပေါက်နိုင်သော မည်သည့်မူပိုင်ခွင့်ချိုးဖောက်မှုကိုမဆို ဖယ်ထုတ်ထားပါသည်။

တွေ့ရသည့်အတိုင်း မူပိုင်ခွင့်ဥပဒေအသစ်သည် ပညာရေးရည်ရွယ်ချက်များအတွက်လက်ရာများကို မူပွားခွင့်ပြုပေးပါသည်။ သို့သော် ၎င်းနှင့် ဤအကြောင်းအရာအတွင်းရှိ လက်ရာမူပွားခြင်းနှင့်စပ်လျဉ်းသည့် များစွာသောစည်းမျဉ်းများတွင် ခြွင်းချက်တချို့ရှိနေပါသည်။ ကန့်သတ်ချက်တစ်ခုမှာ စာအုပ်တစ်အုပ်လုံး၊ ဂီတသင်္ကေတ အတွဲအဆက်လိုက် သို့မဟုတ် ဒစ်ဂျစ်တယ်ဒေတာဘေ့စ်တစ်ခုလုံး သို့မဟုတ် ကြီးမားသောအစိတ်အပိုင်းတစ်ခုလုံးကို မူပွား၍မရခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ ပညာရေးရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းဖြစ်စေကာမူ စာအုပ်တစ်အုပ်လုံးမိတ္တူကူးရန်အတွက် မူပိုင်ခွင့်ပိုင်ရှင်ဆီမှ ခွင့်ပြုချက်လိုအပ်သည့်သဘောဖြစ်ပါသည်။

မူပိုင်ခွင့်ဥပဒေအသစ်၏ ပုဒ်မ ၂၇ တွင် ပညာရေးအတွက်နှင့် ညွှန်ကြားထားသည့် ပမာဏများအတွင်း အသုံးပြုသည့်အရင်းအမြစ်များအတွက် ် မူပိုင်ခွင့်ခွင့်ပြုမိန့်ယူရန်မလိုအပ်ပါ။ သို့သော် မူလလက်ရာရှင်/ဖန်တီးသူ၏ အသေးစိတ်အချက်အလက်များနှင့် ကူးယူသည့်လက်ရာကို မဖြစ်မနေထည့်သွင်းရပါမည်။ သက်ဆိုင်သည်များမှာ

  • a.ပုဒ်မ ၂၇ (က)။ ထုတ်ဝေပြီးလက်ရာ၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ သတင်းစာ၊မဂ္ဂဇင်းဂျာနယ်တို့တွင်ပါဝင်သော ဆောင်းပါး၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပညာသင်ကြားရန် ရည်ရွယ်ချက်အတွက် မူပွားခြင်း၊
  • b.(ခ) ပညာရေးဆိုင်ရာ အဖွဲ့အစည်းများက သင်ကြားပို့ချရာတွင် အသုံးပြုမည့် ပုံနှိပ်ထားသော သင်ရိုးများနှင့် အီလက်ထရောနစ်နည်းစနစ်ဖြင့် ပြုလုပ်ထားသော သင်ရိုးများတွင် ပုဒ်မခွဲ (က) အရ ပြုလုပ်ထားသော မိတ္တူများကို ထည့်သွင်းခြင်း။ (ထိုသို့ အီလက်ထရောနစ်နည်းစနစ်ဖြင့် ပြုလုပ်ထားသော သင်ရိုးများကို အသုံးပြုခွင့်ရှိသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှသာ သုံးစွဲနိုင်သည့် လုံခြုံစိတ်ချရသော ကွန်ရက်တွင် ထားရှိရမည်။)
  • c.(ဂ) ယင်းသင်ရိုးများကို သင်ယူမည့် ပုဂ္ဂိုလ်များသည် ယင်းတို့ကိုယ်ပိုင် အသုံးပြုရန်အတွက် လည်းကောင်း၊ စာကြည့်တိုက်တွင် အပ်နှံရန်အတွက်လည်းကောင်း ပုံနှိပ်ပုံစံဖြင့်ဖြစ်စေ၊ အီလက်ထရောနစ် ပုံစံဖြင့်ဖြစ်စေရှိသော စာပေ သို့မဟုတ် အနုပညာလက်ရာများ၏ အစိတ်အပိုင်းများကို မိမိတို့ မှတ်တမ်းပြုစုထားသော စာစဉ်၊ သုတေသန စာတမ်းများအတွက် ပေါင်းစပ်အသုံးပြုခြင်း။

လက်ရှိတွင် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်သည် 'မျှတစွာအသုံးပြုမှု(Fair use)'သို့မဟုတ် 'မျှတစွာ ပတ်သက်ဆက်ဆံမှု (fair dealing)'ဟူသည့်စကားရပ်၏ တိကျသောဖွင့်ဆိုချက်အား ပေးမထားပါ။ ဆိုလိုသည်မှာ ပညာရေးဆိုင်ရာရည်ရွယ်ချက်များအတွက်အသုံးပြုမှုသည် မူပိုင်ခွင့်ကို မတော်တဆအားဖြင့်ချိုးဖောက်ခြင်းမမည်ကြောင်း သေချာစေရန် မူပိုင်ခွင့်အားချိုးဖောက်ခြင်းမရှိဘဲ စာအုပ်တစ်အုပ်၏ရာခိုင်နှုန်းမည်မျှ သို့မဟုတ် စာမျက်နှာအရေအတွက်မည်မျှကို ကူးယူနိုင်သည်ဟူသော ရှင်းလင်းသည့်လမ်းညွှန်ချက်ကိုလိုအပ်ပါသည်။

ပညာရေးတွင် စာအုပ်များနှင့်အရင်းအမြစ်များ၏ ကုန်ကျစရိတ်သည် ဆရာဆရာမများနည်းတူ ကျောင်းသားများအတွက်လည်း ပူပန်စရာဖြစ်ပါသည်။ ယခုအခန်း၏ရှေ့ပိုင်းတွင်တွေ့ခဲ့သည့်အတိုင်း လက်ရှိကျင့်သုံးမှုသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ကို အမြဲထည့်သွင်းစဉ်းစားမည်မဟုတ်ဟု ယူဆရပါသည်။ အမှန်ပြောရလျှင် ယခင်က ကျွန်ုပ်တို့သည်အရင်းအမြစ်များကို အကြိမ်များစွာမိတ္တူကူးယူခဲ့ပြီး ဖြန့်ဖြူးခဲ့နိုင်ပါသည်။ ယခုအခါတွင်မူ စာပေ သို့မဟုတ် အနုပညာလက်ရာတစ်ခုအားကူးယူသည့်အခါ မူပိုင်ခွင့်ချိုးဖောက်နေခြင်းမဟုတ်ကြောင်း သေချာရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့အသုံးပြုသည့် စာပေ သို့မဟုတ် အနုပညာလက်ရာများအား အသိအမှတ်ပြုရည်ညွှန်းခြင်းကိုလည်း သေချာရန်လိုအပ်ပါသည်။

ပြန်လည်သုံးသပ်ချက်

သင်၏ကျင့်သုံးနေသည့်ပုံစံအတွက် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်သည် မည်သည့်အဓိပ္ပာယ်ဆောင်သနည်း။ သင်ကြားရေးနှင့်သင်ယူရေးအတွက်အသုံးပြုသည့်အရင်းအမြစ်များအား ကိုးကားချက်ပေးပါသလား။ သင်အသုံးပြုသည့် အရင်းအမြစ်များ၏မူပိုင်ခွင့်ပိုင်ရှင်များကိုသိပါသလား။ သင်သည် စာအုပ်တစ်အုပ်၏ စာပိုဒ်ကြီးများအား ကူးယူလိုပြီး သင်၏အသုံးပြုမှုသည် ပညာရေးဆိုင်ရာရည်ရွယ်ချက်များအတွက် မျှတစွာအသုံးပြုမှု(Fair use)ပမာဏကို ကျော်လွန်သုံးစွဲခဲ့ပါကယင်းအကြောင်းအရာအားကူးယူနိုင်ရန် ခွင့်ပြုချက်အား မည်သို့တောင်းခံမည်နည်း။

ပို၍ခြုံပြောရလျှင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်သည် ကျွန်ုပ်တို့၏ တက္ကသိုလ်များအပေါ် မည်သို့သက်ရောက်မှုရှိနိုင်သနည်း။ စာကြည့်တိုက်များတွင် စာအုပ်များနှင့်အခြားအရင်းအမြစ်များ အလုံအလောက်ရှိကြောင်း မည်သို့သေချာစေနိုင်သနည်း။ သင်၏တက္ကသိုလ် သို့မဟုတ် ကောလိပ်တွင် အကြံဉာဏ်နှင့် အကူအညီတောင်း၍ရနိုင်သူ တစ်ယောက်ယောက် ရှိပါသလား။ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်ကိုးကားချက် ပေးခြင်းများအားပိုမိုနားလည်လာစေရန် သင်၏လုပ်ဖော်ကိုင်ဖက်များနှင့် ကျောင်းသားများအား မည်သို့ကူညီနိုင်သနည်း။

အပြီးသတ် မှတ်ချက်များ

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ ခြွင်းချက်များနှင့် ကန့်သတ်ချက်များသည် ယင်းမူပိုင်ခွင့်မှပေးသည့်သီးသန့်အခွင့်အရေးများကဲ့သို့အရေးပါပါသည်။ ပြည်သူ့အကျိုးစီးပွားအတွက် အထူးအသုံးပြုမှုများတွင် မူပိုင်ခွင့်ရထားသည့်လက်ရာများကိုသုံးနိုင်စေရန် ထိုအချက်များသည် အများပြည်သူအတွက် လုံခြုံရေးခလုတ်တစ်ခုဖြစ်သည်ဟုစဉ်းစားပါ။ သင်နေထိုင်သည့်နေရာနှင့် သက်ဆိုင်သည့် ခြွင်းချက်များနှင့်ကန့်သတ်ချက်များနှင့် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေသစ်က သင့်အပေါ်မည်သို့ သက်ရောက်နိုင်သည်အားသိရှိရန် အထူးအရေးကြီးပါသည်။ ထိုမှသာ အဆိုပါ အရေးကြီးသော အသုံးပြုသူ အခွင့်အရေးများကို ကောင်းစွာအသုံးချနိုင်ပြီး ထောက်ခံနိုင်မည်ဖြစ်သည်။ အခန်း ၂ တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်(အများပြည်သူပိုင်နေရာ)နှင့်မသက်ဆိုင်သည့်လက်ရာများအား ကြည့်ရှုသွားမည်ဖြစ်ပြီး Creative Commons အားမိတ်ဆက်ပေးသွားပါမည်။

အခန်း ၁ ဉာဏ်စမ်းမေးခွန်းများ