အဆင့် ၃ အဝေးမှသင်ယူသူတစ်ဦးဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု ရှိနေပြီလား

Described image

အဝေးသင်တစ်ယောက်အဖြစ် လေ့လာသင်ယူခြင်းသည် ဒစ်ဂျစ်တယ်နည်းပညာအမျိုးမျိုးကို အသုံးပြုရန်လိုလာမည့်သဘော ဖြစ်ပါသည်။ လေ့လာမှုမလုပ်မီ မိမိ၏ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပြန်သုံးသပ်ခြင်းက အကျိုးရှိပါလိမ့်မည်။

နည်းပညာနှင့် ပညာရေးသည် ဖွံ့ဖြိုးတိုးတက်နေပြီး တစ်ခုနှင့်တစ်ခု ပိုနီးကပ်စွာ ချိတ်ဆက်လျက်ရှိပါသည်။ လေ့လာသင်ယူဖို့ ကွန်ပျူတာ သို့မဟုတ် တက်ပလက်တစ်လုံးကို အသုံးပြုနိုင်ခြေ များလာသည်နှင့်အမျှ ထိထိရောက်ရောက် လေ့လာသင်ယူသူတစ်ဦးဖြစ်အောင် ကူညီမည့် မိမိ၏ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများတွင် ယုံကြည်မှုရှိတာသေချာရန် အရေးကြီးပါသည်။

အဝေးသင်တစ်ယောက်ဖြစ်ရန် အောက်ပါ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများက လေ့လာမှုများကိုအဆင်ပြေအောင် ကူညီပေးပါလိမ့်မည်။

  • လေ့လာမှုတွေကို အထောက်အကူပြုဖို့ အင်တာနက်ကို အသုံးပြုတတ်ခြင်း (ဥပမာ အသံဖိုင်နားထောင်ခြင်း သို့မဟုတ် ဗီဒီယိုကြည့်ခြင်း)၊ စစ်ဆေးအကဲဖြတ်မှုလုပ်ဖို့ သို့မဟုတ် အတန်းဖော်ကျောင်းသားများနှင့်မျှဝေဖို့ သင်တန်းဝဘ်ဆိုက်တစ်ခုသို့ ဒစ်ဂျစ်တယ်ဖိုင်များတင်ပုံကိုလည်း သိဖို့လိုပါသည်။
  • သုတေသနအလုပ်များလုပ်ဖို့ အင်တာနက်အသုံးပြုနည်းကို သိခြင်း
  • လေ့လာမှုလုပ်သည့် ဝဘ်ဆိုက်တစ်ခုကို ကောင်းစွာအသုံးပြုနိုင်ခြင်း (ယခုခေတ်တွင် သင်တန်းအချက်အလက်များကို အွန်လိုင်းတွင်တင်ထားတတ်ပြီး သင်ခန်းစာများကို ပုံနှိပ်စာအုပ်ဖြင့်ပေးမည်ဟု မသေချာပါ)။
  • မိမိ၏ဖြေဆိုမှုများ၊ လုပ်ဆောင်မှုများကို တင်ပြနိုင်ရန် Microsoft Word ကဲ့သို့ စာစီ၊စာရိုက် ကွန်ပြူတာပရိုဂရမ်များကို အသုံးပြုနိုင်ခြင်း
  • သင်တန်းဆရာ သို့မဟုတ် အတန်းဖော်များထံသို့ အွန်လိုင်းမှ မည်သို့ရေးသားဆက်သွယ်ရမည်ကိုသိခြင်း သို့မဟုတ် အင်တာနက်ပေါ်ရှိ တိုက်ရိုက် အပြန်အလှန်ဆွေးနွေးမှုများတွင် မည်သို့ပါဝင်ရမည်ကို သိခြင်း(ဥပမာ Skype၊ အွန်လိုင်းဆွေးနွေးပွဲများ၊ သို့မဟုတ် ဖိုရမ်များ)
  • သင်တန်းဆရာက အမှတ်ပေးခြင်း၊ မှတ်ချက်ပြုခြင်းများလုပ်နိုင်ရန် ဆရာကပေးထားသည့် ကျောင်းစာအလုပ်များလို ရေးသားဖြေဆိုချက်များကို အင်တာနက်မှတဆင့် မည်သို့တင်သွင်းရမည်ကိုသိခြင်း

လုပ်ဆောင်မှု ၃

Timing: ကြာချိန် မိနစ် ၂၀

အောက်တွင် ဖော်ပြထားသော အဝေးသင်ကျောင်းသူအသစ် Su Su အကြောင်း ဖော်ပြချက်အကျဉ်းချုပ်ကို ဖတ်ပါ။

  • Su Su က လေ့လာသင်ယူမှုမလုပ်တာကြာပါပြီ။
  • အဝေးမှသင်ယူသူတစ်ဦးအဖြစ် ဘာတွေကြုံတွေ့ရမလဲဆိုပြီး အနည်းငယ်စိတ်လှုပ်ရှားနေသည်။
  • သူ့ကွန်ပျူတာက ဟောင်းနေပြီ။
  • သူ့မိဘတွေက စမတ်နည်းပညာသုံး စက်တစ်လုံးကို မကြာခင်က မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးခဲ့ပြီး သူငယ်ချင်းများနှင့် အပြန်အလှန်ဆက်သွယ်ဖို့ ဆိုရှယ်မီဒီယာကို သုံးပါသည်။
  • သူ့သင်တန်းအတွက် အွန်လိုင်းမှတစ်ဆင့် စာရင်းသွင်းရန်လိုပါသည်။
  • သင်တန်းတွင် သင်တန်းဆရာနှင့် အပြန်အလှန်အီးမေးလ်ပို့ဖို့ လိုအပ်ပါလိမ့်မည်။
  • တိုက်ရိုက် အပြန်အလှန်ဆွေးနွေးမှုများတွင် သူပါဝင်နိုင်သည်ဟု သင်တန်းစီစဉ်သူက နားလည်ထားသည်။
  • အခြားသူများနှင့် မျှဝေရန် ဓာတ်ပုံများတင်ဖို့ လိုပါလိမ့်မည်။
  • ကျောင်းသူကျောင်းသားဖိုရမ်များတွင် သူပါဝင်ဖို့ မျှော်လင့်ထားကြပါလိမ့်မည်။
  • စစ်ဆေးအကဲဖြတ်မှုလုပ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် အွန်လိုင်းစစ်ဆေးမှုများဖြေဖို့ လိုပါလိမ့်မည်။
  • မိမိအားပေးထားသော အလုပ်များကို ကွန်ပျူတာသုံးစွဲပြီး တင်သွင်းရပါလိမ့်မည်။

သူငယ်ချင်းဖြစ်မယ်ဆိုရင် Su Su ရဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုတွေနဲ့ပတ်သက်လို့ သင်တန်းမစခင် သူ့ကိုဘာအကြံတွေပေးချင်ပါသလဲ။

To use this interactive functionality a free OU account is required. Sign in or register.
Interactive feature not available in single page view (see it in standard view).

Comment

သင်တန်းဝဘ်ဆိုက်ကို လေ့လာကြည့်ပြီး လေ့လာသင်ယူဖို့ ပြင်ဆင်ရမည့်နည်းများကိုဖတ်လျှင် အကျိုးရှိနိုင်ပါသည်။ အွန်လိုင်းပေါ်တွင် အင်တာနက်လင့်ခ်များ၊ လမ်းညွှန်မှုများနှင့် အကူအညီများကို ရှာသင့်ပါသည်။

ဆိုရှယ်မီဒီယာကို အသုံးပြုရတာ ပိုအဆင်ပြေလာသော်ငြား ဒစ်ဂျစ်တယ်ကျောင်းသားတစ်ဦး ဖြစ်လာရန်မှာ မတူညီသော အတွေ့အကြုံတစ်ခုဆိုသည်ကို သတိပြုမိသင့်ပါသည်။ လေ့လာရာတွင် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများကို အသုံးချခြင်းနှင့် ပတ်သက်၍ ပိုသိနိုင်မည့် သင်တန်းတိုတွေ ရှိ၊ မရှိ ရှာတာက အကျိုးရှိနိုင်ပါသည်။

ကွန်ပျူတာထဲရှိ ဆော့ဖ်ဝဲများကို အဆင့်မြှင့်ထားခြင်း ဟုတ်၊ မဟုတ် စစ်ဆေးပါ (သင်တန်းမစခင် အတော်စောစောကပင် စစ်ဆေးရမှာဖြစ်ပါသည်)။

လေ့လာမှုပြုသည့်အခါ အချို့နေရာများတွင် သုံးစွဲရလွယ်ကူအဆင်ပြေဖို့ စမတ်နည်းပညာသုံး စက်ကိရိယာတစ်ခုက အမှန်တကယ် အကျိုးရှိနိုင်ပါသည်။ ဥပမာ အီးမေးလ်များပို့ခြင်း သို့မဟုတ် သွားရင်းလာရင်း ကျောင်းသားဖိုရမ်များတွင် ပါဝင်ခြင်း

ဆရာပေးထားသည့် ကျောင်းစာများကို ကွန်ပျူတာဖြင့်တင်သွင်းရမည်ဆိုလျှင် ကွန်ပျူတာဖြင့် ကျောင်းစာများကို လုပ်ဆောင်ခြင်းက ပိုအဆင်ပြေတာကို တွေ့နိုင်ပါသည်။ သူ့ကွန်ပျူတာကို လေ့လာမှုလုပ်ရာတွင် သုံးဖို့သင့်တော်၊ မတော် သေချာအောင်လုပ်ခြင်းက အကျိုးရှိပါသည်။

အိုင်တီပြဿနာများအတွက် စိတ်ရှုပ်လွယ်၊ စိတ်အနှောက်အယှက် ဖြစ်လွယ်သည့်အတွက် ကြိုတင်ပြင်ဆင်ဖို့၊ အချိန်လုံလုံလောက်လောက်ယူဖို့ အကြံပြုတာ အကောင်းဆုံးဖြစ်ပါသည်။

အိုင်တီပိုင်းဆိုင်ရာဝန်ဆောင်မှု သို့မဟုတ် အွန်လိုင်းမှအကူအညီပေးမှု ရှိ၊ မရှိ ကြည့်ထားတာက သူ့အတွက်အကျိုးရှိနိုင်ပါသည်။ ပြဿနာတစ်ခုခု၊ စိတ်ပူစရာတစ်ခုခု ပေါ်လာခဲ့လျှင် ဆက်သွယ်နိုင်အောင် ဆက်သွယ်ရမည့် လိပ်စာ၊ ဖုန်းနံပါတ် စသည့် အသေးစိတ်များကို ရေးထားနိုင်မှာ ဖြစ်ပါသည်။

ယခုလုပ်ဆောင်မှုအပေါ် Mg Mg ၏ သုံးသပ်ချက်များ

တချို့အချက်တွေက Su Su နဲ့တူပါတယ်။ လေ့လာသင်ယူမှုနဲ့ အလှမ်းဝေးနေတာနဲ့ အဝေးမှသင်ယူသူတစ်ဦးအနေနဲ့ ဘာတွေကြုံရမလဲဆိုပြီး အနည်းငယ်စိတ်လှုပ်ရှားတာမျိုးပါ။ ကျွန်တော့်ကွန်ပျူတာကလည်း ဟောင်းနေပြီ။ နေ့တိုင်းခဏခဏသုံးတဲ့ စမတ်ဖုန်းတစ်လုံးလည်း ရှိပါတယ်။ ကျွန်တော့်သင်တန်းဆရာနဲ့ အပြန်အလှန် အီးမေးလ်တွေ ပို့ဖို့လည်းလိုမှာပါ ဒါပေမဲ့ တိုက်ရိုက် အွန်လိုင်းဆွေးနွေးမှုတွေမှာပါဖို့ ကျွန်တော်တို့မှာအခွင့်အလမ်းမရှိပါဘူး။ မှတ်ချက်မှာ ဖတ်ရတဲ့အကြံပြုချက်တွေကို အသုံးဝင်သလိုတွေ့ပါတယ် ဒါပေမဲ့ အကြံပေးချက်အားလုံးက ကျွန်တော့်အခြေအနေနဲ့ မကိုက်ညီပါဘူး။

နောက်အဆင့်များ

မိမိ၏ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများကိုမြှင့်တင်ဖို့ သို့မဟုတ် တိုးတက်အောင်လုပ်ဖို့ နည်းလမ်းများကို ပိုသိချင်လျှင် စူးစမ်းလေ့လာကြည့်ဖို့ အောက်ပါ သင်တန်းတိုများက အကျိုးရှိနိုင်ပါသည်။

အွန်လိုင်းမှ သင်ယူခြင်းကို စတင်လိုက်ပါ။ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)]

ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများ - ဒစ်ဂျစ်တယ်လောကတွင် အောင်မြင်ခြင်း (မကြာမီစတင်မည်)

အခု အဆင့် ၄ လေ့လာသင်ယူဖို့ အသင့်ဖြစ်ပြီလား ကိုဆက်ကြည့်ပါ။