ပထမသီတင်းပတ် - အွန်လိုင်းမှ သင်ယူသူတစ်ဦးဆိုသည်မှာ

မိတ်ဆက်

အွန်လိုင်းမှ သင်ယူမှုကိုစတင်လိုက်ပါသင်တန်းမှ ကြိုဆိုပါသည်။ ယခု ၆ နာရီစာ သင်တန်းသည် ဘဝ၏ အခြားအခန်းကဏ္ဍများကို ရပ်တန့်ထားရန်မလိုဘဲ အွန်လိုင်းတွင် မည်သို့သင်ယူလေ့လာနိုင်သည်ကို ရှင်းပြရန် ရည်ရွယ်ပါသည်။ သင်တန်းတွင် အွန်လိုင်းမှ သင်ယူလေ့လာမှုအကြောင်း သင်ခန်းစာများနှင့် ဗီဒီယိုများပါဝင်ပါသည်။

ပထမရက်သတ္တပတ်တွင် ပုံစံတကျ မဟုတ်သော်လည်း မိမိက အွန်လိုင်းမှလေ့လာသူတစ်ယောက် ဖြစ်နေပြီးပြီဆိုသည့် အတိုင်းအတာကို စဉ်းစားကြည့်မှာဖြစ်ပါသည်။ ထို့နောက် မိမိ၏ ပုံစံတကျမဟုတ်သော လေ့လာမှု အတွေ့အကြုံများက အွန်လိုင်းမှ ပုံစံတကျလေ့လာမှုအတွက် မည်သို့မည်ပုံ စတင်စေနိုင်သည်ဆိုတာကို စဉ်းစားကြည့်မှာဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် မည်သည့်တက္ကသိုလ်တွင်မဆို တက်ရောက်သင်ယူသူတစ်ဦးက လုပ်ဆောင်ရမည့် အွန်လိုင်းလုပ်ဆောင်ချက်တစ်ခုကို လုပ်ရပါမည်။

မစတင်ခင်မှာ ဒီသင်တန်းကို မည်သူက စိတ်ဝင်စားသလဲဆိုသည်ကို ကျွန်တော်တို့ နားလည်သဘောပေါက်နိုင်စေရန်‌ အချိန်အနည်းငယ်ပေးပြီး အောက်ပါ သင်တန်းစတင်မှု စစ်တမ်း [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)]   မှ ရိုးရိုးရှင်းရှင်း မေးခွန်း ၃ ခုကို ဖြေပေးမည်ဆိုလျှင် ကျေးဇူးအထူးတင်ရှိပါသည်။ သင်တန်းပြီးသွားလျှင် နောက်ထပ်စစ်တမ်းတစ်ခု ထပ်ဖြည့်ရပါမည်။ ထိုစစ်တမ်းကိုဖြည့်ပြီးမှသာ သင်တန်းတက်ရောက်ပြီးဆုံးကြောင်းလက်မှတ်ကို ထုတ်ပေးမှာဖြစ်ပါသည်။ သင့်ဖြည့်စွက်ချက်များက အွန်လိုင်းသင်ယူမှုအတွေ့အကြုံ ပိုမိုကောင်းမွန်လာအောင် အထောက်အကူပြုမှာ ဖြစ်ပါသည်။

၁ . ၁ အွန်လိုင်းတွင် ရှင်သန်နေထိုင်ခြင်း