ပြန်ပေါင်းစပ်ခြင်း (Remix) နှင့် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှု၏ မရှိမဖြစ် အစိတ်အပိုင်းများ

သင်တန်း၏ နောက်ဆုံး ရက်သတ္တပတ်မှ ကြိုဆိုပါသည်။ ယခင် ရက်သတ္တပတ်များတွင် မိမိ၏လေ့လာသင်ယူပုံ၊ အင်တာနက်ဝက်ဘ်ကို အသုံးပြုပုံနှင့် အွန်လိုင်းကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန် လိုအပ်သောကျွမ်းကျင်မှုများ စသည်တို့ကို ပြန်သုံးသပ်ခွင့်ရခဲ့ပြီး MOOCs များအကြောင်းကို လေ့လာခဲ့ပါသည်။ သင်တန်း၏ ယခုနောက်ဆုံးအပိုင်းတွင် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှုဆိုင်ရာ အယူအဆကို ကန့်သတ်မထားသော ရှုထောင့်တစ်ခုမှ လေ့လာသွားပါမည်။

အောက်ပါဗီဒီယိုသည် TEDxWarwich 2012 တွင် open educational thinker Doug Belshaw [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ၏ ပြောကြားချက်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှု၏ ဗဟိုချက်တွင် remix အယူအဆကို နေရာချထားသည်ကို ကြည့်ရှုလေ့လာပါ။ ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှုသည် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများသာမက ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းတွင် နေထိုင်ခြင်း၊ သင်ယူလေ့လာခြင်းနှင့် အလုပ်လုပ်ခြင်းတို့ကို အထောက်အကူပြုသော စွမ်းဆောင်ရည်များ ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှုသည် ဒစ်ဂျစ်တယ်အခြေအနေတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွှေ့နိုင်သော ကျွန်တော်တို့တွင်ရှိသည့် ဒစ်ဂျစ်တယ် အသိပညာ၊ အတတ်ပညာပင် ဖြစ်ပါသည်။ သို့ဖြစ်၍ ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှုသည် တသက်တာ လုပ်ဆောင်ရမည့်စီမံကိန်း ဖြစ်ပါသည်။

Interactive feature not available in single page view (see it in standard view).

Remix (ပြန်ပေါင်းစပ်ခြင်း) သည် အင်တာနက်ဝက်ဘ်ပေါ်တွင် ရယူနိုင်သော အရင်းအမြစ်များကို ကန့်သတ်တားမြစ်ထားခြင်းမရှိ ဟု မှတ်ယူသည့်အခါ အောက်ဖော်ပြပါတို့နှင့်အတူ အဓိပ္ပါယ်ဖွင့်ဆိုသည့် လုပ်ဆောင်မှုငါးခုအနက် တစ်ခုဖြစ်သည်။

  1. ဆက်လက် ထိန်းသိမ်းခြင်း (Retain) - အကြောင်းအရာ မိတ္တူများကို ဖန်တီးခွင့်၊ ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့် (ဥပမာ - ဒေါင်းလုဒ်ပြုလုပ်ခြင်း၊ ပုံတူပွားခြင်း၊ သိမ်းဆည်းခြင်း၊ စီမံခြင်း)
  2. ပြန်လည်အသုံးပြုခြင်း (Reuse) - အကြောင်းအရာများကို အမျိုးမျိုးအဖုံဖုံ အသုံးပြုခွင့်ရှိခြင်း။ (ဥပမာ - စာသင်ခန်းထဲတွင်၊ လေ့လာရေး အစုအဖွဲ့တွင်၊ ဝက်ဘ်ဆိုက်တွင်၊ ဗီဒီယိုထဲတွင်)
  3. ပြန်လည်ပြုပြင်ခြင်း (Revise) - လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခွင့်၊ အနည်းငယ် ပြောင်းလဲခွင့်၊ တစိတ်တပိုင်း ပြုပြင်ခွင့် (သို့) အကြောင်းအရာ ကိုယ်၌ကိုယ် ပြောင်းလဲခွင့် (ဥပမာ - အကြောင်းအရာကို အခြားဘာသာစကားသို့ ဘာသာပြန်ဆိုခြင်း)
  4. ပြန်ပေါင်းစပ်ခြင်း (Remix) - အသစ်တစ်ခု ဖန်တီးရန် မူရင်း သို့မဟုတ် ပြုပြင်ထားသော အကြောင်းအရာကို အခြားအရာများနှင့် ပေါင်းစပ်ခွင့် (ဥပမာ - အကြောင်းအရာကို အစိတ်အပိုင်းများစွာ၏ အရောအနှောတစ်ခုတွင် ထည့်သွင်းခြင်း)
  5. ပြန်လည်ဖြန့်ဖြူးခြင်း (Redistribute) - မူရင်းအကြောင်းအရာ၏ မိတ္တူများ၊ မိမိ၏ ပြင်ဆင်တည်းဖြတ်ထားမှုများ သို့မဟုတ် မိမိ၏ တခြားအရာများနှင့် ပြန်ပေါင်းစပ်ထားမှုများကို မျှဝေခွင့် (ဥပမာ - မိတ်ဆွေတစ်ဦကို အကြောင်းအရာ မိတ္တူတစ်ခုပေးခြင်း)

ယင်းတို့မှာ 5Rs ခွင့်ပြုချက်များ ဖြစ်သည်

လုပ်ဆောင်မှု (၄.၁)။ ။ မိမိ၏ 5Rs

Timing: အနည်းဆုံး (၁၅) မိနစ်ခန့် အသုံးပြုပါ

မိမိကိုယ်တိုင် လုပ်ဆောင်ထားသည်ကို စဉ်းစားကြည့်ပါ။ R များထဲမှ မည်သည့်အရာကို ပြုလုပ်သနည်း။ အတွေ့အကြုံ (သို့) ဥပမာများ ရှိပါသလား။

နောက်အခန်းများတွင် ပြန်ပေါင်းစပ်ခြင်း အယူအဆကိုလေ့လာရန် လုပ်ဆောင်မှုနှစ်ခုကို တင်ပြထားပါသည်။ ယင်းမတိုင်မီ တားမြစ်ကန့်သတ်ချက်မရှိသော လိုင်စင်အကြောင်းကို လေ့လာရန် လိုပါသည်။

ဘန်ဂျာက သူ့အလုပ်ကို မျှဝေတာနှင့်ပတ်သက်၍ အခုလိုပြောပါသည်။

"ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင် ချက်ပြုတ်နည်းတွေ ဖန်တီးထားတယ် အထူးသဖြင့် ရှမ်းအစားအစာတွေပေါ့။ ပြီးတော့ ဖေ့စ်ဘွက်ပေါ်မှာ တင်တယ်။ တခြားလူတွေက ကျွန်တော့်ချက်နည်းကို ပြန်သုံးပြီး ပြန်ပြင်ကြတာကို ကျွန်တော် သဘောကျပါတယ်။ တစ်ခါတလေ စားဖိုမှူးမှာ လိုအပ်တဲ့ပစ္စည်းအားလုံး မရှိတဲ့အခါ တီထွင်ကြံဆပြီး အစားထိုးချက်ပြုတ်ရလေ့ရှိပါတယ်။ ဒါက အချက်အပြုတ်ရေးရာမှာ တိုးတက်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။"

စတုတ္ထပတ်

Creative Commons လိုင်စင်များအကြောင်း