Skip to main content
Printable page generated စနေ, 4 မေ 2024, 19:56
Use 'Print preview' to check the number of pages and printer settings.
Print functionality varies between browsers.
Unless otherwise stated, copyright © 2024 The Open University, all rights reserved.
Printable page generated စနေ, 4 မေ 2024, 19:56

အခန်း ၆ ။ သင်နှင့်သင်၏တက္ကသိုလ်

မိတ်ဆက်

Visual Thinkery မှ စီစဉ်ဖန်တီးခဲ့သော ‘CC BY' သည် UK Aid က ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ် (spheir.org.uk) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော TIDE စီမံကိန်းအတွက်ဖြစ်ပြီး  CC BY 2.0 လိုင်စင် သုံးထားပါသည်။

စာကြည့်တိုက်မှူးများ၊ အိုင်စီတီဝန်ထမ်းများနှင့် အကူဝန်ထမ်းများ၏အခန်းကဏ္ဍသည် မြန်မာနိုင်ငံပညာရေးစနစ် အပြောင်းအလဲများကို (သို့) COVID-19 ကပ်ရောဂါအားတုံ့ပြန်မှုကို အထောက်အကူပြုရန် အလျင်အမြန်တိုးတက်လာနေပါသည်။ အပြောင်းအလဲမြန်သည့်သတင်းအချက်အလက်ပတ်ဝန်းကျင်တွင် open license များအားကျွမ်းကျင်မှုသည် အရေးပါသည့်အရည်အချင်းတစ်ရပ်ဖြစ်သည်။

Creative Commons လိုင်စင်များသည် ကမ္ဘာတစ်ဝန်းရှိ လွတ်လပ်စွာ ရယူအသုံးပြုနိုင် သောပညာရေး(open education) နှင့် လွတ်လပ်စွာရယူသုံးစွဲနိုင်မှု(open acess) ဆိုင်ရာ စီမံကိန်းများတွင် လူသိအများဆုံး open Licences များဖြစ်ပြီး OER နှင့် လွတ်လပ်စွာရယူသုံးစွဲနိုင်မှု(opoen access (OA) များတွင် CC သည် လွတ်လပ်သော(open) စကားရပ်ကိုထည့်သွင်းခဲ့သည်။ ဤမော်ဂျူးတွင် ပညာရေးနှင့်သုတေသနဆိုင်ရာ ရည်ရွယ်ချက်များအတွက် CC လိုင်စင်များနှင့် CC လိုင်စင်ရှိသည့်အကြောင်းအရာများကို အသုံးပြုခြင်းဆိုင် ရာ အသေးစိတ်အချက်အလက်များကို မိတ်ဆက်ပေးသွားပါမည်။

ဤ ယူနစ်တွင် အခန်း ၃ ခန်းရှိသည်။

  • ၆.၁ အဆင့်မြင့် လေ့လာသင်ယူမှုအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း
  • ၆.၂ သင်၏တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်းအား လွတ်လပ်စွာ လက်လှမ်းမီစေ ခြင်း
  • ၆.၃ နောက်ထပ် ကျန်ရှိသည့်အရာ။

ဤ ယူနစ်မှအကြောင်းအရာများကို ထပ်မံလေ့လာလိုပါက နောက်ဆက်တွဲ အရင်းအမြစ်များ တွင် လေ့လာနိုင်ပါသည်။

၆.၁ အဆင့်မြင့် လေ့လာသင်ယူမှုအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း

ဓာတ်ပုံအသိအမှတ်ပြုချက် Amy Collier ဖန်တီးရေးဆွဲထားသော CC မှ Open Access at CC ကို Creative Commons က မူပိုင်ခွင့်ပိုင်ဆိုင်ပြီး CC BY လိုင်စင် သုံးထားပါသည်။

သင်ယူမှုရလဒ်များ

ဤ အခန်းကိုတက်ရောက်ပြီးနောက် အောက်ပါရလဒ်များရရှိလာပါမည်။

  • လွတ်လပ်စွာရယူသုံးစွဲနိုင်မှု(open access) အဓိပ္ပာယ်အားရှင်းလင်းနိုင်ခြင်း
  • သင်၏တက္ကသိုလ်ရှိ ကျောင်းသားများ၊ သုတေသီများနှင့် ဆရာ/မများကို open access ၏အကျိုးကျေးဇူးများအား ရှင်းပြနိုင်ခြင်း
  • လက်ရာရှင်များအနေဖြင့် ၎င်းတို့၏ကိုယ်ပိုင်လက်ရာများအား open access ပြုလုပ်နိုင်ပုံကိုဖော်ပြနိုင်ခြင်း

ပြန်လည်သုံးသပ်ချက်

သုတေသန အကြောင်းအရာ၊ အချက်အလက်များကိုရှာဖွေနေသည့် ကျောင်းသားများနှင့် ဆရာများကို သင်မည်သို့ပံ့ပိုးပါသလဲ။ သုတေသနဆောင်းပါးများကို ဝင်ရောက်ဖတ်ရှုရန်ကြိုးစားစဉ် အခမဲ့အသုံးမပြုနိုင်ရန် ကန့်သတ်ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်စနစ်နှင့်ကြုံဖူးပါသလား။ သုတေသနစာအုပ်စာတမ်းများ ထုတ်ဝေနိုင်ရန်နှင့် လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေရန် သင်၏တက္ကသိုလ်မှ မည်သို့ပံ့ပိုးပေးသနည်း။

မိတ်ဆက်

လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်း (Open Access - OA) ဆိုသည်မှာ သုတေသန ရေးသားလုပ်ဆောင်မှုများကို အခမဲ့ သို့မဟုတ် အခြားကန့်သတ်ချက်များမရှိဘဲ အွန်လိုင်းတွင် ဖြန့်ဖြူးသော ကျင့်ကြံလုပ်ဆောင်မှု အမျိုးမျိုးနှင့် အခြေခံမူများ ဖြစ်ပါသည် (Open Access, Wikipedia)။ ရယူအသုံးပြုခွင့်ပေးသောလိုင်စင် (open licence) ဖြင့်ရရှိနိုင်ပြီး အသုံးပြုရန် အသင့်ဖြစ်ချိန်တွင် သုံးစွဲသူများအတွက် အခမဲ့ဖြစ်သည်။

လွတ်လပ်စွာ ရယူသုံးစွဲနိုင်သော (open access) သုတေသနသည် သိပ္ပံပညာရပ်နှင့် ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းတို့ကို ပျံ့နှံ့စေရာတွင် အသုံးပြုသော လက်ရှိ ့ 'အပိတ်' စနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းအပိတ်စနစ်တွင် ဂျာနယ် ရယူသုံးစွဲခွင့်အတွက် အခကြေးငွေပေးနိုင်သော ကျောင်းများသာ သုတေသနစာတမ်းများကို ရရှိနိုင်ပြီး သုတေသနစာတမ်းများသည် ဈေးကြီးကာ အခကြေးငွေပေးသူများကိုသာ အသုံးပြုခွင့်ပေးသည့် ဝက်ဘ်ဆိုက်စနစ်များ၏ နောက်ဘက်တွင် ရှိပါသည်။ ဆိုလိုသည်မှာ အကြောင်းအရာ၊ အချက်အလက်များကို များစွာသော ကမ္ဘာတစ်ဝန်းရှိပညာ ရှင်များ (သို့) ပညာရေးနယ်ပယ်၌အလုပ်မလုပ်သောသူများက ရယူသုံးစွဲခြင်းမပြုနိုင်ပါ။ ထိုအချက်သည် စိတ်ကူးစိတ်သန်းများနှင့်တီထွင်ဆန်းသစ်မှုများ၏ တိုးတက်မှုအမြန်နှုန်းအပေါ် သက်ရောက်စေနိုင်သည်။

ဤသင်ခန်းစာတွင် လွတ်လပ်စွာ ရယူသုံးစွဲနိုင်သော (open access) ထုတ်ဝေဖော်ပြခြင်းအကြောင်းအားလေ့လာသွားမည်ဖြစ်ပါသည်။ ၎င်းသည် အဆင့်မြင့် လေ့လာသင်ယူမှုများအား အခမဲ့ရယူသုံးစွဲနိုင်စေရန်ရည်ရွယ်ပြီး တက္ကသိုလ်များနှင့် ကောလိပ်များအနေဖြင့် ကျောင်းသားများနှင့် ဆရာများထံ ခေတ်နှင့်အညီဖြစ်သော ရင်းမြစ်များနှင့် သုတေသနများကို အခမဲ့ထောက်ပံ့ပေးနိုင်သော အလားအလာ ကို ပေးပါသည်။ အပြန်အလှန်အားဖြင့် လွတ်လပ်စွာ ရယူသုံးစွဲနိုင်စေသော (open access) ဂျာနယ်များနှင့် အင်တာနက် မော်ကွန်းတိုက်များ (repositories) သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို ၎င်းတို့၏သုတေသနများအား ပိုကျယ်ပြန်သည့်နိုင်ငံတကာမှစာဖတ်သူများထံ ပြသရန် အခွင့်အလမ်းများကိုလည်း ပေး ပါသည်။

လွတ်လပ်စွာ ရယူသုံးစွဲနိုင်ခြင်း (open access) ၏ဖြစ်နိုင်ခြေများကိုစူးစမ်းရှာဖွေရန် တက္ကသိုလ်တစ်ခုအား ကျွန်ုပ်တို့မည်သို့ပံ့ပိုးနိုင်သည်ကို အသေးစိတ်လေ့လာကြပါစို့။

လွတ်လပ်စွာရယူသုံးစွဲနိုင်ခြင်း (open access) ဆိုသည်မှာ အဘယ်နည်း။

Budapest Open Access Initiativeက open access (OA)ကို အောက်ပါအတိုင်းဖွင့်ဆိုပါသည်:

အများပြည်သူသုံးအင်တာနက်ပေါ်တွင် [အခမဲ့] ရရှိနိုင်ပြီး မည်သည့်သုံးစွဲသူကိုမဆို [သုတေသန] ဆောင်းပါးများ၏ စာသားအပြည့်အစုံကို ဖတ်ခြင်း၊ ဒေါင်းလုတ်ရယူခြင်း၊ မူပွားခြင်း၊ ဖြန့်ဖြူးခြင်း၊ ပုံနှိပ်ခြင်း၊ ရှာဖွေခြင်း (သို့) လင့်ခ်ပေးခြင်း၊ အင်တာနက်စာမျက်နှာတွင် ရည်ညွှန်းရန် ရှာဖွေခြင်း၊ ဆော့ဖ်ဝဲအတွင်းသို့ အချက်အလက်ဒေတာအဖြစ်သွင်းခြင်း၊ (သို့) ဥပဒေနှင့် ညီညွတ်သော တခြားမည်သည့် ရည်ရွယ်ချက်အတွက်မဆို အသုံးပြုခြင်းတို့ကို အင်တာနက် ချိတ်ဆက်ရာတွင် သီးခြားခွဲထုတ်၍မရသောအခြားကိစ္စရပ် များမှလွဲ၍ ငွေကြေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ (သို့) နည်းပညာဆိုင်ရာ အတားအဆီးများမပါဝင်ဘဲ ခွင့်ပြုထားခြင်း မူပွားခြင်းနှင့်ဖြန့်ဖြူးခြင်းတို့အပေါ် တစ်ခုတည်းသောကန့်သတ်ချက်နှင့် ဤနယ်ပယ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်၏ တစ်ခုတည်းသောအခန်းကဏ္ဍသည် မူလလက်ရာရှင်များကို ၎င်းတို့၏လက်ရာများ၏ တည်တံ့ခိုင်မြဲမှုအား ထိန်းချုပ်ခွင့်ပေးခြင်းနှင့် သင့်တော်စွာအသိအမှတ်ပြုခံရစေရန် နှင့် ရည်ညွှန်းခံရစေရန် အခွင့်အရေး ပေးခြင်းတို့ဖြစ်သင့်ပါသည်။

OA နမူနာပုံစံ တစ်ခု၏ အရေးပါသောအစိတ်အပိုင်းများတွင် ပါဝင်သည်မှာ -

  • မူပိုင်ခွင့်အားထိန်းသိမ်းထားသောမူလလက်ရာရှင်များ သို့မဟုတ် ၎င်းတို့၏ အဖွဲ့အစည်းများ
  • ပိတ်ပင်တားမြစ်သောကာလ မရှိဘဲ ထုတ်ဝေမှုများကို ချက်ချင်း အခမဲ့ ရယူနိုင်ခြင်း
  • ထုတ်ဝေမှု သို့မဟုတ် သုတေသန ရေးသားလုပ်ဆောင်မှုတစ်ခုတွင် Creative Commons လိုင်စင်တစ်ခု ထည့်သွင်းခြင်း၊ CC BY လိုင်စင်သုံးလျှင် ပိုကောင်းသည်။
  • ဖြစ်နိုင်သည့်အခါနှင့် သုတေသနလုပ်ငန်းစဉ်အတွင်း မည်သည့် ပါဝင်လုပ်ဆောင်သူများနှင့်မဆို သဘောတူသည့်အခါ ဆောင်းပါးနှင့်အတူ သုတေသန အချက်အလက်များကို မျှဝေခြင်း

ယခုဖော်ပြပါ Piled Higher နှင့် Deeper (PhD Comics) ၏ ‘Open access explained!’ (အင်္ဂလိပ်ဘာသာဖြင့်) ဗီဒီယိုကို ကြည့်ပါ။

Interactive feature not available in single page view (see it in standard view).

ဂျာနယ်များ၏ မတူညီသောပုံစံ များ

သင့်တွင် တက္ကသိုလ်ဂျာနယ်တစ်စောင်ရှိနိုင်ပါသည်။ လုပ်ဖော်ကိုင်ဖက်များသည် ၎င်းတို့၏ ဆွေးနွေးပွဲမှတ်တမ်းများကို ထုတ်ဝေနိုင်ပါသည်။ လက်ရှိတွင် မည်သည့် ထုတ်ဝေမှုပုံစံများကို သင်အသုံးပြုနေပါသလဲ။ တက္ကသိုလ်တွင် လုပ်ကိုင်ဆောင်ရွက်သော သုတေသန များအား အထူးသတ်မှတ်ချက်များဖြင့် (သို့) သီးသန့်လိုင်စင်တစ်ခုဖြင့် ထုတ်ဝေပါသလား။ တက္ကသိုလ်တွင် လုပ်ကိုင်ဆောင်ရွက်သော သုတေသနများအား ထုတ်ဝေရာတွင် သင်ပါဝင်ပတ်သက်ပါက စာတမ်းများကို မထုတ်ဝေမီ မည်သည့်အဆင့်များကို ဖြတ်သန်းရပါသလဲ။

‘ပိတ်ထားသော(closed)’ နှင့် 'လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော(open access) ဂျာနယ်များကြားမှ ကွာခြားချက်အား အသေးစိတ်လေ့လာကြပါစို့။ ဆောင်းပါးတစ်ခုကို လက်ခံဖော်ပြနိုင်ခြင်း ရှိ၊ မရှိ စဉ်းစားနိုင်ရန်နှင့် တခြားပညာရှင်များက ဝေဖန်အကဲဖြတ်နိုင်ရန် ဂျာနယ်တစ်ခုထံ တင်သွင်းသည့်အခါ ဘာဆက်ဖြစ်ပါသလဲ။

‘ပိတ်ထားသော(closed)’ ဂျာနယ်များ

ပညာရှင်များ ဝေဖန်အကဲဖြတ်သည့်အဆင့်ကိုဖြတ်ကျော်နိုင်သည့်ဆောင်းပါးများထဲမှ အချို့သည် ဂျာနယ်တွင်ဖော်ပြရန် ကမ်းလှမ်းခံရပါသည်။ ဂျာနယ်သည် မူလလက်ရာရှင်အား ၎င်း ၏ဆောင်းပါးရွေးချယ်ခံရကြောင်း အကြောင်းကြားမည်ဖြစ်ပြီး ပုံမှန်အားဖြင့် မူလလက်ရာရှင်သည် ဂျာနယ်ထံ စာပေနှင့်အနုပညာမူပိုင်ခွင့် (သို့မဟုတ် ဂျာနယ်နှင့် သီးသန့်ပုံနှိပ်ထုတ်ဝေခြင်းစာချုပ်ချုပ်ရန် သဘောတူညီချက်) ကို လွှဲပြောင်းရန်လိုအပ်သည်။ ထိုသတ်မှတ်ချက်များအားလက်ခံခြင်းဖြင့် မူလလက်ရာရှင်သည် ဂျာနယ်အား မူပိုင်ခွင့်အရ ဖြစ်သည့်သီးသန့်အခွင့်အရေးများရရှိစေရန် ခွင့်ပြုပေးလိုက်ပါသည်။ ဆိုလိုသည်မှာ ယခုအချိန်တွင် မူလလက်ရာရှင်မဟုတ်ဘဲ ဂျာနယ်က မူပိုင်ခွင့်ကိုင်ဆောင်သူဖြစ်သောကြောင့် ဥပဒေအရ မူပိုင်ခွင့်ရရှိသူများအားပေးထားသည့် များစွာသော အခွင့်အရေးများဖြင့် ရယူသုံးစွဲမှုနှင့် ပြန်လည်အသုံးချမှုစည်းကမ်းချက်များအား ကန့်သတ်နိုင်ပါသည်။

ဂျာနယ်များသည် သိပ္ပံပညာရပ်ဆိုင်ရာသုတေသနများတွင် လက်တွေ့အခွင့်အရေးကိုင်ဆောင်သူများ(de facto rights holders) ဖြစ်လာကြသည့်အတွက် တက္ကသိုလ်စာကြည့်တိုက်များ၊ သုတေသနအဖွဲ့အစည်းများနှင့် အများပြည်သူများက ယင်း အကြောင်းအရာ၊ အချက်အလက်များအား သုံးစွဲခွင့်ရနိုင်ရန် လိုင်စင် ချပေးသည့်သူများဖြစ်ကြပြီး ် များသောအားဖြင့် ကြီးမားများပြားသောအခကြေးငွေဖြင့် အသုံးပြုခွင့်ပေးခြင်းဖြစ်သည်။ ယင်းက အကျိုးအမြတ်ယူသည့်ထုတ်ဝေသူများက ှ ပညာရှင်မျာ ှ မူလထုတ်ဝေထားသည့် သိပ္ပံပညာရပ်ဆိုင်ရာနှင့်ပညာရပ်ဆိုင်ရာမှတ်တမ်းအား ရယူအသုံးပြုနိုင်မှုကို ပြန်ရောင်းချသော သံသရာ တစ်ခုဖြစ်လာစေပါသည်။

ထုတ်ဝေခြင်းဆိုင်ရာ တားမြစ်သက်တမ်းကုန်သွားလျှင်ပင် (ပုံမှန်အားဖြင့် ထုတ်ဝေသူများက သီးသန့်ဖြစ်သော ထုတ်ဝေခြင်းဆိုင်ရာ အခွင့်အရေးများ ရရှိသည့်ကာလမှာ ၆ လမှ ၁၂ လ) အများအားဖြင့် အစိုးရရန်ပုံငွေထောက်ပံ့ထားသည့် သိပ္ပံနည်းကျသုတေသနအား ရယူသုံးစွဲခွင့်မှာ ကန့်သတ်ချက်ရှိနေပြီး တက္ကသိုလ်မှ အချက်အလက်စုဆောင်းရာနေရာများသို့ သင့်တော်မှန်ကန်စွာ တင်သွင်းထားသည့် ဆောင်းပါးများကိုသာ အသုံးပြုသူများအား ဖတ်ခွင့်ပြုထားသည်။ နောက်ဆုံးတွင် အစိုးရရန်ပုံငွေဖြင့် ထောက်ပံ့ထားသော ပညာရပ်ဆိုင်ရာမှတ်တမ်းများအား အများပြည်သူ၏ ရယူသုံးစွဲနိုင်မှုမှာ စံချိန်စံညွှန်းမပြည့်မီဘဲ သိပ္ပံပညာရပ်ဆိုင်ရာနယ်ပယ်တွင် တိုးတက်မှုသည် ယင်း၏ အလားအလာအဆုံးအစွန်သို့ မရောက်ရှိတော့ပေ။

လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော (Open access) ဂျာနယ်များ

လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော (Open Access) ဂျာနယ်များသည် ဘာသာရပ် နယ်ပယ်တူ တခြားကျွမ်းကျင်ပညာရှင်များက စာတမ်းများကို စစ်ဆေးအကဲဖြတ်ပြီးနောက် အတည်ပြုကာ တစ်ကမ္ဘာလုံးတွင် လွတ်လပ်စွာ အခမဲ့ ရယူအသုံးပြုနိုင်စေပါသည်။ လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော ဂျာနယ်အများစုက စာတမ်းရှင်များကို ကန့်သတ်ချက်များ မရှိဘဲ မူပိုင်ခွင့် ထိန်းသိမ်းထားခွင့် ပြုပါသည်။ ထို့နောက် စာတမ်းရှင်များက ထုတ်ဝေသူကို စာတမ်းများ ထုတ်ဝေဖော်ပြနိုင်ရန် တစ်ဦးတည်မူပိုင် မဟုတ်သော ထုတ်ဝေခွင့်များ (သို့မဟုတ် ပထမဆုံးအကြိမ် ထုတ်ဝေခွင့်) ကို ပေးနိုင်ပါသည်။ နိုင်ငံအများအပြားတွင် သုတေသနတွေ့ရှိချက်များအား အများပြည်သူမှ ရယူသုံးစွဲနိုင်စေရန် ငွေကြေးထောက်ပံ့ သူက ပြဋ္ဌာန်းနိုင်ပါသည်(ဥပမာ CC လိုင်စင်တစ်ခုဖြင့်) ဆိုလိုသည်မှာ မူပိုင်ခွင့်များကို အကျိုးအမြတ်ယူသည့်ထုတ်ဝေသူများအား မပေးဘဲ သုတေသနပညာရှင်များက ထိန်းသိမ်းထားပါသည်။ သို့မဟုတ် အစကပင် CC BY ကဲ့သို့ လွတ်လပ်သော open access လိုင်စင်ဖြင့် ထုတ်ဝေထားသည့် 'ရွှေရောင်' open access ဂျာနယ်တစ်ခုကို သုတေသနပညာရှင်များမှ ရှာဖွေရမည်ဖြစ်သည်။

မည်သည့်နည်းဖြင့်ဖြစ်စေ ၎င်းတို့၏လက်ရာကိုလက်ခံလိုက်သောအခါတွင် ၎င်းတို့၏သုတေသနဆောင်းပါးများအတွက် အခွင့်အရေးအချို့ (သို့) အားလုံးကို သုတေသီများမှ ရရှိမည်ဖြစ်ပြီး open လိုင်စင်များအရ ထုတ်ဝေဖော်ပြရန်ခွင့်ပြုကာ ရေရှည်သုံးစွဲခွင့်ရရှိရန်နှင့်ထိန်းသိမ်းစောင့်ရှောက် ရန် မော်ကွန်းတိုက်တစ်ခုတွင် ၎င်းတို့၏ဆောင်းပါးများအား အပ်နှံနိုင်ပါသည်။ ထိုသုတေသနကို ရယူလေ့လာ ရန်နှင့် ပြန်လည်အသုံးပြုရန် နောက်ပိုင်းအသုံးပြုသူများအား တရားဝင်ခွင့်ပြုချက်များ ပေးထားပါသည်။ လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေသော (open access) စနစ်၏ယခုအမျိုးအစားသည် မူလရည်ရွယ်ချက်ဖြစ်သော သိပ္ပံပညာဆိုင်ရာအလုပ်များကို လုပ်ဆောင်ခြင်း နှင့် ရလဒ်များကို ပညာရပ်ဆိုင်ရာ ထုတ်ဝေရေးဖြစ်စဉ်မှတဆင့် လွတ်လပ်စွာ ဝေမျှခြင်းတို့နှင့် ပိုမိုသင့်တော်ပါသည်။

အချုပ်အားဖြင့်ဆိုရပါမူ လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေသော (open access) ံနည်းလမ်းသည် ပိုမို ထိရောက်ပြီး သာတူညီမျှဖြစ်က အကုန်အကျသက်သာသည့်အပြင် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုအားကောင်းစေပါသည်။

လွတ်လပ်စွာ ရယူအသုံးပြုနိုင်မှု (Open access) ဆိုင်ရာရွေးချယ်စရာများ

Open access လက်ရာရှင်များသည် နည်းလမ်းအနည်းငယ်ဖြင့် ထုတ်ဝေခွင့်များရရှိကြပြီး အသုံးအများဆုံးမှာ ‘အစိမ်းရောင်(green)’ နှင့် ‘ရွှေရောင်(gold)’ open access များဖြစ်သည်။

အစိမ်းရောင် OA (Green OA)

ဆိုလိုသည်မှာ စာမူ၏မူကွဲ (ဗားရှင်း) တစ်မျိုးအား မော်ကွန်းတိုက်တစ်ခု(repository) တွင် အခမဲ့ လွတ်လပ်စွာရယူသုံးစွဲနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းကို ကိုယ်တိုင်သိမ်းဆည်းခြင်းဟုလည်း လူသိများပါသည်။

အစိမ်းရောင် OA ၏နမူနာတစ်ခုမှာ တက္ကသိုလ်သုတေသန မော်ကွန်းတိုက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် EIFL နှင့် ဂျပန်နိုင်ငံမှ National Institute of Informatics ၏ ပံ့ပိုးကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီ၏ စီမံကိန်းဖြစ်သော မြန်မာ့ပညာရေးသုတေသနနှင့် လေ့လာသင်ယူရေး ပေါ်တယ် (MERAL) က သုတေသန စာစောင်စာတမ်းများ (နိုင်ငံတကာနှင့် ပြည်တွင်းဂျာနယ်များ၊ ဘွဲ့အတွက် တင်သွင်းသောကျမ်းများ၊ ဆွေးနွေးပွဲစာတမ်းများ စသဖြင့်) ကို လွတ်လပ်စွာ အခမဲ့ ရယူနိုင်စေပါသည်။ နောက်ထပ်ဥပမာတစ်ခုမှာ The Open University ၏ Open Research Online (ORO) ဖြစ်ပါသည်။

တစ်ခါတစ်ရံတွင် သုတေသနပညာရှင်များသည် အခြားပညာရှင်များ၏ ဆန်းစစ်အကဲဖြတ်ခြင်း (သို့) ဂျာနယ်တွင် ပုံနှိပ် ဖော်ပြခြင်း မပြုလုပ်ရသေးသော ၎င်းတို့၏ စာမူကြမ်းဖြစ်သည့် ကနဦးမူကို အများပြည်သူ ရယူအသုံးပြုနိုင်ရန် ဆောင်ရွက်ပါလိမ့်မည် ။ ကနဦးမူများကို Open license တစ်ခုဖြင့် မကြာခဏ ရယူနိုင်ပြီး အခကြေးငွေဖြင့်မှတ်ပုံတင်ထားသူများသာ ရယူနိုင်သော (သို့) တားမြစ်ကာလနောက်ပိုင်းမှသာ ရယူနိုင်သည့် ‘ပိတ်ထားသော’ ဂျာနယ်စာတမ်းများ၊ ဘွဲ့အတွင်တင်သွင်းသော ကျမ်းများနှင့် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် သုံးထားသော ထုတ်ဝေပြီး ဂျာနယ်ဆောင်းပါးများနှင့်အတူ တက္ကသိုလ်ကျောင်းများရှိ မော်ကွန်းတိုက်များတွင်လည်း တွေ့နိုင်ပါသည်။

ရွှေရောင် OA (Gold OA)

ဆိုလိုသည်မှာ ထုတ်ဝေသူမှ ထုတ်ဝေပြီးပြီးချင်း စာမူ၏နောက်ဆုံးမူ အား လွတ်လပ်စွာရယူနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ များသောအားဖြင့် open access ဂျာနယ်တစ်စောင်တွင် ဖော်ပြပြီးနောက် ဆောင်းပါးအား open licence ဖြင့်ရရှိစေရန် ဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ဆောင်လေ့ရှိသည်။ ရွှေရောင် OA ဂျာနယ်ထုတ်ဝေသည့် အဖွဲ့အစည်းတစ်ခု၏ နမူနာမှာ PLOS ဖြစ်သည်။

လက်ရာရှင်မှ (က) အများပြည်သူလွတ်လပ်စွာအသုံးပြုနိုင်စေရန် အင်တာနက်ပေါ်တွင် ဆောင်းပါးထုတ်ဝေခြင်းနှင့် (ခ) ဆောင်းပါးမူပိုင်ခွင့်အားထိန်းသိမ်းခြင်း တို့ကို ပြုလုပ်လိုသည့်အခါ ဆောင်းပါးထုတ်ဝေခြင်းဆိုင်ရာဝန်ဆောင်ခ (Article Processing Charge - APC) ကို open access ဂျာနယ်အချို့က ကောက်ခံပါသည်။ APC နှုန်းထားများသည် ဆောင်းပါးတစ်ပုဒ်လျှင် ဒေါ်လာရာဂဏန်းမှ ဒေါ်လာထောင်ချီသည်အထိ အမျိုးမျိုးကွဲပြားပါသည်။ APC များအကြောင်းကို ဝီကီပီးဒီးယား(Wikipedia) တွင် အသေးစိတ်ဖတ်ရှုရန်

မြန်မာနိုင်ငံတွင်လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်း (open access)

မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့က ၎င်းတို့ကိုယ်ပိုင် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော တက္ကသိုလ် (အင်တာနက်) မော်ကွန်းတိုက်များကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ရတနာပုံတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့က ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့ကြသည်။ ၂၀၂၀ ခုနှစ်တွင် ၎င်းတို့အားလုံး ယနေ့အချိန်ထိ မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်း ၁၉ ခုပါဝင်လျက်ရှိသည့် MERAL တွင် ပါဝင်လာသည်။ MERAL သည်အာဆီယံနိုင်ငံများတွင်ပထမဆုံးသောနိုင်ငံတော်အဆင့်သုတေသနဝက်ဘ်ဆိုက်ပေါ်တယ်တစ်ခုဖြစ်လာမည်ဖြစ်သည်။ ယခုဗီဒီယိုတွင် MERAL အကြောင်းကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ထပ်မံလေ့လာနိုင်သည်။

CC BY 4.0 International Licence ဖြင့် သုတေသနဝေမျှမှုကို အားပေးသည့် MERAL ကဲ့သို့ စီမံချက်များအပြင် လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေသော (open) လိုင်စင်များဖြင့် ၎င်းတို့၏လက်ရာများကို ဂျာနယ်များတွင် ထုတ်ဝေလျက်ရှိသော မြန်မာနိုင်ငံ တက္ကသိုလ်များမှ သုတေသီများစွာ ရှိပါသည်။ မြန်မာနိုင်ငံရှိ စာတမ်းရှင်များ၏ စာတမ်းနမူနာတစ်ချို့ကို နောက်ဆက်တွဲ အရင်းအမြစ်များ အခန်းတွင် ကြည့်ရှုနိုင်ပါသည်။

သင်က စာကြည့်တိုက်မှူးဆိုပါက သုတေသနများအား အဖိုးအခ သက်သာစွာ သုံးစွဲခွင့်ရရှိစေမည့် မြန်မာ တက္ကသိုလ်စာကြည့်တိုက်များအကျိုးတူပူးပေါင်းရေးအဖွဲ့ (MALC) တွင် သင်၏အဖွဲ့အစည်းပါဝင်နိုင်ခွင့်ရှိမရှိ သိချင်ပါလိမ့်မည်။

သင်၏ကိုယ်ပိုင်အလေ့အကျင့်

အမျိုးမျိုးသော open access ဂျာနယ်များကို Open Access ဂျာနယ်များ လမ်းညွှန်(DOAJ) မှတစ်ဆင့် ရှာဖွေနိုင်ပါသည်။ ယင်းတို့ထဲမှအချို့အား သင်၏လုပ်ဖော်ကိုင်ဖက်များနှင့် ဝေမျှနိုင်ပါသလား။ သို့မဟုတ် စာကြည့်တိုက်ရှိ ဘာသာရပ်တစ်ခုအတွက် ရွေးချယ်မှုတစ်ခုကို အဓိကထားပြသနိုင်ပါသလား။

အစောပိုင်းတွင် open license သုံးထားသော ရင်းမြစ်များအား အကဲဖြတ်ခြင်းကို လေ့လာခဲ့သည်။ ထိုနည်းတူစွာ သုတေသနအား ထုတ်ဝေရန်နေရာကို မဆုံးဖြတ်ခင် ဂျာနယ်အမျိုးမျိုးကို အကဲဖြတ်ဆန်းစစ်သင့်သည်။ သင်က ် စာကြည့်တိုက်မှူးတစ်ဦးဖြစ်ပါက သင်၏လုပ်ဖော်ကိုင်ဖက်များအား ထုတ်ဝေရန်နေရာကို မဆုံးဖြတ်ခင် စဉ်းစားရမည့်အချက်များကို အကြံဉာဏ်ပေးနိုင်သည်။ ရှေ့တွင်မြင်တွေ့ခဲ့သည့်အတိုင်း မူပိုင်ခွင့်လွှဲပြောင်းသည့်လက်ရာရှင်များသည် ၎င်းတို့၏သုတေသနအား ၎င်းတို့၏ကိုယ်ပိုင် အင်တာနက်စာမျက်နှာပေါ် တင်ခွင့်ကို ဆုံးရှုံး နိုင်ပါသည်။ စဉ်းစား၊ စိစစ်၊ တင်သွင်း စစ်ဆေးစာရင်း သည် သုတေသနအား မည်သည့်ဂျာနယ်မဆိုထံ မတင်သွင်းခင် ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသောအချက်များကို ဖော်ပြထားသော အသုံးဝင်သည့်စာရင်းဖြစ်သည်။ ဂျာနယ်တစ်စောင်အား မည်မျှ လွတ်လပ်သလဲ ဆိုသည်ကို ဆန်းစစ်ရာတွင် ကူညီပေးနိုင်သည့် HowOpenIsIt? ကဲ့သို့ အထောက်အကူများလည်းရှိပါသည်။ ၎င်းတို့၏ သုတေသနကိုထုတ်ဝေရန် စိတ်ပါဝင်စားနိုင်သော လုပ်ဖော်ကိုင်ဖက်များနှင့် ယင်းရင်းမြစ်များအား ဝေမျှရန် စဉ်းစားနိုင်ပါသည်။ သင်က သင်၏တက္ကသိုလ်ဂျာနယ်အား ထုတ်ဝေပါက လက်ရှိတွင် သုတေသနစာတမ်းများအတွက် မည်သည့်လိုင်စင်(များ) အသုံးပြုပါသလဲ။ သုတေသနအား အခြားသူများနှင့်မည်သို့ဝေမျှပါသလဲ။

အချို့တက္ကသိုလ်များတွင် အခမဲ့ ရယူအသုံးပြုနိုင်စေသော (open access) ထုတ်ဝေခြင်းဆိုင်ရာမူဝါဒများရှိပါသည်။ ၎င်းတို့၏ တက္ကသိုလ် (သို့) အဖွဲ့အစည်း အတွက် လွတ်လပ်စွာ ရယူအသုံးပြုနိုင်ရေး (open access) မူဝါဒတစ်ခု း ဖော်ထုတ်ရန် စိတ်ပါဝင်စားသော တက္ကသိုလ်စာကြည့်တိုက်မှူးများအတွက် ဟားဗတ်တက္ကသိုလ်၏ Open Access Project က toolkitတစ်ခုဖန်တီးထားပါသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က ယင်း၏ မူဝါဒများကို ချမှတ်သည့်အခါ အဆိုပါ မူဝါဒ ဖော်ပြပုံ၊ အသုံးအနှုန်းများကို ပြန်လည်အသုံးပြုပါသည်။ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နှင့် ရန်ကုန် စီးပွားရေးတက္ကသိုလ်တို့တွင်လည်း လွတ်လပ်စွာ ရယူအသုံးပြုနိုင်ရေး (open access) မူဝါဒများရှိပြီး MERAL တွင် ပါဝင်သော အခြားတက္ကသိုလ်များက မူကြမ်းများ ရေးဆွဲလျက် ရှိပါသည်။

မတူကွဲပြား သည့်ထုတ်ဝေခြင်း ဆိုင်ရာ ရွေးချယ်စရာများက စာဖတ်သူများနှင့် ၎င်းတို့၏ လက်ရာ၏ဂုဏ်သိက္ခာအပေါ် သက်ရောက်ပုံအား ဆရာများနားလည်လာစေရန်လည်း စာကြည့်တိုက်မှူးများက ကူညီနိုင်ပါသည်။ ဂျာနယ်တစ်စောင်၏ ပျမ်းမျှကိုးကားမှု ှ အကြိမ်ရေဖြင့်တိုင်းတာသော သက်ရောက်မှုပြကိန်းသည် ဂျာနယ်တစ်စောင် (သို့) စာအုပ်တစ်အုပ်၏ ထင်ရှားကျော်ကြား မှုအား အဓိကတိုင်းတာမှုတစ်ခုဖြစ်သည်။ သက်ရောက်မှုပြကိန်းများသည် ဂျာနယ်တစ်စောင်၏အရေးပါမှုအတွက် စိတ်ချရသောတိုင်းတာမှုများမဟုတ်သောကြောင့် Nature ကဲ့သို့ ထုတ်ဝေသူများသည် ဂျာနယ်များအတွက် သက်ရောက်မှုပြကိန်း၏ အရေးပါမှုအား ပြည်လည်ဆန်းစစ်နေကြပါသည်။ သမားရိုးကျတိုင်းတာမှုများအပြင် သက်ရောက်မှုနှင့်ပတ်သက်ပြီး အခြားသောတွေးခေါ် ပုံတစ်ခု အား ပေးနိုင်ရန် altmetrics ကဲ့သို့စနစ်များအား လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေသော (open access) ပညာရှင်များအများအပြားမှ အားပေး ကြသည်။ ၂၀၁၇ ခုနှစ်တွင် 1science မှထုတ်ပြန်သည့် အစီရင်ခံစာအရ ပျမ်းမျှအားဖြင့် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော (open access) ဆောင်းပါးများက အခမဲ့ အသုံးမပြုနိုင်ရန် တင်းကြပ်စွာတားမြစ်ထားသော ဆောင်းပါးများထက် ် ၅၀ ရာခိုင်နှုန်းပိုမြင့်မားသော သုတေသန သက်ရောက်မှုကို ပေါ်ထွက်စေကြောင်း သိရှိရသည်။ လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေခြင်း (open access) ၏အကျိုးကျေးဇူးများအကြောင်းကို နောက်ဆက်တွဲ အရင်းအမြစ်များ အပိုင်းတွင်ပိုလေ့လာနိုင်သည်။

လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေသော (Open access) ထုတ်ဝေခြင်းသည် သင်၏သုတေသနတွင် ပ လွတ်လပ်စွာ ဆောင်ရွက်နိုင်သောနည်းလမ်းတစ်ခုဖြစ်သည်။ လွတ်လပ်စွာ ပူးပေါင်းပါဝင်ကာ မျှဝေနိုင်သော သိပ္ပံပညာ (open science) နှင့် လွတ်လပ်စွာပူးပေါင်းပါဝင်ကာ မျှဝေနိုင်သော သုတေသန (open research) အကြောင်းကိုပိုသိရှိရန် နောက်ဆက်တွဲ အရင်းအမြစ်များ အ ခန်းအား ကြည့်ရှုရန်

နောက်ဆုံးမှတ်ချက်

တက္ကသိုလ်များသည် သိပ္ပံနည်းကျသုတေသနများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေပြီး ပညာရပ်ဆိုင်ရာ ထုတ်ဝေခြင်းသည် တွေ့ရှိချက်များအား လုပ်ဖော်ကိုင်ဖက်များနှင့် အများပြည်သူတို့နှင့် ဖလှယ်ဖို့ရာအတွက် အဓိကနည်းလမ်းတစ်ခုဖြစ်သည်။ အဖွဲ့အစည်းများအတွင်း အသိပညာဗဟုသုတများအား စုစည်းစီစဉ်သူများအဖြစ် ့် စာကြည့်တိုက်မှူးများသည် သတင်းအချက်အလက်များ လက်လှမ်းမီခြင်းကို မြှင့်တင် ရန် တက္ကသိုလ်မှ သုတေသီများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။ အခြားအိုင်စီတီနှင့် နည်းပညာဆိုင်ရာဝန်ထမ်းများသည်လည်း သင်၏တက္ကသိုလ်တွင် ယင်းဆွေးနွေးမှုပုံစံများကို ပံ့ပိုးပေးနိုင်ပါသည်။ open access ၏ ‘အလုပ်လုပ်ပုံ ’နှင့်‘အကြောင်းရင်း’များအား အသိအပညာပေးခြင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်ပတ်သက်သည့်မေးခွန်းများအား ဖြေဆိုခြင်း၊ သက်ဆိုင်ရာနယ်ပယ်များမှ ပညာရပ်ဆိုင်ရာ ထုတ်ဝေမှုများ၏ ပေါက်ရောက်မှုနှင့် သက်ရောက်မှုများ မြင့်မားလာစေရေး လမ်းညွှန်ချက်များနှင့် အကြံပြုချက်များပေးခြင်းတို့ဖြင့် ပံ့ပိုးနိုင်ပါသည်။ သင့်ကိုကူညီပံ့ပိုးရန် နောက်ထပ်ရင်းမြစ်များအား နောက်ဆက်တွဲ အရင်းအမြစ်များ   အခန်းတွင် တွေ့ရှိနိုင်သည်။

၆.၂ သင်၏တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်းအား လွတ်လပ်စွာ လက်လှမ်းမီစေ ခြင်း

Visual Thinkery မှ စီစဉ်ဖန်တီးခဲ့သော ‘License to share_my' သည် UK Aid က ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ် (spheir.org.uk) ၏အစိတ်အပိုင်းတစ်ခုဖြစ်သော TIDE စီမံကိန်းအတွက်ဖြစ်ပြီး CC BY 2.0 လိုင်စင် သုံးထားပါသည်။

ဤ အခန်း တွင် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော အကြောင်းအရာ၊ အချက်အလက် (open content) မျာကို အသုံးပြုရာ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မည်သို့ကူညီနိုင်သည်ကို လေ့လာမည်ဖြစ်သည်။ သင်၏ပညာရေးအဖွဲ့အစည်းမှ လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော ပညာရေးဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များ ၊ အလေ့အကျင့်များနှင့် အသိုင်းအဝိုင်းတို့အား ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကိုလည်း လေ့လာသွားမည်ဖြစ်သည်။

သင်ယူမှုရလဒ်များ

ဤ အခန်း ကိုလေ့လာပြီးပါက အသစ်ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် OER တို့အား သင်၏ တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်း၌ သိရှိလာရေးအတွက် ဆောက်ရွက်လိုသော နည်းလမ်း အမျိုးမျိုးကို စဉ်းစားမိလာမည်ဖြစ်သည်။

ပြန်လည်သုံးသပ်ချက်

သင်၏တက္ကသိုလ် သို့မဟုတ် ကောလိပ်သည် အသစ်ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေအတွက် အသင့်ဖြစ်နေပြီလား။

သင်၏တက္ကသိုလ်တွင် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် (open license) ရှိသောရင်းမြစ်များက သင့်တော်သည်ဟုထင်ပါသလား။ သင့်တော်လျှင် ၎င်းတို့အား သုံးစွဲမှုကို သင်မည်သို့ပံ့ပိုးနိုင်သလဲ။ မည်သည့်အကျိုးကျေးဇူးများရရှိလာနိုင်သလဲ။

မိတ်ဆက်

ပြီးခဲ့သည့်အခန်းတွင် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော ဂျာနယ်များ (open access journals) တွင် ရှာဖွေရန်နှင့် ထုတ်ဝေဖော်ပြရန် ကျွန်တော်တို့၏ တက္ကသိုလ်ရှိ လုပ်ဖော်ကိုင်ဖက်များကို ပံ့ပိုးပေးနိုင်မည့် နည်းလမ်းအမျိုးမျိုးကို စဉ်းစားခဲ့ကြပါသည်။ အသစ်ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် OER နှစ်ခုလုံးအား ကျွန်တော်တို့၏တက္ကသိုလ်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့်ကျောင်းသားများနားလည်လာစေရန် အခြားမည်သို့ပံ့ပိုးနိုင်သနည်း။ စာကြည့်တိုက်မှူးများ၊ အိုင်စီတီဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများသည် OER များအား ရှာဖွေခြင်း၊ ဖော်ထုတ်ဖန်တီးခြင်း၊ လိုင်စင ် ချပေးခြင်း၊ ရွေးချယ်ခြင်းနှင့် ဝေမျှခြင်းတွင်သာမက အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ဖြစ်လာမည့် အပြောင်းအလဲများအတွက် သင်၏အဖွဲ့အစည်းအား ကြိုတင်ပြင်ဆင်ခြင်းတွင်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်ပါသည်။

သင်ဘာလုပ်နိုင်ပါသလဲ။

အသစ်ပြဋ္ဌာန်းလိုက်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ

မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် ဖြစ်ပေါ်လာမည့်အပြောင်းအလဲများနှင့်အတူ သင်၏တက္ကသိုလ် သို့မဟုတ် ကောလိပ်တွင် ဥပဒေသစ်ကြောင့် ဖြစ်ပေါ်လာမည့်အရာများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အရေးကြီးပါသည်။ အပြောင်းအလဲကာလ ၂ နှစ်ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် စာပေနှင့်အနုပညာမူပိုင်ခွင့်ချိုးဖောက်မှုအတွက် ပြစ်ဒဏ်များ စတင်သက်ရောက်မည်ဖြစ်သောကြောင့် အလွန်အရေးကြီးပါသည်။ အောက်ပါတို့ကို သင်လုပ်နိုင်ပါသည်။

  • သင့်အတွက် ဥပဒေသစ်ကမည်သို့ သက်ရောက်မှုများရှိကြောင်း ရှင်းပြရန် သင်၏တက္ကသိုလ် သို့မဟုတ် ကောလိပ်တွင်အခမ်းအနားကျင်းပခြင်း သို့မဟုတ် ဟောပြောသူတစ်ဦးအားဖိတ်ကြားခြင်း။
  • ဥပဒေသစ်၏ မိတ္တူများကို ဆရာ/မများနှင့် ကျောင်းသားများ ရရှိစေရန် ဆောင်ရွက်ခြင်း။
  • ဥပဒေသစ်ထဲမှ အဓိကအချက်များနှင့် သင်၏တက္ကသိုလ်ကျောင်းသားများနှင့်ဆရာဆရာမများအတွက် ယင်းက မည်သို့သက်ရောက်နိုင် သည်ကို အကျဉ်းချုံးခြင်း။
  • ၎င်းတို့အသုံးပြုသည့် အကြောင်းအရာ၊ အချက်အလက်များအား ရည်ညွှန်းဖော်ပြ သင့်သည့် အကြောင်းရင်းနှင့် ဖော်ပြသင့်သည့်ပုံစံကို လုပ်ဖော်ကိုင်ဖက်များအား သတိပေးရန် ရင်းမြစ်များဖန်တီးခြင်း။
  • ရည်ညွှန်းဖော်ပြခြင်းအားစစ်ဆေးရန်အတွက် အကြောင်းအရာ၊ အချက်အလက်များအားသုံးသပ်ပေးရန်ကမ်းလှမ်းခြင်း။
  • MIPRA ကဲ့သို့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများမှတစ်ဆင့် တိုးတက်မှုများအားမျက်ခြည်အပြတ်မခံခြင်းနှင့် ယခုသင်တန်းတွင်ဆွေးနွေးခဲ့သော စီမံချက်အချို့တွင် ပူးပေါင်းပါဝင်ခြင်း။

OER ၏ အကျိုးကျေးဇူးများ

OER နှင့် အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်အရင်းအမြစ်များရှိနေကြောင်း၊ ယင်းတို့ကိုအသုံးပြုခြင်းဖြင့် သင်၏ကျောင်းသားများနှင့်လုပ်ဖော်ကိုင်ဖက်များအတွက် အကျိုးကျေးဇူးများဖြစ်ထွန်းစေနိုင်ကြောင်းတို့ ကိုလည်း သတိပြုမိကြစေရန် လုပ်ဆောင်နိုင် ပါသည်။ အောက်ပါတို့ကို သင်လုပ်နိုင်ပါသည်။

  • သင်၏တက္ကသိုလ် သို့မဟုတ်ကောလိပ်တွင် ‘အခမဲ့လွတ်လပ်ပညာရေး (open education)’အထိမ်းအမှတ်နေ့အား နှစ်စဉ်ကျင်းပခြင်း။
  • ကျောင်းသားများနှင့် ဆရာဆရာမများအသုံးပြုသင့်သည့် အခမဲ့လွတ်လပ်သည့်အရင်းအမြစ်များ (Open resources) သို့မဟုတ် သင်၏ကျောင်းသားများနှင့် ဆရာဆရာမများဖန်တီးထားသည့် OER အား ပြသခြင်းနှင့်ရွေးချယ်ထိန်းသိမ်းခြင်း။
  • ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဖက်များအား Creative Commons နှင့် open education
    • အကြောင်းများသင်ကြားရန် အခမ်းအနားများကျင်းပခြင်း၊ သင့်အတွက်အထောက်အကူဖြစ်စေရန် လက်ရှိ OER(ဥပမာ ယခုသင်တန်း )နှင့် အခြား OER တို့အား ပြန်အသုံးပြုနိုင်ခြင်း ။
    • လိုင်စင်တွင် ခွင့်ပြုထားပါက သင်၏တက္ကသိုလ်နှင့်ပိုမိုကိုက်ညီမှုရှိစေရန် အကြောင်းအရာ၊ အချက်အလက်များအားပြန်လည်ရောနှောပေါင်းစပ်နိုင်ပါသည်။ အသိအမှတ်ပြုဖော်ပြရန်တော့ မမေ့ပါနှင့်။
    • OER သည် သင့်ကျောင်းအတွက် အဘယ်ကြောင့် အသုံးဝင်ကြောင်းစဉ်းစားခဲ့သည့် အ ခန်း ၄.၂  ရှိ သုံးသပ်ချက်များနှင့်ပတ်သက်သည့် သင်၏တုံ့ပြန်မှုများအား ပြန်လည်သုံးသပ်ကြည့်ပါ။
  • OER အကြောင်းဆွေးနွေးခြင်း၊ OER ဆိုင်ရာသင်တန်းများတက်ရောက်ခြင်း၊ အခမဲ့လွတ်လပ်စွာ ပူးပေါင်းပါဝင်ကာ မျှဝေနိုင်သည့် သုတေသနများ (open research) အကြောင်းနှင့် အခမဲ့လွတ်လပ်စွာအသုံးပြုနိုင်ခြင်း (open access) တို့အကြောင်း ဆွေးနွေးရန် လုပ်ဖော်ကိုင်ဖက်များနှင့် ပုံမှန်တွေ့ဆုံခြင်း။
  • OER နှင့်အခမဲ့လွတ်လပ်စွာအသုံးပြုခွင့်(open access)ရှိသုတေသနများအားရှာဖွေရန်ကူညီမည့်ဝက်ဘ်ဆိုက်များနှင့်အထောက်အကူများအားအထူးအမှတ်အသားပြုထားခြင်း။ ဥပမာ EIFL ၏ လက်ကမ်းစာစောင်ဖြစ်သော How can I get access to the article I need?

သင်သည် နည်းပညာအဖွဲ့ဝင်ဝန်ထမ်းတစ်ဦးဖြစ်လျှင် မည်သည့် (open license) လွတ်လပ်စွာ ရယူသုံးစွဲနိုင် သောဆော့ဖ်ဝဲလ်မျိုးကို သင်၏ အဖွဲ့အစည်း၌ သုံးနိုင်မည်နည်း။

OER ဖန်တီးခြင်း

သင်၏ တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်း၌ လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေခြင်းနှင့် OER ဖန်တီးခြင်းကို သင်က ထောက်ခံလိမ့်မည် ထင်ပါသည်။ လွတ်လပ်စွာသုံးစွဲခွင့်ပေးထားသော ထုတ်ဝေမှုများနှင့် ၎င်း၏အကျိုးကျေးဇူးများကို အကြံပြုတိုက်တွန်းပေးသော အရင်းအမြစ်များရေးသားခြင်းနှင့် ယင်းသို့အကြံပြုဟောပြောမည့် ဆရာ ဆရာမများအတွက် ပွဲများကျင်းပပေးခြင်းတို့ သင့်အနေဖြင့် ပြုလုပ်နိုင်သည်။ သင့်တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်း၏မူဝါဒများကိုလည်း ပြန်လည်သုံးသပ်သင့်ပြီး အောက်ပါမေးခွန်းများအား မေးမြန်းကြည့်သင့်ပါသည်။

  • လုပ်ငန်းခွင်အတွင်း သင်ဖန်တီးလိုက်သည့်လက်ရာအား မည်သူပိုင်ဆိုင်သနည်း။ သင့်အဖွဲ့အစည်း၏ အဖွဲ့အစည်းမူဝါဒများကို ပြန်လည်သုံးသပ်ကြည့်သင့်သည်။ မရှင်းလင်းပါက မည်သူအား မေးမြန်းရန်လိုအပ်မည်နည်း။ လက်ရာများအတွက် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင် သုံးခြင်းအပေါ် သက်ရောက်နေသည့်မူဝါဒရှိပါသလား။
  • သင်၏တက္ကသိုလ်တွင် ကိုယ်ပိုင် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင ် ချပေးခြင်းနှင့်ဆိုင်သော မူဝါဒအားဖော်ဆောင်နိုင်ပါသလား။ မူဝါဒဖော်ဆောင်ရာတွင် မည်သူများပါဝင်ရန်လိုအပ်မည်နည်း။ OER မူဝါဒများနှင့်ပတ်သက်သည့်နောက်ထပ်အချက်အလက်များအား နောက်ဆက်တွဲ အရင်းအမြစ်များ အ ခန်းတွင် ရှာဖွေနိုင်ပါသည်။
  • သင်၏တက္ကသိုလ်သည် တက္ကသိုလ်၏ကိုယ်ပိုင် OER အားဖော်ဆောင်နိုင်ပါသလား။ ကျောင်းသားများအတွက် အစမ်းသင်တန်းများအား အခမဲ့ ပို့ချခြင်းပြုလုပ်နိုင်ပါသလား။ ယင်းအရင်းအမြစ်များအား မည်သည့်နေရာသို့ ဝေမျှမည်နည်း။
  • ဆရာဆရာမများက ် သင တန်းများ ဖန်တီးကြမည်ဆိုလျှင် သင်တန်း ဖော်ဆောင်မှုကို ပံ့ပိုးပေးနိုင်သော OER ကို ရှာဖွေခြင်းနှင့် လိုင်စင် ချပေးခြင်းနှင့်အသိအမှတ်ပြုဖော်ပြခြင်းတို့အတွက် အကြံပေးခြင်းတို့ကို လုပ် နိုင်ပါသလား။
  • လုပ်ဖော်ကိုင်ဖက်များက ် ၎င်းတို့၏သုတေသနများကို မည်သည့်နေရာတွင် ထုတ်ဝေဖော်ပြကြသနည်း။ ယင်း ဂျာနယ်များကို အခမဲ့လွတ်လပ်စွာအသုံးပြု နိုင်ပါသလား။
  • MERALကဲ့သ စီမံချက်များတွင် သင်၏တက္ကသိုလ်ပါဝင်နိုင်မည်လား။
  • အကြောင်းအရာတစ်ခုကို အသေးစိတ် လေ့လာဆန်းစစ်မှုများ (Case studies) ဖော်ထုတ်ခြင်းနှင့် ကောင်းမွန်သည့် လက်တွေ့လုပ်ကိုင်မှုများအား အများသိအောင် ပြသပေးထားခြင်းသည် အခြားသူများပါဝင်ချင်စိတ်ပေါ်လာစေခြင်း သို့မဟုတ် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင်ရှိသော အရင်းအမြစ်များအား အသုံးပြုရန် စဉ်းစားမိလာအောင် ကူညီပေးနိုင်ပါသည်။ ဤနည်းလမ်းဖြင့် ကောင်းမွန်သည့်လက်တွေ့လုပ်ကိုင်မှုများကို အခြားသူများထံဝေမျှရန် သင်၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လုပ်ကိုင်နိုင်ပါသလား။

သင်၏လက်တွေ့လုပ်ကိုင်မှု

သင်၏လက်တွေ့လုပ်ကိုင်မှုများက ဘယ်လိုပါလဲ။ အောက်ပါတို့ကို သင်လုပ်နိုင်ပါသည်။

  • သင်ဖန်တီးထားသည့် OER အားပိုမိုကောင်းမွန်အောင်လုပ်ခြင်းနှင့် ဝေမျှခြင်းတို့ပြုလုပ်ရန် စဉ်းစားနိုင်ပါသည်
    • သင်၏ဖုန်းဖြင့် ဓာတ်ပုံများရိုက်ကူးလေ့ရှိပါက သင့်မြို့၏ဓာတ်ပုံများအား အခြားသူများထံ ဝေမျှနိုင်ပါသလား။ ဝေမျှနိုင်လျှင် မည်သည့် CC လိုင်စင်အားသုံးစွဲရန်လိုအပ်ကြောင်း၊ အခြားသူများကြည့်နိုင်ရန် မည်သို့လုပ်ရမည်ဖြစ်ကြောင်း သေချာစဉ်းစားကြည့်နိုင်သည် ။
  • စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်အကြောင်း ဝေမျှခြင်းနှင့် ယခုသင်တန်းတွင်လေ့လာခဲ့ရသော အရင်းအမြစ်များနှင့် စီမံချက်များအား မိသားစုနှင့်မိတ်ဆွေသူငယ်ချင်းများအား ပြောပြခြင်းတို့ကို ပြုလုပ်နိုင်သည်။
    • စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်နှင့် ၎င်းတို့ဘဝများအပေါ် ဥပဒေသစ်၏ သက်ရောက်နိုင်ပုံအား ၎င်းတို့သတိမူမိပါသလား။

ပိုမိုကျယ်ပြန့်သော OER အသိုင်းအဝိုင်း

နောက်ဆုံးအချက်အနေဖြင့် ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာ အခမဲ့လွတ်လပ်ပညာရေး အသိုင်းအဝိုင်း (Open Education Community) နှင့် ချိတ်ဆက်မည်ဆိုလျှင် မည်သို့နည်း ။ အောက်ပါတို့ကို သင်လုပ်နိုင်ပါသည်။

  • ကမ္ဘာတစ်ဝှမ်းရှိ ပညာရေးစိန်ခေါ်မှုများကို အတူတကွဖြေရှင်းရန်အတွက် နိုင်ငံပေါင်းစုံ အခမဲ့လွတ်လပ်ပညာရေး (open education) ၊ လက်တွေ့လုပ်ကိုင်မှုများနှင့် မူဝါဒစီမံကိန်းများအား ဖော်ထုတ်ခြင်း၊ စီစဉ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့တွင် ကူညီရန်Creative Commons Open Education Platformသို့ဝင်ရောက်နိုင်သည်
  • CC Global Networkအကြောင်းပိုမိုလေ့လာနိုင်ပြီး Creative Commons ၏မြန်မာနိုင်ငံဆိုင်ရာရုံးခွဲထူထာင်ရန်လုပ်ဖော်ကိုင်ဖက်များနှင့်အတူဆောင်ရွက်ဖို့စဉ်းစားနိုင်သည်။
  • Creative Commons ပေါ့ဒ်ကတ်စ်အသစ်ဖြစ်သော “Open Minds … from Creative Commons” တွင် Creative Commons ရင်းမြစ်များကို ဖန်တီးပုံနှင့် အသုံးပြုပုံတို့ကို လေ့လာနိုင်သည်။
  • မြန်မာနိုင်ငံ၏စီမံချက်များ၊စီမံကိန်းများ၊အကြောင်းအရာတစ်ခုကိုအသေးစိတ်လေ့လာဆန်းစစ်မှုများ (case studies) နှင့်အရင်းအမြစ်များအားOER World Mapတွင်ထည့်သွင်းဖော်ပြပြီးအများသိအောင်ထုတ်ဖော်ပြသပါ။

အပြီးသတ် မှတ်ချက်များ

တက္ကသိုလ်တစ်ခုလုံးရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တတ်နိုင်သမျှအကောင်းဆုံးဖြစ်မည့် သင်ကြားမှု၊ သင်ယူမှုများထောက်ပံပိုးပေးနိုင်မည်ဖြစ်ပြီး ဆန်းသစ်သောသုတေသနများဖြစ်ပေါ်လာစေရန်လည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ လွတ်လပ်စွာ ပူးပေါင်းပါဝင်ကာ မျှဝေနိုင်သော လက်တွေ့လုပ်ဆောင်မှုများနှင့် OER သည် ကျွန်ုပ်တို့၏ တက္ကသိုလ်၏သုတေသနနှင့် အရင်းအမြစ်များအား ပိုမိုများပြားသည့်ပရိသတ်များထံ ဝေမျှ ရန် ကူညီပေးနိုင်ပါသည်။ ထို့အပြင် လေ့လာသင်ယူမှုကို ပံ့ပိုးရန်နှင့်အပိုဆောင်းဖြည့်ဆည်းပေး ရန် ပိုမိုများပြားပြီး အမျိုးစုံလင်သည့် အကြောင်းအရာ၊ အချက်အလက်များအား ရှာဖွေကာဝေမျှနိုင်စေပါသည်။ မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်ကို ပြဋ္ဌာန်းထားပြီဖြစ်၍ ့် ကျွန်ုပ်တို့တက္ကသိုလ်ရှိ သင်ယူမှုနှင့်သင်ကြားမှုအတွက် ၎င်းဥပဒေ၏ သက်ရောက်လာနိုင်သည်များကို ကြိုတင်သတိပြု ပြင်ဆင်ထားရန် လိုအပ်ပါသည်။

အခန်း ၆ ဉာဏ်စမ်းမေးခွန်းများ

၆.၃ နောက်ထပ် ကျန်ရှိသည့်အရာ။

ရုပ်ပုံအသိအမှတ်ပြုချက် Piktour UK ၏ Good morning Yangon in HDR… သည် CC BY 2.0 လိုင်စင် သုံးထားပါသည်။

ယခုသင်တန်းအား သဘောကျမည်ဟုမျှော်လင့်ပါသည်။

ပြန်လည်သုံးသပ်ချက်

အခမဲ့လွတ်လပ်သည့်ပညာရေး(open education) သည် မြန်မာနိုင်ငံနှင့် သင့်လျော်ပါသလား။ မြန်မာနိုင်ငံတွင် အခမဲ့လွတ်လပ်သည့်ပညာရေး(open education) ကို မည်သည်က အားပေးကြမည်ဟု ထင်ပါသလဲ ။

သင်၏ အခမဲ့လွတ်လပ်သည့်ပညာရေးခရီးတွင် မည်သည့်နေရာသို့ ဆက်လက်ထွက်ခွာမည်နည်း ။

ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် သင်၏ကိုယ်ပိုင်အလေ့အထလုပ်ပုံကိုင်ပုံများကို ပြန်လည်သုံးသပ်နိုင်မည် ဖြစ်သည့် အပြင် မြန်မာနိုင်ငံ၏ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေအသစ် နှင့် open license သုံးထားသောအရင်းအမြစ်များအကြောင်း ပိုမိုသိရှိနိုင်မည်ဖြစ်သည်ဟု မျှော်လင့်ပါသည်။ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် စိတ်ကူးသစ်အချို့နှင့် စိတ်ဝင်စားစရာအကြောင်းအရာများအား ဖတ်ရှုလေ့လာခဲ့ရမည်ဟု မျှော်လင့်ပါသည်။ သင်တန်းယူနစ်တစ်ခုချင်းစီ၏အဆုံး၌ ထည့်သွင်းပေးထားသည့် နောက်ဆက်တွဲ အရင်းအမြစ်များရှိသော အခန်း တိုင်းတွင် အသုံးဝင်သောအရင်းအမြစ်များကို ဖော်ပြပေးထားသည့်အတွက် မလေ့လာရသေးပါက ပြန်လည်ဖတ်ရှုလေ့လာသင့်ပါသည်။

ယခုသင်တန်းအား အခမဲ့လွတ်လပ်စွာ ရယူအသုံးပြုနိုင်သည့်လိုင်စင် သုံးထားသည့်အတွက် ဤသင်တန်းပါ အကြောင်းအရာများအား ပြန်လည်အသုံးပြုခြင်းနှင့် ပြင်ဆင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ နောက်ပိုင်း ် ပြုပြင် မှီငြမ်းခြင်းဆိုင်ရာများအတွက် စိတ်ကူးများတွင် မူပိုင်ခွင့်အပိုင်းကို အချက်အလက်သစ်များဖြင့် ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်းနှင့် ယခုသင် တန်းအား အခြားဒေသိယစကားများနှင့် ဘာသာစကားများသို့ဘာသာပြန်ဆိုသည့်အပိုင်းများ ပါဝင် ပါသည်။ အပိုင်း ၆.၂တွင် အကြံပြုထားသည့်အတိုင်း အရင်းအမြစ်များအား သင်၏ကိုယ်ပိုင်အဖွဲ့အစည်းတွင် အသုံးချနိုင်ပြီး အရင်းအမြစ်အသစ်များဖော်ထုတ်ခြင်း၊ အရင်းအမြစ်များအားတိုးချဲ့ခြင်း သို့မဟုတ် သင်၏တက္ကသိုလ်နှင့် ပို၍အပ်စပ်စေရန်လည်းပြုလုပ်နိုင်ပါသည်။ အသိအမှတ်ပြုဖော်ပြရန် မမေ့ပါနှင့်။

ကေးဇူးတင်ရှိပါကြောင်း ထပ်လောင်း ပြောပါရစေ။ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် အခမဲ့လွတ်လပ်သည့်ပညာရေးဆိုင်ရာ စိတ်လှုပ်ရှားစရာကောင်း၍ အကျိုးရှိသောအတွေ့အကြုံများရရှိပါစေ။