၂.၂.၃ မိမိအတွက်သီးသန့် သင်တန်းဆရာ

အွန်လိုင်းမှသင်ယူတိုင်း တစ်ဦးတည်းသင်ယူရမည် မဟုတ်ပေ။

အွန်လိုင်းမှသင်ယူနိုင်သော တက္ကသိုလ်အများစုတွင် သင်တန်းတစ်ခုစီအတွက် ဆရာတစ်ယောက်စီရှိသည်။ တက္ကသိုလ်၏ ပို့ချမှုပြင်ပရှိ အခြားသော အွန်လိုင်းသင်တန်းများတွင်မူ သင်တန်းဆရာမဟုတ်ဘဲ ကူညီပံ့ပိုးသူ (Faciliator) သာ ရှိနိုင်ပါသည်။ ၎င်းတို့၏ အခန်းကဏ္ဍများက အတော်ကွဲပြားပြီး ပိုမိုနားလည်သိရှိလိုပါက "အွန်လိုင်းပံ့ပိုးသူ(online facilitator) ဖြစ်အောင်လုပ်နည်း" သင်တန်းကို လေ့လာပါ။ ယခုသင်တန်းသည် ပံ့ပိုးသူ (သို့) သင်တန်းဆရာတို့၏ မည်သည့်တိုက်ရိုက်အကူအညီမှ မရှိဘဲ အမှီအခိုကင်းစွာ သင်ယူနိုင်ရန် စီစဉ်ရေးဆွဲထားခြင်း ဖြစ်ပါသည်။

မိမိအတွက် သင်တန်းဆရာရှိပါက သက်ဆိုင်ရာဘာသာရပ်တွင် ကျွမ်းကျင်သူဖြစ်ပြီး အွန်လိုင်းမှ သင်ယူနေသည့် ကျောင်းသားများကို အားပေးကူညီရာတွင် အတွေ့အကြုံရှိသူ ဖြစ်ပါလိမ့်မည်။ လေ့လာရေးဆိုင်ရာ ပြဿနာများအတွက် ပထမဆုံးအကူအညီပေးမည့်သူမှာ မိမိ၏ သင်တန်းဆရာဖြစ်ပြီး အီးမေးလ်၊ ဖုန်းနှင့် Skype ကဲ့သို့ အွန်လိုင်းအသုံးပြုသော ကွန်ပျူတာအခြေပြု တွေ့ဆုံဆွေးနွေးရေး ဝန်ဆောင်မှုများမှတစ်ဆင့် ကူညီပေးနိုင်ပါသည်။ သင်တန်းဆရာများက တစ်ဦးချင်း အားပေးထောက်ပံ့မှုအပြင် မိမိတက်ရောက်နေသောသင်တန်းရှိ အခြားကျောင်းသားများအတွက် အွန်လိုင်းမှဖြစ်စေ၊ တစ်ခါတစ်ရံ လူချင်းတွေ့ဆုံပြီးဖြစ်စေ လူနည်းနည်းဖြင့် သင်ကြားပို့ချပေးပါသည်။ သင်တန်းဆရာက ပံ့ပိုးမည့်အရာများမှာ -

  • လေ့လာမှုများတွင် လမ်းညွှန်ပြသပြီး သင်တန်းအကြောင်းအရာများကို နားလည်စေရန် ကူညီပေးခြင်း
  • တစ်ဦးချင်း သို့မဟုတ် လူနည်းနည်းဖြင့် သင်ကြားပို့ချခြင်း
  • အခြားကျောင်းသားများနှင့် လေ့လာရေးအုပ်စုဖွဲ့ရာတွင် အကြံဉာဏ်များပေးခြင်း
  • မိမိသင်တန်း အလုပ်တာဝန်များအပေါ် အပြုသဘောဆောင်သည့် အကြံပြုချက်များပေးခြင်း
  • သင်တန်းတစ်လျှောက် မိမိ၏တိုးတက်မှုကို စောင့်ကြည့်ခြင်း
  • စာမေးပွဲအတွက် (သို့) သင်တန်းယူနစ်အဆုံး အကဲဖြတ်မှုအတွက် ကူညီပြင်ဆင်ပေးခြင်း

သင်တန်းဆရာနှင့် မိမိဆက်ဆံရေး၏ အရေးအကြီးဆုံးအပိုင်းမှာ မိမိ၏ သင်တန်းအလုပ်တာဝန်များနှင့် ပတ်သက်၍ သူတို့ပေးသော မှတ်ချက်၊ အကြံပြုချက်များမှတဆင့် ဖြစ်ပါသည်။ မိမိ၏ သင်တန်းအလုပ်တာဝန်များမှတဆင့် မိမိ၏တိုးတက်မှုကို အမှန်တကယ် မြင်တွေ့နိုင်သောကြောင့် ဖြစ်ပါသည်။ သင်တန်းဆရာ၏ ဝေဖန်အကြံပြုချက်အပေါ် ကျောင်းသားတချို့က တုံ့ပြန်ပုံများကို အောက်ပါဗီဒီယိုများတွင် လေ့လာနိုင်ပါသည်။

Download this video clip.Video player: ou_futurelearn_cicp_vid_1006.mp4
Show transcript|Hide transcript
 
Interactive feature not available in single page view (see it in standard view).

ဝေဖန်အကြံပြုချက်ကို ဘယ်လိုလက်ခံယူမလဲ ဆိုတာနှင့်ပတ်သက်လို့ စဉ်းစားပြီးပါပြီ။ ဒါကြောင့် ဆရာနှင့် ဆက်ဆံရေးတည်ဆောက်မည့်ပုံကို စဉ်းစားကြည့်ပါ။ အမြဲတစေ အကောင်းမြင်တတ်သည့်သူမျိုး လိုသလား (သို့) အပြုသဘောဆောင်သည့် ဝေဖန်မှုများကို လက်ခံနိုင်ပါသလား။ သင်တန်းဆရာနှင့် လူချင်းတွေ့ချင်မှတွေ့ရမည့်အဖြစ်က အကျိုးသက်ရောက်မှု ရှိနိုင်ပါသလား။

၂.၂.၂ မိမိ၏ လေ့လာသင်ယူမှု အသိုက်အမြုံ

၂.၃ အွန်လိုင်းမှ လေ့လာသင်ယူသည့် ကျောင်းသားတစ်ယောက် ဖြစ်လာခြင်း