အခန်း ၅ ။ CC လိုင်စင်သုံးသောလက်ရာကိုဖန်တီးခြင်း

မိတ်ဆက်

Opens beautiful doors [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ’ ကို UK - Aid က ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ် (spheir.org.uk) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် TIDE စီမံကိန်းအတွက် Visual Thinkery က ဖန်တီးထားပြီး CC BY 2.0 လိုင်စင် သုံးထားပါသည်။

ယခုဆိုလျှင် အခြားသူများဖန်တီးထားသော CC လိုင်စင်ရှိ သည့်ရင်းမြစ်အား အသိအမှတ်ပြုဖော်ပြနိုင်ပြီဖြစ်သောကြောင့် ကျွန်ုပ်တို့၏ကိုယ်ပိုင်လက်ရာများအပြင် OER များကို မှီငြမ်းပြုပြင် ကာ ကျွန်ုပ်တို့ဖန်တီးသည့်လက်ရာများအတွက် ို CC လိုင်စင် အသုံးပြုခြင်းအား အသေးစိတ်လေ့လာကြပါမည်။

Open license ရယူထားသောရင်းမြစ်များအား ရှာဖွေရန်နေရာများနှင့် ၎င်းတို့အားအကဲဖြတ်နည်းကို အခန်း ၄ တွင် ကျွန်ုပ်တို့ လေ့လာခဲ့သည်။ CC လိုင်စင်ရှိ သောရင်းမြစ်အား ရည်ညွှန်းရာ သို့မဟုတ် အသိအမှတ်ပြုဖော်ပြရာတွင် ထည့်သွင်းဖော်ပြရန်လိုအပ်သည့် အချက်အလက်များကိုလည်း လေ့လာခဲ့ပါသည်။ ဤအခန်းတွင် သင်၏ကိုယ်ပိုင်လက်ရာအတွက် CC လိုင်စင်များ ရွေးချယ် အသုံးပြုခြင်းကို အသေးစိတ် လေ့လာပြီး ့် သင်၏ရင်းမြစ်အား လွယ်ကူစွာရှာဖွေနိုင်ကာ ပြန်လည်အသုံးပြုနိုင်ကြစေရန် စဉ်းစားသင့်သည့်အချက်များကို သုံးသပ်သွားပါမည်။ နိဂုံးတွင် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် သုံးထားသောရင်းမြစ်များအား မှီငြမ်းပြုပြင ခြင်းနှင့် ပုံစံမျိုးစုံဖြင့် OER အမျိုးမျိုး ကို ရောစပ်ကာ ကျွန်ုပ်တို့ဖန်တီးထားသော ရင်းမြစ်များအား အသိအမှတ်ပြုဖော်ပြနည်းတို့ကို လေ့လာသွားမည်ဖြစ်သည်။

ဤ ယူနစ်တွင် အခန်း ၃ ခန်း ရှိသည်။

  • ၅.၁ CC လိုင်စင်တစ်ခုအား ရွေးချယ် အသုံးပြုခြင်း
  • ၅.၂ CC လိုင်စင် သုံးပြီးနောက် စဉ်းစားရန်အချက်များ
  • ၅.၃ CC လိုင်စင် သုံးထားသောလက်ရာများကို ပြုပြင်မှီငြမ်းခြင်းနှင့် ပေါင်းစပ်ဖန်တီးခြင်း

ဤ ယူနစ်မှအကြောင်းအရာများကို ထပ်မံလေ့လာလိုပါက နောက်ဆက်တွဲ အရင်းအမြစ်များ တွင် လေ့လာနိုင်ပါသည်။

၅.၁ CC လိုင်စင်တစ်ခုကို ရွေးချယ် အသုံးပြုခြင်း