ကြိုဆိုပါတယ်။
အဝေးမှ သင်ယူတာဟာ လေ့လာသင်ယူဖို့ အခွင့်အလမ်းတွေကို တံခါဖွင့်ပေးနိုင်ပါတယ်။ သင်ယူမယ့်သူ တစ်ယောက်အနေနဲ့ ပညာရေးနဲ့ဝေးကွာနေတာ ကြာပြီလည်း ဖြစ်နိုင်တယ်။ ပညာရေးဘက်ကို အခုမှပြန်လှည့်လာတာလည်း ဖြစ်နိုင်တယ်။ အဆင့်မြင့်ပညာရေးကို သင်ယူခွင့်မရခဲ့တာလည်း ဖြစ်နိုင်တယ်။ “အဝေးမှသင်ယူသူတစ်ဦးဖြစ်ဖို့ အသင့်ဖြစ်ပြီလား” ဆိုတဲ့ ဒီအခမဲ့သင်တန်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ပေးပါလိမ့်မယ်။ ဒီသင်တန်းမှာ အောင်မြင်တဲ့ အဝေးမှသင်ယူသူတစ်ဦးဖြစ်လာဖို့ ကိုယ်တိုင်က လေ့လာသင်ယူဖို့ ဘယ်လောက် အဆင်သင့်ဖြစ်ပြီလဲ၊ ကိုယ့်မှာရှိတဲ့ လေ့လာသင်ယူမှုဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်အောင် ဘယ်လိုလုပ်မလဲ စတာတွေကို အဆင့် ၆ ဆင့်နဲ့ ရှာတွေ့နိုင်ဖို့ အသုံးဝင်တဲ့ ကျွမ်းကျင်မှုတွေကို စူးစမ်းလေ့လာမှာ ဖြစ်ပါတယ်။
ဒီသင်တန်းကို မူလက OpenLearn မှာ တင်ပေးထားတာ ဖြစ်ပါတယ်။ ဒါကတော့ ‘အဝေးသင်ပညာရေးတွင် ဆန်းသစ်တီထွင်မှုဖြင့် ပြောင်းလဲခြင်း’ ဆိုတဲ့စီမံကိန်းအတွက် သင့်တော်အောင် ပြုပြင်ထားတဲ့ပုံစံ ဖြစ်ပါတယ်။