နောက်ဆုံးမှတ်ချက်

ယခု သင်တန်း၏အဆုံးကို ရောက်လာပါပြီ။ ယခု လေးပတ်တာကာလအတွင်း ကျွန်တော်တို့နှင့်အတူ လေ့လာသင်ယူခဲ့ခြင်းအတွက် ကျေးဇူးတင်ပါသည်။ သင်တန်းကိုသဘောကျပြီး ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများ တိုးတက်လာမည်ဟု မျှော်လင့်ပါသည်။ အွန်လိုင်းတွင် တည်ရှိနေမှုအပေါ် ယုံကြည်မှုပိုတိုးလာပြီး လေ့လာသင်ယူမှုအတွက် အင်တာနက်ဝဘ် အသုံးပြုပုံကို ပိုမိုနားလည်လာမည်ဟု မျှော်လင့်ပါသည်။

အောင်မြင်စွာ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုမှုနှင့် လက်မှတ်ရယူရန် သင်တန်းပါ အခန်းများအားလုံးကို ဖတ်ရန်လိုအပ်ပြီး သင်တန်းအဆုံး စစ်တမ်း [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကိုဖြည့်ရန် လိုပါသည်။ အသိအမှတ်ပြုလက်မှတ်က ဘာသာရပ်အပေါ် မိမိ၏စိတ်ဝင်စားမှုကို ပြသပါသည်။ စဉ်ဆက်မပြတ် သက်မွေးအလုပ်အကိုင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထားရှိသော မိမိ၏သံန္နိဋ္ဌာန်ကို ပြသရာတွင်လည်း ထိုလက်မှတ်ကို အသုံးပြုနိုင်သည်။ သို့သော် သမားရိုးကျ စစ်ဆေးအကဲဖြတ်မှုနှင့်အညီ လုပ်ဆောင်ခြင်း မဟုတ်သည့်အတွက် ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တစ်ခုကို ဦးတည်သော သမားရိုးကျ လေ့လာမှုယူနစ်များ ပေးမည်မဟုတ်ပါ။

TIDE အစီအစဉ်မှ အခြားသင်တန်းများကို စိတ်ဝင်စားပါက Collection စာမျက်နှာတွင် စာရင်းပြုထားသည်ကို တွေ့နိုင်ပါသည်။

bizMOOC မှ ဖန်တီးထားသော အခြားသင်တန်းများအတွက် the project's website သို့ ဝင်ရောက်လေ့လာပါ။

meme တစ်ခု ဖန်တီးခြင်း