အဆင့် ၂ လေ့လာသင်ယူဖို့ ကိုယ့်မှာသင့်တော်တဲ့ ကျွမ်းကျင်မှုတွေရှိသလား

Described image

လေ့လာဖို့အချိန်တွေ့ပြီးသည့်အခါ မိမိ၏လေ့လာသင်ယူမှုဆိုင်ရာ ကျွမ်းကျင်မှုတွေကို ပြန်သုံးသပ်ဖို့ အရေးကြီးပါသည်။ သင်ယူခြင်းသည် ခရီးတစ်ခုဖြစ်ပြီး အထူးသဖြင့် အဝေးမှသင်ယူသူများသည် ခရီးလမ်းတွင် အထောက်အကူဖြစ်စေဖို့ ကျွမ်းကျင်မှုအမျိုးမျိုးကို အသုံးချဖို့လိုပါသည်။ လုပ်ဆောင်မှု ၂ သည် မိမိ၏ကျွမ်းကျင်မှုများကို ပြန်သုံးသပ်ခြင်းနှင့် ကျွမ်းကျင်မှုအသစ်တွေကို မည်သည့်နေရာတွင် ပျိုးထောင်ပေးဖို့ လိုမလဲဆိုသည်ကို အကဲဖြတ်ခြင်း၊ ရှာဖွေခြင်းတို့တွင် ကူညီပေးပါလိမ့်မည်။

အဝေးမှသင်ယူရာတွင် အောင်မြင်ဖို့လိုအပ်သော ကျွမ်းကျင်မှုများမှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများဟုဆိုနိုင်သည့် ပေါင်းစပ်မှုတစ်ခုဖြစ်ပါသည်။ စိတ်ပိုင်းနှင့်ပတ်သက်၍ သူတို့ပြောကြသည်မှာ မိမိကိုယ်ကိုယ် စိတ်ခွန်အားပေးခြင်း၊ စိတ်ဖိစီးမှုများကို လျှော့ချခြင်းနှင့် သင်ယူလေ့လာသူတစ်ဦးအနေဖြင့် ယုံကြည်ချက်တိုးလာခြင်းများ ဖြစ်ပါသည်။ သင်ယူလေ့လာခဲ့သော စည်းကမ်းအပေါ် မူတည်ဖို့များသည့် ရုပ်ပိုင်းနှင့်ပတ်သက်၍ အသေးစိတ်မှတ်စုထုတ်နိုင်ခြင်း၊ စာစီစာကုံးရေးနိုင်ခြင်း သို့မဟုတ် သင်္ချာပညာရပ်ဆိုင်ရာတွက်ချက်မှုများ ပြုလုပ်နိုင်ခြင်းတို့ကို သူတို့ကတန်ဖိုးထားပါသည်။

လုပ်ဆောင်မှု ၂

Timing: ကြာချိန် မိနစ် ၂၀
By signing in and enrolling on this course you can view and complete all activities within the course, track your progress in My OpenLearn Create. and when you have completed a course, you can download and print a free Statement of Participation - which you can use to demonstrate your learning.

ဒါကဘာကိုဆိုလိုသလဲ

စုံဂဏန်များကို အဓိကထားရွေးလျှင် (၂၊၄၊၆၊၈ သို့မဟုတ် ၁၀) ရုပ်ပိုင်းနှင့်ဆိုင်သော စည်းကမ်းဆိုင်ရာ ကျွမ်းကျင်မှုများဟု ပညာရှင်များရည်ညွှန်းသည့် အရာများတွင် ပိုယုံကြည်မှုရှိသည်ဟု ဆိုလိုသည်။ မဂဏန်းများကို အဓိကထားရွေးလျှင် (၁၊၃၊၇ သို့မဟုတ် ၉) စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများတွင် ပိုယုံကြည်မှုရှိသည်ဟု ဆိုလိုတာဖြစ်သည်။

အောင်မြင်သည့် အဝေးမှသင်ယူသူတစ်ဦးဖြစ်ရန် ထိုကျွမ်းကျင်မှုနှစ်ခုလုံးကို လိုအပ်မည်ဖြစ်၍ ရလဒ်အတွက်မပူပါနှင့်။ ထိုကျွမ်းကျင်မှုများကို သိထားခြင်းက လေ့လာရေးခရီးအတွက် ပထမအဆင့်ဖြစ်ပါသည်။ သင်ယူမှုတွင်ပါဝင်ခြင်းဖြင့် ထိုကျွမ်းကျင်မှုများ တိုးတက်လာပါလိမ့်မည်။

ယခုလေ့ကျင့်ခန်းအပေါ် Mg Mg ၏ သုံးသပ်ချက်များ

ကျွန်တော်သဘောကျတဲ့ လေ့လာနည်းက ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို အသုံးချတာဖြစ်ပါတယ်။ ကျွန်တော့်အလုပ်အရ ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုကို များသောအားဖြင့် လိုအပ်တာဖြစ်လို့ မအံ့သြဘူးခင်ဗျ။ ကုန်ပစ္စည်းပမာဏကို ကျွန်တော်စောင့်ကြည့်ရပါတယ်။ ပစ္စည်းနည်းတဲ့အခါ အော်ဒါထပ်တင်ရတယ်။ အရောင်းအစီရင်ခံစာ အကျဉ်းချုပ်တွေရေးပြီး အပတ်တိုင်း မန်နေဂျာဆီတင်ပြရပါတယ်။ သူမေးလာရင်ဖြေနိုင်ဖို့လိုလို့ ကြိုတင်ပြင်ဆင်ရတာကိုကြိုက်ပါတယ်။ ဒီစည်းစနစ်ကျမှုက အဝေးသင်ပညာရေးအတွက် အသုံးဝင်မယ်လို့ထင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်က သင်ပြပေးတာမဟုတ်ဘဲ စာအုပ်တွေထဲမှာ သင်ကြားရတာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အားပေးရမှာဖြစ်လို့ပါ။

ဒါပေမဲ့ မန်နေဂျာက ကျွန်တော့်ကိုချီးကျူးပြီဆိုရင် ဝမ်းသာတာကြောင့် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတချို့လည်း ရှိပါတယ်။ အသစ်အဆန်းတွေကို လေ့လာဖို့ ပြင်းပြတဲ့စိတ်လည်းရှိပါတယ်။

နောက်အဆင့်များ

မိမိ၏လေ့လာပုံနှင့် ပတ်သက်၍ မိမိအကြောင်း ကောင်းကောင်းသိသူ တယောက်နှင့် ဆွေးနွေးကြည့်ပါ။ ကျွန်တော်တို့အများစုက ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ဝေဖန်ဆန်းစစ်နိုင်သည်ဖြစ်ရာ လေ့လာသင်ယူသူတစ်ဦးအနေဖြင့် မိမိ၏ကျွမ်းကျင်မှုများအပေါ် သမာသမတ်ကျသည့်အမြင်ကို သိရခြင်းက စိတ်ခွန်အား ဖြစ်စေနိုင်ပါသည်။

ယခုလုပ်ဆောင်မှုအပေါ် မိမိ၏တုံ့ပြန်ချက်နှင့် တခြားသူတစ်ယောက်နှင့် ဆွေးနွေးမှုအပေါ်မူတည်ပြီး ပိုထိရောက်သော လေ့လာမှုဆိုင်ရာ ကျွမ်းကျင်မှုများကို မြှင့်တင်ဖို့ အခမဲ့ OpenLearn အရင်းအမြစ်များမှ အောက်ပါနမူနာနှစ်ခုကို ကြည့်ပါ။ ကာလတို အလွတ်သင်တန်းများဖြစ်ပြီး အဆင့်မြင့်ပညာရေးတွင် အဝေးမှသင်ယူခြင်းက မည်သို့ရှိသလဲဆိုသည်ကို သိနိုင်အောင် စီစဉ်ထားခြင်းဖြစ်ပါသည်။

အရေးအသားကောင်းဆိုသည်မှာ အဘယ်နည်း [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)]

ကောင်းမွန်သော ပညာရေးအလေ့အကျင့်ကို ပျိုးထောင်ခြင်း

အခု အဆင့် ၃ အဝေးမှသင်ယူသူတစ်ဦးဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု ရှိနေပြီလားကိုဆက်ကြည့်ပါ။