ကြိုဆိုပါတယ်။
ဤသင်တန်းသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ်များတွင် တာဝန်ထမ်းဆောင်နေကြသော စာကြည့်တိုက်မှူးများ၊ အိုင်စီတီနှင့် အထောက်အကူပြုဝန်ထမ်းများအတွက် အဓိက ဖန်တီးရေးဆွဲထားခြင်းဖြစ်သည်။ သင်ကြား ပို့ချ သူ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများလည်း စိတ်ဝင်စားနိုင်ပါသည်။ ဤသင်တန်း တွင် စာပေနှင့်အနုပညာမူပိုင်ခွင် အရေးပါရသော အကြောင်းအရင်း နှင့် အမျိုးမျိုးအဖုံဖုံအသုံးပြုရန် ရှင်းလင်းစွာ ခွင့်ပြုထားသော လွတ်လပ်စွာရရှိနိုင်သည့် အကြောင်းအရာ၊ အချက်အလက်များက သင်၏လုပ်ဖော်ကိုင်ဖက်များနှင့် ကျောင်းသားများအတွက် အရေးပါပုံများကို မိတ်ဆက်ပေးသွားမည်ဖြစ်သည်။
သင်ယူမှုရလဒ်များ
ဤသင်တန်းကိုတက်ရောက်ပြီးနောက် အောက်ပါရလဒ်များရရှိလာပါမည်။
- အသစ်ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် အဆင့်မြင့်ပညာရေးအပေါ် ယင်း၏ သက်ရောက်မှုများကို နားလည်မှု ပိုအားကောင်းလာခြင်း
- Creative Commons ကိုနားလည်လာပြီး open license ရယူထားသော အကြောင်းအရာများသည် သင်၏တက္ကသိုလ်အတွက် အကျိုးရှိ နိုင်သည့်အကြောင်းရင်းကို နားလည်လာခြင်း
- open license ရယူထားသောရင်းမြစ်များအား အသုံးပြုပုံကို ပိုမိုနားလည်လာခြင်း
- သင်၏ကိုယ်ပိုင်အလေ့အထနှင့် open license ရယူထားသောရင်းမြစ်များအား အသုံးပြုမည့် အခြားသူများကို ကူည ပံ့ပိုးပုံအား ပြန်လည်သုံးသပ်လာနိုင်ခြင်း
The Transformation by Innovation in Distance Education (TIDE) project enriched distance learning in Myanmar by building the capacity of Higher Education staff and students, enhancing programmes of study, and strengthening systems that support Higher Educational Institutions (HEI) in Myanmar. TIDE was part of the UK-Aid-funded Strategic Partnerships for Higher Education Innovation and Reform (SPHEIR) programme(www.spheir.org.uk). SPHEIR is managed on behalf of FCDO by a consortium led by the British Council that includes PwC and Universities UK International. The TIDE project closed in May 2021.