MOOC ဆိုသည်မှာ အဘယ်နည်း။

တတိယပတ်မှ ကြိုဆိုပါသည်။ ဒီတစ်ပတ်တွင် MOOCs အကြောင်းကိုသင်ယူစဉ် မိမိ၏ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများကို လက်တွေ့ အသုံးချမည် ဖြစ်ပါသည်။

MOOC ဆိုသည်မှာ Massive Open Online Course ဖြစ်ပြီး ပညာရှင်များ၏ အဆိုအရ

အင်တာနက် ချိတ်ဆက်မှုရ​နေသမျှ ကာလပတ်လုံး မည်သူမဆို၊ မည်သည့်​နေရာမှမဆို တက်ရောက်သင်ယူနိုင်သော လေ့လာသင်ယူသူ မြောက်မြားစွာအတွက် ရည်ရွယ်ဖန်တီးထားသည့် အွန်လိုင်းသင်တန်းတစ်ခု ဖြစ်ပါသည်။ ဝင်ခွင့်အရည်အချင်း သတ်မှတ်မထားဘဲ လူတိုင်းအတွက် ဖွင့်လှစ်ထား​ပြီး အွန်လိုင်းတွင် သင်တန်းအ​တွေ့အကြုံ အပြည့်အဝ သို့မဟုတ် အပြည့်အစုံ​ပေးမည့် အခမဲ့သင်တန်းတစ်ခုဖြစ်သည်။

(Brouns et al., ၂၀၁၄ ခုနှစ်)

MOOC ကိုသတ်မှတ်ထားပုံနှင့် ပတ်သက်၍ ပညာ​ရေးဆိုင်ရာ သု​တေသနပညာရှင်များက ငြင်းခုန်​လေ့ရှိပြီး MOOC စီစဉ်ဖွဲ့စည်းထားပုံကို နားလည်ရန် တခြားပုံစံများရှိပါသည်။ အတွေ့အများဆုံး MOOCs ပုံစံသည် ပါဝင်လုပ်ဆာင်သူ အရေအတွက် မြောက်မြားစွာအထိ e-learning ကိုမြှင့်တင်ပေးပြီး ယင်းတို့ကို xMOOCs များဟု ရည်ညွှန်းလေ့ရှိသည်။  xMOOCs များတွင် ​ဆွေး​နွေးမှုဖိုရမ်များပါဝင်ပြီး မိမိအမြင်များကို တခြားသူများနှင့် ဖလှယ်နိုင်စေသည်၊ လေ့လာသင်ယူမှုကို အတူတကွ ဆွေးနွေးနိုင်စေသည်။ သို့သော် သင်တန်း၏ အဓိကအစိတ်အပိုင်းသည် နည်းပြက လမ်းညွှန်ထိန်းကျောင်းသော သင်ခန်းစာဖြစ်သည်။

xMOOC တစ်ခု၏ လက္ခဏာများမှာ

  • သင်ခန်းစာများတွင် ရုပ်သံစာသားအစုံ ပေါင်းစပ်တင်ဆက်မှု များစွာပါဝင်ပြီး အချိန်တိုတို (၁၀) မိနစ်မှ မိနစ် (၂၀) သာ ကြာမြင့်သည်။
  • သင်ကြားပို့ချမှုများတွင် မေးခွန်းများ ပေါင်းစပ်ထည့်သွင်းထားသည်။
  • သင်တန်းပြီး​လျှင် ကျောင်းသားက သင်ယူပြီး​မြောက်​ကြောင်းလက်မှတ် နှင့်/သို့မဟုတ် အမှတ်တံဆိပ်များ ရရှိမည်။
  • ဆရာက အမှတ်ပေးသော​ အလုပ်တာဝန်များတွင် တင်သွင်းရမည့် သက်မှတ်ရက်ရှိသည်။
  • မတူညီသည့် နောက်ခံ၊ ဘာသာစကားနှင့် ယဥ်​ကျေးမှုအစုံရှိသော ထောင်​သောင်းချီသော ကျောင်းသားများ တက်ရောက်လေ့လာသည်။

MOOC ပုံစံသို့ တခြား အ​ဓိကချဥ်းကပ်မှုကို cMOOC ဟု​ခေါ်သည်။ "c" သည် ​လေ့လာသူများကြား ဆက်သွယ်ခြင်းအ​ပေါ် ပိုမိုအသားပေးမှုကို ဆိုလိုသည်။ ​cMOOCs များအ​ကြောင်း အနည်းငယ် ပိုလေ့လာသိရှိရန် အောက်ပါဗီဒီယိုကို ကြည့်ပါ။

Interactive feature not available in single page view (see it in standard view).

cMOOC တွင် လေ့လာသင်ယူမှု၏ ချိတ်ဆက်သည့် လက္ခဏာကို ရှေ့တန်းတင်ထားသည်။ သင်တန်းတွင် ပါဝင်သူများက ၎င်းတို့၏အဓိပ္ပါယ်ကို ဖန်တီးပြီး ၎င်းတို့၏ ဆက်သွယ်မှုကွန်ယက်ကို တည်ဆောက်ကာ လှည့်ပတ်သွားလာသည်ဖြစ်၍ ယင်းက စီကာစဉ်ကာမဟုတ်သော အတွေ့အကြုံတစ်ခုဖြစ်ကာ အခြေခံအားဖြင့် ပုဂ္ဂလိကပိုင်းဖြစ်ပြီး ဆန္ဒစွဲရှိသည်။

cMOOCs က ကျောင်းသားများကို ကြိုတင်ပြင်ဆင်ထား​သော သင်​ထောက်ကူများ ( ဥပမာ xMOOC မှသင်ထောက်ကူများ) မှ သင်ယူစေခြင်းထက် လေ့လာသင်ယူမှု အသိုက်အမြုံများကို ဖွဲ့စည်းနိုင်စေရန်နှင့် အသိပညာကို တည်ဆောက်နိုင်စေရန် ဘလော့ဂ်၊ ​ဆွေး​နွေးမှုဖိုရမ်များ၊ ဝီကီနှင့် အခြားပလက်ဖောင်းများကို အထူးတလည် အားပြုသည်။

လုပ်ဆောင်မှု (၃.၁) bizMOOC စာအုပ်

Timing: မိနစ် (၃၀) ခန့် အသုံးပြုပါ။

အီးယူက ရန်ပုံငွေ ထောက်ပံ့သော bizMOOC စီမံကိန်း [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ဖြင့်ဖန်တီးသည့် MOOC စာအုပ်တွင် အနာဂတ် MOOCs နှင့်ပတ်သက်၍ အထောက်အကူဖြစ်သော လမ်းညွှန်ချက်များ ပါဝင်ပါသည်။ MOOCs နှင့် သင်ဖူးသည်ဖြစ်စေ၊ မသင်ဖူးသည်ဖြစ်စေ မိမိ၏ စိတ်ဝင်စားမှုနောက်ကိုလိုက်ပြီး လေ့လာသင်ယူသူများအတွက် လမ်းညွှန်ချက်များ တွင် အမေးအဖြေများကိုလေ့လာကြည့်ပါ။

တတိယပတ်

MOOC သင်တန်းများ တက်ရောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ