အခန်း ၆ ။ သင်နှင့်သင်၏တက္ကသိုလ်

မိတ်ဆက်

Visual Thinkery မှ စီစဉ်ဖန်တီးခဲ့သော ‘CC BY [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ' သည် UK Aid က ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ် (spheir.org.uk) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော TIDE စီမံကိန်းအတွက်ဖြစ်ပြီး  CC BY 2.0 လိုင်စင် သုံးထားပါသည်။

စာကြည့်တိုက်မှူးများ၊ အိုင်စီတီဝန်ထမ်းများနှင့် အကူဝန်ထမ်းများ၏အခန်းကဏ္ဍသည် မြန်မာနိုင်ငံပညာရေးစနစ် အပြောင်းအလဲများကို (သို့) COVID-19 ကပ်ရောဂါအားတုံ့ပြန်မှုကို အထောက်အကူပြုရန် အလျင်အမြန်တိုးတက်လာနေပါသည်။ အပြောင်းအလဲမြန်သည့်သတင်းအချက်အလက်ပတ်ဝန်းကျင်တွင် open license များအားကျွမ်းကျင်မှုသည် အရေးပါသည့်အရည်အချင်းတစ်ရပ်ဖြစ်သည်။

Creative Commons လိုင်စင်များသည် ကမ္ဘာတစ်ဝန်းရှိ လွတ်လပ်စွာ ရယူအသုံးပြုနိုင် သောပညာရေး(open education) နှင့် လွတ်လပ်စွာရယူသုံးစွဲနိုင်မှု(open acess) ဆိုင်ရာ စီမံကိန်းများတွင် လူသိအများဆုံး open Licences များဖြစ်ပြီး OER နှင့် လွတ်လပ်စွာရယူသုံးစွဲနိုင်မှု(opoen access (OA) များတွင် CC သည် လွတ်လပ်သော(open) စကားရပ်ကိုထည့်သွင်းခဲ့သည်။ ဤမော်ဂျူးတွင် ပညာရေးနှင့်သုတေသနဆိုင်ရာ ရည်ရွယ်ချက်များအတွက် CC လိုင်စင်များနှင့် CC လိုင်စင်ရှိသည့်အကြောင်းအရာများကို အသုံးပြုခြင်းဆိုင် ရာ အသေးစိတ်အချက်အလက်များကို မိတ်ဆက်ပေးသွားပါမည်။

ဤ ယူနစ်တွင် အခန်း ၃ ခန်းရှိသည်။

  • ၆.၁ အဆင့်မြင့် လေ့လာသင်ယူမှုအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း
  • ၆.၂ သင်၏တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်းအား လွတ်လပ်စွာ လက်လှမ်းမီစေ ခြင်း
  • ၆.၃ နောက်ထပ် ကျန်ရှိသည့်အရာ။

ဤ ယူနစ်မှအကြောင်းအရာများကို ထပ်မံလေ့လာလိုပါက နောက်ဆက်တွဲ အရင်းအမြစ်များ တွင် လေ့လာနိုင်ပါသည်။

၆.၁ အဆင့်မြင့် လေ့လာသင်ယူမှုအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း