SMART ပန်းတိုင်များချမှတ်ခြင်း

ရောက်ချင်သော ပန်းတိုင်တစ်ခုကို စဉ်းစားသည့်အခါ စိတ်ကူးယဉ်အိပ်မက်သာမဟုတ်ဘဲ လက်တွေ့ဖြစ်လာစေရန် မည်သို့လုပ်ဆောင်မည်နည်း။ လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်ရဲ့လားဆိုသည်ကို မည်သို့စစ်ဆေးမည်နည်း။ မိမိ အကောင်အထည်ဖော်ချင်သည့်အရာက မည်သည်နည်း။ ထိုအရာကို မည်သို့ဖွင့်ဆိုမည်နည်း ဆိုသည်ကို အသေအချာစဉ်းစားဖို့လိုပါသည်။ ရှင်းရှင်းလင်းလင်း မရှိသောပန်းတိုင်များက အဖြူအမည်းမကွဲသည့် ရလဒ်များကိုသာ ပေးပါသည်။ ကူညီနိုင်သည့် နောက်တစ်နည်းရှိပါသေးသည်။

SMART ဆိုသည်မှာ ပန်းတိုင်များကို လက်တွေ့ အကောင်အထည်ဖော်နိုင်စေရန် ပုံသွင်းပေးသော လူသိများသည့် လင်္ကာ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)]  (မှတ်ဉာဏ်ကူ) တစ်ခုဖြစ်သည်။ စီးပွားရေးလုပ်ငန်းတွင် မကြာခဏအသုံးများသည့်အတွက် ယင်းအသုံးအနှုန်းအား လုပ်ငန်းခွင်တွင် ကြုံကောင်းကြုံဖူးနိုင်ပါသည်။ စကားလုံးများကို ကိုယ်စားပြမှုတွင် အနည်းငယ်သော ကွဲလွဲမှုတချို့ရှိနိုင်သော်လည်း အဓိပ္ပာယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • Specific တိကျမှုရှိရမည်
  • Measurable တိုင်းတာ၍ ရနိုင်ရမည်
  • Agreed ထောက်ခံသဘောတူညီမှု ရှိရမည်
  • Realistic လက်တွေ့ကျရမည်
  • Time Limited အချိန်ကန့်သတ်ချက် ရှိရမည်

တစ်ခုချင်းကို အသေးစိတ် ထပ်လေ့လာကြပါစို့။

တိကျမှုရှိရမည်

မိမိဘာလုပ်မည်ဆိုသည်ကို အင်မတန် တိကျရှင်းလင်းဖို့လိုသည်။ မိမိပန်းတိုင်ကို တိကျစွာဖော်ပြနိုင်ရန် အကြိမ်အနည်းငယ် ကြိုးစားကြည့်ပါ။ ပန်းတိုင်ကို အဓိပ္ပါယ်အမျိုးမျိုး မထွက်စေဘဲ ရှင်းလင်းဖွင့်ဆိုနိုင်သလား စစ်ဆေးပါ။

တိုင်းတာ၍ ရနိုင်ရမည်

ရည်မှန်းချက်ပန်းတိုင်သို့ မိမိအရောက်လှမ်းနိုင်သလား ဆိုသည်ကို မည်သို့သိရှိနိုင်မည်နည်း။ ပန်းတိုင်သို့ရောက်၊ မရောက် တိုင်းတာနိုင်ရမည်။ တစ်နည်းအားဖြင့် ပန်းတိုင်သို့ရောက်၊ မရောက် စစ်ဆေးအကဲဖြတ်ပါ။

ပန်းတိုင်သို့ တက်လှမ်းမှုကို စောင့်ကြည့်နိုင်စေမည့်ပုံစံဖြင့် ပန်းတိုင်ကို ချမှတ်တာ သေချာအောင်လုပ်ရမည်။ တစ်ခါတစ်ရံ ရိုးရှင်းပါသည် အောင်မြင်မှုကို တိုက်ရိုက်တိုင်းတာနိုင်ပါသည်။ ဥပမာ သင်တန်းတက်ရောက် အောင်မြင်ကြောင်းလက်မှတ် ရ၊ မရကို အလွယ်တကူပြောနိုင်သည်။ လက်မှတ်ဖြင့် အလွယ်တကူ တိုင်းတာနိုင်သည်။

တစ်ခါတစ်ရံတွင်တော့ ရိုးရိုးရှင်းရှင်း မဟုတ်ပါ။ ဥပမာ ဆက်သွယ်ပြောဆိုမှုစွမ်းရည် တိုးတက်မှု ရှိ၊ မရှိ မည်သို့တိုင်းတာမည်နည်း။ အကောင်းဆုံးနည်းက အောက်ပါအတိုင်း အဆင့်များ ပိုင်းခြားရန်ဖြစ်သည်။

  1. လူအများနှင့် စကားပြောဆိုသည့်အခါ မျက်လုံးချင်း ဆက်သွယ်မှုရှိခြင်း
  2. လူအများ သတိထားမိသည့်အခါ ရှက်ရွံ့မှုမဖြစ်ခြင်း
  3. အုပ်စုဖွဲ့ပြောဆိုသည့် စကားဝိုင်းထဲတွင် ပါဝင်ဆွေးနွေးပြောဆိုခြင်း တို့ဖြစ်သည်။

ထောက်ခံသဘောတူညီမှု ရှိရမည်

အားပေးထောက်ခံသူများရှိလျှင် မိမိရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခြေ များပါသည်။ အောင်မြင်သောအပြောင်းအလဲ အများစုတွင် အခြားသူများ၏ အားပေးထောက်ခံမှုများ တစ်နည်းတဖုံ ပါဝင်ပါသည်။

မိမိ၏ ပန်းတိုင်များမှတစ်ခုက လေ့လာသင်ယူရန် (အချိန်ပိုင်းပင် ဖြစ်ပါစေ) ဖြစ်လျှင် အားပေးထောက်ခံမှုရဖို့ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဆွေးနွေးတိုင်ပင်ဖို့ လိုကောင်းလိုနိုင်ပါသည်။ အလုပ်လုပ်နေသည်ဆိုပါက လေ့လာသင်ယူမှုလုပ်တာ ကောင်းကြောင်း မန်နေဂျာကို စည်းရုံးဖို့လိုမည် ထင်ပါသည်။

လက်တွေ့ကျရမည်

လက်တွေ့ကျရမည်။ ရည်မှန်းချက်ပန်းတိုင်အသစ်များအား အကောင်အထည်ဖော်ခြင်းသည် သက်သောင့်သက်သာဖြင့် မိမိနေသားတကျဖြစ်နေသော အခြေအနေမှ ရုန်းထွက်ပြီး လုပ်ကိုင်ရတာမျိုး ဖြစ်နိုင်ပါသည်။ ချက်ခြင်းအလွန်အကျွံ လုပ်ကိုင်ဖို့ မကြိုးစားပါနှင့်။ လက်ရှိမိမိအရည်အချင်း၊ အသိပညာဗဟုသုတနှင့် ကျွမ်းကျင်မှုတို့အပေါ် ရိုးသားမှုရှိပါ။ ရည်မှန်းချက်အကောင်အထည်ဖော်ရာတွင် အားပေးထောက်ခံမှု မည်မျှရှိသနည်း၊ စိန်ခေါ်မှုများ မည်မျှတွေ့လာနိုင်သနည်း စသည်တို့ကိုလည်း အနည်းငယ် စဉ်းစားရန်လိုပါသည်။ 

အချိန်ကန့်သတ်ချက် ရှိရမည်

အဆင့်တစ်ဆင့်ချင်းစီနှင့် အဆုံးသတ်ရေရှည်ပန်းတိုင်အတွက် အကောင်အထည်ဖော်ရမည့် သတ်မှတ်ရက်စွဲများ ချမှတ်ရန်လိုအပ်သည်။ တိုင်းတာနိုင်ရုံသာမက ရည်မှန်းချက်အား အကောင်အထည်ဖော်ရန် အချိန်ကာလတိတိကျကျ သတ်မှတ်ခြင်းက အာရုံစူးစိုက်ရာတွင် အထောက်အကူပြုပါသည်။ ဥပမာ ယခုနှစ်ကုန်တွင် ဘာဖြစ်ရမည် (သို့) နောက်သုံးနှစ်ရှိလျှင် ဘာဖြစ်ရမည် စသဖြင့် ချမှတ်ထားခြင်းသည် လုပ်စရာရှိသည်များကို စတင်လုပ်ဆောင်ရန် တွန်းအားပေးနိုင်ပါသည်။

မည်သို့ သင်ယူလေ့လာသနည်း?

SMART ပန်းတိုင်များ ချရေးခြင်း