ဆီလျော်ကိုက်ညီသော MOOCs သင်တန်းများကို ရှာဖွေခြင်း

MOOCs သင်တန်းပေါင်း ရာဂဏန်းရှိပါသည်။ မိမိဘယ်မှာ စတင်နိုင်မလဲ။

MOOC List [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] သည် ပညာရေးဝန်ဆောင်မှုပေးသူ၊ အမျိုးအစား၊ ဘာသာစကား၊ တက္ကသိုလ် (သို့) အသိအမှတ်ပြုလက်မှတ် အမျိုးအစားများကို ရှာဖွေနိုင်သော လမ်းညွှန်စာရင်းဖြစ်သည်။ Class Central မှာလည်း ထို့အတူပင်ဖြစ်သည်။ လတ်တလော ရေပန်းစားနေသည့်သင်တန်းများ၊ မကြာမီစတင်တော့မည့် သင်တန်းများ၊ ဖွင့်လှစ်ကာစ သင်တန်းများ၊ ပို့ချဆဲသင်တန်းများနှင့် အနာဂတ် MOOCs သင်တန်းများကို ရှာဖွေနိုင်သည်။ OpenCulture တွင် ကျော်ကြားသော တက္ကသိုလ်အသီးသီးမှ MOOCs သင်တန်းများ ကို စာရင်းပြုစုထားသည်။ စတင်မည့်ရက်စွဲအလိုက် စီစဉ်ထားပြီး မည်သည့်အချိန်တွင်မဆို တက်ရောက်နိုင်သော သင်တန်းများလည်း ပါဝင်သည်။

ဆန္ဒရှိလျှင် အောက်ပါ လူကြိုက်အများဆုံး အင်္ဂလိပ်စကားပြော MOOCs ပလက်ဖောင်းများသို့လည်း တိုက်ရိုက်သွားနိုင်သည်။

သို့မဟုတ် တခြားဘာသာစကားဖြင့် ရရှိနိုင်သည်ကိုလည်း ရှာဖွေနိုင်သည်။ စပိန်၊ အင်္ဂလိပ်၊ တူရကီ၊ ဂျာမန်၊ အီတလီ၊ အာရေဗျ၊ ဂရိ၊ ရုရှားနှင့် အခြား ဘာသာစကားများဖြင့် ဖွင့်လှစ်သောသင်တန်းများကို OpenUpEd တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ European Multiple MOOC Aggregator EMMA သို့လည်း ဝင်ရောက်နိုင်သည်။ EMMA သည် ဥရောပတက္ကသိုလ်များမှ ဘာသာစကားမျိုးစုံဖြင့် အခမဲ့အွန်လိုင်းသင်တန်းများ သင်ကြားပို့ချမှုအတွက် စနစ်တစ်ခုကို ဖြည့်ဆည်းပေးပါသည်။

လုပ်ဆောင်မှု (၃.၃) MOOC ရှာဖွေခြင်း

Timing: မိနစ် (၃၀) ခန့် အသုံးပြုပါ။

အထက်ပါ ပေးထားသော အင်တာနက်လင့်ခ်များသို့ ဝင်ရောက်ပြီး တက်ရောက်နိုင်သော MOOCs သင်တန်းများကို ကြည့်ပါ။ ပထမဆုံး ထင်မြင်ချက်က ဘယ်လိုရှိပါသလဲ။

ဘန်ဂျာက အခုလို ဆိုပါသည်။

ကျွန်တော်က Class Central ဝက်ဘ်ဆိုက်ကို အရင်လေ့လာကြည့်တာပါ။ ဘာသာရပ်တွေကိုကြည့်လိုက်တော့ စီးပွားရေးဘာသာရပ်က စဖို့အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးဘာသာရပ်မှာ ဘဏ္ဍာရေး၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ အရောင်းမြှင့်တင်မှု စသဖြင့် ကဏ္ဍအသီးသီး ပြန်ခွဲထားတဲ့အတွက် စိတ်ရှုပ်ထွေးပြီး ဘယ်ကစရမှန်းမသိဘူး။ အဲဒါနဲ့ စားသောက်ဆိုင်လုပ်ငန်း ရှုထောင့်ကနေ စီးပွားရေးအကြောင်းကို မိတ်ဆက်ပေးနိုင်တဲ့ သင်တန်းကို လိုအပ်တာပဲလို့ ကျွန်တော်တွေးမိပါတယ်။ အဲသလိုဆိုရင် ကိုယ်နဲ့ရင်းနှီးပြီးသားတွေ ပါတဲ့အတွက် ကိုယ်နဲ့မရင်းနှီးတာကို လေ့လာရာမှာ ပိုပြီးလွယ်ကူစေပါမယ်။ ဒါပေမဲ့ ဒီလိုသင်တန်းမျိုးကို ဘယ်လိုရှာရမလဲ မသေချာခဲ့ဘူး။ ဒါနဲ့ လက်ရှိကိုယ့်လုပ်ငန်းနယ်ပယ်ကို စဉ်းစားကြည့်တော့ အစားအသောက်နဲ့ ဝန်ဆောင်မှုနယ်ပယ် (Hospitality) ဖြစ်ပါတယ်။ အဲဒါနဲ့ Class Central ဝက်ဘ်ဆိုက်မှာ အစားအသောက်နဲ့ ဝန်ဆောင်မှု (Hospitality) ဆိုတာကို ရှာလိုက်ပါတယ်။ အဲဒီအခါမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်တန်းတစ်ခုကိုတွေ့ပါတယ်။ "အချက်အပြုတ်နှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း၏ နိုင်ငံရေးနှင့် သံတမန်ရေး" ဖြစ်ပါတယ်။ FutureLearn မှာတွေ့တာပါ။ ၁ ပတ်ကို ၄ နာရီလေ့လာရမှာဖြစ်ပြီး ၄ ပတ်ကြာမှာ ဖြစ်ပါတယ်။ The Grenoble School of Management နဲ့ the Hotel school of Lausanne တို့က ဖွင့်လှစ်တာပါ။ ဒီ MOOC သင်တန်းက ကျွန်တော်ရှာနေတဲ့ တစ်ခုလုံးလွှမ်းခြုံတဲ့အမြင်ကိုပေးပြီး ကျွန်တော်လိုအပ်နေတဲ့ စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှုတွေကို လမ်းပြပေးမယ်လို့ ထင်ပါတယ်။

MOOC သင်တန်းများ တက်ရောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

MOOC ၏အရည်အသွေးကို အကဲဖြတ်ခြင်း။