ဧည့်သည်များနှင့် နေထိုင်သူများ

လူများကို ဒစ်ဂျစ်တယ်ဒေသခံများ (သို့) ဒစ်ဂျစ်တယ် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သတ်မှတ်နိုင်ကြောင်း ယူဆချက်တစ်ခုရှိပါသည်။ သို့သော်လည်း ယင်းယူဆချက်တွင် အဓိကအားနည်းချက်များရှိကာ ခိုင်မာလက်တွေ့ကျခြင်း မရှိပေ။ လူနှင့်နည်းပညာ၏ ဆက်နွှယ်မှုကို စဉ်းစားရာတွင် နောက်ထပ်ချဉ်းကပ်မှုတစ်ခုမှာ Dave White, Alison Le Cornu [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] နှင့်လုပ်ဖော်ကိုင်ဖက်များ အားပေးထောက်ခံသော ဧည့်သည်နှင့် နေထိုင်သူ ချဉ်းကပ်မှုဖြစ်သည်။ ဧည့်သည်နှင့် နေထိုင်သူ ချဉ်းကပ်မှုသည် တစ်ဖက်တစ်ချက်စီတွင် အွန်လိုင်းနှင့် ဆက်စပ်ပတ်သက်ပုံ (၂) မျိုးရှိသည့် တစ်ခုနှင့်တစ်ခု အနည်းငယ်သာ ကွဲပြားမှုပေါ် အခြေခံထားသည်။ ဆက်စပ်ပတ်သက်မှုအပေါ် မတူသောချဉ်းကပ်မှုများကို ခွဲခြားထားသည်။

ဧည့်သည်ပုံစံဖြင့် လုပ်ကိုင်နေသူများတွင် တိကျသည့်ပန်းတိုင်ရှိပြီး သင့်တော်သည့် အွန်လိုင်းဆော့ဖ်ဝဲကို ရွေးချယ်ကာ သူတို့လိုအပ်သည်ကို ရှာဖွေသည်။ ဥပမာ - စမတ်ဖုန်းကိုသုံးပြီး အင်တာနက်မှ စာအုပ်ဆိုင်တစ်ဆိုင်ကိုရှာကာ အွန်လိုင်းတွင်တွေ့ရှိပါက အပြင်တွင် ကိုယ်တိုင်သွားရောက်ခြင်း။ ဧည့်သည်ပုံစံဖြင့် အွန်လိုင်းသုံးသည့်အခါ အခြားသူများ တွေ့မြင်နိုင်မှုနှင့် မိမိ၏ခြေရာလက်ရာ အနည်းသာကျန်ရှိသည်။.

နေထိုင်သူပုံစံက  တခြားသူများနှင့်  ဆက်သွယ်ချိတ်ဆက်ရန်၊ အတူရှိနေရန် အွန်လိုင်းအသုံးပြုသည်။ ဥပမာ ဖေ့စ်ဘုတ်တွင် ပို့စ်တင်ခြင်း၊ တွစ်တာနှင့်ဘလော့ဂ်တွင် ရေးသားခြင်း၊ ဘလော့ဂ်များတွင် မှတ်ချက်များရေးခြင်း။ အင်တာနက် ဝက်ဘ်ဆိုက်က ၎င်းတို့၏ ပုံရိပ်ထုတ်လွှင့်မှုကို ကူညီပေးပြီး ဆက်နွှယ်မှုများကို လွယ်ကူချောမွေ့စေသည်။ တစ်နည်းအားဖြင့် နေထိုင်သူများသည် သူတို့ဘဝ၏ တစ်စိတ်တဒေသကို အွန်လိုင်းပေါ်တွင် ဖြတ်သန်းသည်။ ဧည့်သည်များနှင့် မတူသည်မှာ နေထိုင်သူပုံစံသည် မိမိကို အွန်လိုင်းတွင် အခြားသူများမြင်နိုင်ခြင်းနှင့် မိမိပုံရိပ် ရှိနေခြင်းပင်ဖြစ်သည်။

ထို့ကြောင့် တစ်ဦးချင်းအနေဖြင့် ၎င်းတို့လိုချင်သည့်အရာပေါ် မူတည်ပြီး ဧည့်သည်နှင့် နေထိုင်သူ ပုံစံနှစ်မျိုးလုံးရောထွေးကာ အွန်လိုင်းနှင့် ဆက်စပ်ပတ်သက်သည်မှာ မထူးဆန်းဟု ဆိုနိုင်ပါသည်။

ဧည့်သည်များနှင့် နေထိုင်သူများ နမူနာပုံစံက လှုံဆော်မှုနှင့် နောက်ခံအခြေအနေကို အခြေခံပြီး လူတစ်ဦးချင်းစီ၏ အင်တာနက်ဝဘ်နှင့် ဆက်စပ်ပတ်သက်မှုကို နားလည်ရန် မူဘောင်တစ်ခုပေးပုံကို The Oxford University မှ David White က ရှင်းပြထားသည်။

Interactive feature not available in single page view (see it in standard view).

ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများအတွက် မူဘောင်တစ်ခု

နည်းပညာနှင့် မိမိဆက်စပ်ပတ်သက်မှုကို ကိုယ်စားပြုပုံကားချပ် ဖန်တီးခြင်း။