ကြိုဆိုပါတယ်။
နိစ္စဓူဝကိစ္စတွေမှာ အင်္ဂလိပ်ဘာသာစကားသုံးဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင်တောင် အဆင့်မြင့်ပညာရေးအဆင့်မှာ အင်္ဂလိပ်ဘာသာနဲ့ လေ့လာသင်ယူရတာက ပုံမှန်ထက်ပိုတဲ့ အခက်အခဲတွေ ပေါ်ထွက်စေနိုင်ပါတယ်။ “အင်္ဂလိပ်ဘာသာဖြင့်လေ့လာဖို့ အသင့်ဖြစ်ပြီလား” ဆိုတဲ့ ဒီအခမဲ့သင်တန်းက ပညာရေးဆိုင်ရာ အတွဲလိုက်ရှိတဲ့ လေ့ကျင့်ခန်းတွေကနေ မိမိရဲ့အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတွေကို သုံးသပ်နိုင်မယ့် အခွင့်အလမ်းတစ်ခု ပေးပါတယ်။
ဒီသင်တန်းကို မူလက OpenLearn မှာ တင်ပေးထားတာ ဖြစ်ပါတယ်။ ဒါကတော့ ‘အဝေးသင်ပညာရေးတွင် ဆန်းသစ်တီထွင်မှုဖြင့် ပြောင်းလဲခြင်း’ စီမံကိန်းအတွက် သင့်တော်အောင် ပြုပြင်ထားတာ ဖြစ်ပါတယ်။