Europass CV

Europass [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)]  ဆိုသည်မှာ လူအများကို ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့် အသိအမှတ်ပြုလက်မှတ်များကို ဥရောပတွင် လွယ်ကူရှင်းလင်းစွာ နားလည်အောင်ကူညီရန် ရည်ရွယ်သော ဥရောပသမဂ္ဂ၏ စီမံချက်တစ်ခုဖြစ်သည်။ ဥရောပသမဂ္ဂမှမဟုတ်ဘဲ မြန်မာနိုင်ငံသားပင်ဖြစ်လင့်ကစား ယခုစုစည်းထားသော စာရွက်စာတမ်းများ၏ အကျိုးကျေးဇူးကို ရနိုင်ပါသေးသည်။

ပြည်တွင်းတွင် အလုပ်လျှောက်သည်ဖြစ်စေ၊ ပြည်ပတွင် သွားရောက်လုပ်ကိုင်ရန် အလုပ်လျှောက်သည်ဖြစ်စေ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ပညာဆက်သင်ရန် သို့မဟုတ် သင်တန်းတက်ရန် စီစဉ်နေသည်ဖြစ်စေ Europass က မိမိ၏စွမ်းရည်များနှင့် ကျွမ်းကျင်မှုများကို ဖော်ပြနိုင်စေမည့် စုစည်းထားသော စာရွက်စာတမ်း (၅) ခုကို အခမဲ့ ဖြည့်ဆည်းပေးပါသည်။ ယခုသင်တန်းတွင် အဆိုပါစာရွက်စာတမ်းများမှ တစ်ခုကို ညွှန်ပြပေးလိုက်သည် - Curriculum Vitae (ကိုယ်ရေးရာဇဝင်) ဖြစ်ပါသည်။

Curriculum Vitae (ကိုယ်ရေးရာဇဝင်)

CV တစ်စောင်တွင် မည်သည့်အရာများ ပါရမည်ကို သိပါသလား။ မတူသောအပိုင်းများကို မည်သို့ စီစဉ်နေရာချသလဲ။ Cover Letter (မိတ်ဆက်စာ) တစ်စောင်တွင် မည်သည့်အကြောင်းအရာများကို ရည်ညွှန်းသင့်သလဲ။ Europass က ထိုမေးခွန်းများအပြင် တခြားမေးခွန်းများစွာကို ဖြေဆိုပေးထားပါသည်။ အောက်တွင် လင့်ခ် ၃ ခုရှိပါသည်။ ‘Create your CV’ က မိမိ၏ကိုယ်ပိုင် CV ကို ပြင်ဆင်ဖန်တိးနိုင်စေမည့် အွန်လိုင်းအယ်ဒီတာဆီ ခေါ်သွားပါလိမ့်မည်။ မတူသော နယ်ပယ်များ (ကိုယ်ရေးအချက်အလက်၊ ပညာရေးနှင့် သင်တန်း၊ လုပ်ငန်းအတွေ့အကြုံ စသဖြင့်) ကို ဖြည့်ရုံသာဖြစ်သည့်အတွက် အသုံးပြုရလွယ်ကူပါသည်။ ထို့နောက် save ကိုနှိပ်ပါ။ မိမိ၏ကျွမ်းကျင်မှုများကို ဖြည့်သည့်အခါ မိမိ၏ စွမ်းဆောင်ရည်များကို ကိုယ်တိုင် အကဲဖြတ်ခိုင်းပါလိမ့်မည်။ ဥပမာ ဒုတိယဘာသာစကားတစ်ခု တတ်မြောက်ထားပါက နားထောင်မှုစွမ်းရည်၊ နားလည်မှုစွမ်းရည် သို့မဟုတ် အပြောစွမ်းရည် စသည်တို့ကို ဖော်ပြထားသည့်စာရင်းမှ တတ်ကျွမ်းမှုအဆင့်ကိုလိုက်ပြီး ရွေးချယ်ပေးရန်လိုပါသည်။

အွန်လိုင်း CV တွင် အချက်အလက်များကို မဖြည့်မီ "ဥပမာများ" စာမျက်နှာနှင့် "ပုံစံချထားပြီးသား နမူနာများနှင့်လမ်းညွှန်ချက်များ စာမျက်နှာအား ဝင်ရောက်လေ့လာရန်အကြံပြုပါသည်။ ထိုစာမျက်နှာများကို မြန်မာဘာသာစကား မပါဝင်သော်လည်း ဘာသာစကား ၂၉ မျိုးဖြင့် ရေးသားထားကာ မိမိ CV တွင် ထည့်သွင်းသင့်သည့် အင်မတန် အသေးစိတ်သော အချက်အလက်များ ပါဝင်ပါသည်။

ဒစ်ဂျစ်တယ် လုပ်သားအင်အားစုအတွက် MOOCS နှင့် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများ