ကြိုဆိုပါတယ်။
ဒီအခမဲ့သင်တန်းက ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုတွေကို ပြန်သုံးသပ်နိုင်အောင်နဲ့ ပိုကောင်းလာအောင် ကူညီပေးပါတယ်။ အင်တာနက်ဝက်ဘ် အသုံးပြုပုံနဲ့ MOOCs သင်တန်းတက်ပြီး ထိထိရောက်ရောက် လေ့လာနိုင်ပုံတို့ကို စူးစမ်းရှာဖွေမှာ ဖြစ်ပါတယ်။ သတင်းဝက်ဘ်ဆိုက် တစ်ခုကိုတောင် လိုသလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တသက်တာ လေ့လာသင်ယူမှုအပေါ် စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီသင်တန်းက သင့်အတွက်ပါပဲ။
သင်တန်းက ၄ ပတ် ကြာမှာဖြစ်ပြီး တစ်ပတ်ကို ခန့်မှန်းခြေ ၃ နာရီ ကြာပါမယ်။ ကိုယ့်နှုန်းနဲ့ကိုယ် လေ့လာသင်ယူနိုင်တာဖြစ်လို့ ၁ ပတ်စာအတွက် အချိန်ပိုနေပါက နောက်တစ်ပတ်စာကိုပါ လေ့လာနိုင်ပါတယ်။ သင်တန်းပြီးအောက်တက်ဖို့ လိုသလောက် အချိန်ယူနိုင်ပါတယ်။
မိမိရဲ့ လေ့လာသင်ယူမှုခရီးမှာ နည်းပညာပိုင်းမှာ သားသမီးတွေထက် နောက်ကောက်ကျနေတဲ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေရဲ့ မိခင် မွန်မွန်၊ လုပ်ငန်း ချဲ့ထွင်ချင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဇင်မင်းသန့် နဲ့ အစားအသောက်အပေါ် စိတ်ဝင်စားပြီး ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားတဲ့ လူငယ်စားဖိုမှူး ဘန်ဂျာတို့ က အဖော်လိုက်မှာပါ။
ဒီသင်တန်းက ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ဒစ်ဂျစ်တယ် လူနေမှုဘဝတွေအပေါ် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် နားလည်လာစေပါလိမ့်မယ်။
မိမိရဲ့တိုးတက်မှုကို ခြေရာခံဖို့ အခုပဲ ကျောင်းအပ်လိုက်ပါ။ သင်တန်းမှာပါတဲ့ အခန်းတွေနဲ့ လုပ်ဆောင်မှုတွေ အားလုံးကို လုပ်ပြီးလို့ သင်တန်းအဆုံး စစ်တမ်းကို ဖြည့်ပြီးပြီဆိုရင် သင်တန်းတက်ရောက်ပြီးကြောင်း လက်မှတ် ရမှာဖြစ်ပါတယ်။ မစတင်ခင်မှာ သင်တန်းစတင်မှု စစ်တမ်း မှာ သင့်အကြောင်းကို ပြောပြပါ။
ဒီသင်တန်းကို မူလက bizMOOC စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖန်တီးခဲ့တာဖြစ်ပြီး ဒါကတော့ “အဝေးသင်ပညာရေးတွင် ဆန်းသစ်တီထွင်မှုဖြင့် ပြောင်းလဲခြင်း” စီမံကိန်းအတွက် သင့်တော်သလို ပြုပြင်ထားတာ ဖြစ်ပါတယ်။