အဆင့် ၄ လေ့လာသင်ယူဖို့ အသင့်ဖြစ်ပြီလား

အဆင့် ၄ လေ့လာသင်ယူဖို့ အသင့်ဖြစ်ပြီလား

Described image

အဝေးမှသင်ယူသူအဖြစ် လေ့လာခြင်းက ပုံမှန်စာသင်ခန်းထဲတွင် သင်ကြားခြင်းနှင့် အလွန်ခြားနားသည်ဟု ခံစားရနိုင်ပါသည်။ စာသင်ခန်းထဲတွင် လူချင်းတွေ့ပြီးသင်ရသလိုပင် အချို့အွန်လိုင်းမှ သင်ယူမှုအတွေ့အကြုံများတွင် သင်တန်းဆရာ သို့မဟုတ် သင်ကြားပို့ချသူတစ်ဦးထံမှ ကူညီပံ့ပိုးမှု ပါဝင်ပါသည်။ သို့သော် အခြား အဝေးသင်ပညာရေး သင်တန်းများသည် သင်ကြားပို့ချမှုကို သင်ခန်းစာများ၊ လုပ်ဆောင်မှုများတွင် ထည့်သွင်းထားပါလိမ့်မည်။ ယခင်ကသင်ကြားခဲ့ပုံနှင့် ကွာခြားနိုင်၍ အသားကျဖို့ အချိန်နည်းနည်းယူရနိုင်ပါသည်။ ဥပမာ မိမိနားလည်မှုကိုစစ်ဆေးဖို့ ဆရာကို ချက်ချင်းမေးနိုင်မှာမဟုတ်ပါ။ ထိုသို့မေးမည့်အစား ကျောင်းသားဖိုရမ်တစ်ခုရှိ အတန်းဖော်များကို မေးနိုင်ပါသည်။

အောင်မြင်သော အဝေးသင်ကျောင်းသားတစ်ယောက်ဖြစ်ဖို့ အရေးပါသည့်အချက်မှာ သင်ကြားပို့ချသည့် အချက်အလက်များကို အပြည့်အဝအသုံးပြုရန် ဖြစ်ပါသည်။ အောင်မြင်သော သင်ယူမှုရလဒ်များ ပေါ်ထွက်စေမည့် အဓိကနည်းလမ်းများကို ကျောင်းသားများက မျှဝေထားပါသည်။ ထိုနည်းလမ်းများတွင် ပါဝင်သည်များမှာ

  • ဖတ်ခြင်း
  • မှတ်စုထုတ်ခြင်း
  • အခြားသူများနှင့်အတူ သင်ယူခြင်း
  • သင်ယူထားထားသည်ကို လက်တွေ့ပြသခြင်း

ဖတ်ခြင်း – သင်ခန်းစာများကိုဖတ်သည့်အခါ နားလည်ဖို့ဖတ်နေခြင်းဖြစ်သည် ဆိုသည်နဲ့ စာထဲတွင်ပါသော အရေးပါသည့်အချက်များကို ကြေညက်ဖို့လိုသည်ကို မမေ့ရန်အရေးကြီးပါသည်။ လေးလေးနက်နက် တွေးတတ်သည့် စာဖတ်စွမ်းရည်များတိုးတက်ဖို့ သင်ယူမှာဖြစ်၍ မိမိ၏နားလည်သဘောပေါက်မှုကိုပါ တပါတည်းစစ်ဆေးနိုင်ပါသည်။ တစ်ခါတရံ ခက်ခဲသည့်သဘောတရားများကို တစ်ကြိမ်မကဖတ်ရန်လိုပါလိမ့်မည်။ သင်ခန်းစာများကို ပုံနှိပ်ထားမည် သို့မဟုတ် ကွန်ပြူတာ၊ ဖုန်း စသည်တို့၏ မျက်နှာပြင်တွင် မြင်ရမည်။ သို့သော် ထိုစာများကိုဖတ်ရန်နှင့် နားလည်ရန်အသုံးပြုသည့် ကျွမ်းကျင်မှုများက အတူတူပင်ဖြစ်ပါသည်။

မှတ်စုထုတ်ခြင်း – သင်ခန်းစာများကို ဖတ်သည့်အခါ မှတ်စုထုတ်တာ ကောင်းပါသည်။ မှတ်စုထုတ်ရန် ကိုယ်ပိုင်နည်းလမ်းများ ဖော်ထုတ်ဖန်တီးထားသည်ဟု ကျောင်းသားများက ပြောပါသည်။ ပုံနှိပ်စာအုပ် သို့မဟုတ် ကွန်ပြူတာ၊ ဖုန်းမျက်နှာပြင်မှတဆင့် ဖတ်ရသောစာများကို ရောင်စုံမင်ဖြင့်သားခြင်း၊ သီခြားစာရွက်ပိုင်းတစ်ခုပေါ်တွင် သို့မဟုတ် အီလက်ထရောနစ်စာရွက်ပေါ်တွင် မှတ်စုများအကျဉ်းချုံးရေးခြင်းတို့ ဖြစ်နိုင်ပါသည်။ အချက်အလက် ပုံကားချပ်များပင် ဖန်တီးနိုင်ပါသည်။ ကျွန်တော်တို့တွေ့ဖူးသော ကျောင်းသူတစ်ဦးသည် ဝှိုက်ဘုတ်အသေးကိုသုံးကာ သင်္ချာတွက်ချက်မှုများလုပ်ပါသည်။ မှားတွက်သည့်အခါ အလွယ်တကူဖျက်နိုင်ပြီး အဖြေမှန်များကို ဓာတ်ပုံရိုက်နိုင်၍ဖြစ်ပါသည်။

အခြားသူများနှင့်အတူ သင်ယူခြင်း – အဝေးမှသင်ယူသူတစ်ဦးအနေဖြင့် အခြားကျောင်းသားများနှင့် လူချင်းမတွေ့ဖြစ်ဖို့ များပါသည်။ သို့သော် သင်ယူမှုက အခြားသူများနှင့်အတူ လုပ်ဆောင်သည့်အခါ အထိရောက်ဆုံးဖြစ်သည်ဟု သုတေသနက ထောက်ပြပါသည်။ အဝေးသင်ပညာရေးတွင် ယခင်ထက်ပို၍ ကျောင်းသားအချင်းချင်း နည်းပညာသုံးပြီး အပြန်အလှန် ဆက်သွယ်လာပါလိမ့်မည်။ ဥပမာ ဖိုရမ်များ၊ဆွေးနွေးမှုကွင်းဆက်များနှင့် တိုက်ရိုက်ဗီဒီယိုများ (Skypeကဲ့သို့) မှတဆင့် ဖြစ်ပါသည်။

ရနိုင်သည့် နည်းပညာအမျိုးမျိုးကိုသုံးကာ အခြားသူများနှင့်သင်ယူခြင်းက အတန်းဖော်များ သို့မဟုတ် ဆရာနှင့်အတူ မိမိ၏နားလည်မှုကိုစစ်ဆေးရန် တီထွင်ကြံဆမှုရှိသော နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသည်။ ထိုနည်းလမ်းဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းက အခြားသူများထံမှ မှတ်ချက်ကိုရယူနိုင်ပြီး အခြားရှုထောင့်များမှ လေ့လာလို့ရစေပါသည်။ မိမိ၏ မှတ်ချက်များ အမြင်များပေးခြင်းဖြင့်လည်း အတန်းဖော်များ၏ သင်ယူမှုကို တိုးတက်စေလိမ့်မည်။

သင်ယူထားထားသည်ကို လက်တွေ့ပြသခြင်း –သင်ယူထားသည်ကို နောက်ဆုံးလက်တွေ့ပြသမှုက စစ်ဆေးအကဲဖြတ်မှု မေးခွန်းများကိုဖြေဆိုရာတွင် တွေ့ရမှာဖြစ်ပါသည်။ ထိုပြသမှုက စနစ်တကျအစီရင်ခံစာရေးသာခြင်း၊ စာစီစာကုံးများရေးခြင်း၊ ရှင်းလင်းတင်ပြမှုများပြုလုပ်ခြင်း၊ သိပ္ပံပညာဆိုင်ရာ အစီရင်ခံစာများရေးသားခြင်း၊ တွက်ချက်မှုများ၊ ပညာရေးပိုစတာများ၊ စစ်ဆေးအကဲဖြတ်သည့် မေးခွန်းများ၊ ရေးသားလုပ်ကိုင်ထားသော ပုံကားချပ်များ၊ စာရွက်စာတမ်းများ၊ ဘလော့ဂ်ရေးခြင်း၊ ဝီကီတွင် ပါဝင်ရေးသားခြင်း၊ ရသစာများရေးသားခြင်း တို့ပါဝင်နိုင်ပါသည်။

လုပ်ဆောင်မှု ၄

Timing: ကြာချိန် မိနစ် ၃၀

သင်ယူမှုပုံစံများ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)]   (၂၀၂၀) နှင့်ဆိုင်သော Jon Rosewell ၏ ဆောင်းပါးကိုဖတ်၍သုံးသပ်ပါ။

အောက်ပါဇယားတွင် မိမိကိုယ်ပိုင် သင်ယူပုံ၊ သင်ယူနည်းနှင့် အနီးစပ်ဆုံးတူညီသည့် သင်ယူပုံကို မှတ်သားပါ။

ဥပမာ - အသစ်အဆန်းများကို စမ်းသပ်ရတာကြိုက်ပြီး အဆင်ပြေအောင် လုပ်နိုင်သည့်အတွက် ကျွန်တော်၊ ကျွန်မက လက်တွေ့ပိုဆန်သူဖြစ်ပါသည်။ ကျွန်တော်၊ ကျွန်မကလက်တွေ့ကျသည်။ သင်ယူထားသည်ကို မိမိကြုံတွေ့ရသည့်အခြအနေတွင် အသုံးချနိုင်သည်။

To use this interactive functionality a free OU account is required. Sign in or register.
Interactive feature not available in single page view (see it in standard view).

လုပ်ဆောင်မှု ၅

Timing: ကြာချိန် မိနစ် ၂၀

Rosewell ၏ဆောင်းပါးတွင် Kolb ၏ သင်ယူမှုစက်ဝိုင်းအား ရည်ညွှန်းထားသည်ကို တွေ့ပါလိမ့်မည်။ ထိရောက်သည့် သင်ယူနည်းများကိုဖော်ပြရန် Kolb ၏ စက်ဝိုင်းတွင် သင်ယူမှုဆိုင်ရာ ချဉ်းကပ်နည်းများကို အမြင်အားဖြင့် တစ်လွှာချင်းထပ်ပြထားပါသည်။ အအောင်မြင်ဆုံး လေ့လာသူများက အောက်တွင်ဖော်ပြထားသော အဆင့်လေးဆင့်ပါ စက်ဝိုင်းပုံ ချဉ်းကပ်နည်းကို သုံးကြပါသည်။

  • အတွေ့အကြုံရယူခြင်း - တစ်စုံတစ်ခုပြုလုပ်ခြင်း
  • ပြန်သုံးသပ်ခြင်း - ဖြစ်ပျက်ခဲ့သည်ကိုစဉ်းစားခြင်း
  • နိဂုံးချုပ်ခြင်း - အချို့ကိစ္စများကို ကောက်ချက်ချခြင်း
  • အစီအစဉ်ရေးဆွဲခြင်း - အနာဂတ်တွင်လုပ်ရမည်ကိုဆုံးဖြတ်ခြင်း
By signing in and enrolling on this course you can view and complete all activities within the course, track your progress in My OpenLearn Create. and when you have completed a course, you can download and print a free Statement of Participation - which you can use to demonstrate your learning.

ယခု လုပ်ဆောင်မှုအပေါ် Mg Mg ၏ သုံးသပ်ချက်များ

ကျွန်တော့်မှာ လက်တွေ့သမားဆန်တဲ့သင်ယူပုံရှိပါတယ် ဒါပေမဲ့ သဘောတရားသမားတစ်ဦးရဲ့ လက္ခဏာတွေလည်းရှိတယ်။ လေ့လာဖို့အတွက် ပုံစံတစ်ခုတည်းထက် နှစ်ခုရှိတာက ကောင်းတဲ့အရာလို့ထင်ပါတယ်။

Kolb ရဲ့ သင်ယူမှုစက်ဝိုင်းကို တွေးကြည့်တော့ ကျွန်တော်ရဲ့ လက်တွေ့သမားပုံစံကိုထင်ဟပ်တဲ့ အစီအစဉ်ဆွဲရတာကို သဘောကျတယ် ဒါပေမဲ့ ကျွန်တော့်မှာရှိတဲ့ သဘောတရားသမားပုံစံကလည်း ကောက်ချက်ချတာတွေကို လုပ်စေတယ်။ ဒါပေမဲ့ နိဂုံးမချုပ်ခင်မှာ တစ်ခုခုလုပ်တဲ့ အတွေ့အကြုံနဲ့ အဲဒီအတွေ့အကြုံကို ပိုပြီးစနစ်တကျသုံးသပ်တာကို နားလည်သဘောပေါက်ဖို့လိုတယ်လို့ ထင်ပါတယ်။ အဲဒီလိုလုပ်ရင် Kolb ရဲ့သင်ယူမှုစက်ဝိုင်းပါ အစိတ်အပိုင်း ၄ ခုကို လုပ်ဆောင်သလိုဖြစ်မယ်။ ပိုပြည့်စုံတဲ့ သင်ယူမှုအတွေ့အကြုံကို ရတယ်လို့ ဆိုရမှာပေါ့။

နောက်အဆင့်များ

ဖော်ပြခဲ့သော သင်ယူမှုဆိုင်ရာ လုပ်ဆောင်မှုများကို သုံးသပ်ခြင်း၏ ရလဒ်တစ်ခုအဖြစ် မိမိ၏ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုနှင့် သင်္ချာကျွမ်းကျင်မှုများအကြောင်း စဉ်းစားမိမည်ဟု ထင်ပါသည်။ အောက်တွင် ဖော်ပြထားသော အခမဲ့သင်တန်းတိုများက စူးစမ်းလေ့လာရန် အထောက်အကူဖြစ်ပါလိမ့်မည်။

အင်္ဂလိပ်ဘာသာဖြင့်လေ့လာဖို့ အသင့်ဖြစ်ပြီလား

အင်္ဂလိပ်စာ - သင်ယူမှုလုပ်ရန်လိုအပ်သည့် ကျွမ်းကျင်မှုများ

စာစီစာကုံးနှင့် အစီရင်ခံစာ ရေးသားနည်းများ

နံပါတ်များ၊ ယူနစ်များနှင့် ဂဏန်းသင်္ချာများ

အခု အဆင့် ၅ စစ်ဆေးအကဲဖြတ်မှုက မိမိရဲ့ သင်ယူမှုအပေါ် ဘယ်လိုအထောက်အပံ့ဖြစ်စေမလဲ ဆိုတာကို နားလည်ပါသလားကိုဆက်ကြည့်ပါ။