Creative Commons လိုင်စင်များအကြောင်း
အွန်လိုင်းပေါ်ရှိအရာတစ်ခုကို အွန်လိုင်းပေါ်တွင်ရှိနေသဖြင့် လွတ်လပ်စွာသုံးစွဲခွင့်ရှိသည်ဟု များသောအားဖြင့် ထင်တတ်ကြသည်။ တကယ်ရော ဟုတ်ပါသလား။ အင်တာနက်ဝက်ဘ်ပေါ်တွင် တင်ထားသော အရင်းအမြစ်တစ်ခုကို မိမိ၏ ရှင်းလင်းတင်ပြမှု (သို့) အစီရင်ခံတွင် ယူသုံးရန် တင်ထားသူထံ ခွင့်ပြုချက် တောင်းလေ့ရှိပါသလား။ များသောအားဖြင့် တောင်းလေ့မရှိပါ။ ထို့ကြောင့် Creative Commons လိုင်စင်များ ရှိနေတာ ဖြစ်ပါသည်။ ထိုလိုင်စင်များသည် ရေးသားသူများက မူပိုင်ခွင့်ကို ထိန်းသိမ်းထားစဉ် အရင်းအမြစ်တစ်ခုကို မိမိအား မည်သို့သုံးစွဲစေချင်သည်ကို အတိအကျ သိရှိစေသည်။ FOTER ၏ How to Attribute Creative Commons Photos မှ သင့်တော်သလို ပြုပြင်ထားသော အောက်ပါပုံတွင် လိုင်စင်တစ်ခုစီ၏ ခွင့်ပြုပုံများကို လေ့လာနိုင်သည်။

ဤနေရာ တွင် ပုံအကြီးကို ကြည့်နိုင်သည်။
ထိုလိုင်စင်များကို ပေါင်းစပ်နိုင်ပါသည်။ ဥပမာ - ဤစာပိုဒ်၏ အထက်တွင် ပြန်ဖန်တီးထားသောပုံကို CC BY-SA လိုင်စင်ဖြင့် ထုတ်ထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မူရင်းရေးသားသူကို အသိအမှတ်ပြု ဖော်ပြခြင်း၊ တူညီသော သဘောတူခွင့်ပြုချက်နှင့်အညီ မျှဝေခြင်းကို ပြုလုပ်နေသရွေ့ ဤသင်တန်းတွင် ပြန်လည်အသုံးပြုနိုင်သည်။ ရေးသားသူသည် အရင်းအမြစ်ကို သင့်တော်သလို ပြုပြင်ခြင်း (မူရင်းပုံ မှ ဖြတ်ယူထားသည်ကို သတိပြုပါ) သို့မဟုတ် စီးပွားဖြစ် အသုံးပြုခြင်းအတွက် မည်သည့်ကန့်သတ်ချက်မှ ဖြည့်စွက်မထားပါ။
သင့်တော်သလို ပြုပြင်ခွင့်ပေးထားသော အရင်းအမြစ်များသာလျှင် အမှန်တကယ် တားမြစ်ပိတ်ပင်မထားသည်ကို နားလည်ရန် အရေးကြီးပါသည်။ အောက်ပါပုံကို Paul Stacey မှ ဖန်တီးထားပြီး No-Derivatives (CC-ND) လိုင်စင်ပါရှိသော အရင်းအမြစ်တစ်ခုဖြစ်သည်။ ထိုလိုင်စင်က မည်သည့်အပြောင်းအလဲမှ လုပ်ခွင့်မပြုပါ။ ထို့ကြောင့် တားမြစ်ပိတ်ပင်မှုရှိသည်။

ပြန်ပေါင်းစပ်ခြင်း (Remix) နှင့် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှု၏ မရှိမဖြစ် အစိတ်အပိုင်းများ
