အခန်း ၅ ။ နောက်ဆက်တွဲ အရင်းအမြစ်များ

အခန်း ၅ CC လိုင်စင် အသုံးပြုသောလက်ရာကို ဖန်တီးခြင်း

၅.၃ CC လိုင်စင် သုံးထားသောလက်ရာများကို မှီငြမ်းခြင်းနှင့် ပေါင်းစပ်ဖန်တီးခြင်း

ရင်းမြစ်များအား ပေါင်းစပ်ဖန်တီးခြင်းနှင့် မှီငြမ်းခြင်းအကြောင်း

မူရင်းပေါင်းစပ်ဖန်တီးခြင်းဇယားကွက်အား ကြည့်ရှုနိုင်ပြီး ထပ်မံလေ့လာလိုပါက ဤနေရာ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ကိုနှိပ်ပါ။ Open Oregon guide, Attribution Statements for Remixed OER Content ကိုလည်း ကြည့်ရှုနိုင်သည်။

အောက်ပါအကြောင်းအရာများကိုလည်း စိတ်ဝင်စားနိုင်သည်။ -

ထည့်သွင်းစဉ်းစားရမည့် အသုံးပြုနည်းတချို့မှာ (၎င်းတို့ထဲမှတချို့မှာ အစောပိုင်းသင်ခန်းစာများတွင် လေ့လာခဲ့ပြီးဖြစ်သည်) -

  • ပိုမိုကြီးမားသည့်လက်ရာ တစ်ခုမှ ကောက်နုတ်ချက်ထုတ်ယူခြင်း သက်ဆိုင်ရာ FAQ အား ဤနေရာတွင်ဖတ်ပါ။
  • လက်ရာတစ်ခုအား မတူညီသောဖွဲ့စည်းပုံစနစ် (format) ဖြင့်အသုံးချခြင်း သက်ဆိုင်ရာ FAQ အား ဤနေရာ တွင်ဖတ်ပါ။
  • လက်ရာတစ်ခုအား ပြုပြင်မွမ်းမံခြင်း သက်ဆိုင်ရာ FAQ အား ဤနေရာတွင်ဖတ်ပါ။

အောက်ပါ ဝက်ဘ်ဆိုက်များလည်း သင့်အတွက်အသုံးဝင်နိုင်ပါသည်။

  • OER Africa (CC BY 4.0) သည် OER နှင့် အကြံပြုထားသည့် OER အလေ့အကျင့်များအကြောင်းကို နားလည်သဘောပေါက်စေနိုင်သော ရင်းမြစ်များနှင့် အချက်အလက်များရှိ သည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။
  • Maricopa Community College Faculty OER သင်တန်း ရှိ Distinguishing Between OER and All that Other Stuff on the Internet နှင့် Works Within Works နှင့် စုစည်းမှုများ (CC BY-SA 4.0): Maricopa Community College Faculty မှ ၎င်းမော်ဂျူးနှစ်ခုသည် အခမဲ့၊ လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်း (free, open access) နှင့် OER ၏ခြားနားချက်သာမက အကိုးအကားသာဓကများနှင့် စုစည်းမှုများ ကို နားလည်စေလိမ့်မည်။
  • BCCampus ၏ BC Open Education Technology Collaborative (CC BY 4.0): နည်းပြဆရာတစ်ဦးအနေဖြင့် ပေါင်းစပ်ဖန်တီးခြင်းနှင့် မှီငြမ်းခြင်းဆိုင်ရာ ရင်းမြစ်များကို စာသင်ခန်းများဆီ မည်သို့သယ်ဆောင်ရမည်ကို စိတ်ကူးရယူလိုပါက ဤအဖွဲ့သည် သင်နှင့် ရည်မှန်းချက်ပန်းတိုင်များအတွက် ရင်းမြစ်တစ်ခုဖြစ်ပြီး အဖွဲ့လိုက်ပြောဆိုမှုများသည် ဗဟုသုတပေးစွမ်းနိုင်ပါသည်။
  • သိမ်မွေ့ရှုပ်ထွေးသော စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အခြေအနေများ Maricopa Community College Faculty OER course ၏ OER style’ (CC BY-SA 4.0): သင့်ကိုယ်သင် စမ်းသပ်လိုပါက OER နှင့်သက်ဆိုင်သော သိမ်မွေ့ရှုပ်ထွေးသည့် မူပိုင်ခွင့်အခြေအနေများအကြောင်း မေးခွန်းသည် သင့်အား ပညာရေးဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များကို ဘေးကင်းစွာ ပေါင်းစပ်ခြင်းနှင့် မှီငြမ်းခြင်းအပေါ် ပိုမိုနားလည်စေရန် ကူညီပေးပါလိမ့်မည်။

OER အား ဖန်တီးခြင်းနှင့်မျှဝေခြင်းအကြောင်း ပိုမိုလေ့လာရန်

  • CK12 OER (CC BY-NC 3.0): K-12 ပညာရေးအတွက် ရှိပြီးသား OER ကိုသုံးပြီး ့် open textbook တစ်ခု ဖန်တီးရန် ဤစာမျက်နှာထဲသို့ဝင်ရောက်ပြီး ဆရာအဖြစ် လော့ဂ်အင်ဝင်ရောက်ကာ 'အသစ်ဖန်တီးရန်' ကိုနှိပ်ပါ။
  • Maricopa Community College Faculty OER သင် တန်း၏ OER Faculty Workshop (CC BY-SA 4.0): ပညာရေးဆိုင်ရာ အရင်းအမြစ်များအတွက် သင့်တော်သည့် လိုင်စင်များကို ရွေးချယ်ခြင်းလုပ်ငန်းစဉ်ကို အသေးစိတ်လေ့လာနိုင်ရန် ဤ OER သင်တန်းကို တက်ပါ။
  • University of British Columbia ၏ ‘Creating open educational resources’ (CC BY-SA 4.0): အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများတွင် OER ကို မျှဝေခြင်းနှင့် လိုင်စင်ချပေးခြင်းတို့ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အကြောင်းအရာများနှင့် စပ်လျဉ်းသော ဗီဒီယိုတစ်ခုနှင့် အချက်အလက်များ

လိုင်စင်များ ကိုက်ညီမှုအကြောင်း ပိုမိုလေ့လာရန်

  • Creative Commons ၏ ‘Compatible licences’ (CC BY 4.0): ကိုက်ညီသောလိုင်စင်များဆိုင်ရာအချက်အလက်များ၊ သဟဇာတဖြစ်မှု၏ အလုပ်လုပ်ပုံနှင့် လိုင်စင်များအကြားရှိ မလွဲမသွေ သဟဇာတဖြစ်မှု မရှိနိုင်သည့်အခြေအနေများအကြောင်း ရေးသားဖော်ပြထားသော စာမျက်နှာ။
  • Creative Commons ၏ ‘Wiki/ CC licence compatibility’ (CC BY 4.0): CC လိုင်စင်သဟဇာတဖြစ်မှုအခြေအနေပြဇယားအကြောင်း
  • ‘Licence compatibility’ (CC BY-SA 3.0): CC လိုင်စင်မဟုတ်သော open licence များအပါအဝင် လိုင်စင်သဟဇာတဖြစ်မှုအကြောင်း ရေးသားထားသော ဝီကီပီးဒီးယား (Wikipedia) မှ ဆောင်းပါး။

CC လိုင်စင်များဆိုင်ရာ နောက်ထပ် အသေးစိတ် လေ့လာမှုများ

လွတ်လပ်စွာ ရယူအသုံးပြုနိုင်သောပညာသင်ကြားရေးနည်းလမ်း (open pedagogy) အကြောင်း

  • လွတ်လပ်စွာ ရယူအသုံးပြုနိုင်သောပညာသင်ကြားရေးနည်းလမ်းနှင့် ပ လွတ်လပ်စွာ ရယူအသုံးပြုနိုင်သောပညာရေးဆိုင်ရာ အလေ့အကျင့်များအကြောင်း ပိုမိုသိရှိနိုင်ရန် Open Pedagogy Notebook နှင့် Rajiv JhangianiRobin DeRosaCatherine Cronin နှင့် Maha Bali တို့၏ စာတမ်းများအား လေ့လာသင့်သည်။
  • Maha Bali ၏ a curation of posts on open pedagogy (#YearOfOpen) ကိုလည်း ဖတ်ရှုသင့်ပြီး ' လွတ်လပ်စွာ ရယူအသုံးပြုနိုင်သောပညာရေးဆိုင်ရာ အလေ့အကျင့်များ' ဆိုသော ဝေါဟာရကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးချက်များကြောင်း ဗီဒီယိုဖြစ်သည့် ‘What is open pedagogy?’, ဗီဒီယိုကိုလည်းကြည့်ရှုသင့်သည်။

ရယူသုံးစွဲနိုင်မှုအကြောင်း ပိုမိုလေ့လာနိုင်ရန်

  • မော်ဂျူး (၉) Open Washington ၏ Accessibility : Open Educational Resources Network (CC BY 4.0): သင်ယူလေ့လာသူအားလုံး ရယူသုံးစွဲနိုင်စေသော ပုံစံဖြင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများအား ရေးဆွဲနိုင်ရန် ဤမော်ဂျူးက အကူအညီပေးနိုင်သည်။
  • World Wide Web Consortium ၏ Web Content Accessibility Guidelines (WCAG) 2.0 : မျိုးစုံသော အွန်လိုင်း content ( ဝက်ဘ်ဆိုက်များမှသည် စာသားနှင့် PDF ဖိုင်များအထိ) developer များအနေဖြင့် ၎င်းတို့၏လက်ရာများအား ရယူသုံးစွဲနိုင်မှုရှိစေ ဖို့် ဖန်တီးနိုင်ရန် (သို့) စစ်ဆေးနိုင်ရန် ကူညီပေးသည့် ခိုင်မာပြီး ကိုးကားနိုင်သည့် နည်းပညာဆိုင်ရာ စံသတ်မှတ်ချက် များစွာသော ရန်ပုံငွေ ထောက်ပံ့သူများ (သို့) အစိုးရအဖွဲ့များ (ဥပမာ ဥရောပသမဂ္ဂ) ၏ သတ်မှတ်ချက်အရ အဖွဲ့အစည်းများအနေဖြင့် အများပြည်သူဆိုင်ရာအချက်အလက်များ (သို့) ပညာရေးဆိုင်ရာ အရင်းအမြစ်များ ထုတ်ဝေဖော်ပြရာတွင် အဆိုပါလမ်းညွှန်ချက်များအား လိုက်နာရန်လိုအပ်သည်။
  • CAST Universal Design for Learning in Higher Education ၏ Accessibility and Open Educational Resources (CC BY-SA 4.0): CAST စီမံကိန်း (တစ်ကမ္ဘာလုံးသင်ယူနိုင်ရေးအား ဆောင်ရွက်နေသော အသုံးချအထူးနည်းပညာဌာန ) တွင် အထူးသဖြင့် အထက်တန်း အလွန် ပညာရေးအတွက် ပညာရေးဆိုင်ရာ အရင်းအမြစ်များ ဖန်တီးရေးဆွဲရာတွင် စဉ်းစားရမည့်အချက်များအတွက် ခြုံငုံသုံးသပ်ချက်နှင့် လိုအပ်ချက်၊ လုပ်ဆောင်ချက် သတိပေးစာရင်း ။

လွတ်လပ်စွာ ရယူသုံးစွဲမှုနှင့်ဆိုင်သောမူဝါဒများ (open policies) အကြောင်း

  • Creative Commons New Zealand ၏ ‘‘CC in schools’ (CC BY 4.0): ကျောင်းများတွင် အသုံးပြုနေသော Creative Commons လိုင်စင်များကို အဖွဲ့အစည်းအဆင့် အကောင်အထည်ဖော်ဆောင်ခြင်း အကြောင်း
  • Lucas Wright and Krista Lambert ၏ BCcampus Open Education Working Group Guide (CC BY 4.0): ၎င်းတို့၏ တက္ကသိုလ်ကျောင်းများတွင် ှ open education ကို အားပေးထောက်ခံသည့် (သို့) အားပေးထောက်ခံနေပြီး open အလုပ်အဖွဲ့တစ်ခု အား စတင်နေသော (သို့) လုပ်ကိုင်ဆောင်ရွက်နေသော စာကြည့်တိုက်မှူးများ၊ ဝန်ထမ်းများနှင့် မဟာဌာနမှ ဆရာ/မများအတွက် ရင်းမြစ်တစ်ခု။ ဤရင်းမြစ်တွင် အသုံးပြုသူများအနေဖြင့် လုပ်ငန်းအဖွဲ့တစ်ခု တည်ထောင်ခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်နိုင်စေသော အပိုင်း (၃) ပိုင်းပါဝင်သည်။
  • Open Leadership Fellows အစီအစဉ်တွင် ပါဝင်ခွင့်ရခဲ့သော Amanda Coolidge နှင့် Daniel DeMarte ၏ OER Policy Development Tool (CC BY 4.0): အဖွဲ့အစည်းဆိုင်ရာမူဝါဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ထိတွေ့ဆွေးနွေးနိုင်သော အထောက်အကူတစ်ခု