မိတ်ဆက်
ကောလိပ် သို့မဟုတ် တက္ကသိုလ်မှပို့ချသော သင်တန်းတစ်ခုကို စတင်တက်ရောက်ရန် စဉ်းစားနေပါသလား။ ထိုသို့ဆိုလျှင် ယခုသင်တန်းက မိမိ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို သုံးသပ်ကြည့်ရန် အခွင့်အရေးတစ်ခု ပေးပါသည်။ မည်သည့်အကြောင်းကြောင့် ယခုလိုလုပ်ရန် ဆန္ဒရှိသလဲဆိုသည့် အကြောင်းအရင်းများစွာ ရှိနိုင်ပါသည်။ အင်္ဂလိပ်ဘာသာမဟုတ်သည့် အခြားဘာသာတစ်ခုဖြင့် ပညာသင်ယူခဲ့ရခြင်း သို့မဟုတ် အင်္ဂလိပ်ဘာသာနှင့် လေ့လာခဲ့သော်လည်း ဗြိတိန်ပညာရေးစနစ်တွင် အသုံးပြုသော အစဉ်အလာများနှင့်မတူသည့် အခြားနိုင်ငံတစ်ခုတွင် လေ့လာခဲ့ရခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ သို့မဟုတ် ဗြိတိန်တွင် လေ့လာခဲ့သော်ငြား ဘွဲ့ရသည့်အဆင့်ထိ မလေ့လာခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။
ယခုသင်တန်းကပညာရေး ဘာသာရပ်ဆိုင်ရာ အဆင့် ၁ လေ့လာမှုတစ်ခုကို နမူနာအဖြစ် ပေးထားပါသည်။
