MOOC သင်တန်းတစ်ခုတွင် အောင်မြင်မှုရရှိခြင်း

SMART ပန်းတိုင်များ ချမှတ်ပြီးပြီ၊ သင်ယူဖို့ရန်လည်း ဆုံးဖြတ်ပြီးပြီ၊ လိုအပ်ချက်နှင့်လည်း ကိုက်ညီသည့် သင်တန်းတစ်ခုကို တွေ့ပြီးပြီ ဖြစ်သည်။ အောင်အောင်မြင်မြင် တက်ရောက်နိုင်ရန် မည်သို့ဆောင်ရွက်မည်နည်း။ 

အောက်ပါ လေ့လာသင်ယူမှုဆိုင်ရာ အကြံပြုချက်များသည် MOOC ကို ပြီးဆုံးသည်အထိ တက်ရောက်ခဲ့သူများထံမှ ကောက်ယူစုဆောင်းထားခြင်း ဖြစ်သည်။

  • တစ်ဦးတည်း မတက်ပါနှင့်။ မိမိ မည်သည့်သင်တန်း တက်နေသည်ကို အခြားသူများအားပြောပြပါ။ ဖြစ်နိုင်လျှင် စာအတူလုပ်မည့် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် (သို့) အင်တာနက်ပေါ်မှ သူငယ်ချင်းကိုပင် ရှာဖွေပါ။
  • စာလုပ်ချိန် သီးသန့်ထားပါ။ စိတ်ချသေချာစေရန် သင်တန်းက သတ်မှတ်သည့်အချိန်ထက် ၂ ဆပိုထားပါ။
  • သင်တန်းများစွာ တပြိုင်တည်း တက်ခြင်းမျိုးကို ရှောင်ပါ။ အမှန်တကယ် တက်နိုင်မည်လားဆိုသည်ကို စစ်ဆေးပါ။
  • သင်တန်းတွင် ဆွေးနွေးမှုဖိုရမ်များပါဝင်ပါက အခြားသင်တန်းသားများနှင့်အတူ ပါဝင်ဆွေးနွေးတာ၊ ဆက်သွယ်မှုရှိတာ သေချာပါစေ။
  • မိမိ၏ လေ့လာသင်ယူမှုကို မှတ်တမ်းလုပ်ထားပါ။ ထို့နောက် ပုံမှန်ပြန်လည်သုံးသပ်ပါ။
  • အလုပ်မှတ်တမ်းတစ်ခု ပေါ်ထွက်လာစေရန် မိမိလုပ်ဆောင်ခဲ့သော သင်တန်းအလုပ်တာဝန်များနှင့် မိိမပါဝင်ခဲ့သော လုပ်ဆောင်မှုများအားလုံး ပါဝင်သည့် ဖိုင်တွဲတစ်ခုကို မိမိကွန်ပျူတာတွင် ဖန်တီးထားပါ။ ကျွမ်းကျင်မှုအသစ်များက မိမိ CV ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါသည်။
  • သင်တန်း ဆက်မတက်ဖြစ်သည်မှာ ရှက်စရာ မဟုတ်ပါ။ တစ်ပတ်ကြာပြီးနောက် သင်တန်းသည် မိမိနှင့်မသင့်တော်ဟုထင်ပါက ရပ်တန့်ပြီး မိမိနှင့်သင့်တော်မည့် နောက်သင်တန်းတစ်ခုကို ရှာတက်ပါ။ အချိန်မဖြုန်းပါနှင့်။

လုပ်ဆောင်မှု (၃.၅) မိမိ၏ MOOC လေ့လာမှုဆိုင်ရာ အကြုံပြုချက်များ

Timing: အနည်းဆုံး (၁၅) မိနစ်ခန့် အသုံးပြုပါ။

အထက်ပါစာရင်းတွင် ထပ်ထည့်နိုင်ပါသလား။ အွန်လိုင်းတွင် လေ့လာသင်ယူခြင်းနှင့် ပတ်သက်၍ အကြံပြုချက်များ ရှိပါသလား။ လေ့လာသင်ယူမှု မှတ်တမ်းတွင် ချရေးပါ။

MOOC သင်တန်းအတွေ့အကြုံနှင့် ပတ်သက်ပြီး မွန်မွန်က အောက်ပါအတိုင်း ပြောပါသည်။

"ကျွန်မအကြံပေးချင်တာကတော့ သင်တန်းရဲ့ပထမအချိန်မှာ ဝက်ဘ်ဆိုက်ကို ရင်းနှီးကျွမ်းဝင်သွားအောင် လျှောက်လေ့လာကြည့်ပါ။ ဒါက ယုံကြည်မှုတိုးလာစေပြီး MOOC သင်တန်းမှာ ဘာတွေပါဝင်သလဲ၊ ဘာအထောက်အကူတွေပါသလဲ ဆိုတာကို ပိုသိလာနိုင်ပါတယ်။"

နောက်တစ်ခန်းကို မသွားမီ နောက်ထပ် အကြုံပြုချက်တစ်ခုရှိသည်။ အွန်လိုင်းမှဖြစ်စေ၊ သမားရိုးကျဖြစ်စေ အောင်မြင်သော လေ့လာသင်ယူသူတစ်ယောက်ဖြစ်ဖို့ အချိန်ဆွဲသည့် စိတ်အနှောက်အယှက်ဖြစ်ဖွယ် အခြေအနေကို မကြာခဏဆိုသလို ရင်ဆိုင်ရမည်ဖြစ်သည်။ Oakland University ၏ အင်ဂျင်နီယာဘာသာရပ် ပါမောက္ခနှင့် Learning How To Learn [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကို ပူးပေါင်ဖန်တီးသူဖြစ်သည့် Barbara Oakley ၏ တကယ်တမ်း ကြည့်မနေရမည့်အရာတစ်ခုကို မိမိကြည့်နေသည့်အချိန်ကို မည်သို့ကိုင်တွယ်မည်နည်း အပါအဝင် ထိရောက်စွာ လေ့လာသင်ယူနည်းအကြောင်းကို အောက်ပါလင့်ခ်တွင် ဝင်ကြည့်နိုင်သည်။

Interactive feature not available in single page view (see it in standard view).

MOOC ၏အရည်အသွေးကို အကဲဖြတ်ခြင်း။

ဒစ်ဂျစ်တယ် လုပ်သားအင်အားစုအတွက် MOOCS နှင့် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများ