၁.၁.၃ ပုံစံတကျနှင့် ပုံစံတတကျ မဟုတ်သော အနေအထားအမျိုးမျိုး

အွန်လိုင်းပေါ်တွင် အချိန်အများကြီး အသုံးပြုနေသည် ဆိုလျှင်ပင် ယင်းလေ့လာချိန်အများစုဟာ ပုံစံတကျမဟုတ်သော အလွတ်သဘော လေ့လာမှုများသာ ဖြစ်နိုင်ပါသည်။

ပုံစံတကျ မဟုတ်သော လေ့လာမှုသည် နေ့စဉ်ဘဝတွင် ပြုလုပ်နေသောလေ့လာမှု ဖြစ်ပါသည်။ ဥပမာ ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးချင်သည် ဆိုကြပါစို့။ ပျိုးပင်ပေါက်များ ဝယ်ယူနိုင်သည့် နေရာများကို စတင်ရှာဖွေရမည်၊ ဆောင်းပါးများဖတ်ရမည်၊ အပင်စိုက်နည်း အချက်အလက်များရနိုင်ရန် သက်ဆိုင်ရာလူမှုကွန်ယက်အဖွဲ့ကို ရှာဖွေပူးပေါင်းရမည်။

မိဘများ သို့မဟုတ် ကလေးထိန်းများအနေဖြင့် ကလေးငယ်များကို စာလုံးအမျိုးမျိုးရေးသားနည်း သို့မဟုတ် ဖိနပ်ကြိုးစည်းနည်းတို့ကို သင်ပြပေးရသည်များ ရှိလာတတ်ပါသည်။ ( Jeffs and Smith, 1997, 2005, 2012 [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကို မှီငြမ်းသည်) ထို့ကြောင့် အလွတ်သဘော လေ့လာရခြင်းသည် တစ်သက်တာလေ့လာရေးပင် ဖြစ်ပါသည်။ ထိုတစ်သက်တာဖြစ်စဉ်တွင် လေ့လာသင်ယူသူတို့သည် စိတ်နေသဘောထားများ၊ တန်ဖိုးများ၊ ကျွမ်းကျင်မှုနှင့် အသိပညာများကို နေ့စဉ်အတွေ့အကြုံများမှတဆင့် ရရှိကြသည်။ ( Conner, 1997–2013မှ မှီငြမ်းသည်) ယင်းကို ပြီးခဲ့သည့်အခန်းတွင် တွေ့မြင်ခဲ့ရပြီဖြစ်ပါသည်။

ပုံစံတကျ လေ့လာခြင်းဆိုသည်မှာ အဆင့်ဆင့် စီစဉ်ထားသော ကျောင်းပညာရေးစနစ်များကို ရည်ညွှန်းပါသည်။ မူလတန်းမှစ၍ တက္ကသိုလ်များအထိ ပါဝင်သည့်အပြင် လုပ်ငန်းခွင်အတွင်း ပညာရပ်ပိုင်း သို့မဟုတ် ကျွမ်းကျင်မှုအတတ်ပညာဆိုင်ရာ သင်တန်းပေးခြင်းအတွက် ကျောင်းစနစ်ကဲ့သို့ သင်ကြားပေးမှု အစီအစဉ်များအားလုံး ပါဝင်ပါသည်။ Conner, 1997–2013မှ မှီငြမ်းသည်)။ ထို့ကြောင့် ယဆရာများ၊ ပို့ချသူကထိကများဖြစ်သည့် အခြားသူများက စီစဉ်၊ ပို့ချခြင်းဖြစ်သောကြောင့် လေ့လာသူတစ်ဦးချင်းက အနည်းငယ်မျှသာ လွှမ်းမိုးနိုင်သော လေ့လာသင်ယူမှု ဖြစ်ပါသည်။

လက်တွေ့တွင် ပုံစံတကျမဟုတ်သော လေ့လာသင်ယူမှုနှင့် ပုံစံတကျ လေ့လာသင်ယူမှုတို့၏ ကွဲပြားခြားနားမှုမှာ အစကထင်ရသလောက် တင်းတင်းကြပ်ကြပ် မရှိပါ။ ယခု မိမိတက်ရောက်သင်ယူနေသော ဤသင်တန်းပုံစံကို နမူနာလေ့လာကြည့်ပါ။

ပညာသင်ကြားသူများက စီစဉ်ရေးဆွဲထားပြီး အတော်ပင် ပုံစံတကျရှိသည့် အွန်လိုင်းပတ်ဝန်းကျင်တစ်ခုဖြင့် ပို့ချနေခြင်းဖြစ်ပါသည်။ သို့သော် ပုံစံတကျ လေ့လာမှုပုံစံတွင် ပြုလုပ်၍မရနိုင်သော လေ့လာသင်ယူသူက လွတ်လပ်စွာ ဝင်လေ့လာနိုင်ခြင်းနှင့် ပြန်ထွက်သွားနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပေသည်။

ယခုသင်တန်းကို တက်ထားကြောင်း အသိအမှတ်ပြုမှုကို ရရှိနိုင်သော်လည်း ယခုသင်တန်းသည် ပုံစံတကျပို့ချမှု မဟုတ်၍ မည်မျှအားစိုက်ရမည်ကို ကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ပုံစံတကျလေ့လာမှုနှင့် ပုံစံတကျမဟုတ်သော လေ့လာမှုပုံစံများကို တစ်ခုနှင့်တစ်ခု မသိမသာကွဲပြားနေ‌သော ဖြစ်စဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ရှုမြင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။

ယခင်က လေ့လာသင်ယူမှု အတွေ့အကြုံကို ပြန်စဉ်းစားပြီး ထိုလေ့လာမှုများသည် မည်ရွေ့မည်မျှ ပုံစံတကျ မဟုတ်သော သို့မဟုတ် ပုံစံတကျ လေ့လာမှုများ ဖြစ်သလဲဆိုသည်ကို တွေးကြည့်ပါ။ မိမိအတွေ့အကြုံသည် ပုံ - ၂ တွင် ပြထားသော ဖော်ပြချက် ၂ ခုထဲမှ တစ်ခုနှင့် အတိအကျ ကိုက်ညီမှုရှိပါသလား။ သို့မဟုတ် နှစ်ခုစလုံးထဲတွင် ပါဝင်နေပါသလား။

Described image
ပုံ - ၂ အွန်လိုင်းမှ သင်ကြားမှုကို စတင်လိုက်ပါ

မိမိ၏ ပုံစံတကျမဟုတ်သော လေ့လာမှုများမှ အချို့သည်ပင် ဖော်ပြပါ ပုံစံတကျနှင့် ပုံစံတကျ မဟုတ်သော အနေအထားအမျိုးမျိုး၏ တစ်နေရာရာတွင် ရှိနေသည်ကို တွေ့ရနိုင်ပါသည်။ လာမည်အခန်းတွင် ပုံစံတကျ အွန်လိုင်းမှ လေ့လာသင်ယူမှုပုံစံအကြောင်းကို ထပ်မံလေ့လာခွင့် ရမည်ဖြစ်သည်။

မိမိ၏ အွန်လိုင်းလေ့လာသင်ယူမှု အတွေ့အကြုံများ

၁.၂ အွန်လိုင်းလေ့လာသင်ယူမှု၏ အစိတ်အပိုင်းများ