Skip to main content
Printable page generated တနင်္လာ, 29 ဧ 2024, 18:56
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated တနင်္လာ, 29 ဧ 2024, 18:56

အခန်း ၅ ။ CC လိုင်စင်သုံးသောလက်ရာကိုဖန်တီးခြင်း

မိတ်ဆက်

Opens beautiful doors’ ကို UK - Aid က ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ် (spheir.org.uk) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် TIDE စီမံကိန်းအတွက် Visual Thinkery က ဖန်တီးထားပြီး CC BY 2.0 လိုင်စင် သုံးထားပါသည်။

ယခုဆိုလျှင် အခြားသူများဖန်တီးထားသော CC လိုင်စင်ရှိ သည့်ရင်းမြစ်အား အသိအမှတ်ပြုဖော်ပြနိုင်ပြီဖြစ်သောကြောင့် ကျွန်ုပ်တို့၏ကိုယ်ပိုင်လက်ရာများအပြင် OER များကို မှီငြမ်းပြုပြင် ကာ ကျွန်ုပ်တို့ဖန်တီးသည့်လက်ရာများအတွက် ို CC လိုင်စင် အသုံးပြုခြင်းအား အသေးစိတ်လေ့လာကြပါမည်။

Open license ရယူထားသောရင်းမြစ်များအား ရှာဖွေရန်နေရာများနှင့် ၎င်းတို့အားအကဲဖြတ်နည်းကို အခန်း ၄ တွင် ကျွန်ုပ်တို့ လေ့လာခဲ့သည်။ CC လိုင်စင်ရှိ သောရင်းမြစ်အား ရည်ညွှန်းရာ သို့မဟုတ် အသိအမှတ်ပြုဖော်ပြရာတွင် ထည့်သွင်းဖော်ပြရန်လိုအပ်သည့် အချက်အလက်များကိုလည်း လေ့လာခဲ့ပါသည်။ ဤအခန်းတွင် သင်၏ကိုယ်ပိုင်လက်ရာအတွက် CC လိုင်စင်များ ရွေးချယ် အသုံးပြုခြင်းကို အသေးစိတ် လေ့လာပြီး ့် သင်၏ရင်းမြစ်အား လွယ်ကူစွာရှာဖွေနိုင်ကာ ပြန်လည်အသုံးပြုနိုင်ကြစေရန် စဉ်းစားသင့်သည့်အချက်များကို သုံးသပ်သွားပါမည်။ နိဂုံးတွင် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် သုံးထားသောရင်းမြစ်များအား မှီငြမ်းပြုပြင ခြင်းနှင့် ပုံစံမျိုးစုံဖြင့် OER အမျိုးမျိုး ကို ရောစပ်ကာ ကျွန်ုပ်တို့ဖန်တီးထားသော ရင်းမြစ်များအား အသိအမှတ်ပြုဖော်ပြနည်းတို့ကို လေ့လာသွားမည်ဖြစ်သည်။

ဤ ယူနစ်တွင် အခန်း ၃ ခန်း ရှိသည်။

  • ၅.၁ CC လိုင်စင်တစ်ခုအား ရွေးချယ် အသုံးပြုခြင်း
  • ၅.၂ CC လိုင်စင် သုံးပြီးနောက် စဉ်းစားရန်အချက်များ
  • ၅.၃ CC လိုင်စင် သုံးထားသောလက်ရာများကို ပြုပြင်မှီငြမ်းခြင်းနှင့် ပေါင်းစပ်ဖန်တီးခြင်း

ဤ ယူနစ်မှအကြောင်းအရာများကို ထပ်မံလေ့လာလိုပါက နောက်ဆက်တွဲ အရင်းအမြစ်များ တွင် လေ့လာနိုင်ပါသည်။

၅.၁ CC လိုင်စင်တစ်ခုကို ရွေးချယ် အသုံးပြုခြင်း

CC BY Licence Icon. Trademark: Creative Commons

CC လိုင်စင် သက်ရောက်စေသည့် အလုပ်သည် လွယ်ကူသည်။ သို့ရာတွင် ထိုသို့မလုပ်မီ စဉ်းစားသင့်သော အရေးကြီးသည့်အချက်များစွာရှိပါသည်။

သင်ယူမှုရလဒ်များ

ဤ အခန်းကိုတက်ရောက်ပြီးနောက် ...

  • CC လိုင်စင် (သို့) CC0 မသုံးခင် စဉ်းစားသင့်သော အရေးအကြီးဆုံးအချက်များကို သိရှိလာခြင်း
  • CC licence chooser ကိုအသုံးပြုကာ CC လိုင်စင် သက်ရောက်စေခြင်းနှင့် CC ၏ အများပြည်သူပိုင်နေရာအတွက်ရည်ရွယ်သော CC0 လိုင်စင သက်ရောက်စေခြင်း
  • ဆီလျော်သောအချက်များကိုအခြေခံကာ အသုံးပြုမည့်လိုင်စင်အမျိုးအစားကို အကဲဖြတ်နိုင်လာခြင်း

ပြန်လည်သုံးသပ်ချက်

သင်၏လက်ရာအတွက် CC လိုင်စင်အမျိုးအစားကို မည်သို့ရွေးချယ်မည်နည်း။ သင်၏လက်ရာအတွက် လိုင်စင်ထည့်သွင်းတတ်ပါသလား။ လိုင်စင်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် ပြောင်းလဲနိုင်ပါသလား။ ဤ ယူနစ်က အဆိုပါမေးခွန်းများကို ဖြေဆိုစေနိုင်ပါလိမ့်မည်။

မိတ်ဆက်

လက်ရာရှင်များသည် ၎င်းတို့၏လက်ရာများအတွက် CC လိုင်စင် (သို့) CC0 မသုံးမီ မည်သည့်အချက်များကို စဉ်းစားသင့်ပါသနည်း။ CC လိုင်စင်များကို အသုံးပြုကာ မျှဝေရန်ရွေးချယ်ထားသည့် လက်ရာရှင်များအတွက် ရွေးချယ်စရာ များစွာရှိပါသည်။ CC လိုင်စင် (သို့) CC0 မသုံးမီ လိုအပ်သောအခွင့်အရေးအားလုံးရှိ၊ မရှိနှင့် မရှိပါက ယင်းကို အများပြည်သူ သိစေမည့်နည်းလမ်းအပါအဝင် စဉ်းစားရန်အချက်များစွာရှိပါသည်။

သင်ဖန်တီးထားသောလက်ရာအတွက် Creative Commons လိုင်စင် (သို့) CC0 သုံးချင်သလားဆိုသည်ကို မဆုံးဖြတ်ခင် စဉ်းစားရမည့် အရေးကြီးသည့်အချက်တချို့ရှိသည်။

လိုင်စင်များနှင့် CC0 များအား ပြန်ပြောင်း၍မရပါ။

'ပြန်ပြောင်း၍မရ' ဟုဆိုရာတွင် ဥပဒေစည်းမျဉ်းသဘောတူညီချက်များကို ဖျက်သိမ်း၍မရခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ လက်ရာတစ်ခုအတွက် CC လိုင်စင်တစ်ခုကို အသုံးပြု သည်နှင့်တစ်ပြိုင်နက် မူပိုင်ခွင့်သက်တမ်းကုန်သည်အထိ လိုင်စင်သည် သက်ရောက်နေမည်ဖြစ်သည်။ ပြန်လည်အသုံးပြုသူများ၏အမြင်ရှုထောင့်မှကြည့်လျှင် CC လိုင်စင်များ၏ ယင်းအချက်ကို များစွာ နှစ်ခြိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် CC လိုင်စင်အရ ခွင့်ပြုထားသော အခွင့်အရေးများကို ဖန်တီးသူက စိတ်ကူးပေါက်သလို ပြန်လည်ရုပ်သိမ်းခြင်းမလုပ်နိုင်သည်ကို သိထားသဖြင့် ၎င်းတို့တွင်ယုံကြည်ချက်ရှိသည်။

လိုင်စင်များသည် ပြန်ပြောင်း၍မရသောကြောင့် လက်ရာတစ်ခုအပေါ် CC လိုင်စင်အသုံးပြုရန် မဆုံးဖြတ်ခင် ရွေးချယ်စရာများကို ဂရုတစိုက်စဉ်းစားရန် လွန်စွာအရေးကြီးပါသည်။

သင့်တွင် လက်ရာတစ်ခု၏ စာပေနှင့်အနုပညာမူပိုင်ခွင့်အား ပိုင်ဆိုင်ခွင့် (သို့) ထိန်းချုပ်ခွင့်ရှိရမည်။

လိုင်စင် သုံးလိုက်သော မည်သည့်လက်ရာမဆို၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ကို ထိန်းချုပ်နိုင်ရမည်။ ဥပမာ - သင်သည် အများပြည်သူပိုင်နေရာ တွင်ရှိသော လက်ရာ၏မည်သည့်မူပိုင်ခွင့်ကိုမဆို မပိုင်ဆိုင်ပါ (သို့) မထိန်းချုပ်ရ ပါ။ ဥပမာ သင်သည် မေဆွိ၏ သီချင်းတစ်ပုဒ်၏မူပိုင်ခွင့်အား မပိုင်ဆိုင်ပါ (သို့) မထိန်းချုပ်ရ ပါ။

ထို့အပြင် သင် လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် လက်ရာတစ်ခုကို ဖန်တီးလိုက်ပါက သင်သည် ယင်းလက်ရာ၏အခွင့်အရေးများကို ကိုင်ဆောင်သူမဟုတ်နိုင်ပါ။ CC လိုင်စင် မသုံးခင် သင်၏အလုပ်ရှင်ထံမှ ခွင့်ပြုချက်တောင်းခံရန်လိုအပ်သည်။ CC လိုင်စင် မသုံးခင် သင် သက်ရောက်စေ မည့်လက်ရာ၏ မူပိုင်ခွင့်သည် သင်၌ရှိပါသလားဆိုသည်ကို သတိပြုပါ။

မည်သည့် Creative Commons လိုင်စင်များကို အသုံးပြုသင့်လဲ

Creative Commons လိုင်စင် ၆ မျိုးသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ကိုထိန်းသိမ်းထားပြီး မိမိလက်ရာများအား အများပြည်သူထံ ဝေမျှချင်သည့် လက်ရာရှင်များတွက် ရွေးချယ်ခွင့်များစွာ ပေးပါသည်။ မိမိနှင့်သင့်တော်သည့်လိုင်စင်ကိုရွေးချယ်ရန် အကောင်းဆုံးသောနည်းလမ်းမှာ မျှဝေရသည့်အကြောင်းရင်းနှင့် အခြားသူများ သင့်လက်ရာကိုအသုံးပြုစေချင်သည့်ပုံစံကို စဉ်းစားခြင်းဖြစ်သည်။

ဥပမာ - အောက်ပါမေးခွန်းများကို စဉ်းစားကြည့်ပါ။

  • လူများက သင်၏ဖန်တီးမှုလက်ရာကို အခြေခံပြီး ှ စိတ်ဝင်စားဖွယ်လက်ရာအသစ်များ ပြုလုပ်မည်ဟုထင်ပါသလား။ သင်၏ ရေးသားမှုကို အခြားဘာသာစကားများသို့ ဘာသာပြန်ဆိုခွင့် (သို့) ၎င်းတို့၏ကိုယ်ပိုင်လိုအပ်ချက်အတွက် ပြုပြင်ဖန်တီးခွင့် ပေးချင်ပါသလား။ ထိုသို့ပေးချင်ပါက သင်၏လက်ရာအား မှီငြမ်းပြုပြင် ခွင့်ပြုသောလိုင်စင်ကို ရွေးချယ်သင့်သည်။
  • သင်၏ဓာတ်ပုံလက်ရာများအား ဝီကီပီးဒီးယား (Wikipedia) တွင် ထည့်သွင်းဖော်ပြနိုင်ခြင်းက သင့်အတွက် အရေးကြီးပါသလား။ အရေးကြီးပါက CC BY၊ BY-SA (သို့) CC0 ကိုရွေးချယ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဝီကီပီးဒီးယားသည် အချို့သော အခြေအနေမျိုးမှလွဲ၍ စီးပွားဖြစ်အသုံးပြုခြင်းခွင့်မပြု (NonCommercial) (သို့) ဆင့်ပွားလက်ရာခွင့်မပြု (NoDerivatives) လိုင်စင်တင်ထားသည့် ဓာတ်ပုံများကို ခွင့်မပြုထားပေ။
  • ကမ္ဘာပေါ်ကမည်သူမဆို မည်သည့် ရည်ရွယ်ချက်အတွက်ဖြစ်စေ အသုံးပြုနိုင်စေရန် သင့်လက်ရာ၏မူပိုင်ခွင့်အခွင့်အရေးအားလုံးကို စွန့်လွှတ်ချင်ပါသလား။ စွန့်လွှတ်ချင်ပါက အများပြည်သူပိုင်နေရာအတွက် ရည် စူးသော CC0 ကိုအသုံးပြုရန် စဉ်းစားသင့်သည်။

သင့်အတွက် အကောင်းဆုံးဖြစ်မည့် လိုင်စင်ကိုဆုံးဖြတ်ရာတွင် အကူအညီလိုအပ်ပါက CC Australia မှ သင့်တော်အောင် ပြုပြင်ပြောင်းလဲထားသော အောက်ပါဇယားသည် အသုံးဝင်ပါလိမ့်မည် - သို့ရာတွင် ပါဝင်သောအချက်အလက်များမှာ ဥပဒေရေးရာ အကြံပြုချက်များမဟုတ်သည်ကို သတိပြုပါရန်။ ဇယားထိပ်ဆုံးမှစတင်ကာ သင်၏လိုအပ်ချက်နှင့်အကိုက်ညီဆုံး ဖြစ်နိုင်သော CC လိုင်စင်အား ဆုံးဖြတ်နိုင်ရန် မေးခွန်းများစွာကို ဇယားမှမေးမည်ဖြစ်သည်။

CC Australia ၏ Which Creative Commons licence is right for me တွင်ပါဝင်သော ဇယားအား ပြုပြင်ပြောင်းလဲထားခြင်းဖြစ်သည်။ CC BY 3.0

PDF

မိမိကိုယ်ပိုင်လက်ရာကို CC လိုင်စင်တစ်ခု မည်သို့ သက်ရောက်စေမည်နည်း။

CC လိုင်စင်အသုံးပြုရန်နှင့် အသုံးပြုလိုသည့်လိုင်စင်အမျိုးအစားကို သိရှိပြီဆိုသည်နှင့် သက်ရောက်စေခြင်းမှာ လွယ်ကူရိုးရှင်းပါသည်။ နည်းစနစ်အရ သင်လုပ်ရမည်မှာ သင် သက်ရောက်စေမည့် CC လိုင်စင်ကို ညွှန်ပြရန်သာဖြစ်သည်။ သို့ရာတွင် သက်ဆိုင်ရာ CC လိုင်စင်သဘောတူညီချက်သို့ရောက်စေသော လင့်ခ်တစ်ခုထည့်သွင်းရန် - (သို့) အင်တာနက်မသုံးဘဲ လုပ်ကိုင်နေခြင်းဖြစ်ပါက CC လိုင်စင် URL အား ချရေးထားရန် ကျွန်ုပ်တို့မှ လေးနက်စွာအကြံပြုပါသည်။ ဥပမာအားဖြင့် Attribution 4.0 International (CC BY 4.0) လိုင်စင်အား သင်အသုံးပြုလိုပါကထည့်သွင်းရမည့်လင့်ခ်မှာ https://creativecommons.org/ licences/ by/ 4.0 ဖြစ်သည်။

သင့် ဝက်ဘ်ဆိုက်၏အောက်ခြေ ် (သို့) သင့်လက်ရာ၏ ဖွဲ့စည်းမှုပုံစံနှင့် ကြားခံအရ သင့်တော်သော မည်သည့်နေရာတွင်မဆို သင့်လက်ရာအတွက် မူပိုင်ခွင့်သတိပေးချက်13> နေရာတွင် ယင်းသို့ထည့်သွင်းနိုင်သည်။ အရေးကြီးသည်မှာ CC လိုင်စင်တွင် အကျုံးဝင်သည်တို့ ကို ရှင်းလင်းအောင်ဖော်ပြရန်နှင့် အဆိုပါသတိပေးချက်အား အများပြည်သူ ရှင်းရှင်းလင်းလင်းမြင်နိုင်သည့်နေရာတွင် ထားရှိရန်တို့ဖြစ်သည်။ ထပ်မံသိရှိလိုပါက 'CC လိုင်စင်တစ်ခုဖြင့် ့် သင်၏လက်ရာအား အမှတ်အသားပြုခြင်း တွင် လေ့လာနိုင်ပါသည်။

သင်ရွေးချယ်ထားသော CC လိုင်စင်အမျိုးအစားကို ညွှန်ပြရန်မှာ BC Open Textbooks ၏ အောက်ခြေတွင်ဖော်ပြထားသော သတိပေးချက်ကဲ့သို့ ရိုးရှင်းနိုင်ပါသည်။

အခြားနည်းဖြင့်ရေးသားထားသည်မှလွဲ၍ ဤစာမျက်နှာပါအကြောင်းအရာများကို Creative Commons Attribution 4.0 International Licence ဖြင့် လိုင်စင်တင်ထားပါသည်။

YouTube (သို့) Flickr ကဲ့သို့ ပလက်ဖောင်းပေါ်တွင်ရှိနေပါက သင်ရွေးချယ်လိုက်သော CC လိုင်စင်ဖြင့် သင်၏လက်ရာကို အမှတ်အသားပြုရန် အဆိုပါ ပလက်ဖောင်းများတွင် ပါဝင်ပြီးဖြစ်သော အထောက်အကူများ (built-in tools) ကို အသုံးပြုနိုင်သည်။ အချို့သောပလက်ဖောင်းများ (ဥပမာ - Flickr) သည် လိုင်စင် မူကွဲတစ်မျိုး (ဥပမာ - 2.0) ဖြင့် သင်၏လက်ရာအား မှတ်သားပေးလိမ့်မည်။

သင်၏လက်ရာအတွက် အသင့်တော်ဆုံးလိုင်စင်ကို ရွေးချယ်ရာတွင် ကူညီပေးရန် ရေးဆွဲဖန်တီးထားသော CC licence chooser ကိုကြည့်ပါ။ သင်ကြိုက်နှစ်သက် သည်များကို ညွှန်ပြသော ဇယားကွက်များကို ရွေးချယ်ပြီးပါက သင်၏ရွေးချယ်မှုများအပေါ်မူတည်ပြီး သင့်တော်သောလိုင်စင်ကို chooser မှ ထုတ်ပေးမည်ဖြစ်သည်။ သတိပြုရန်မှာ licence chooser သည် မှတ်ပုံတင်ခြင်းပြုလုပ်ရန်စာမျက်နှာမဟုတ်ပါ။ စံသတ်မှတ်ထားသော HTML code၊ အိုင်ကွန်များ (icons) နှင့် လိုင်စင်အကြောင်းအရာများကိုသာ ရိုးရှင်းစွာထောက်ပံ့ပေးထားမည်ဖြစ်သည်။

ရုပ်သံဖိုင်များမှ အင်တာနက်သုံး၍ ကြည့်ရှုရန်မလိုသော စာရွက်စာတမ်းများအထိ ဖန်တီးမှုအမျိုးမျိုးအတွက် အသုံးပြုထားသော CC လိုင်စင်နမူနာများကို a CC wiki on marking your work with a CC licence နှင့် Creative Commons ၏ licensing examples page တွင် လေ့လာနိုင်ပါသည်။

code အထက်မှ စာသားနှင့် icon ကို မြင်ရပါသလား။ သင်၏လက်ရာအား CC လိုင်စင်နှင့်အမှတ်အသားပြုရန် ၎င်းကို ကူးယူကာ သင်၏လက်ရာပေါ်တွင် ထည့်သွင်းနိုင်ပါသည်။

လိုင်စင်များကဲ့သို့ CC0 တွင်လည်း ကိုယ်ပိုင် chooser ရှိသည်။ သင်၏လက်ရာကို အများပြည်သူပိုင်ပြုလုပ်လိုပါက https://creativecommons.org/ choose/ zero/ waiver တွင် ပြုလုပ်နိုင်သည်။ လိုအပ်သည့်အချက်များဖြည့်စွက်ကာ စည်းကမ်းသတ်မှတ်ချက်များကိုသဘောတူညီပြီးပါက သင်၏လက်ရာကို CC0 နှင့် အမှတ်အသားပြုရန် metadata ကိုအသုံးပြုပါ။

သင်၏လက်ရာအား အခြားနည်းလမ်းဖြင့် အမှတ်အသားပြုလုပ်လိုပါက (သို့) အခြားပုံစံ (ဥပမာ ရုပ်သံဖိုင်တွင် ခရက်ဒစ်စာတန်းထိုးခြင်း) အား အသုံးပြုလိုပါက https://creativecommons.org/ about/ downloads/ သို့ဝင်ရောက်ပြီး CC ရုပ်ပုံ (icon) အားလုံး၏ ဒေါင်းလုတ်ရယူနိုင်သောဗားရှင်းများကို ရယူနိုင်သည်။

သင်၏လက်ရာအား အမှတ်အသားပြုလုပ်ရန် မည်သည့်နည်းလမ်းကိုအသုံးပြုသည်ဖြစ်စေ သင့်တင့်လျောက်ပတ်သော CC လိုင်စင်ပြုလုပ်ရာတွင် အရေးကြီးသောအဆင့် များစွာရှိသည်။ CC လိုင်စင် သုံးသောလက်ရာကို အမှတ်အသားပြုလုပ်ရာတွင် အဆင့် ၃ ဆင့်ရှိပြီး အသေးစိတ်ကို လာမည့်အခန်းများတွင် ဆွေးနွေးသွားပါမည်။

  • သင်၏ကိုယ်ပိုင်လက်ရာကို အမှတ်အသားပြုလုပ်ခြင်း
  • သင်၏လက်ရာက အခြားသူ၏လက်ရာပေါ် အခြေခံမှုရှိမရှိကို ညွှန်ပြခြင်း
  • အခြားသူများဖန်တီးထားသော လက်ရာကို အမှတ်အသားပြုလုပ်ခြင်း

သင်၏ကိုယ်ပိုင်လက်ရာကို အမှတ်အသားပြုလုပ်ခြင်း

ပထမအဆင့်မှာ သင်၏ကိုယ်ပိုင်လက်ရာကို အမှတ်အသားပြုလုပ်ခြင်းဖြစ်သည်။ သို့မှသာ အခြားသူများက သင်၏လက်ရာကို အလွယ်တကူ ရှာဖွေ၊ ပြန်လည်အသုံးပြုနိုင်ကာ သင့်အား နာမည်ဖော်ပြညွှန်းဆိုနိုင်မည်/အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။ သင်၏လက်ရာအားအမှတ်အသားပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ အကြောင်းအရာ၊ အချက်အလက်မှ သင်နှင့်သက်ဆိုင်သောအစိတ်အပိုင်းနှင့် အခြားသူများဖန်တီးထားသော အစိတ်အပိုင်းတို့အတွက် TASL နည်းကို အသုံးပြုခြင်းဖြစ်သည်။

  • T = ခေါင်းစဉ် (Title)
  • A = လက်ရာရှင် (Author) ( ပြန်လည်အသုံးပြုသူများကို အသိအမှတ်ပြု ဖော်ပြရမည့်သူက မည်သူဆိုသည်ကို ပြောပြခြင်း)
  • S = ရင်းမြစ် (Source) ( ပြန်လည်အသုံးပြုသူများကို ရင်းမြစ်၏ အင်တာနက်လင့်ခ်ကို ပေးခြင်း)
  • L = လိုင်စင် (Licence) (CC လိုင်စင်လင့်ခ်ထည့်သွင်းပေးခြင်း)

အသိအမှတ်ပြုဖော်ပြရာတွင် ရည်ရွယ်ချက်သည် လက်ရာကို ပြီးပြည့်စုံသော TASL အချက်အလက်များနှင့် အမှတ်အသားပြုလုပ်ရန်ဖြစ်သည်။ လက်ရာတစ်ခုနှင့်ပတ်သက်ပြီး အချို့သော TASL အချက်အလက်များ မရှိပါက အကောင်းဆုံးကြိုးစား၍ အသေးစိတ်အချက်များကို အတတ်နိုင်ဆုံးထည့်သွင်းဖော်ပြပါ။

လိုင်စင်မူကွဲ (version) 4.0 မှစတင်ကာ ပြန်လည်အသုံးပြုသူများအနေဖြင့် လိုင်စင်များတွင် အသိအမှတ်ပြုဖော်ပြခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခေါင်းစဉ်အားထည့်သွင်းဖော်ပြရန် မလိုအပ်တော့ပေ။ သို့ရာတွင် ခေါင်းစဉ်အားဖော်ပြထားပါက လက်ရာရှင်အား အသိအမှတ်ပြုဖော်ပြရာတွင် ယင်းခေါင်းစဉ်အားထည့်သွင်းရန် CC မှသင့်အား တိုက်တွန်းခြင်းဖြစ်သည်။

မတူညီသောအခြေအနေများတွင် သင်၏ကိုယ်ပိုင်လက်ရာအား အမှတ်အသားပြုလုပ်နည်းနှင့်ပတ်သက်သော နမူနာများကိုလေ့လာလိုပါက CC’s extensive marking page တွင် အချိန်အနည်းငယ်ပေးကာ လေ့လာနိုင်သည်။

ဓာတ်ပုံတစ်ပုံအား TASL အချက်အလက်များနှင့် အမှတ်အသားပြုလုပ်ခြင်း နမူနာကို အောက်တွင်ကြည့်ရှုနိုင်သည်။ အသိအမှတ်ပြုဖော်ပြချက်တွင် သင့်တော်သောလင့်ခ်အားလုံးနှင့်အတူ TASL များကိုဖော်ပြထားသောကြောင့် အောက်ပါဓာတ်ပုံသည် CC အမှတ်အသားပြုလုပ်ရာတွင် ကောင်းမွန်သောနမူနာတစ်ခုဖြစ်သည်။

သင်၏လက်ရာက အခြားသူ၏လက်ရာပေါ် အခြေခံမှုရှိမရှိကို ညွှန်ပြခြင်း

ဒုတိယအဆင့်မှာ သင်၏လက်ရာက အခြားသူ၏လက်ရာပေါ် အခြေခံမှုရှိမရှိကို ညွှန်ပြခြင်းဖြစ်သည်။ သင်၏လက်ရာသည် အခြားလက်ရာတစ်ခုအား ပြုပြင်ဖန်တီးထားခြင်း (သို့) ဆင့်ပွားဖန်တီးထားခြင်းဖြစ်ပါက ယင်းအချက်ကိုထည့်သွင်းပြီး မူလလက်ရာ၏လက်ရာရှင်အား အသိအမှတ်ပြု ဖော်ပြပါ။ သင်ပြုပြင်ဖန်တီးထားသောလက်ရာ၏ လင့်ခ်ကိုပါထည့်သွင်းဖော်ပြကာ ၎င်းလက်ရာ၏လိုင်စင်ကိုပါ ဖော်ပြပါ။

ဥပမာအားဖြင့် သင်သည် အထက်တွင်ဖော်ပြထားသောဓာတ်ပုံအား အသေးစားပြောင်းလဲမှုများ ပြုလုပ်ချင်သည် ဆိုပါစို့။ အောက်ပါ ဥပမာတွင် ဓာတ်ပုံအရောင်ပါဝင်မှုကိုလျှော့ချထားသည်။

ယခုလိုပြုပြင်ထားသောဗားရှင်းအတွက် ကောင်းမွန်သော အသိအမှတ်ပြု ဖော်ပြမှုမှာ -

CC BY 2.0 ဖြင့်လိုင်စင်တင်ထားသော tvolCreative Commons 10th Birthday Celebration San Francisco အား မူရင်းလက်ရာမှ အရောင်ကိုလျှော့ချထားသည်။

အသိအမှတ်ပြု ဖော်ပြချက်တွင် မူရင်းဓာတ်ပုံ၏ ခေါင်းစဉ်၊ လက်ရာရှင်၊ အရင်းအမြစ်နှင့် လိုင်စင်များကို ထည့်သွင်းဖော်ပြထားပြီး မူရင်းဓာတ်ပုံအား မည်သို့ပြုပြင်ထားသည်ကိုပါ ဖော်ပြထားသည်။

အရင်းအမြစ်တစ်ခုတွင် အသေးစားပြောင်းလဲမှုမျာ ပြုလုပ်ထားသော း အခြားဥပမာများအတွက် ဖော်ပြနိုင်သောဥပမာများမှာ အောက်ပါကဲ့သို့သော ဖော်ပြချက်တစ်ခုကို အသုံးပြုနိုင်သည် အတိုင်းဖြစ်သည်။

CC BY 2.0 လိုင်စင်အရ အသုံးပြုထားသော tvolCreative Commons 10th Birthday Celebration San Francisco အား မှီငြမ်းပြုပြင် သည်။

တစ်ခါတစ်ရံ ရင်းမြစ်တစ်ခုတွင် ပိုကြီးမားသော အပြောင်းအလဲများ ပြုလုပ်လိုသည့်ဆန္ဒ ရှိနိုင်ပါသည်။ ထိုအခါ ဆင့်ပွားလက်ရာဖန်တီးခြင်းဖြစ်နိုင်ပါသည်။ အထက်တွင် ဖော်ပြထားသောပုံကို အသုံးပြုပြီး (90fied ဟုခေါ်သည့်) လက်ရာသစ်တစ်ခုကို ဖန်တီးထားသော အောက်ပါဥပမာကို လေ့လာကြပါစို့။

ဤလက်ရာသစ်အတွက် အသိအမှတ်ပြုဖော်ပြချက်တွင် လက်ရာသစ်အတွက် TASL အသေးစိတ် အချက်အလက်ဖြစ်သော ‘90fied’ နှင့် မူရင်းဓာတ်ပုံ၏ အသေးစိတ် အချက်အလက်ဖြစ်သော ‘Creative Commons 10th Birthday Celebration San Francisco’ ပါဝင်သင့်သည်။ ကောင်းမွန်သော အသိအမှတ်ပြု ဖော်ပြမှုမှာ -

‘90fied’ သည် CC BY 2.0 အရ tvol အသုံးပြုထားသော Creative Commons 10th Birthday Celebration San Francisco ၏ ဆင့်ပွားလက်ရာတစ်ခုဖြစ်သည်။ ‘90fied’ ကို [သင့်နာမည်] မှ [လိုင်စင်အမျိုးအစား] ဖြင့် လိုင်စင် ချပေးထားသည်။ ‘Creative Commons 10th Birthday Celebration San Francisco’ ကို CC BY 2.0 လိုင်စင်ချထားသည်။

ဆင့်ပွားလက်ရာများစတင်ဖန်တီးသည်နှင့်တစ်ပြိုင်နက် သင်၏လက်ရာအသစ်များကို မည်သို့လိုင်စင် ချပေးမည်ကို သတိပြုရန်လိုအပ်သည်။ ‘90fied’ လက်ရာအတွက် အသုံးပြုနိုင်သော လိုင်စင်အမျိုးအစားများနှင့် ဆင့်ပွားလက်ရာများကို အခန်း ၅.၃ တွင် လေ့လာပါမည်။

အခြားသူများဖန်တီးထားသော လက်ရာကို အမှတ်အသားပြုလုပ်ခြင်း

တတိယနှင့်နောက်ဆုံးအဆင့်မှာ သင်၏ကိုယ်ပိုင်လက်ရာတွင် ပေါင်းစပ်ထည့်သွင်းထားသော အခြားသူများဖန်တီးထားသော လက်ရာကို အမှတ်အသားပြုလုပ်ခြင်းဖြစ်သည်။ သင်၏ကိုယ်ပိုင်လက်ရာထဲတွင် ပေါင်းစပ်ထည့်သွင်းထားသော ရင်းမြစ်မှန်သမျှအား သင့်တော်မှန်ကန်စွာ ကိုးကားဖော်ပြရန် အရေးကြီးပါသည်။ မည်သို့ကိုးကားဖော်ပြရသည်ကို အခန်း ၅.၃ တွင် ဆက်လက်လေ့လာပါမည်။

လက်ရာ၏မည်သည့်အစိတ်အပိုင်းကို မည်သူဖန်တီးထားသည်နှင့် ယင်းလက်ရာအား မည်သည့်စည်းကမ်းချက်ဖြင့် အသုံးပြုနိုင်သည်ကို အခြားသူများလွယ်ကူစွာ သိစေရန် လုပ်ဆောင်သင့်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် သင်သည် အောက်ပါတို့ကိုဆောင်ရွက်သင့်သည် -

  • လက်ရာ (သို့) လက်ရာ၏အစိတ်အပိုင်းအား အသုံးပြုနိုင်မည့် စည်းကမ်းသတ်မှတ်ချက်များကို သတ်မှတ်ဖော်ထုတ်ခြင်း
  • သင်၏ကိုယ်ပိုင်လက်ရာအသစ်အားဖန်တီးရန် အသုံးပြုခဲ့သော (သို့) သင်၏ကိုယ်ပိုင်လက်ရာတွင် ပေါင်းစပ်ထည့်သွင်းခဲ့သော လက်ရာများ နှင့် သက်ဆိုင်သော အချက်အလက်များ ပေးခြင်း

နောက်ဆုံးမှတ်ချက်

သင်၏လက်ရာ အတွက် CC လိုင်စင် သက်ရောက်စေရာတွင် -

  • သင်၏လိုအပ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သော CC လိုင်စင်ကိုရရှိရန် CC licence chooser ကိုအသုံးပြုရန် ( ဖြစ်နိုင်လျှင် လိုင်စင်ကုတ် (licence code)ကိုအသုံးပြုရန် (သို့) ပါရှိသောစာသားနှင့်လင့်ခ်များအား ကူး ယူအသုံးပြုရန်)
  • (အွန်လိုင်းပလက်ဖောင်းကိုအသုံးပြုနေပါက) သင်၏လက်ရာအား CC လိုင်စင်ဖြင့် အမှတ်အသားပြုလုပ်ရန် နဂိုပါဝင်ပြီးဖြစ်သော CC လိုင်စင် အထောက်အကူများ (built-in CC licence tools) ကိုအသုံးပြုပါ။
  • TASL နည်းဖြင့် သင်၏လက်ရာကိုအမှတ်အသားပြုပြီး အခြားသူများ၏လက်ရာများအား သင့်တင့်စွာအသိအမှတ်ပြုဖော်ပြပါ။

မည်သည့် CC လိုင်စင်သည် အကောင်းဆုံးဖြစ်သည်ဟူသော အဖြေဟူ၍မရှိပါ။ CC လိုင်စင်အားမရွေးချယ်ခင် သင်၏လက်ရာအား ဝေမျှရသည့်အကြောင်းရင်းနှင့် သင့်လက်ရာကို အခြားသူများ ပြုလုပ်စေချင်သည့်အချက်များကို သတိရရန်အရေးကြီးသည်။

၅.၂ CC လိုင်စင် သုံးပြီးနောက် စဉ်းစားရန်အချက်များ

Visual Thinkery မှ စီစဉ်ဖန်တီးခဲ့သော ‘Reciprocity_my’ သည် UK Aid က ရန်ပုံငွေ ထောက်ပံ့သော SPHEIR အစီအစဉ် spheir.org.uk ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် TIDE စီမံကိန်းအတွက် ဖန်တီးခဲ့ခြင်းဖြစ်ပြီး CC BY 2.0 လိုင်စင် သုံးထားပါသည်။

သင်၏လက်ရာအား လွတ်လပ်စွာဖြင့် လွယ်ကူစွာပြန်လည်အသုံးပြုနိုင်ရေးနှင့် ပေါင်းစပ်ဖန်တီးနိုင်ရေး သေချာစေရန် CC လိုင်စင် သက်ရောက်စေခြင်းတစ်ခုတည်းက မလုံလောက်ပါ။

သင်ယူမှုရလဒ်များ

ဤ အခန်းကိုတက်ရောက်ပြီးနောက် ...

  • လိုင်စင်စည်းကမ်းသတ်မှတ်ချက်များအား ပြောင်းလဲခြင်းကို CC က အားမပေးရသည့်အကြောင်းရင်းကို နားလည်လာခြင်း
  • အကြောင်းအရာ (content) တစ်ခု၏ နည်းပညာဆိုင်ရာဖွဲ့စည်းမှုပုံစံ (technical format) ၏အရေးပါပုံကို ဖော်ပြနိုင်ခြင်း
  • CC လိုင်စင်နှင့်ပတ်သက်ပြီး တစ်စုံတစ်ဦးက စိတ်ကူးပြောင်းသွားသည့်အခါ ဖြစ်လာသည့်အရာများကို ဖော်ပြနိုင်ခြင်း
  • သင်၏ OER အား ရယူသုံးစွဲနိုင်ရန်နှင့် မြင်သာစေရန် လုပ်ဆောင်ခြင်း၏ အရေးပါပုံကို နားလည်လာခြင်း

ပြန်လည်သုံးသပ်ချက်

သင်လွယ်ကူစွာ မူပွားခြင်းနှင့် မျှဝေခြင်းမပြုလုပ်နိုင်ခဲ့သော CC လိုင်စင် အသုံးပြုထားသောလက်ရာအား တွေ့ဖူးပါသလား။ စိတ်ကူးသည့်အတိုင်း ပြန်လည်အသုံးပြုနိုင်ရန် ဘယ်အရာက ခက်ခဲစေပါသလဲ။ နည်းပညာဆိုင်ရာဖွဲ့စည်းမှုပုံစံ (technical format) ကြောင့်လား ပြဿနာများ ရှိပါသလား၊ (သို့) လက်ရာအပေါ်ရယူသုံးစွဲခွင့်ကန့်သတ်ချက်များရှိနေခြင်းကြောင့်လား (သို့) အခြားအကြောင်းကြောင့်လား။

မိတ်ဆက်

CC လိုင်စင် သုံးထားသောရင်းမြစ်တစ်ခုကိုဖန်တီးသောအခါ မည်သည့်အချက်များကို စဉ်းစားရန်လိုအပ်သနည်း။ ဤသင်ခန်းစာတွင် CC လိုင်စင်များကို အသုံးပြုခြင်းနှင့်ပတ်သက်၍ ကျွန်တော်တို့မေးချင်နေသောမေးခွန်းအချို့ကို ထည့်သွင်းထားပါသည်။ သင်၏ OER အား အခြားသူများ လက်လှမ်းမီနိုင်ရန်နှင့် မြင်သာစေရန် အရေးကြီးပုံကိုလည်း ဝေဖန်သုံးသပ်ထားသည်။

လွတ်လပ်စွာရယူအသုံးပြုခွင့်ပေးသောလိုင်စင်များအကြောင်းမေးခွန်းများ

CC လိုင်စင်အကြောင်း အမေးများသောမေးခွန်းများနှင့် အဖြေများကိုဖော်ပြထားသည်။ CC လိုင်စင်အကြောင်း မေးခွန်းနှင့်အဖြေများကို Creative Commons အင်တာနက်စာမျက်နှာ၏ မကြာခဏ အမေးများသောမေးခွန်းများကဏ္ဍတွင် ဆက်လက်လေ့လာနိုင်သည်။

CC လိုင်စင်တစ်ခုကို စိတ်ကြိုက်ဖန်တီးနိုင်ပါသလား။

Creative Commons လိုင်စင်များ၏ အရေးအပါဆုံး လက္ခဏာများစွာထဲမှ တစ်ခုမှာ ၎င်းတို့အား စ တသမတ်တည်းဖြစ်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ CC လိုင်စင်အမျိုးအစားတူသော လက်ရာအားလုံးအတွက် စည်းကမ်းနှင့်သတ်မှတ်ချက်များသည် အတူတူပဲဖြစ်သည်။ ယင်း သည် လိုင်စင်များ၏အလုပ်လုပ်ပုံနှင့် ၎င်းတို့၏စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် ပြန်လည်အသုံးပြုသူများ လုပ်ဆောင်ရမည့်အချက်များကို အများပြည်သူ လွယ်ကူစွာ နားလည်စေသည်။

သို့ရာတွင် CC လိုင်စင်များသည် အရာရာနှင့် ကင်းကွာနေပြီး သီးခြားဖြစ်နေသောလက်ရာများအတွက် အကျုံးမဝင်ပါ။ CC လိုင်စင် ရှိသောလက်ရာများသည် ကိုယ်ပိုင်ဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်းများ ရှိသော စာမျက်နှာများပေါ်တွင် များသောအားဖြင့် တည်ရှိသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် ပြန်လည်အသုံးပြုရန် (သို့) မှီငြမ်းပြုပြင် ရန် လွယ်ကူသော ဖွဲ့စည်းမှုပုံစံ (format) များတွင်မရှိပေ။ ၎င်းလက်ရာများကို စျေးနှုန်းတစ်ခုသတ်မှတ်ထားသော ထိတွေ့ကိုင်တွယ်နိုင်သည့်ပုံစံ (hard copy form) ဖြင့် မကြာခဏ ရရှိနိုင်ပါသည်။

သို့ရာတွင် လိုင်စင်များကိုအသုံးပြုသူ များနှင့် အဖွဲ့အစည်းများတွင် ကွဲပြားသောလိုအပ်ချက်များနှင့် လို အင်ဆန္ဒများရှိပါသည်။ တစ်ခါတစ်ရံတွင် ဖန်တီးသူများသည် CC လိုင်စင်များ ပေး ထားသော စံသတ်မှတ်ချက်များထက် အနည်းငယ်ကွဲပြားသောသတ်မှတ်ချက်များကို လိုချင်လေ့ရှိသည်။

လွတ်လပ်စွာ ရယူသုံးစွဲခွင့်ပေးသော စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်များကို စိတ်ကြိုက်ဖန်တီးခြင်းအား ကျွန်တော်တို ှ လေးနက်စွာတားမြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် -

  • ရှုပ်ထွေးမှုကိုဖန်တီးသည်။
  • စိတ်ကြိုက်ဖန်တီးထားသည့် လိုင်စင်များ၏ ကွဲပြားမှုကိုသိရှိစေရန် အသုံးပြုသူများအား အချိန်ယူစေသည်။ း
  • တသမတ်တည်းဖြစ်အောင် ဖန်တီးထားခြင်း၏ အကျိုးကျေးဇူးများကို ချေဖျက်ခြင်း တို့ကို ဖြစ်စေသည်။

CC လိုင်စင်တစ်ခု၏ မည်သည့်စည်းကမ်းသတ်မှတ်ချက်ကိုမဆို ပြောင်းလဲပါက Creative Commons လိုင်စင်ဟု ခေါ်ဆို၍မရသကဲ့သို့ CC ကုန်အမှတ်တံဆိပ်ကိုလည်း အသုံးပြု၍မရပါ။ CC လိုင်စင် ရှိသော လက်ရာအား လုပ်ဆောင်နိုင်သည်များအပေါ် သင်၏သီးခြားသဘောတူညီချက်များ (ဥပမာ - ဝက်ဘ်ဆိုက်တစ်ခု၏ ဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်းများ) မှတစ်ဆင့် ကန့်သတ်ချက်များကို ထည့်သွင်းရန်ကြိုးစားပါကလည်း ဤစည်းမျဉ်းသည် အကျုံးဝင်ပါသည်။ ဥပမာအားဖြင့် သင့် ဝက်ဘ်ဆိုက်ရှိ ဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်းများသည် အများပြည်သူကို (လိုင်စင်စည်းမျဉ်းများကို လိုက်နာပါက) CC လိုင်စင် ရှိသောလက်ရာတစ်ခုကို မူပွား၍မရကြောင်း ပြောဆိုခွင့်မရှိပါ။ သို့ရာတွင် သင်၏ CC လိုင်စင် သုံးထားသောလက်ရာကို ပိုမိုလွတ်လပ်သောစည်းမျဉ်းများသတ်မှတ်ပြီး CC လိုင်စင်ဟု ခေါ်ဆိုနိုင်သည်။ (ဥပမာ - နာမည်ဖော်ပြညွှန်းဆိုခြင်းအားလက်ခံရန် သင်၏အခွင့်အရေးကိုစွန့်လွှတ်ခြင်း)

Creative Commons တွင် ၎င်းစည်းမျဉ်းများကိုဖော်ပြထားသော အသေးစိတ် ဥပဒေရေးရာ မူဝါဒတစ်ရပ် ရှိသော်လည်း ၎င်းတို့အားအသုံးပြုရန် အကောင်းဆုံးနည်းလမ်းမှာ CC လိုင်စင် ရှိသော သင်၏လက်ရာကို လူများအသုံးပြုရာတွင် သင်လုပ်ချင်သည့်အရာက ပိုမိုလွယ်ကူစေမည်လား (သို့) ပိုမိုခက်ခဲစေမည်လားဆိုသည်အား သင့်ကိုယ်သင်ပြန်မေးခြင်းဖြစ်သည်။ ပိုမိုခက်ခဲစေပါက - (အဆိုပါလက်ရာမှ Creative Commons နာမည်အား ဖယ်ရှားခြင်းမပြုလျှင်) - ယေဘုယျအားဖြင့် ၎င်းသည်ကန့်သတ်ချက်ဖြစ်ပြီး သင်ပြုလုပ်၍မရနိုင်ပါ။

အထက်ပါအချက်အားလုံးသည် CC လိုင်စင် ရှိသောလက်ရာကို ဖန်တီးသူများ နှင့်သက်ဆိုင်သည်ကို သတိပြုပါ။အခြားသူ၏ CC လိုင်စင် အသုံးပြုထားသောလက်ရာနှင့်သက်ဆိုင်သော ဥပဒေစည်းကမ်းများကို ဘယ်သောအခါမှ ပြောင်းလဲ၍မရပါ။

CC လိုင်စင် အသုံးပြုထားသောလက်ရာကို ရောင်းချနိုင်ပါသလား။

သင်က ဖန်တီးသူဖြစ်ပါက သင့်လက်ရာကို အမြဲတစေ ရောင်းချနိုင်သည်။ အမှန်အားဖြင့် ပုံနှိပ်မိတ္တူများ (ဥပမာ - ကျောင်းသုံးဖတ်စာအုပ်) ရောင်းချခြင်းနှင့် ဒစ်ဂျစ်တယ် မိတ္တူများ အခမဲ့ထောက်ပံ့ခြင်းသည် CC လိုင်စင်ကိုအသုံးပြုကာ ငွေရှာခြင်းအတွက် အလွန်အသုံးများသောနည်းလမ်းတစ်ခုဖြစ်သည်။ ဥပမာ OpenStax ပြဋ္ဌာန်းစာအုပ်များကို ၎င်းတို့၏အင်တာနက်စာမျက်နှာပေါ်တွင် အခမဲ့ရရှိနိုင်သော်လည်း ပုံနှိပ်မိတ္တူများကိုမူ အမေရိကန်ဒေါ်လာ ၄၀ ဝန်းကျင်ဖြင့် ရောင်းချ သည်။

CC လိုင်စင် ရှိသောလက်ရာ၏ ဒစ်ဂျစ်တယ် မိတ္တူများ (မူပွားများ) အား ရယူသုံးစွဲခွင့်အတွက် အခကြေးငွေကောက်ခံခြင်းသည် ပို၍ပင်ခက်ခဲသည်။ ယင်းကို ခွင့်ပြုနိုင်သည်။ သို့ရာတွင် သင့်လက်ရာ၏မူပွားတစ်ခုအတွက် တစ်စုံတစ်ဦးမှ အခကြေးငွေပေးပြီးသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာ CC လိုင်စင်စည်းကမ်းချက်များအရ အဆိုပါပုဂ္ဂိုလ်သည် ၎င်းမူပွားအား အခြားသူများထံ တရားဝင် အခမဲ့ဖြန့်ချိနိုင်သည်။

အခြားသူ၏ CC လိုင်စင် ရှိသောလက်ရာ ( ထိတွေ့ကိုင်တွယ်နိုင်သော မူပွားဖြစ်စေ၊ ဒစ်ဂျစ်တယ်မူပွားဖြစ်စေ) အား အသုံးပြုခွင့်အတွက် အခကြေးငွေကောက်ခံပါက အဆိုပါလက်ရာ၏ CC လိုင်စင်အား သတိပြုရန်လိုအပ်သည်။ ၎င်း CC လိုင်စင်တွင် စီးပွားဖြစ်အသုံးမပြုရန် (NC) တားမြစ်ချက်ပါဝင်ပါက ၎င်းလက်ရာကို အများပြည်သူမှအသုံးပြုရာတွင် အခကြေးငွေကောက်ခံ၍မရပါ။

လိုင်စင်နှင့်ပတ်သက်ပြီး စိတ်ကူးပြောင်း သွားပါက မည်သို့လုပ်ဆောင်မည်နည်း။

လက်ရာတစ်ခုအတွက် CC လိုင်စင်ကို အသုံးပြုသော ဖန်တီးသူများသည် နောက်ပိုင်းတွင် အခြားစည်းကမ်းချက်များဖြင့် အသုံးပြုခွင့်ပေးရန်ဆုံးဖြတ်တတ်သည်မှာ ရှောင်လွှဲ၍မရသောအခြေအနေဖြစ်သည်။ မူရင်းလိုင်စင်အား ပြန်လည်ရုပ်သိမ်း၍မရစေကာမူ ဖန်တီးသူသည် -

  • မတူ သောလိုင်စင်တစ်ခုဖြင့် လည်း လက်ရာအား အသုံးပြုခွင့်ပေးနိုင်သည်။
  • အင်တာနက်ပေါ်မှ လက်ရာ၏မူပွားအား ဖယ်ရှားနိုင်သည်။

အဆိုပါအခြေအနေများတွင် မူရင်းလိုင်စင ရှိသောလက်ရာအား တွေ့ရှိသူသည် မူပိုင်ခွင့်သက်တမ်းမကုန်ဆုံးခင်အချိန်ထိ ၎င်းလက်ရာအား မူရင်းလိုင်စင်ပါ စည်းကမ်းချက်များအရ တရားဝင်အသုံးပြုခွင့်ရှိသည်။ လက်တွေ့အခြေအနေတွင် ပြန်လည်အသုံးပြုသူက ဖန်တီးသူ၏အသစ်ပေါ်ပေါက်လာသော ဆန္ဒများကို လေးစားမှုတစ်ခုအဖြစ် လိုက်လျောခြင်းပြုနိုင်သည်။

တစ်စုံတစ်ယောက်က မိမိ CC လိုင်စင် သုံးထားသောလက်ရာဖြင့် မိမိ မနှစ်သက်သောအရာတစ်ခုခုကို လုပ်နေရင် မည်သို့လုပ်ပါမလဲ။

အသုံးပြုသူက လိုင်စင်ပါစည်းကမ်းသတ်မှတ်ချက်များအား လိုက်နာနေသရွေ့ လက်ရာရှင် (သို့) လိုင်စင်ပိုင်ရှင်သည် ၎င်းတို့၏လက်ရာအား အသုံးပြုသည့်ပုံစံကို ထိန်းချုပ်၍မရပါ။ သို့ရာတွင် CC လိုင်စင်အားလုံးတွင် လိုင်စင်ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏လက်ရာများနှင့် ဆက်နွှယ်မှုမရှိစေရန် (သို့) ၎င်းတို့သဘောမတူသောလက်ရာများကို အသုံးမပြုရန် ရွေးချယ်ခွင့်ပေးထားသော နည်းလမ်းများစွာ ရှိပါသည်။

ထို့အပြင် သတိပြုရမည့်အချက်များမှာ -

  • လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် (Open license) ရှိသောလက်ရာများအား 'အလွဲသုံးစားပြုလုပ်ခြင်း' များစွာမရှိပါ - CC လိုင်စင် ရှိသောလက်ရာအား အသုံးပြုသူအများစုသည် တာဝန်ယူတတ်ကြပြီး သက်ဆိုင်ရာ လိုင်စင်စည်းကမ်းချက်များကို လိုက်နာကြသည်။
  • မသမာသူများအနေဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ကို အလေးဂရုမပြုပါက ၎င်းတို့ မသမာသောကိစ္စများမလုပ်စေရန် မူပိုင်ခွင့် နှင့်/သို့မဟုတ် open မူပိုင်ခွင့်လိုင်စင်များက မဟန့်တားနိုင်ပါ။

OER အား ရယူသုံးစွဲနိုင်ရန်နှင့် မြင်သာစေရန် သေချာစေခြင်း

သင်၏လက်ရာအား မြင်သာစေရန်နှင့် ရယူသုံးစွဲနိုင်စေရန် စဉ်းစားသင့်သည့်အချက်များကို လေ့လာကြပါစို့။

ရယူသုံးစွဲနိုင်မှုနှင့် ရယူသုံးစွဲခွင့်

ဆိုလိုရင်းအားဖြင့် OER ဆိုသည်မှာ လူတိုင်း ရယူသုံးစွဲနိုင်စေရန် သေချာစေခြင်းဖြစ်သည်။ လူတိုင်းဟုဆိုရာတွင် လူချမ်းသာများ၊ အမြင်နှင့်အကြားအာရုံ ကောင်းမွန်သူများ၊ အင်္ဂလိပ်ဘာသာစကား (သို့) မြန်မာဘာသာစကားကို ဖတ်နိုင်သူများ ကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ အားလုံးကိုဆိုလိုခြင်းဖြစ်သည်။

လက်ရာရှင်များနှင့်အဖွဲ့အစည်းများက ှ OER များကို တည်ဆောက်မျှဝေကြသောကြောင့် ရယူသုံးစွဲရာတွင် အကောင်းဆုံးသောအလေ့အကျင့်များသည် လမ်းညွှန်ချက်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ ဒီဇိုင်းတွင် စတင်စဉ်ကတည်းက ပါဝင်ရန်လိုအပ်သည်။ သင်ယူရေးဆိုင်ရာရင်းမြစ်များအား မသန်စွမ်းသူများအပါအဝင် သင်ယူလေ့လာသူအားလုံး ပြည့်ဝစွာရယူသုံးစွဲနိုင်စေရေးအား သေချာစေရန် တက္ကသိုလ်များတွင် တာဝန်ရှိပါသည်။ National Center on Accessible Educational Materials ၏ အင်္ဂလိပ်ဘာသာဖြင့်ပြောသော ‘Simply said: understanding accessibility in digital learning materials’ ရုပ်သံအားကြည့်ပါ။ Maricopa Community College မှ သင်တန်းကောက်နုတ်ချက် တွင်လည်း လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်းနှင့် သင်ကြားရေးနည်းလမ်းဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များကို ဖတ်ရှုနိုင်ပါသည်။ သင်ယူခြင်းပုံစံအကြောင်းကို ထပ်မံလေ့လာလိုပါက The Open University (UK) တွင် အမျိုးမျိုးသောရင်းမြစ်များကို ကြည့်ရှုနိုင်ပါသည်။ ဤ အကြောင်းအရာ၊ အချက်အလက်များက လုပ်ဖော်ကိုင်ဖက်များအတွက် အသုံးဝင်နိုင်ပါသလား။

သင်က သင် တန်းများ (သို့) သင်ထောက်ကူများကို ကိုယ်တိုင်မဖန်တီးသည့်တိုင် သင်၏တက္ကသိုလ်ရှိ ကျောင်းသားများက ရင်းမြစ်များကို ရယူသုံးစွဲနိုင်စေရန် သင်မည်သို့ပံ့ပေးပေးမည်နည်း။ မြန်မာနိုင်ငံမျက်မမြင်များအသင်း (MNAB) တွင် မြန်မာစာအသံထွက်ဆော့ဖ်ဝဲ (Burmese to Text Speech Software) အပါအဝင် ရင်းမြစ်များအား ရယူသုံးစွဲနိုင်စေရေးဆိုင်ရာ အချက်အလက်များနှင့် ရင်းမြစ်များရှိပါသည်။ ဖော်ပြပါ ဖရန့်တီးယား ၏ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတွင် ပါရှိသော မသန်စွမ်းအခွင့်အရေးများနှင့်ပညာရေး (အင်္ဂလိပ်ဘာသာ)တွင် မြန်မာနိုင်ငံရှိ မသန်စွမ်းကျောင်းသားများအတွက် လက်ရှိပညာရေးထောက်ပံ့မှုများနှင့် လက်လှမ်းမီနိုင်မှုများကို ရေးသားထားသည်။

ဖွဲ့စည်းမှုပုံစံများ

ဖန်တီးမှုလက်ရာတစ်ခုအား CC လိုင်စင် ပေးလိုက်ရုံဖြင့် အခြားသူများအတွက် ၎င်းလက်ရာအား ပြန်လည်အသုံးပြုခြင်းနှင့် ပေါင်းစပ်ဖန်တီးခြင်းတို့ကိုပြုလုပ်ရန် မလွယ်ကူစေပါ။ အောက်ပါအချက်များကို စဉ်းစားပါ။

  • သင်၏အကြောင်းအရာအတွက် မည်သည့်နည်းစနစ်ဆိုင်ရာဖွဲ့စည်းမှုပုံစံ (technical format) ကို အသုံးပြုမည်နည်း။ (ဥပမာ - PDF၊ MP3 (သို့) အခြားဖွဲ့စည်းမှုပုံစံ တစ်ခုခု)
  • လိုင်စင်မှခွင့်ပြုပါက ၎င်းတို့သည် လက်ရာအား အလွယ်တကူ တည်းဖြတ် (သို့) ပေါင်းစပ်ဖန်တီးနိုင်ပါသလား။
  • တည်းဖြတ်ခြင်းနှင့် ပေါင်းစပ်ဖန်တီးခြင်းပြုလုပ်နိုင်စေရန် ရင်းမြစ်အား ဖွဲ့စည်းမှုပုံစံများစွာဖြင့် ထောက်ပံ့ပေးနိုင်ပါသလား။ ဥပမာ - စာသား (text) အား open Doc၊ Word နှင့် RTF format များဖြင့် မျှဝေနိုင်သည်။
  • သင်၏လက်ရာကို လူတွေ ဒေါင်းလုတ်ရယူနိုင်ပါသလား။

ဖန်တီးသူ များစွာသည် ကိုယ်ပိုင်ရည်ရွယ်ချက်ဖြင့် အသုံးပြုလိုသူများအတွက် ပိုမိုလွယ်ကူစေရန်အလို့ငှာ နောက်ဆုံး ‘လက်စသတ်ပြီးသော’ မူအပြင် ၎င်းတို့ဖန်တီးထားသော အကြောင်းအရာ၊ အချက်အလက်၏ တည်းဖြတ်နိုင်သောရင်းမြစ်ဖိုင်များကိုပါ ထည့်သွင်းပေးလေ့ရှိသည်။ ဥပမာ ကိုင်တွယ်ဖတ်ရှုနိုင်သောစာအုပ် (သို့) အီလက်ထရောနစ်စာအုပ် (ebook) အပြင် အခြားသူများအနေဖြင့် အကြောင်းအရာအား ၎င်းတို့၏ကိုယ်ပိုင်လက်ရာထဲသို့ အလွယ်တကူကူးယူပေါင်းထည့်ခြင်းတို့ ပြုလုပ်နိုင်စေသော CC လိုင်စင် ရှိ သည့်စာအုပ်၏ ဖိုင်များကိုပါ ထည့်သွင်းပေးနိုင်သည်။

DRM (ဒစ်ဂျစ်တယ် အခွင့်အရေး စီမံခန့်ခွဲမှု)

သင်၏လက်ရာအတွက် မူပွားခြင်းကို အကာအကွယ်ပေးသော နည်းပညာကဲ့သို့သော ဒစ်ဂျစ်တယ်အခွင့်အရေးစီမံခန့်ခွဲမှု (DRM) ကို အသုံးပြု သည့် ဖြန့်ဖြူးရေးပလက်ဖောင်းကို သုံးစွဲ ခြင်းသည် တမင်တကာ မရည်ရွယ်သော်လည်း ပြန်လည်အသုံးပြုသူများအနေဖြင့် CC လိုင်စင်၏ခွင့်ပြုချက်များကို အသုံးပြုရန် ခက်ခဲစေနိုင်သော အခြားနည်းတစ်နည်း ဖြစ်ပါသည်။ CC လိုင်စင် သုံးထားသောလက်ရာများကို DRM အသုံးပြုသောပလက်ဖောင်းတွင် ထားရှိမည်ဆိုပါက DRM အသုံးမပြုသော အင်တာနက်စာမျက်နှာများတွင်လည်း ထိုလက်ရာများကို ဖြန့်ဖြူးရန် စဉ်းစားသင့်သည်။

အခြားသူလိုင်စင်တင်ထားသောလက်ရာအား ၎င်းတို့၏ခွင့်ပြုချက်မရဘဲ DRM စနစ်အသုံးပြုခြင်းမှ CC လိုင်စင်များက သင့်အားတားမြစ်ထားပါသည်။

မြင်သာစေမှု

ဤသင် တန်းအစပိုင်းတွင် CC လိုင်စင် သုံးထားသောရင်းမြစ်များအား တွေ့ရှိနိုင်သော အမျိုးမျိုးသောနေရာများကို လေ့လာခဲ့ပါသည်။ ထိုပလက်ဖောင်းများတွင်လည်း သင်၏လက်ရာများကို မျှဝေနိုင်သည်။ အင်တာနက်ပေါ်တွင် သင်၏လက်ရာအား မျှဝေရန် အကောင်းဆုံးနေရာများကို ရွေးချယ်ပြီးပါက အခြားသူများက သင်၏လက်ရာအား မှန်ကန်စွာ အသိအမှတ်ပြုဖော်ပြနိုင်စေရန် သက်ဆိုင်သော အချက်အလက်များ ဖော်ပြထားသည်ကို သေချာသင့်သည်။ ရင်းမြစ်တစ်ခုအား အင်တာနက်ပါ်သို့ တင်သောအခါတွင် မက်တာဒေတာ (ဒေတာအတွက်ဒေတာဟု ဖော်ပြလေ့ရှိ) (သို့) tags များကို ထည့်သွင်းနိုင်ပါက သင်၏လက်ရာအား ရှာဖွေရပိုမိုလွယ်ကူစေပါသည်။

နောက်ဆုံးမှတ်ချက်

Creative Commons လိုင်စင်များအသုံးပြုကာ သင်၏လက်ရာအားမျှဝေခြင်းသည် စေတနာကောင်းသောလုပ်ရပ်ဖြစ်သည်။ သို့ရာတွင် ၎င်းတစ်ခုတည်းဖြင့် အခြားသူများက သင်၏လက်ရာကို ပြန်လည်အသုံးပြုကာ ပြုပြင်ပြောင်းလဲရာတွင် လွယ်ကူစေရန် မလုံလောက်ပါ။ သင်ဝေမျှထားသောလက်ရာကို တွေ့ရှိထားသူတစ်ဦး၏ရှုထောင့်မှ အချိန်ယူစဉ်းစားကြည့်ပါ။ ၎င်းတို့အတွက် ဒေါင်းလုတ်ရယူခြင်း၊ ပြန်လည်အသုံးပြုခြင်း နှင့်/သို့မဟုတ် စိစစ်တည်းဖြတ်ခြင်းတို့ ပြုလုပ်ရန် မည်မျှလွယ်ကူပါသလဲ။ ၎င်းတို့အတွက် CC လိုင်စင်မှခွင့်ပြုထားသောအရာများကို လုပ်ဆောင်ရန် ခက်ခဲစေသော ဥပဒေဆိုင်ရာ (သို့) နည်းပညာဆိုင်ရာ အခက်အခဲအတားအဆီးများရှိပါသလား။

ပညာရေးတွင် လွတ်လပ် အကန့်အသတ်မဲ့ခြင်းဆိုသည်မှာ သင့်အနေဖြင့် အသုံးပြုနိုင်သော၊ ပြုပြင်မွမ်းမံနိုင်သော သင်၏ကျောင်းသားများအားမျှဝေနိုင်သောအရာများအပေါ် ရရှိဆောင်ရွက်နိုင်မှု (သို့) ဥပဒေအရ သေချာစေမှုတို့ထက်ပိုပါသည်။ ် လွတ်လပ်အကန့်အသတ်မဲ့သောပညာရေးဆိုသည်မှာ လူတိုင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ပြီး လူသားတို့၏ ရှိသမျှ အသိပညာအကုန်လုံးတွင် အားဖြည့်နိုင်စေရေးအား သေချာစေသော အကြောင်းအရာနှင့် အလေ့အကျင့်များကို ဖန်တီးရေးဆွဲခြင်းကိုဆိုလိုသည်။ ဆရာများနှင့် ကျောင်းသားများသည် အခြားသူများ၏ OER များကို စိစစ်တည်းဖြတ်ကာ OER အသစ်များ ဖန်တီးဝေမျှနေသောကြောင့် ရယူသုံးစွဲနိုင်မှုသည် ရေးဆွဲမှုဆိုင်ရာလုပ်ဆောင်ရမည့်စာရင်းထဲတွင် အမြဲတမ်းပါဝင်သင့်သည်။

၅.၃ CC လိုင်စင် သုံးထားသောလက်ရာများကို ပြုပြင်ပြောင်းလဲခြင်းနှင့် ပေါင်းစပ်ဖန်တီးခြင်း

ဓာတ်ပုံ အသိအမှတ်ပြုချက် City Foodsters‘Combination of chilies’ CC BY 2.0

CC လိုင်စင် သုံးထားသောလက်ရာများအား ပေါင်းစပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းများသည် အနည်းငယ်ရှုပ်ထွေးနိုင်ပါသည်။ ဤသင်ခန်းစာက သင်လိုအပ်သော အထောက်အကူများကို ပေး ပါလိမ့်မည်။

သင်ယူမှုရလဒ်များ

ဤ အခန်းကို လေ့လာပြီးနောက် အောက်ပါတို့ကို လုပ်နိုင်စွမ်းရှိလာမည်။

  • မှီငြမ်းလက်ရာ (သို့) ပေါင်းစပ်ဖန်တီးထားသည့်လက်ရာ ဖန်တီးခြင်းနှင့်ဆိုင်သော အခြေခံဆိုလိုချက်များအား ဖော်ပြနိုင်ခြင်း။
  • ‘လိုင်စင်တစ်မျိုးတည်းဖြင့် ပြန်လည်ဝေမျှရန်’ (ShareAlike) နှင့် ဆင့်ပွားလက်ရာခွင့်မပြု(NoDerivatives) အပိုဒ်များ၏ ကျယ်ပြန့်မှုအတိုင်းအတာကို ရှင်းပြနိုင်ခြင်း
  • လိုင်စင် ကိုက်ညီမှု၏ ဆိုလိုရင်းကို သိရှိလာခြင်းနှင့် ကိုက်ညီသည်ကို ခွဲခြားနိုင်လာခြင်း

ပြန်လည်သုံးသပ်ချက်

သင်ဖန်တီးနေသည့်အရာတွင် အခြားသူဖန်တီးထားသည့် CC လိုင်စင် သုံးထားသောလက်ရာအား အသုံးပြုနိုင်သည့်ပုံစံကို စိတ်ဝင်စားဖူးပါသလား။ ပြန်လည်အသုံးပြုချင်သော CC လိုင်စင်ရှိသည့် လက်ရာကို တွေ့ရှိသော်လည်း ထိုသို့အသုံးပြုပါက သင်၏ဖန်တီးမှုလက်ရာအား ’လိုင်စင်တစ်မျိုးတည်းဖြင့်ပြန်လည်ဝေမျှရန်’ (ShareAlike) ဆိုသော လိုင်စင်အမျိုးအစားကို လျှောက်ထားရန် လိုအပ်သလားဆိုသည်ကို ဝေခွဲမရဖြစ်ဖူးပါသလား။

မိတ်ဆက်

Creative Commons လိုင်စင်တင်ခြင်း၏ အကောင်းဆုံးသောအလားအလာမှာ လက်ရာသစ်များဖန်တီးရန် ကျွန်ုပ်တို့ဆွဲယူအသုံးပြုနိုင်သော ကုန်ကြမ်းအရင်းအမြစ်များ တိုးပွားလာခြင်းပင်ဖြစ်သည်။ ထို အလားအလာအား အမိအရအသုံးချနိုင်ရန် CC လိုင်စင်တင်သုံးထားသောလက်ရာများအား မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် ပေါင်းစပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်ကို နားလည်ရန်လိုအပ်သည်။ ထိုသို့နားလည်နိုင်ရန်အတွက် သက်ဆိုင်သည့် CC လိုင်စင်များအား အထူးအာရုံစိုက်ရန်လိုအပ်သည့်အပြင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်တွင် မှီငြမ်းထားသည့်လက်ရာများဆိုင်ရာ ဥပဒေသဘောတရားများကို ကောင်းစွာနားလည်ထားရန်လည်း လိုအပ်ပါသည်။

လွတ်လပ်စွာ လက်လှမ်းမီစေခြင်းဖြင့် ဆရာများသည် ရင်းမြစ်အား ပိုမိုထိရောက်စွာအသုံးပြုနိုင်လာပြီး ပိုမိုကောင်းမွန်သောသင်ယူမှုနှင့် ပိုထူးချွန်သော ကျောင်းသားများ ပေါ်ထွက်လာစေသော ရလဒ်များကို ဆောင်ကျဉ်းပေးနိုင်သည်။ OER များအား ပေါင်းစပ်ဖန်တီးခြင်းနှင့် ပြုပြင်ခြင်းများပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ ကျောင်းသားများ၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန် OER များအား အဆင့်မြှင့်တင်ခြင်း၊ ဒေသအလိုက် သင့်တော်အောင် ပြုပြင်ခြင်းနှင့် တိုးတက်ကောင်းမွန်စေခြင်းများ ပြုလုပ်နိုင်သည်။ ဥပမာ -

  • OER အား ဒေသသုံးဘာသာစကားတစ်မျိုးသို့ ဘာသာပြန်ဆိုခြင်း
  • ဇီဝဗေဒဆိုင်ရာ အခမဲ့လွတ်လပ်စွာ အသုံးပြုနိုင်သည့်ပြဋ္ဌာန်းစာအုပ် (Open textbook) တစ်အုပ်အား ဒေသတွင်း သိပ္ပံစံသတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် ပြုပြင်ပြောင်းလဲခြင်း
  • အကြားအာရုံချို့ယွင်းနေသောကျောင်းသားအတွက် ရယူသုံးစွဲနိုင်စေရန် OER ပုံစံတူတစ်ခုအား ပြုပြင်မွမ်းမံပေးခြင်း

ပေါင်းစပ်ဖန်တီးခြင်းနှင့် မှီငြမ်းပြုပြင် ခြင်း စိတ်ကူးများ သည် ပညာရေးအတွက် အခြေခံများဖြစ်သည်။ အခြားဆရာများနှင့်လက်ရာရှင်များဖန်တီးထားသော လက်ရာများကို ဖန်တီးမှုအားကောင်းစွာပြန်လည်အသုံးချခြင်းသည် စိတ်ကူးဉာဏ်ကိုရှာဖွေခြင်းထက်ပိုပါသည်။ ကျွန်ုပ်တို့ကျောင်းသားများအတွက် ပညာရေးဆိုင်ရာရင်းမြစ်များကို ဖန်တီးပေးရန် မတူညီသောလက်ရာများကို မူပွားခြင်း၊ ပြုပြင်ပြောင်းလဲခြင်းနှင့် ပေါင်းစပ်ခြင်းတို့ ပြုလုပ်ခြင်းဖြစ်သည်။

OER အား မှီငြမ်းပြုပြင် ခြင်း

CC လိုင်စင် သုံးထားသောလက်ရာအား မူပွားကာ မျှဝေခြင်းသည် ရိုးရှင်းသည်။ သင်က -

  • အသိအမှတ်ပြုဖော်ပြခြင်း (TASL) တစ်ခု ထည့်သွင်းတာ သေချာရမည်။
  • စီးပွားဖြစ်အသုံးပြုရန်ခွင့်မပြုသော (NC) လိုင်စင်များထဲမှ တစ်ခုကို သုံးထားပါက စီးပွားဖြစ်အသုံးပြုခြင်းများအား ရှောင်ကျဉ်ရမည်။

CC လိုင်စင်မှခွင့်ပြုပါက - ဥပမာ ဆင့်ပွားလက်ရာများခွင့်မပြုသော (ND) မပါဝင်ပါက - ရင်းမြစ်အား အပြောင်းအလဲများပြုလုပ်နိုင်ကာ အခြားသူများအား ပြန်လည်ဝေမျှနိုင်သည်။ အခန်း ၅.၁ တွင် ထိုသို့ပြုလုပ်ခြင်းနှင့် အပြောင်းအလဲများကို အသိအမှတ်ပြုနည်းအပါအဝင် ဆင့်ပွားလက်ရာများကိုပါ ဖော်ပြခဲ့ပါသည်။

သို့ရာတွင် အခြားသူများဖန်တီးထားသောလက်ရာများကို ပေါင်းစပ်ထည့်သွင်းခြင်းနှင့် အခြားမတူညီသောရင်းမြစ်များမှ လက်ရာများကိုပေါင်းစပ်ခြင်းမှာ သင်ကြားသည့်ပုံစံနှင့် မူပိုင်ခွင့်ကိစ္စရပ်များတွင် ရှုပ်ထွေးနိုင်ပါသည်။ CC လိုင်စင် သုံးထားသောလက်ရာအား ပြောင်းလဲသည့်အခါ (သို့) လက်ရာအသစ်တစ်ခုထံ ပေါင်းစပ်သည့်အခါတွင် မည်သည့်အချက်များကို စဉ်းစားရန်လိုအပ်သနည်း။

ရှေးဦးစွာ အခြားသူ CC လိုင်စင် သုံးထားသောလက်ရာအား သင်၏အသုံးပြုမှုသည် စာပေနှင့်အနုပညာမူပိုင်ခွင့်၏ ခြွင်းချက် (သို့) ကန့်သတ်ချက် (ဥပမာ မျှတစွာအသုံးပြုမှု (သို့) မျှတစွာ ပတ်သက်ဆက်ဆံမှု) အတွင်း၌ဆိုလျှင် CC လိုင်စင်အရ သင့်တွင် မည်သည့် တာဝန်ဝတ္တရားမှ မရှိပါ။ ထိုသို့မဟုတ်ပါက လက်ရာအား မှီငြမ်းပြုပြင် ရန်ခွင့်ပြုချက်အတွက် CC လိုင်စင်ကို အားကိုးရန်လိုအပ်သည်။

ထိုအခါ ပေါ်ပေါက်လာသည့်မေးခွန်းမှာ သင်ပြုလုပ်နေသည့်အရာက မှီငြမ်းပြုပြင်သည့်လက်ရာတစ်ခု ဖန်တီးနေခြင်း ဖြစ်ပါသလား။

မှီငြမ်းလက်ရာ (သို့မဟုတ် အချို့နိုင်ငံများတွင် ခေါ်ဆိုသကဲ့သို့ ဆင့်ပွားလက်ရာ) သည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် အနုပညာစကားလုံးတစ်လုံးဖြစ်သည်။ အသစ်ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် မှီငြမ်းလက်ရာအမျိုးအစားက အကျုံးဝင်သော်လည်း မည်ကဲ့သို့လေသာ လက်ရာကို ' မှီငြမ်းလက်ရာ' ဟု ရည်ညွှန်းကြောင်း ဖွင့်ဆိုရှင်းလင်းရှင်းခြင်း မပြုသေးသည်ကို အခန်း ၁ တွင် ကျွန်တော်တို့မှတ်သားခဲ့ရသည်။ ယေဘုယျအားဖြင့် ့ မှီငြမ်းလက်ရာဆိုသည်မှာ မူပိုင်ခွင့်အကာအကွယ်ရရှိရန် လုံလောက်သော ကိုယ်ပိုင်ဖန်တီးမှုအခြေအနေရှိသည့် မူပိုင်ခွင့် ရှိသောလက်ရာကို အခြေခံကာ အသစ်ဖန်တီးခြင်းမျိုးကို ဆိုလိုသည်။ ရှင်းလင်းသော စည်းခြားထားမှုအချို့ရှိသော်လည်း ဆုံးဖြတ်ရသည်မှာ အမြဲမလွယ်ကူပါ။ အသစ်ပြန်ဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအရ ပုံစံ (format) ပြောင်းလဲသောလက်ရာများအား မှီငြမ်းလက်ရာအဖြစ် သတ်မှတ်ထားသောကြောင့် မူပိုင်ခွင့်ကိုင်ဆောင်သူထံမှ ခွင့်ပြုချက်တောင်းရန်လိုအပ်သည်။ နိုင်ငံအသီးသီးတွင် မည်သည်က မှီငြမ်းလက်ရာနှင့် ညီမျှသလဲဆိုသည့် အကြောင်းကို ထပ်မံ့လေ့လာလိုပါက Creative Commons မှ ယခုရှင်းလင်းချက်တွင် ဖတ်ရှုနိုင်ပါသည်။ မှီငြမ်းလက်ရာများ၏ ဥပမာအချို့မှာ ဝတ္ထုစာအုပ်ကိုအခြေခံကာ ရိုက်ကူးထားသောရုပ်ရှင်ကား (သို့) ဘာသာစကားတစ်ခုမှ အခြားဘာသာစကားတစ်ခုသို့ ဘာသာပြန်ဆိုထားသောစာအုပ်တို့ဖြစ်သည်။

လက်ရာတစ်ခုအား ပြောင်းလဲထားသည့်အရာမှန်သမျှက မှီငြမ်းလက်ရာအဖြစ် ထွက်ပေါ်မလာနိုင်ပါ။ (ဥပမာ - စာလုံးပေါင်းသတ်ပုံပြင်ဆင်ခြင်း) မှီငြမ်းလက်ရာဟု သတ်မှတ်ရန် မူရင်းလက်ရာအား အခြေခံခြင်းဖြင့် သို့မဟုတ် ယင်းမှ ဆင့်ပွားပေါ်ထွက်လာခြင်းဖြင့် ထွက်ပေါ်လာသည့် လက်ရာဖြစ်ရမည်။ ဆိုလိုသည်မှာ သင်ရေးသားနေသောဆောင်းပါးတွင် ကဗျာရေးနည်းတစ်ခုအား ဖော်ပြရန် ကဗျာတစ်ပုဒ်မှ စာကြောင်းအနည်းငယ်အား အသုံးပြုပါက သင်၏ဆောင်းပါးသည် မှီငြမ်းလက်ရာမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်၏ဆောင်းပါးသည် သင်စာကြောင်းအနည်းငယ် ကူးယူသည့် ကဗျာမှ ဆင့်ပွားပေါ်ထွက်လာခြင်း (သို့) ယင်းကဗျာကို အခြေခံထားခြင်းမဟုတ်၍ ဖြစ်သည် ။ သို့ရာတွင် ယင်းကဗျာ၌ သင်က စာပိုဒ်များပြန်စီစဉ်ကာ စာကြောင်းသစ်များထည့်သွင်းလိုက်ပါက ထွက်ပေါ်လာသည့်လက်ရာကို မှီငြမ်းလက်ရာအဖြစ် အစဉ်အမြဲနီးပါး သတ်မှတ်ခံရမည်ဖြစ်သည်။

လိုင်စင်မူကွဲ 4.0 အရ ဆင့်ပွားလက်ရာဖန်တီးရန်ခွင့်မပြုသော (ND) လိုင်စင်အပါအဝင် CC လိုင်စင်အားလုံးသည် မည်သူမဆို CC လိုင်စင်တင်ထားသောလက်ရာအား မှီငြမ်းလက်ရာတစ်ခုအဖြစ် ဖန်တီးရန် ခွင့်ပြုပေးထားသည်။ ND လိုင်စင်များနှင့် အခြားလိုင်စင်များ၏ ခြားနားချက်မှာ ND လိုင်စင် သုံးထားသောလက်ရာအား မှီငြမ်းထားသည့်လက်ရာကို အခြားသူများနှင့် ဝေမျှ၍မရခြင်းဖြစ်သည်။ ဥပမာအားဖြင့် အသုံးပြုသူတစ်ဦးကို ND လိုင်စင် သုံးထားသောလက်ရာအား မှီငြမ်းထားသည့်လက်ရာများကို ဖန်တီးရန် ခွင့်ပြုသည်။ သို့ရာတွင် မှီငြမ်းလက်ရာများအား ပညာရေးဆိုင်ရာအဖွဲ့အစည်းမှ ကျောင်းသားများအပါအဝင် အခြားသူများနှင့် ဝေမျှရန် ND က ခွင့်မပြုပါ။

CC လိုင်စင် သုံးထားသောလက်ရာတစ်ခုကို သင်၏ ပြန်လည်အသုံးပြု မှုသည် မှီငြမ်းလက်ရာတစ်ခုကို မဖန်တီးပါကမှတ်သားထားသင့်သောအချက်များမှာ -

  • သင်၏ လက်ရာထဲတွင် SA လိုင်စင်ပါရှိသောလက်ရာကိုအသုံးပြုခြင်းဖြစ်ပါက သင်၏ လက်ရာတစ်ခုလုံးအတွက် ‘လိုင်စင်တစ်မျိုးတည်းဖြင့်ပြန်လည်ဝေမျှရန်’ (ShareAlike) ဆိုသော အစိတ်အပိုင်း ပါဝင်သည့်လိုင်စင်ကို သုံးရန်မလိုအပ်ပါ။ ဥပမာအားဖြင့် တင်ဆက်ပြသခြင်း (presentation) ပြုလုပ်ရာတွင် ပြကွက် (slide) တစ်ခုအား သရုပ်ဖော်ရန် CC BY-SA 4.0 ဓာတ်ပုံတစ်ပုံကို အသုံးပြုလိုသည်ဆိုကြပါစို့။ သင်က ၎င်းဓာတ်ပုံအား မှီငြမ်းမည်မဟုတ်သောကြောင့် လိုင်စင်၏ 'SA' အစိတ်အပိုင်းသည် သင်၏တင်ဆက်ပြသခြင်းအတွက် ရွေးချယ်မည့် လိုင်စင်အမျိုးအစားအပေါ် သက်ရောက်ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဓာတ်ပုံသည် သီးခြားတည်ရှိနေမည်ဖြစ်သည်။ အသေးစိတ်ကို အောက်တွင်ပါရှိသော လက်ရာပေါင်းချုပ်များ သို့မဟုတ် စုစည်းထားမှုများအကြောင်း ဆွေးနွေးချက်များတွင် လေ့လာသွားပါမည်။
  • ND ကန့်သတ်ချက်သည် ND လိုင်စင် ရှိသောလက်ရာအား အသုံးပြုခြင်းမှ သင့်ကိုမတားမြစ် ပါ။ အဘယ်ကြောင့်ဆိုသော် ND လိုင်စင် ရှိသောလက်ရာအား သင်က မှီငြမ်းခြင်း (သို့) ဆင့်ပွားလက်ရာများဖန်တီးခြင်း မဟုတ်ပါ။
  • အသိအမှတ်ပြုဖော်ပြခြင်း နှင့် သက်ဆိုင်မှုရှိလျှင် စီးပွားဖြစ်ရောင်းချခြင်းမပြု (NC) တားမြစ်ချက် ကိုလိုက်နာသရွေ့ သင် မှီငြမ်းမထားသော CC လိုင်စင် သုံးထားသည့်လက်ရာများကို အခြားလက်ရာများနှင့် ပေါင်းစပ်နိုင်သည်။

CC လိုင်စင် သုံးထားသောလက်ရာကို သင်၏ပြန်လည်အသုံးပြုမှု သည် မှီငြမ်းလက်ရာတစ်ခုအား ဖန်တီးပါက မှီငြမ်းလက်ရာအား မျှဝေနိုင်ခြင်း ရှိ၊ မရှိနှင့် မျှဝေပုံတို့အပေါ်တွင် ကန့်သတ်ချက်များရှိသည်။ ၎င်းတို့အား နောက်အခန်းများတွင် လေ့လာသွားမည်ဖြစ်သည်။ သို့ရာတွင် ရှေးဦးစွာ အကြောင်းအရာ၊ အချက်အလက်များကို စုစည်းထားမှုများ သို့မဟုတ် လက်ရာပေါင်းချုပ်များကို လေ့လာကြပါစို့။

မှီငြမ်းလက်ရာများ/ ပေါင်းစပ်ဖန်တီးထားသည့်လက်ရာများနှင့် လက်ရာပေါင်းချုပ်များ

မှီငြမ်းလက်ရာများနှင့် လက်ရာပေါင်းချုပ်များ၏ ခြားနားချက်မှာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေရှိ အရှုပ်ထွေးဆုံးအယူအဆသဘောတရားများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ခြားနားချက်များ ရှင်းလင်းသည့်အခြေအနေများစွာရှိသော်လည်း ဒွိဟဖြစ်စေသော အခြေအနေလည်း များစွာရှိပါသည်။ မှီငြမ်းလက်ရာများနှင့် ပေါင်းစပ်ဖန်တီးထားသည့်လက်ရာများ၏ ခြားနားချက်မှာ တရားစီရင်ပိုင်ခွင့်အလိုက် ကွဲပြားသည်။ ကိုးကားရန် ခိုင်မာ၍ အပြီးအပြတ်ဖြစ်သောစည်းမျဉ်းများ အနည်းအကျဉ်းသာ ရှိသောကြောင့် တရားစီရင်ပိုင်ခွင့်တစ်ခုအတွင်းမှာပင် ၎င်းနှစ်ခုကြား တရားသူကြီး၏ဆုံးဖြတ်ချက်သည် တိမ်းစောင်းနိုင်ပါသည်။

မှီငြမ်းလက်ရာ သို့မဟုတ် ပေါင်းစပ်ဖန်တီးထားသည့်လက်ရာနှင့်မတူဘဲ လက်ရာပေါင်းချုပ်တွင် သီးခြားဖြစ်ကာ အမှီအခိုကင်းသော ဖန်တီးမှုလက်ရာများကို တလုံးတစည်းတည်း စုပေါင်းထားသည် အစုအဖွဲ့ဖြင့်ပါဝင်ကြပါသည်။ စုစည်းမှုတစ်ခု သို့မဟုတ် လက်ရာပေါင်းချုပ်တစ်ခုသည် မှီငြမ်းလက်ရာတစ်ခုမဟုတ်ပါ။ မှီငြမ်းလက်ရာ / ပေါင်းစပ်ဖန်တီးထားသည့်လက်ရာနှင့် လက်ရာပေါင်းချုပ်၏ ကွာခြားချက်ကို အသေးစိတ်လေ့လာနိုင်ရန် အစားအသောက်နှင့် ဖျော်ရည် နှိုင်းယှဉ်ချက် ကို အသုံးပြုပါမည်။

မှီငြမ်းလက်ရာလား၊ ပေါင်းစပ်ဖန်တီးထားသည့်လက်ရာလား။

ပေါင်းစပ်ဖန်တီးခြင်းသည် မတူညီသောရင်းမြစ်များမှ လက်ရာများကို စုပေါင်းကာ ဖန်တီးမှုအသစ်ကိုဖန်တီးထားသည့် မှီငြမ်းခြင်းပုံစံတစ်မျိုးဖြစ်သည်။ ရင်းမြစ်များအား သေသပ်စွာ စုပေါင်းထားသောကြောင့် open လိုင်စင်လက်ရာတစ်ခု၏ အစ နှင့်အဆုံး ကို မခွဲခြားနိုင်ပါ။ သင်၏ကိုယ်ပိုင် အကြောင်းအရာ၊ အချက်အလက် များနှင့် များစွာသော OER များကိုပေါင်းစပ်ကာ ဖန်တီးထားသော ပြဋ္ဌာန်းစာအုပ်အသစ်သည် ပေါင်းစပ်ဖန်တီးခြင်း၏ဥပမာတစ်ခုဖြစ်သည်။ ထိုသို့လွယ်ကူချောမွေ့ခြင်းသည် လက်ရာရှင်အသစ်အတွက် အသုံးဝင်စေကာမူ မှီငြမ်းပြုပြင် ရာတွင် ပါဝင်သော အစိတ်အပိုင်းတစ်ခုချင်းစီအား အသိအမှတ်ပြုဖော်ပြပေးရန်မှာ အရေးကြီးသောအချက်ဖြစ်သည်။

ရုပ်ပုံ အသိအမှတ်ပြုချက် Nate Angell ၏ ‘CC SmoothieCC BY အများပြည်သူပိုင်နေရာရှိ Element5 ၏ ‘Strawberry Smoothie On Glass Jar’ (https://www.pexels.com/ photo/ strawberry-smoothie-on-glass-jar-775032/) နှင့် CC BY ဖြင့်အသုံးပြုထားသော Creative Commons ၏ များစွာသော Creative Commons လိုင်စင်ပုံများ (https://creativecommons.org/ about/ downloads) ၏ ဆင့်ပွားလက်ရာဖြစ်သည်။

ပေါင်းစပ်ဖန်တီးခြင်း၏အလုပ်လုပ်ပုံကို သရုပ်ဖော်ရန် ကောင်းမွန်သောနည်းလမ်းတစ်ခုမှာ smoothie’ ဖျော်ရည် နှင့် နှိုင်းယှဉ်ပြခြင်းပင်ဖြစ်သည်။ အထက်တွင်ပါရှိသော 'CC Smoothie’ ရုပ်ပုံ တွင် smoothie ဖျော်ရည် (CC BY-NC-SA) ကို လိုင်စင်ပါရှိကြောင်း တွေ့နိုင်သည်။ အဆိုပါဖျော်ရည်အား ဖော်ပြပါအသီးများဖြင့် ဖန်တီးထားသည်။ smoothie ဖျော်ရည်အား ငှက်ပျောသီး (CC BY NC)၊ စတော်ဘယ်ရီ (အများပြည်သူပိုင်)၊ လိမ္မော်သီး (CC BY NC-SA) နှင့် နာနတ်သီး (CC BY) တို့ဖြင့် ရောမွှေပေါင်းစပ်ကာ ဖန်တီးထားခြင်းဖြစ်သည်ကို တွေ့နိုင်သည်။ သို့ရာတွင် အဘယ်ကြောင့် CC Smoothie အား CC BY-NC-SA တင်ထားပါသနည်း။

smoothie မဖန်တီးခင် စဉ်းစားသင့်သော အရေးကြီးသည့်အချက်တချို့ရှိပါသည်။ ရှေးဦးစွာ smoothie ဖျော်ရည်ပြုလုပ်ရန် အသီးများကိုပေါင်းစပ်ရောမွှေရန် အတွက် ယင်းအသီးများတွင် ကိုက်ညီသော လိုင်စင်အမျိုးအစားများ ရှိထားရန်လိုအပ်သည်။ ထို့ကြောင့် မတူညီသော open license ရှိသည့်ရင်းမြစ်များကို ပေါင်းစပ်လိုသည့်အခါ ကြိုတင်စီစဉ်ထားရန် အရေးကြီးသည်။

ဒုတိယအနေဖြင့် မည်သည့်လိုင်စင်များက အဆင်ပြေစွာပေါင်းစပ်၍ရသနည်းဆိုသည်ကို သိရှိထားရန်အရေးကြီးသည်။ ပေါင်းစပ်ဖန်တီးခြင်းပြုလုပ်ရန်အတွက် အချင်းချင်းသဟဇာတဖြစ်သော open လိုင်စင်များကို အောက်ပါဇယားတွင်လေ့လာနိုင်သည်။ ဇယားတွင် CC0 နှင့် အများပြည်သူပိုင်နေရာ တို့ပါဝင်သည်။ ဒေါင်လိုက်မှ လိုင်စင်အမျိုးအစားတစ်ခုနှင့် အလျားလိုက်မှ လိုင်စင်အမျိုးအစားတစ်ခုကို ရွေးချယ်နိုင်သည်။

  • အမှန်ခြစ်သင်္ကေတ (✔) သည် ၎င်းလိုင်စင်အမျိုးအစားက အခြားလိုင်စင်အမျိုးအစားနှင့် သဟဇာတဖြစ်သည်ကို ဆိုလိုသည်။ ၎င်းလိုင်စင်များနှင့် OER ကိုအသုံးပြုကာ ပေါင်းစပ်ဖန်တီးထားသည့်လက်ရာ ဖန်တီးမည်ဆိုပါက ယင်းမှာ သတင်းကောင်းတစ်ခုပင်ဖြစ်သည်။
  • အမှားခြစ်သင်္ကေတ (✘) သည် ရွေးချယ်ထားသောလိုင်စင်များသည် ပေါင်းစပ်ဖန်တီးရန် ကိုက်ညီမှုမရှိခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ ၎င်းလိုင်စင်များနှင့် OER အား ပေါင်းစပ်၍မရပါ။
အများပြည်သူပိုင်နေရာ (မူပိုင်ခွင့်မသိရှိပါ)အများပြည်သူပိုင်နေရာ (မူပိုင်ခွင့်မရယူထားပါ)CC BYCC BY-SACC BY-NCCC BY-NDCC BY-NC-SACC BY-NC-ND
Highlightedအများပြည်သူပိုင်နေရာ (မူပိုင်ခွင့်မသိရှိပါ)HighlightedHighlightedHighlightedHighlightedHighlightedHighlightedHighlightedHighlighted
အများပြည်သူပိုင်နေရာ (မူပိုင်ခွင့်မရယူထားပါ)
HighlightedCC BYHighlightedHighlightedHighlightedHighlightedHighlightedHighlightedHighlightedHighlighted
CC BY-SA
HighlightedCC BY-NCHighlightedHighlightedHighlightedHighlightedHighlightedHighlightedHighlightedHighlighted
CC BY-ND
HighlightedCC BY-NC-SAHighlightedHighlightedHighlightedHighlightedHighlightedHighlightedHighlightedHighlighted
CC BY-NC-ND

Footnotes  

ဤပေါင်းစပ်ဖန်တီးဖန်တီးခြင်းဇယားကွက်အား OEPS သင် တန်းဖြစ်သည့် Becoming an open educator ၏ တစ် စိတ်တစ် ပိုင်း အဖြစ် ပြန်လည်ဖွဲ့စည်းထားသည်။ (အခန်း ၄.၂ ‘OER အားပေါင်းစပ်ဖန်တီးခြင်း’) မူရင်းဇယားကွက်အား Creative Commonsအမေးများသောမေးခွန်းများ မှ ရယူထားခြင်းဖြစ်ပြီး CC BY 4.0 လိုင်စင် သုံးထားပါသည်။

ဥပမာတစ်ခုကို လေ့လာကြည့်ကြမည်။ CC BY-NC လိုင်စင် သုံးထားသော ကျောင်းသုံးဖတ်စာအုပ်ပါ အကြောင်းအရာများကို CC BY-SA လိုင်စင် သုံးထားသော အွန်လိုင်းသင်တန်း အကြောင်းအရာနှင့် ပေါင်းစပ်ဖန်တီးချင်သည် ဆိုပါစို့။ ၎င်းလိုင်စင်အမျိုးအစားများမှာ တစ်ခုနှင့်တစ်ခု ကိုက်ညီမှုရှိပါသလား။

ဤဇယားကွက်အား OEPS သင် တန်းဖြစ်သည့် Becoming an open educator ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းထားသည်။ (အခန်း ၄.၂ ‘OER အားပေါင်းစပ်ဖန်တီးခြင်း’) မူရင်းဇယားကွက်အား Creative Commonsအမေးများသောမေးခွန်းများ မှ ရယူထားခြင်းဖြစ်ပြီး CC BY 4.0 လိုင်စင် သုံးထားပါသည်။ သရုပ်ပြရန်အတွက် အနီရောင်မြားများနှင့် စက်ဝိုင်းများပေါင်းထည့်ထားသည်။

မှန်ပါသည်။ ၎င်း OER များကို ပေါင်းစပ်ဖန်တီး၍မရပါ။ အဘယ်ကြောင့်ဆိုသော် ပေါင်းစပ်လက်ရာတစ်ခုတွင် CC BY-SA လိုင်စင် သုံးထားသော အကြောင်းအရာကိုအသုံးပြုပါက ယင်းကို စီးပွားဖြစ် အသုံးပြုမှုကို တားမြစ်ရန် လိုအပ်သော OER နှင့် ပေါင်းစပ်၍မရသောကြောင့် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် CC BY-SA လိုင်စင်၏ စည်းကမ်းသတ်မှတ်ချက်များကို ချိုးဖောက်ခြင်း ဖြစ်သွားနိုင်ပါသည်။

သို့ရာတွင် CC BY-SA နှင့် CC BY-NC-SA ရင်းမြစ်နှစ်ခုအား ပေါင်းစပ်နိုင်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ရင်းမြစ်အား CC BY-SA နှင့် CC BY-NC-SA လိုင်စင်နှစ်ခု လုံ ချပေးရန်လိုအပ်ချက်အားသင့်အနေဖြင့် လိုက်နာနိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။

CC BY-NC-SA လိုင်စင် သုံးထားသော smoothie ဖျော်ရည်ဥပမာအား ပြန်လည်လေ့လာပါမည်။ ဤပေါင်းစပ်ဖန်တီးမှုတွင်အသုံးပြုထားသော လိုင်စင်အမျိုးအစားများကိုလေ့လာကြပါစို့ smoothie ဖျော်ရည်အား ငှက်ပျောသီး (CC BY NC)၊ စတော်ဘယ်ရီ (အများပြည်သူပိုင်နေရာ)၊ လိမ္မော်သီး (CC BY NC-SA) နှင့် နာနတ်သီး (CC BY) တို့ဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ ဤပေါင်းစပ်ဖန်တီးမှုတွင် အသုံးပြုထားသော အတင်းကျပ်ဆုံးလိုင်စင်မှာ လိမ္မော်သီး (CC BY NC-SA) ဖြစ်သည်။ အထက်ဖော်ပြပါဇယားတွင် CC BY NC-SA နှင့် သဟဇာတဖြစ်သော လိုင်စင်များကိုကြည့်ပါ။

ဟုတ်ပါသည်၊ အဖြေမှန်ပါသည်။ CC BY NC-SA လိုင်စင် သုံးထားသောရင်းမြစ်များကို CC BY-SA၊ CC BY-ND (သို့) CC BY-NC-ND လိုင်စင် သုံးထားသောရင်းမြစ်များနှင့် ပေါင်းစည်း၍မရပါ။ ၎င်းလိုင်စင်အမျိုးအစားထဲမှ နှစ်မျိုးတွင် ဆင့်ပွားလက်ရာခွင့်မပြု (NoDerivatives) အချက် (CC BY-ND and CC BY-NC-ND) ပါဝင်နေသောကြောင့် မှီငြမ်းပြုပြင် ခြင်း နှင့် ဝေမျှခြင်းများ မပြုလုပ်နိုင်သောကြောင့် ဖြစ်သည် ။ ကျန်ရှိသောလိုင်စင်အမျိုးအစားဖြစ်သည့် CC BY-SA အရ ကျွန်ုပ်တို့သည် ရင်းမြစ်အား မှီငြမ်းပြုပြင် ထားသည့် မည်သည့်ဗားရှင်းကိုမဆို တူညီသည့်လိုင်စင်အမျိုးအစား ချပေးရန်လိုအပ်သည်။ လိမ္မော်သီးတွင် CC BY-SA လိုင်စင်၏ လိုအပ်ချက်နှင့်ကွာခြားသော 'SA' လိုအပ်ချက်ရှိပြီးဖြစ်သောကြောင့် ၎င်းလက်ရာများအား ပေါင်းစည်း၍မရပေ။ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ smoothie ဖျော်ရည်တွင် လိမ္မော်သီးအားအသုံးပြုလိုပါက အများပြည်သူပိုင်ဖြစ်သည့် အသီးများ (သို့) CC BY၊ CC BY-NC (သို့) CC BY-NC-SA လိုင်စင် သုံးထားသောအသီးများကိုသာ ပေါင်းစပ်၍ရနိုင်သည်။

မြင်တွေ့ရသည့်အတိုင်း မတူညီသောလိုင်စင်အမျိုးအစားများကို ထည့်သွင်းစဉ်းစားရန်နှင့် အသစ်ဖန်တီးရန် ၎င်းတို့အားမပေါင်းစပ်ခင် ၎င်းတို့ချင်း သဟဇာတဖြစ်စေရေး သေချာစေရန် လွန်စွာအရေးကြီးပါသည်။ အထက်တွင်မြင်တွေ့ခဲ့သည့်အတိုင်း CC BY ကဲ့သို့ ပိုမိုလွတ်လပ်သောလိုင်စင်များကိုအသုံးပြုသော လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့် ရင်းမြစ်များကို ပေါင်းစပ်လျှင် ပေါင်းစပ်ဖန်တီးခြင်းသည် ပိုမိုလွယ်ကူပါသည်။ ခွင့်ပြုချက်မရှိဘဲ သင်၏ OER တွင် မူပိုင်ခွင့်ရယူထားသောရင်းမြစ်များကို ထည့်သွင်းခြင်းမပြုလုပ်နိုင်သော်လည်း မူပိုင်ခွင့်ရယူထားသောရင်းမြစ်များအား URLs ဖော်ပြခြင်းများ ပြုလုပ်နိုင်သည်။ (ဥပမာ - open license မရှိသော YouTube ပေါ်ရှိ ဗီဒီယိုများ ။

သင်ရှာတွေ့သော OER သည် ပေါင်းစပ်ဖန်တီး၍မရပါက မည်သို့လုပ်ဆောင်ရမည်နည်း။

အတူပေါင်းစပ်ဖန်တီးခြင်းမပြုလုပ်နိုင်သော OER များတွေ့ရှိပါက -

  • အခြားရွေးချယ်စရာ OER အားရှာဖွေနိုင်သည်။
  • သင့်အနေဖြင့် ရင်းမြစ်အား မတူညီသော ပုံစံတစ်ခုဖြင့် အသုံးပြုနိုင်ခြင်းရှိမရှိ သိနိုင်ရန် မူပိုင်ခွင့်ကိုင်ဆောင်သူ/ ရင်းမြစ်ဖန်တီးသူအား ဆက်သွယ်ခြင်း တို့ပြုလုပ်နိုင်သည် - သင့်တော်စွာဖြင့် အသိအမှတ်ပြုရန်လိုအပ်သည်

မှီငြမ်းလက်ရာအား မည်သို့ အသိအမှတ်ပြုဖော်ပြသင့်သနည်း။

အခန်း ၅.၁ တွင်မြင်တွေ့ခဲ့သော ‘90fied’ ဥပမာသည် မူလအားဖြင့် CC BY 2.0 လိုင်စင် သုံးထားသော ဓာတ်ပုံအား ပြုပြင်ပြောင်းလဲခြင်းဖြင့် ဖန်တီးထားခြင်းဖြစ်သည်။

‘90fied’ သည် CC BY 2.0 အရ tvol ဖန်တီးထားသော Creative Commons 10th Birthday Celebration San Francisco ၏ ဆင့်ပွားလက်ရာတစ်ခုဖြစ်သည်။ ‘90fied’ ကို [သင့်နာမည်] မှ [လိုင်စင်အမျိုးအစား] ဖြင့် လိုင်စင် ချထားသည်။

OER တစ်ခုအား မှီငြမ်းထားသည့်လက်ရာများ (ဥပမာ ‘90fied’ ရုပ်ပုံ) နှင့် များစွာသော OER များကို ရောမွှေပေါင်းစပ်ထားသေ (သို့) ပေါင်းစပ်ဖန်တီးထားသော မှီငြမ်းလက်ရာများ (ဥပမာ အစောပိုင်းကမြင်တွေ့ခဲ့ရသည့် smoothie ဖျော်ရည်) နှစ်ခုလုံးအတွက် အသုံးပြုနိုင်သော လိုင်စင်များကို ဤအခန်းတွင် အသေးစိတ် လေ့လာသွားမည်ဖြစ်သည်။ သင်၏ မှီငြမ်းလက်ရာများတွင် စာပေနှင့်အနုပညာမူပိုင်ခွင့် လိုင်စင်ချပေးရန် မည်သည့် ရွေးချယ်စရာများ ရှိသနည်း။ သင်၏ မှီငြမ်းလက်ရာကို ဖန်တီးစဉ် အသုံးပြုခဲ့သော မူလလက်ရာ(များ)မှ အစိတ်အပိုင်းများအား ပြန်လည်အသုံးပြုမှုအပေါ် မူလလိုင်စင်(များ)က ဆက်လက်သက်ရောက်နေမည် ဖြစ်သည်။ သင်၏ မှီငြမ်းလက်ရာတွင်ရှိသည့် သင်၏အခွင့်အရေးများက သင့်ကိုယ်ပိုင် ဖန်တီးမှုများနှင့်သာ သက်ဆိုင်ပါသည်။

အောက်ပါ မှီငြမ်းပြုပြင် သူလိုင်စင်ပြဇယား (Adapters Licence Chart) အား လေ့လာကြပါစို့။ ဇယား၏ဘယ်ဘက် ် ကော်လံသည် မူ လလက်ရာ၏အခြေအနေအားဖော်ပြသည်။ ဇယားအသုံးပြုရာတွင် သင် မှီငြမ်းသည့်လက်ရာ၏ မူလလက်ရာအား သက်ရောက်နေသည့် လိုင်စင်ကို ရွေးချယ်ရမည်ဖြစ်သည်။ ရင်းမြစ်တစ်ခုထက်ပိုကာ ပေါင်းစပ်ရသော အခြေအနေများတွင် (ဥပမာ အထက်တွင်ပါရှိသော smoothie ဖျော်ရည်) သဟဇာတမဖြစ်သော ရင်းမြစ်များကို မပေါင်းစပ်မိရေး သေချာစေရန် အထက်တွင်ပါရှိသော ပေါင်းစပ်ဖန်တီးဖန်တီးခြင်းဇယားကွက်အား သင်သည်အသုံးပြုပြီးဖြစ်နေလိမ့်မည်။ ဆိုလိုသည်မှာ သင်ဖန်တီးလိုက်သော ရင်းမြစ်အသစ်အား မည်သို့လိုင်စင်တင်နိုင်သည်ကို စစ်ဆေးရန် ပေါင်းစပ်ထားသည့်လက်ရာထဲမှ အတင်းကျပ်ဆုံးလိုင်စင်ကို လေ့လာသုံးသပ် သင့်ပါသည်။

ဇယားကွက်၏ ထိပ်ဆုံးအတန်းသည် သင်၏ ့် မှီငြမ်းလက်ရာအား လိုင်စင် ချပေးရန် ရွေးချယ်စရာများကိုဖော်ပြသည်။ ဇယားကွက်ကိုယ်ထည်တွင် သင်ပေါင်းစပ်လိုသော 'မူရင်းလက်ရာ၏အခြေအနေ' (သို့) OER တွင်ပါရှိသည့် လိုင်စင် သည် သင်ပေါင်းစပ်ဖန်တီးသည့်လက်ရာသစ်အတွက် ် အသုံးပြုလိုသည့် လိုင်စင်နှင့် သဟဇာတဖြစ်မှု ရှိမရှိနှင့်စပ်လျင်းပြီး ဖြစ်နိုင်ခြေအဖြေ (၃) ခုရှိပါသည်။

  •  

    • အမှန်ခြစ်သင်္ကေတ (✔) သည် မူရင်းလက်ရာ၏အခြေအနေမှာ သင်ရွေးချယ်ထားသောလိုင်စင်အမျိုးအစားနှင့် သဟဇာတဖြစ်မှုကို ဆိုလိုပြီး - သင်၏ မှီငြမ်းလက်ရာအတွက် ၎င်းလိုင်စင်လျှောက်ထားပါက အဆင်ပြေချောမွေ့နိုင်သည်။
    • အမှားခြစ်သင်္ကေတ (✘) သည် ၎င်းလိုင်စင်အမျိုးအစားဖြင့် သင်၏ မှီငြမ်းလက်ရာအား လိုင်စင် ချပေး၍မရကြောင်းကို ဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် သင်ရွေးချယ်ထားသောလိုင်စင်အမျိုးအစားသည် OER ၏ မူရင်းလိုင်စင်နှင့် သဟဇာတမဖြစ်သောကြောင့်ဖြစ်သည်။
    • သင်၏ မှီငြမ်းလက်ရာအတွက် သီးခြားလိုင်စင်တစ်ခုလျှောက်ထားနိုင်သည့် ဥပမာအနည်းငယ်ရှိပါသည်။ သို့ရာတွင် လုပ်ဆောင်ရန်အကြံမပြုပါ။ ဤရွေးချယ်စရာများကို 'အကြုံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည် (Not recommended but technically possible) ဟု ဖော်ပြကြပါသည်။

ဇယားအား အသေးစိတ်လေ့လာကြပါစို့။

ဤဇယားကွက်အား OEPS သင်တန်း ဖြစ်သည့် Becoming an open educator အတွက် ပြသသည့်အတိုင်း ပြန်လည်ဖွဲ့စည်းထားသည်။ (အခန်း ၄.၂ ‘OER အားပေါင်းစပ်ဖန်တီးခြင်း’) မူရင်း မှီငြမ်းပြုပြင သူလိုင်စင်ပြဇယားကွက် အား Creative Commonsအမေးများသောမေးခွန်းများ မှ ရယူထားခြင်းဖြစ်ပြီး CC BY 4.0 လိုင်စင် သုံးထားပါသည်။

လိုင်စင်တွင် ဆင့်ပွားလက်ရာခွင့်မပြု (NoDerivatives) အစိတ်အပိုင်းပါဝင်သော ရင်းမြစ်များကို ပြောင်းလဲ၍မရပါ။ ဆိုလိုသည်မှာ ရင်းမြစ်တစ်ခုသည် CC BY-ND (သို့) CC BY-NC-ND ဖြင့် လိုင်စင် သုံးထားပါက ၎င်းအားပြောင်းလဲခြင်း မျှဝေခြင်းများ ပြုလုပ်၍မရပါ။ ထို့ကြောင့် ၎င်းရင်းမြစ်များအတွက် လိုင်စင်ရွေးချယ်ခွင့်မရှိဘဲ မှီငြမ်းပြုပြင် သူလိုင်စင်ရွေးချယ်ခွင့်များအားလုံးအား အမှားခြစ်ပြထားခြင်းဖြစ်သည်။

မူရင်းလိုင်စင်တွင် လိုင်စင်တစ်မျိုးတည်းဖြင့် ပြန်လည်ဝေမျှရန် (ShareAlike) ဆိုသော အစိတ်အပိုင်းပါဝင်သည့် ရင်းမြစ်များအတွက် သင်၏ မှီငြမ်းပြုပြင် ထားသည့်ရင်းမြစ်တွင် တူညီသောလိုင်စင်ကိုသာ သုံးရပါမည်။ မူလ ရင်းမြစ်သည် CC BY-SA လိုင်စင်ဖြစ်နေပါက သင်ဖန်တီးသောရင်းမြစ်အသစ်သည်လည်း CC BY-SA လိုင်စင်ဖြစ်ရမည်။ မူ လရင်းမြစ်သည် CC BY-NC-SA လိုင်စင်ဖြစ်နေပါက သင်၏ရင်းမြစ်ဗားရှင်းသည်လည်း CC BY-NC-SA လိုင်စင်ဖြစ်ရမည်။ လိုင်စင်မူကွဲ ၁.၀ နောက်ပိုင်း SA လိုင်စင်အားလုံးသည် သင်၏ မှီငြမ်းလက်ရာ တွင် လိုင်စင်တစ်မျိုးတည်း၏ နောက်ကျသော လိုင်စင်မူကွဲ ကို အသုံးပြုရန်ခွင့်ပြုသည်။ smoothie ဖျော်ရည်ကို ငှက်ပျောသီး (CC BY NC)၊ စတော်ဘယ်ရီ (အများပြည်သူပိုင်)၊ လိမ္မော်သီး (CC BY NC-SA) နှင့် နာနတ်သီး (CC BY) တို့ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုပေါင်းစပ်ဖန်တီးမှုတွင် အသုံးပြုထားသော အတင်းကျပ်ဆုံးလိုင်စင်မှာ လိမ္မော်သီး (CC BY NC-SA) ဖြစ်သည်။ ပြီးခဲ့သည့်အခန်းတွင် တွေ့ခဲ့ရသည့်အတိုင်းပင် smoothie ဖျော်ရည်တွင် လိမ္မော်သီးကို ထည့်သွင်းလိုက်ခြင်းက ပေါင်းစပ်နိုင်သော ကွဲပြားသည့် လိုင်စင်အမျိုးအစားများကို ကန့်သတ်လိုက်သည်။ ထိုဥပမာတွင် ShareAlike (SA) လိုင်စင်ရှိသော ရင်းမြစ်တစ်ခုကို ထည့်သွင်းသည့်အတွက် ယင်းက smoothie ဖျော်ရည်အတွက် သုံးနိုင်သောလိုင်စင်ကို အဆုံးအဖြတ်ပေးပါသည်။ သို့ဖြစ်၍ smoothie ဖျော်ရည်ကို လိမ္မော်သီး၏ လိုင်စင်နှင့် အတူတူဖြစ်သော CC BY NC-SA လိုင်စင် ပေးထားခြင်း ဖြစ်ပါသည်။ ShareAlike (SA) လိုင်စင်ရှိသော အချက်အလက်၊ ပစ္စည်းတစ်ခုကို အသုံးပြုလျှင် သင်၏ ပေါင်းစပ်ဖန်တီးမှုလက်ရာတွင် အဆိုပါလိုင်စင်အမျိုးအစားကို အသုံးပြုရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။

ဥပမာအားဖြင့်သင်သည် BY-SA 2.0 လက်ရာအားပေါင်းစပ်ပါကသင်မှီငြမ်းပြုပြင်ထားသည့်လက်ရာအား BY-SA 4.0 သက်ရောက်စေနိုင်သည်၊သက်ရောက်စေသင့်ပါသည်။ လိုင်စင်တစ်မျိုးတည်းဖြင့် ပြန်လည်ဝေမျှရန် (ShareAlike) ရည်ရွယ်ချက်အတွက် CC သဟဇာတဖြစ်သောလိုင်စင်များ (CC Compatible Licences) အဖြစ် သတ်မှတ်ထားသော CC မဟုတ်သောလိုင်စင်များလည်း အနည်းငယ်ရှိသည်။ အသေးစိတ်ဖတ်ရှုရန်နှိပ်ပါ

အများပြည်သူပိုင်နေရာ တွင်ရှိနေသော (သို့) CC BY (သို့) CC BY-NC လိုင်စင် သုံးထားသော သင် မှီငြမ်းလိုသည့် OER များအတွက်လည်း ရွေးချယ်ခွင့်များစွာရှိသည်။

အများပြည်သူပိုင်နေရာ တွင်ရှိနေသောအရာသည် သင်ရောက်ရှိ နေထိုင်ရာ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပေါ်မူတည်သည်။ အများပြည်သူပိုင် နေရာရှိ ရင်းမြစ်များသည် မူပိုင်ခွင့်ရယူထားခြင်း မရှိတော့ပါ။ ဖန်တီးသူများက မူပိုင်ခွင့်သက်တမ်းမကုန်ဆုံးခင် ၎င်းမူပိုင်ခွင့်အားတရားဝင်စွန့်လွှတ်ထားသော CC0 လိုင်စင် သုံးထားသည့် ရင်းမြစ်များလည်းရှိသည်။ ဆိုလိုသည်မှာ ၎င်းရင်းမြစ်သည် ယခုအခါ၌ အများပြည်သူပိုင်နေရာတွင် ရှိနေပြီဖြစ်သည်။

အများပြည်သူပိုင်ဖြစ်သော (သို့) CC0 လိုင်စင် သုံးထားသော ရင်းမြစ်များအား ပြန်လည်အသုံးပြုရာတွင် မူ လလက်ရာရှင်နှင့်ပတ်သက်သော အချက်အလက်များအား (သိရှိပါက) ဖော်ပြပေးရန်မလိုတော့ပါ။ သို့ရာတွင် အခြားသူများ မူ လလက်ရာကို ရှာနိုင်ရန်အတွက် ၎င်းအချက်အလက်များကို (သိရှိပါက) ၎င်းရင်းမြစ်၏ URL ကို တစ်ပါတည်း ထည့်သွင်းပေးသင့်ပါသည်။ သင်၏ CC0 မူကွဲအသစ် (သို့) အများပြည်သူပိုင်ရင်းမြစ်များ အတွက် မည်သည့် CC လိုင်စင်မဆို သုံးနိုင်သည်။

'အကြုံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည်' ဟုဖော်ပြထားသော မူလအစကတည်းက CC BY-NC နှင့် CC BY လိုင်စင်သုံး ထား သည့် ရင်းမြစ်များအတွက် ရွေးချယ်ခွင့်များစွာရှိသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။

သင်၏ ပေါင်းစပ်ဖန်တီးလက်ရာ (သို့) မှီငြမ်းလက်ရာတွင် ‘အကြံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည်’ ဆိုသော ဖော်ပြချက်ပါရှိသည့်လိုင်စင်ကို အသုံးပြုခြင်းသည် လိုင်စင်စည်းကမ်းချက်များကို ချိုးဖောက်ခြင်း မဟုတ်သော်လည်း သင်၏ရင်းမြစ်ကို အသုံးပြုလိုသော တခြားအသုံးပြုသူများအတွက် အခက်အခဲ ဖြစ်စေနိုင်ပါသည်။ ဥပမာအားဖြင့် သင်သည် CC BY-NC လိုင်စင် သုံးထားသောရင်းမြစ်အား ပြုပြင်ပြောင်းလဲထားပါက သင်၏ ဖန်တီးမှုအသစ်အား CC BY-NC၊ CC BY-NC-SA (သို့) CC BY-NC-ND လိုင်စင် သက်ရောက်စေခြင်းသည် ဖြစ်ရပ်တစ်ခုစီတွင် မူရင်း 'NC' အစိတ်အပိုင်းကို ရှင်းရှင်းလင်းလင်း ထိန်းသိမ်းပေးထားမည်ဖြစ်သည်။ သို့သော် 'SA' နှင့် 'ND' ဗားရှင်းများသည် မူလလိုင်စင်ထက် ပိုမိုကန့်သတ်ထားမည်ဖြစ်သည်။ ထို့ကြောင့် ဤရွေးချယ်ခွင့်အားလုံးကို ဇယားတွင်အမှန်ခြစ်ပြထားခြင်းဖြစ်သည်။ သို့ရာတွင် CC BY-NC ရင်းမြစ်အတွက် CC BY၊ CC BY-ND (သို့) CC BY-SA လိုင်စင်သုံး မည်ဆိုပါက စီးပွားဖြစ်အသုံးပြုရန် မဟုတ်ဆိုသောအပိုင်း၏ စည်းကမ်းချက်နှင့်အညီ မူ လရင်းမြစ်အား စီးပွားဖြစ်အသုံးပြုရန် ခွင့်မပြုသင့်သည့် အချက်မှာ တခြားအသုံးပြုသူများအတွက် မရှင်းလင်းပါ။ ထို့ကြောင့် ဤရွေးချယ်စရာအားလုံးကို 'အကြုံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည်' ဟု ဖော်ပြကြပါသည်။

ထို့ကြောင့် မူရင်းလိုင်စင်၏စည်းကမ်းချက်များကို အခြားသူများသိရှိစေရန် မူရင်းလိုင်စင်နှင့် သက်ဆိုင်သည့် အချက်အလက်များ ထည့်သွင်းသည်ကို သေချာစေရန်လိုအပ်သည်။ Creative Commons ၏ မှတ်ချက်အရ -

သက်ဆိုင်ရာဇယားကွက်သည် ( အကြုံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည် ) ဟု ဆိုလျှင် လိုင်စင်အသုံးပြုခြင်းကို လိုင်စင်စည်းကမ်းသတ်မှတ်ချက်များအရ သဘာတရားအားဖြင့် ခွင့်ပြုထားသော်လည်း CC က အသုံးပြုရန် အကြံမပြုပါ။ ထိုသို့အသုံးပြုပါက မှီငြမ်းလက်ရာတွင် မတူညီသောစည်းကမ်းသတ်မှတ်ချက်များရှိသည့် မူပိုင်ခွင့်တစ်ခုမက ပါရှိကြောင်းကို အထူးအလေးထားဖော်ပြသင့်သည်။ သို့မှသာ မူပိုင်ခွင့်ကိုင်ဆောင်သူအားလုံး၏ လိုင်စင်စည်းကမ်းများအား လိုက်နာရမည့် ၎င်းတို့၏ဝတ္တရားကို နောင်အခါတွင် အသုံးပြုမည့်သူများက သိရှိနိုင်မည်ဖြစ်သည်။ (Creative Commons, n.d.)

‘90field’ ဥပမာတွင် ဖော်ပြပါ ဆင့်ပွားလက်ရာက အခြေခံထားသော မူရင်းရုပ်ပုံ (Creative Commons 10th Birthday Celebration San Francisco) အား CC BY လိုင်စင် သုံးထားသည်။ မှီငြမ်းပြုပြင်သူ လိုင်စင်ပြဇယား (Adapter’s License Chart) အရ ဆိုလိုသည်မှာ သင်ထပ်ဆင့်ဖန်တီးလိုက်သောလက်ရာသစ်အား မည်သည့် CC လိုင်စင်မဆို သက်ရောက်စေနိုင်ပါသည် (သို့) CC0 အထောက်အကူကိုသုံးပြီး အများပြည်သူပိုင်နေရာအတွက် ရည်စူးနိုင်ပါသည်။ သို့ရာတွင် ဤအရင်းအမြစ်အမျိုးအစားအား အသိအမှတ်ပြုဖော်ပြရန် လိုအပ်ချက်မရှိသောကြောင့် အများပြည်သူပိုင်အဖြစ် ရည်စူး ရန် အကြံမပြုပါ။ ဆိုလိုသည်မှာ အများပြည်သူပိုင်နေရာရှိ အချက်အလက်၊ ပစ္စည်းကို အသိအမှတ်ပြုဖော်ပြရန် မလိုသည့်အတွက် ဖန်တီးမှုအသစ်ကို အသုံးပြုပြီး ပြန်လည်မျှဝေသည့်အခါ မူလရင်းမြစ် ('90fied’) နှင့်ဆိုင်သော အချက်အလက်ကို ဆုံးရှုံးနိုင်ခြေရှိပါသည်။

မည်သည့် OER ကိုအသုံးပြုသည်ဖြစ်စေ ရင်းမြစ်အားလုံးကို သင့်တင့်သောနည်းလမ်းဖြင့် အသိအမှတ်ပြုရန်လိုအပ်ပြီး ပေါင်းစပ်ဖန်တီးထားသည့် ရင်းမြစ်အားလုံးအတွက် အသိအမှတ်ပြုဖော်ပြခြင်းများ အမြဲထည့်သွင်းသင့်ပါသည်။ ထိုသို့အသိအမှတ်ပြုဖော်ပြခြင်းကို (ပြဋ္ဌာန်းစာအုပ်တစ်အုပ်ဖန်တီးနေပါက) အခန်းတစ်ခန်း၏အဆုံးတွင် (သို့) သီးခြားဖော်ပြသည့် အသိအမှတ်ပြုကျေးဇူးတင်လွှာ (သို့) ကိုးကားစာရင်းတွင် ဖော်ပြနိုင်သည်။ ၎င်းစာရင်းနမူနာများကို အောက်တွင်ပါရှိသော ကိုးကားစာရင်းကဏ္ဍတွင် လေ့လာပါမည်။

ထပ်တိုးအကိုးအကားများကဏ္ဍတွင် ပေါင်းစပ်ဖန်တီးခြင်းနှင့် အသိအမှတ်ပြုဖော်ပြခြင်းဆိုင်ရာ ရင်းမြစ် အမျိုးမျိုးကို လေ့လာနိုင်သည်။ မူရင်း မှီငြမ်းပြုပြင် သူလိုင်စင်ပြဇယားကိုလည်း ဤနေရာတွင် ကြည့်ရှုပါ

ပေါင်းချုပ်များ

ပေါင်းချုပ်တွင် အိန္ဒိယ ထာလီ အမယ်စုံ ထမင်းဟင်းပွဲ (thali) ကဲ့သို့ မတူညီသောလက်ရာများကို စုစည်းထားပြီး တချိန်တည်းတွင် ၎င်းတို့ကို ထူးခြားသော သီးခြားအရာများအဖြစ်လည်း စီစဉ်ထားရှိပါသည်။ ဆိုလိုသည်မှာ smoothie ဥပမာတွင်မြင်တွေ့ခဲ့ရသည့်အတိုင်း OER များကိုရောစပ်ခြင်းမဟုတ်ဘဲ ရင်းမြစ်များကို သီးခြားစီခွဲပေးထားရမည် ဆိုလိုသည်မှာ ပေါင်းချုပ်ထဲတွင် ဆင့်ပွားလက်ရာခွင့်မပြု (NoDerivatives) လိုင်စင် သုံးထားသောရင်းမြစ်များနှင့် မှီငြမ်းပြုပြင် ထားသည့်ရင်းမြစ်များကို ထည့်သွင်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် open liscense သုံးထားသောရင်းမြစ်များသည် သီးခြားစီရှိနေမည်ဖြစ်သောကြောင့်ပင် ။ အစောပိုင်းတွင်မှတ်သားခဲ့ရသည့်အတိုင်း ပေါင်းချုပ်တစ်ခုသည် မှီငြမ်းလက်ရာတစ်ခုမဟုတ်ပါ။

ပေါင်းချုပ်တစ်ခု၏ဥပမာသည် မတူညီသောရင်းမြစ်များမှ open license သုံးထားသော အက်ဆေးများကို အတူတကွစုစည်းထားသော စာအုပ်တစ်အုပ်လည်းဖြစ်နိုင်သည်။

အသိအမှတ်ပြုဖော်ပြခြင်းများ (Attributions) CC Thali အား Beck Pitt ဖန်တီး၍ CC BY 2.0 လိုင်စင် သုံးထားပါသည်။ CC BY 2.0 ဖြင့်အသုံးပြုထားသော SteveR ၏ ‘Thali‘ (https://www.flickr.com/ photos/ git/ 3936914188/) နှင့် CC BY 4.0 ဖြင့်အသုံးပြုထားသော Creative Commons ၏ များစွာသော Creative Commons လိုင်စင်ပုံများ (https://creativecommons.org/ about/ downloads) ၏ ဆင့်ပွားလက်ရာဖြစ်သည်။ Nate Angell ၏ ‘CC TV Dinner’ ရုပ်ပုံ http://xolotl.org/ open-licensing-over-tv-dinners-and-smoothies/ အား အခြေခံသည်။

ပေါင်းချုပ်တစ်ခုထဲသို့ လက်ရာတစ်ခုပေါင်းထည့်ပါက သင့်တွင် လိုင်စင် ချပေးနိုင်သော သီးခြားစာပေနှင့်အနုပညာမူပိုင်ခွင့်တစ်ခု ရရှိလာနိုင်သည်။ သို့ရာတွင် သင်၏စာပေနှင့်အနုပညာမူပိုင်ခွင့်မှာ လက်ရာတွင် သင်အသစ်ပြုလုပ်သောအချက်များအတွက်သာ အကျုံးဝင်သည်။ ပေါင်းချုပ်တွင်မူ ပေါင်းချုပ်ထဲရှိ အမျိုးမျိုးသောလက်ရာများအား ရွေးချယ်စီစဉ်ခြင်းအတွက်သာအကျုံးဝင်ပြီး လက်ရာတစ်ခုချင်းစီအတွက် အကျုံးမဝင်ပါ။

ဥပမာ သင်သည် အခြားသူများထုတ်ဝေထားသော ရှိရင်းစွဲကဗျာများကို ရွေးချယ်ကာ ကဗျာပေါင်းချုပ် အဖြစ်ပြန်လည်စီစဉ်ပြီး နိဒါန်းရေးကာ မျက်နှာဖုံးဒီဇိုင်းရေးဆွဲနိုင်သည်။ သို့ရာတွင် သင်၏မူပိုင်ခွင့်နှင့် သင်လိုင်စင်ချပေးနိုင်သော တစ်ခုတည်းသော မူပိုင်ခွင့်မှာ ကဗျာများအား စီစဉ်ထားမှု (ကဗျာများမဟုတ်) နှင့် သင်၏ကိုယ်ပိုင်ဖြစ်သော နိဒါန်းနှင့် မျက်နှာဖုံးဒီဇိုင်းကိုသာ ဖြစ်သည်။ ထိုကဗျာများသည် လိုင်စင်ချပေး ရမည့် သင်၏ကဗျာများမဟုတ်ပါ။ သင်စုဆောင်းထားသည့် ပေါင်းချုပ်ထဲရှိ လက်ရာတစ်ခုခြင်းနှင့်ဆိုင်သော အသိအမှတ်ပြု ဖော်ပြချက်နှင့် လိုင်စင် အချက်အလက်များကိုလည်း ပေးရပါမည်။ ယင်းက အများပြည်သူကို မည်သူက မည်သည့်အရာကို ဖန်တီးပြီး တသီးတသန့်ဖြစ်သော မည်သည့် အကြောင်းအရာ၊ အချက်အလက်ကို မည်သည့်လိုင်စင်စည်းကမ်းများ သက်ရောက်မှုရှိသည်တို့နှင့် သက်ဆိုင်သည့် ၎င်းတို့နားလည်ရန်လိုသော အချက်အလက်များကို ပေးပါသည်။

အထက်ဖော်ပြပါ ထာလီ (thali) ဥပမာတွင် လိုင်စင်မတူညီသောရင်းမြစ်များကို ပေါင်းစပ်ဖန်တီးထားပါသည်။ Public Domain၊ CC BY၊ CC BY-SA၊ CC BY-ND၊ CC BY-NC-SA နှင့် CC BY-NC-ND ထိုကဗျာပေါင်းချုပ်အတွက် မည်သည့်လိုင်စင် သုံးနိုင်သနည်း။ ND လိုင်စင် သုံးထားသောရင်းမြစ်များပါဝင်သော်လည်း ၎င်းတို့သည် ပေါင်းချုပ်တစ်ခု၏ လိုင်စင်အားလုံးအပေါ် သက်ရောက်မှုမရှိသည်ကို မှတ်သားရန်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ပေါင်းချုပ်တစ်ခုတွင် ရင်းမြစ်အားလုံးသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းခြင်းမရှိဘဲ သီးသန့်စီရှိနေကြသည်။ ပါဝင်သောရင်းမြစ်တစ်ခုချင်းစီအား ကျွန်ုပ်တို့မှ ပြောင်းလဲမှုများပြုလုပ်နိုင်သော်လည်း ၎င်းတို့သည် သီးခြားဖြစ်နေမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် OER အစိတ်အပိုင်းနှင့်သက်ဆိုင်သော ပြုပြင်ပြောင်းလဲမှုများကိုသာ အသိအမှတ်ပြုမည်ဖြစ်သည်။

ထာလီ (thali) ပေါင်းချုပ်တွင် SA နှင့် NC လိုင်စင်သုံးထားသောရင်းမြစ် နှစ်ခုစလုံးလည်း ပါဝင်ပါသည်။ ၎င်းသည် ပေါင်းစပ်ဖန်တီးခြင်းမဟုတ်ဘဲ စုစည်းမှုပေါင်းချုပ်တစ်ခုဖြစ်သောကြောင့် ယင်းစုစည်းမှုအား လိုင်စင်တင်မည့်အပေါ်တွင် SA ကန့်သတ်ချက်များက သက်ရောက်မှုမရှိပါ - သီးခြားဖြစ်နေသော ရင်းမြစ် တစ်ခုချင်းသို့ပြုလုပ်သော မှီငြမ်းမှုများအတွက်သာ သက်ရောက်ပါသည်။ သို့ရာတွင် ပေါင်းချုပ်တစ်ခု (အထက်ပါ ထာလီ ဥပမာမှာကဲ့သို့) ထဲသို့ စီးပွားဖြစ်အသုံးပြုခြင်းခွင့်မပြု (NonCommercial) လိုင်စင် သုံးထားသောလက်ရာအား ပေါင်းထည့်ပါက ယင်းပေါင်းချုပ်ကို စီးပွားဖြစ်သုံးနိုင်မည် မဟုတ်ပေ။ စီးပွားဖြစ် အသုံးမပြုသင့်ကြောင်း တခြားသူများ ရှင်းရှင်းလင်းလင်း သိရှိစေရပါမည်။ ထိုသို့လုပ်ဆောင်ရန် နည်းအမျိုးမျိုးသုံးနိုင်ပါသည်။ ဥပမာ ပေါင်းချုပ်အတွက် စီးပွားဖြစ်အသုံးပြုခြင်းခွင့်မပြု (Non-Commercial) လိုင်စင် သုံးနိုင်သည်။ ယင်းက အသုံးပြုရန် အလားအလာရှိသူများကို ပေါင်းချုပ်ကို စီးပွားဖြစ် အသုံးမပြုသင့်ကြောင့် ရှင်းလင်းစွာ ညွှန်ပြပါလိမ့်မည်။

သို့မဟုတ်လျှင်လည်း သင်၏ပေါင်းချုပ်အတွက် တခြားလိုင်စင် (ဥပမာ CC BY) ကို သုံးလိုကသုံးနိုင်သည် သို့သော် ပေါင်းချုပ်တွင် စီးပွားဖြစ်အသုံးပြုခြင်း ခွင့်မပြုသောလိုင်စင်ရှိသည့် ရင်းမြစ်များပါဝင်ကြောင်း ရှင်းလင်းစွာ ညွှန်ပြရမည်။ ယင်းက အသိအမှတ်ပြု ဖော်ပြချက်နှင့် မသက်ဆိုင်ကြောင်း ရှင်းလင်းချက်တွင် ထပ်မံဖြည့်စွက်လိုက်သည့် ပုံစံတစ်မျိုး ဖြစ်နိုင်ပါသည်။ အဆိုပါ အချက်အလက်ကို ပွင့်လင်းစွာ ထည့်သွင်းထားခြင်းဖြင့် သင်၏ပေါင်းချုပ်တွင် စီးပွားဖြစ်မဟုတ်သော ကိစ္စရပ်များအတွက်သာ အသုံးပြုနိုင်သော အချက်အလက်၊ ပစ္စည်းများ ပါဝင်ကြောင်း အသုံးပြုသူများအတွက် အလွန်ရှင်းလင်းစေမည် ဖြစ်သည်။

၎င်းရင်းမြစ်အမျိုးအစားများအား မည်သို့အသိအမှတ်ပြုဖော်ပြရမည်ကို အသေးစိတ်လေ့လာပါမည်။

ရည်ညွှန်းဖော်ပြခြင်း

ပေါင်းချုပ်တစ်ခုကိုဖန်တီးသည့်အခါ (သို့) OER တစ်ခုကိုပေါင်းစပ်ဖန်တီးသည့်အခါ သင်အသုံးပြုထားသော လက်ရာတစ်ခုချင်းစီအတွက် အသိအမှတ်ပြုဖော်ပြမှုများ ပြုလုပ်ရပါမည်။ သို့မှသာ သင်၏ OER အားအသုံးပြုများသည် မည်သည့်အကြောင်းအရာကို မည်သူဖန်တီးသလဲနှင့် အကြောင်းအရာတစ်ခုကို မည်သည့် လိုင်စင်သတ်မှတ်ချက်များ သက်ရောက်လျှက်ရှိသည်ကို နားလည်လာမည်ဖြစ်သည်။ အသိအမှတ်ပြုဖော်ပြရာတွင် သင်အသုံးပြုသော OER တစ်ခုချင်းစီအတွက် ခေါင်းစဉ်၊ ဖန်တီးသူ၊ ရင်းမြစ်နှင့် လိုင်စင် (TASL) များပါဝင်သင့်သည်။

အစောပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်း ထိုအချက်အလက်များကို စုစည်းဖော်ပြရန် အသိအမှတ်ပြုကျေးဇူးတင်လွှာ (သို့) အကိုးအကားကဏ္ဍများကို အသုံးပြုနိုင်သည်။ လက်ရာတစ်ခုလုံးအပေါ် မသက်ဆိုင်ကြောင်း၊ တာဝန်မယူကြောင်း ရှင်းလင်းချက် (disclaimer) အသုံးပြုခြင်းသည် လက်ရာတစ်ခုလုံးအပေါ် သက်ရောက်နေသည့် လိုင်စင်အမျိုးအစားကို အသုံးပြုသူမှနားလည်လာရန် ကူညီပေးသည်။ သို့ရာတွင် ခြွင်းချက်များလည်းရှိသည်။ OER အသုံးပြုမှုအား အသိအမှတ်ပြုနိုင်သည့် နည်းလမ်းများစွာနှင့် ယင်းတစ်ခုချင်းစီ၏ အသင့်တော်ဆုံးအချိန်အခါများကို လေ့လာကြပါမည်။

ပေါင်းချုပ်တစ်ခုအား အသိအမှတ်ပြုဖော်ပြခြင်း

ပေါင်းချုပ်တစ်ခုအား အသိအမှတ်ပြုဖော်ပြနိုင်သည့် နမူနာတချို့ကိုကို ဖော်ပြပါမည်။ ဥပမာအားဖြင့် သင်၏မူရင်းအကြောင်းအရာနှင့် open license ရုပ်ပုံများ ပါဝင်သော တင်ဆက်ပြသခြင်းတစ်ခု (presentation) (သို့) အင်တာနက်စာမျက်နှာတစ်ခု ဖန်တီးလိုက်သည်ဆိုပါစို့။ သင်က ရုပ်ပုံတစ်ခုချင်း ကို သက်ဆိုင်ရာပြကွက် (slide) တွင် (သို့) အွန်လိုင်းတွင် အသုံးပြုထားသော နေရာတွင် အသိအမှတ်ပြု နိုင်သည်။ သို့မဟုတ် ရင်းမြစ်ပေါ်မူတည်ကာ တင်ဆက်ပြသမှု (presentation) ၏ သီးခြား ပြကွက် (slide) တစ်ခုတွင် (သို့) သင်တန်း ၏ သီးခြားစာမျက်နှာတွင် အသိအမှတ်ပြုဖော်ပြမှုများ ထည့်သွင်းနိုင်သည်။

ရင်းမြစ်၏ သင့်လျော်သောနေရာတွင် - ဥပမာ တင်ဆက်ပြသခြင်း (presentation) ၏ ရှေ့ဘက်မျက်နှာဖုံး (သို့) ဝက်ဘ်ဆိုက်တစ်ခု၏အောက်ခြေ - အောက်ပါအချက်များကို ဖော်ပြနိုင်သည်။ ထိုသို့ဖော်ပြရာတွင် သင်၏ပေါင်းချုပ်အတွက် အသုံးပြုမည့်လိုင်စင်၏ URL ကိုပါ ပါဝင်စေရမည်။

  • အခြားနည်းဖြင့် ဖော်ပြထားခြင်းမရှိပါက [ဖန်တီးသူ] ၏ [ရင်းမြစ်နာမည်] အား [လိုင်စင်အမျိုးအစား] လိုင်စင် သုံးထားပါသည်။
  • အခြားနည်းဖြင့် ဖော်ပြထားခြင်းမရှိပါက [ရင်းမြစ်နာမည်] အား [ဖန်တီးသူ] မှဖန်တီးကာ [လိုင်စင်အမျိုးအစား] လိုင်စင် သုံးထားပါသည်။
  • အခြားနည်းဖြင့် ဖော်ပြထားခြင်းမရှိပါက ဤလက်ရာအား [ဖန်တီးသူ] မှဖန်တီးပြီး [လိုင်စင်အမျိုးအစား] လိုင်စင် သုံးထားပါသည်။

ဤဥပမာသုံးခုတွင် သင်သည် လိုအပ်သော TASL အချက်အလက်အားလုံးကို ထည့်သွင်းထားသည် (သို့) ‘ဤလက်ရာ’ က ရည်ညွှန်းသည့်အရာက ရှင်းရှင်းလင်းလင်းရှိသည့် အခြေအနေတစ်ခုတွင် ် အသိအမှတ်ပြုဖော်ပြချက်တစ်ခု ကို ပေးထားသည်။ ထို့အပြင် 'အခြားနည်းဖြင့် ဖော်ပြထားခြင်းမရှိလျှင် ' သို့မဟုတ် ‘တခြားနည်းဖြင့်မှတ်ချက်ပြုမထားလျှင်’ ဟူသော မသက်ဆိုင်ကြောင်း၊ တာဝန်မယူကြောင်း ရှင်းလင်းချက်ကိုလည်း ထည့်သွင်းထားသည်။ ခြွင်းချက်များရှိပြီး လိုင်စင်စည်းကမ်းများ အမျိုးမျိုးရှိသော ရင်းမြစ်များ ပါဝင်ကြောင်း ယင်းအချက်က အသုံးပြုသူကို ရှင်းရှင်းလင်းလင်း ရှိစေသည်။

OER များအား အသုံးပြုစဉ် သင်အသုံးပြုသောရုပ်ပုံဘေးတွင် အသိအမှတ်ပြုဖော်ပြချက် ထည့်သွင်းခြင်းကဲ့သို့ OER တစ်ခုချင်းစီကို အသိအမှတ်ပြုခြင်းမပြုလုပ်ပါက အသိအမှတ်ပြုကျေးဇူးတင်လွှာ (သို့) ကိုးကားစာရင်းတွင် ထည့်သွင်းနိုင်သည်။ ဥပမာအားဖြင့်

Screenshot ရင်းမြစ်: OER Hub ၏ Open Research 2014 မှ ‘Image and Asset Credits’ ကဏ္ဍအား CC BY-SA 4.0 လိုင်စင်သုံးထားပါသည်။

အထက်ပါဥပမာတွင် Open Research 2014 အမည်ရသော သင် တန်းတစ်ခုအတွက် ရုပ်ပုံနှင့်သင်ထောက်ကူပစ္စည်း အသိအမှတ်ပြု စာမျက်နှာကိုဖော်ပြထားသည်။ သင် တန်းတစ်ခုလုံးအား open license (CC BY-SA 4.0) သုံးထားပါသည်။ သင် တန်းတွင် အခြား OER များပါဝင်ကြောင်း အသိအမှတ်ပြုထားသော အထက်ဖော်ပြပါ များနှင့်ဆင်တူသော မသက်ဆိုင်ကြောင်း၊ တာဝန်မယူကြောင်း ရှင်းလင်းချက်တစ်ခုပါဝင်ပါသည်။

သင ် တန်းတစ်ခုလုံး၏လိုင်စင်သည် သင်တန်း လက်ရာရှင်များ (OER Hub) ဖန်တီးသော မူရင်းအကြောင်းအရာအပေါ် သက်ရောက်မှုရှိသည်။ သင် တန်းတွင်အသုံးပြုထားသော Open license သုံးထားသောရုပ်ပုံများကို သီးခြားစီ အသိအမှတ်ပြုဖော်ပြထားသည်။

ပေါင်းစပ်ဖန်တီးထားသည့်လက်ရာအား အသိအမှတ်ပြုဖော်ပြခြင်း

ပေါင်းစပ်ဖန်တီးထားသည့်လက်ရာအား အသိအမှတ်ပြုဖော်ပြရာတွင် OER များသည် တစ်ခုနှင့်တစ်ခု ခွဲခြား၍မရအောင် ရောစပ်ထားစေကာမူ သင်အသုံးပြုထားသော OER တစ်ခုချင်းစီတိုင်းကို အသိအမှတ်ပြုရေး သေချာစေရန်လိုအပ်သည်။ ဥပမာ ဤသင်တန်း တွင် ပေါင်းစပ်ဖန်တီးထားသည့်အကြောင်းအရာ၊ ပစ္စည်းနှင့် သီးခြား ရှိနေသော ရင်းမြစ်များ (ဥပမာ ရုပ်ပုံများ) နှစ်မျိုးစလုံးပါဝင်ပါသည်။ ဤသင် တန်း၏ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် အသိအမှတ်ပြုကျေးဇူးတင်လွှာ စာမျက်နှာများတွင် ဤသင် တန်း၌ပါဝင်သော OER အားလုံးနှင့် သက်ဆိုင်သည့် အချက်အလက်များနှင့် ဤသင်တန်းသည် ပေါင်းစပ်ဖန်တီးထားမှုတစ်ခုဖြစ်ကြောင်း ဝန်ခံချက်တစ်ခုကို မြင်တွေ့ရမည်ဖြစ်သည်။ သင်ဖန်တီးထားသော ပေါင်းစပ်ဖန်တီးမှုတစ်ခုကို အသိအမှတ်ပြု ဖော်ပြသည့်အခါ အလားတူ ဖော်ပြချက်တစ်ခုကို အသုံးပြုနိုင်သည်။ အောက်ပါဥပမာတွင် မြင်တွေ့ရသည့်အတိုင်း ထိုဖော်ပြချက်တွင် သင် တန်းအတွင်း အသုံးပြုထားသော OER တစ်ခုချင်း ၏ပါဝင်မှုကို ဖော်ပြရန် 'အခြားနည်းဖြင့် ဖော်ပြထားခြင်းမရှိပါက' ဟူသော မသက်ဆိုင်ကြောင်း ရှင်းလင်းချက် ပါဝင်ပါသည်။

‘[လက်ရာအသစ်၏ အမည်]’ သည် [ရက်စွဲ] တွင်ထုတ်ဝေဖော်ပြပြီး [သင် မှီငြမ်းထားသော လက်ရာအား ဖန်တီးသူ(များ)၏အမည်] မှ [သင် မှီငြမ်းထားသောလက်ရာ(များ)၏ CC လိုင်စင်နှင့် URL] ဖြင့် လိုင်စင် သုံးထားသော (မူလလက်ရာ) ၏ [မူလရင်းမြစ်(များ)၏ URL အပါအဝင် သင်ပေါင်းစပ်ထားသောလက်ရာ(များ)၏အမည်] အား မှီငြမ်းထားသောလက်ရာဖြစ်သည်။ အခြားနည်းဖြင့် ဖော်ပြထားခြင်းမရှိပါက ဤ မှီငြမ်းလက်ရာအား [သင်၏အမည်] ( မှီငြမ်းသူ) မှထုတ်ဝေဖော်ပြကာ [ မှီငြမ်းလက်ရာအတွက် သင်ရယူထားသည့် CC လိုင်စင်] တစ်ခုဖြင့် လိုင်စင် ချထားပါသည်။

မှီငြမ်းသူသည် မူလလက်ရာအား အောက်ပါအချက်များတွင် ပြောင်းလဲထားပါသည်။ - [ မှီငြမ်းလက်ရာများစာရင်း] (‘ မှီငြမ်းသူ၏လက်ရာ’)

သင်၏ကိုယ်ပိုင်လေ့ကျင့်မှုများ

OER ဖန်တီးရာတွင် (သို့) လက်ရာအား မှီငြမ်းရာတွင် သင်၏လက်ရာအာ ပိုမိုထိန်းချုပ်မှုရှိသောလိုင်စင် သက်ရောက်စေရန် သင့်တော်မည်လားဆိုသည်ကို စဉ်းစားသင့်ပါသည်။ ယခု ယူနစ်၏အစောပိုင်းတွင်ပါရှိသော '90fied' ဓာတ်ပုံကိုစဉ်းစားကြည့်ပါ။ ယင်းမှီငြမ်းလက်ရာသည် CC BY 2.0 လိုင်စင်ရှိသော ‘Creative Commons 10th Birthday Celebration San Francisco’ ဓာတ်ပုံကို အခြေခံထားခြင်း ဖြစ်သည်။ ‘90fied’ မှီငြမ်းလက်ရာအား လိုင်စင်ချပေးသည့်အခါ ပိုမိုထိန်းချုပ်မှုရှိသောလိုင်စင် သက်ရောက်စေရန် ခွင့်ပြုထားပါသည်။ သို့ရာတွင် ပိုမိုထိန်းချုပ်မှုရှိသောလိုင်စင်သက်ရောက်စေခြင်းသည် လွတ်လပ်စွာ ရယူသုံးစွဲစေလိုသည့် (သို့) မူလလိုင်စင်ကို အသုံးပြုစေလိုသည့် ရည်ရွယ်ချက်ကြောင့်ဟုတ်ပါသလား။ အခြေအနေအားလုံးတွင် ပြန်လည်အသုံးပြုစေချင်ပါက ကျွန်ုပ်တို့ပြုပြင်ထားသည့်ရင်းမြစ်ဗားရှင်းအား CC BY ဖြင့်လည်း လိုင်စင် ချထားသင့်သည်။

အခြားသူက သင်၏ရင်းမြစ်ဗားရှင်းအသစ်အား ပြန်လည်အသုံးပြုရာတွင် မည်မျှလွယ်ကူစေမည်နည်းဆိုသည်ကိုလည်း စဉ်းစားရန်လိုအပ်သည်။ အခြားသူများအားကူညီနိုင်ရန် သင်မှီငြမ်းပြုပြင် ထားသော OER များအား ‘အကြုံမပြုသော်လည်း သဘောတရားအားဖြင့် ဖြစ်နိုင်ခြေရှိသည် (Not recommended but technically possible)’ ဟုဖော်ပြထားသော လိုင်စင်များ သုံးခြင်းမှ ရှောင်ကျဉ်ပါ။

အခန်း ၅.၂ တွင်မြင်တွေ့ခဲ့ရသည့်အတိုင်း သင်၏ရင်းမြစ်အား ဖွဲ့စည်းမှုပုံစံ (format) အမျိုးမျိုးနှင့် ပလက်ဖောင်း (platform) အမျိုးမျိုးပေါ်တွင် ရရှိနိုင်ရေး ဆောင်ရွက်ရန် စဉ်းစားသင့်ပါသည်။ သို့မှသာ လူများက ပိုမိုလွယ်ကူစွာ အသုံးပြုလာနိုင်မည်ဖြစ်သည်။

နောက်ဆုံးမှတ်ချက်

စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ညီညွတ်သောနည်းလမ်းဖြင့် ပေါင်းစပ်ဖန်တီးခြင်းအား ချဉ်းကပ်ရသည်မှာ စိုး ရွံ့ဖွယ်ကောင်းနိုင်ပါသည်။ ဤ ယူနစ်တွင် OER အသုံးပြုပုံ များနှင့် ကျွန်ုပ်တို့အသုံးပြုလိုက်သော OER များအား သင့်တင့်လျောက်ပတ်စွာ အသိအမှတ်ပြုဖော်ပြနည်းတို့ကို လေ့လာခဲ့ပါသည်။

မှီငြမ်းလက်ရာများ နှင့် စုစည်းမှု(ပေါင်းချုပ်) များ ဖန်တီးခြင်းကို အထောက်အကူပြုသည့် ပညာနှင့် ကျွမ်းကျင်မှုရှိထားခြင်းသည် စာကြည့်တိုက်မှူးများ၊ ICT နှင့် အထောက်အကူပြုဝန်ထမ်းများအတွက် အထူးသဖြင့် အရေးကြီးပါသည်။ OER နှင့် CC လိုင်စင် သုံးထားသော အကြောင်းအရာ၊ အချက်အလက်များ၏ သင်၏တက္ကသိုလ်တွင် ရှိနေနိုင်သော အခန်းကဏ္ဍကို နောက် ယူနစ်တွင် အသေးစိတ်လေ့လာသွားမည်ဖြစ်သည်။

အခန်း ၅ ဉာဏ်စမ်းမေးခွန်းများ