အခန်း ၆ ။ သင်နှင့်သင်၏တက္ကသိုလ်

၆.၁ အဆင့်မြင့် လေ့လာသင်ယူမှုများအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း

အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်စေသော ထုတ်ဝေခြင်း(open access publishing) နှင့် အခမဲ့လွတ်လပ်စွာ ပူးပေါင်းပါဝင်ကာ မျှဝေနိုင်သည့် သုတေသန (open research) တို့နှင့်ပတ်သက်သည့် သင်တန်းများ

အခမဲ့လွတ်လပ်စွာအသုံးပြုခွင့်(open access)ဆိုင်ရာအကောင်းဆုံး အလေ့အကျင့်

OA မူဝါဒများနှင့် လုပ်ငန်းစဉ်များ ဖန်တီးခြင်း ၊ ချမှတ်ကျင့်သုံးခြင်း နှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အကောင်းဆုံးလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ Budapest +10 recommendationsကို ကြည့်ရှုပါ။ For example, ‘when possible, funder policies should require libre OA, preferably under a CC-BY licence or equivalent’.

နောက်ထပ် ထုတ်ဝေခြင်းဆိုင်ရာ အထောက်အကူများ

မဟာဌာနကြီး (တက္ကသိုလ်ဆရာဆရာမများ)နှင့် ပညာ ရှင်များအနေဖြင့် ၎င်းတို့၏အခွင့်အရေးများနှင့် ် ထုတ်ဝေမှုအတွက် ရွေးချယ်စရာများကိုနားလည်စေရန်နှင့် ယင်းအခွင့်အရေးများအား အသုံးချနိုင်စေရန် အထောက်အကူ များစွာလည်း ရှိပါသည်။ သမားရိုးကျထုတ်ဝေသူတစ်ဦးထံ ဆောင်းပါး တင်သွင်းသည့်အခါတွင် မဟာဌာနကြီး (တက္ကသိုလ်ဆရာဆရာမများ) နှင့် အခြားသော လက်ရာရှင်များက ် Scholars Copyright Addendum Engineကို ထုတ်ဝေခြင်းဆိုင်ရာသဘောတူစာချုပ်များကို ပြုပြင်ရန် အသုံးပြုနိုင်ပါသည်။ ယင်းengineသည် လက်ရာရှင်များကို ၎င်းတို့အတွက်အခွင့်အရေးများ ထိန်းသိမ်းထားရန် ရွေးချယ်စရာအမျိုးမျိုး ကို ရွေးချယ်ခွင့်ပေးပြီး တရားဝင်သက်ရောက်မှုရှိစေရန် သမားရိုးကျထုတ်ဝေခြင်းဆိုင်ရာ သဘောတူညီချက်တစ်ခုနှင့်အတူတင်သွင်းသည့် သဘောတူညီချက်တစ်ခုအား ပေါ်ထွက်စေပါသည်။ ထို့အပြင် Authors Alliance သည် ယင်း အထောက်အကူများ၊ လွတ်လပ်စွာ ရယူအသုံးပြုနိုင်မှု (open access) များနှင့်ပတ်သက်သည့် များစွာသော အရင်းအမြစ်များ အား ထုတ်ဝေဖော်ပြပြီး PLoS မှ open access ၏ အကျိုးကျေးဇူးများနှင့်ပတ်သက်သည့် အရင်းအမြစ်များနှင့် ဆောင်းပါးများအားပေး ပါသည်။

(SCAE နှင့်ဖြည့်စွက်ချက်မျာကို ၂၀၁၉ ခုနှစ်တွင် Creative Commons ဖြင့်ပြင်ဆင်ခဲ့ သည်ကို သတိပြုပါ။)

လွတ်လပ်စွာရယူအသုံးပြုနိုင်မှု (open access)ဆိုင်ရာ အယူလွဲမှုများကို ဖွင့်ချခဲ့

ဆရာများနှင့်ကျောင်းသားများအတွက် လွတ်လပ်စွာ ရယူအသုံးပြုနိုင်မှု (open access) သည် ကြောက်စရာကောင်းသည့်လောက သစ်တစ်ခုသဖွယ်ဖြစ်နေနိုင်ပါသည်။ အထူးသဖြင့် ထုတ်ဝေဖော်ပြရန်ဖိအားပေးမှုက တိုးလာခြင်းကြောင့် ဖြစ်ပါသည်။ လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေသော ထုတ်ဝေခြင်းဆိုင်ရာ အယူလွဲမှုများအား ဖော်ထုတ်ဖွင့်ချရန် လမ်းညွှန်ချက်များစွာရှိသကဲ့သို့ – ကြောက်ရွံ့မှု သို့မဟုတ် အထင်လွဲမှားမှုပပျောက်ရန် ယင်းလမ်းညွှန်ချက်များအား ဂရုပြုဖတ်ခြင်းသည် လက်ရှိ ပညာရေး အခြေအနေတွင်အရေးကြီး ပါသည်။

လက်ရှိ ပညာရပ်ဆိုင်ရာ ထုတ်ဝေ ခြင်းစနစ်အပေါ် ဆန်းစစ်ဝေဖန်မှုများ

လက်ရှိ ပညာရပ်ဆိုင်ရာ ထုတ်ဝေ ခြင်းစနစ်အပေါ် ဆန်းစစ်ဝေဖန်မှု ု့ များစွာရှိပါသည်။ SPARCတွင် ၎င်း၏ လွတ်လပ်စွာရယူအသုံးပြုနိုင်မှု ဆိုင်ရာ စာမျက်နှာပေါ်၌ အဓိကအချက်များရေးထားသော ကောင်းမွန်သည့်အကျဉ်းခြုံးရေးသားချက်တစ်ခုရှိပါသည်။။ ထင်ရှားသည့်အချက်အချို့အား အောက်တွင်ဖော်ပြထားပါသည်။

  • သုတေသနများပြုလုပ်ရန်အတွက် အစိုးရများမှ ရန်ပုံငွေအများဆုံးထောက်ပံ့ပါသည်။ နှစ်စဉ် ဒေါ်လာဘီလီယံရာနှင့်ချီထောက်ပံ့ခြင်းဖြစ်ပါသည်။ အစိုးရအဖွဲ့အစည်းများတွင် သုတေသနပညာရှင်မြောက်များစွာအား ခန့်အပ်ထားပါသည်။
  • သုတေသနပညာရှင်များသည် အကျိုးအမြတ်တစ်စုံတစ်ရာမျှော်ကိုးခြင်းမရှိဘဲ ၎င်းတို့၏ရှာဖွေတွေ့ရှိမှုများအား ထုတ်ဝေ လေ့ရှိကြပါသည်။ အခြားလက်ရာရှင်များနှင့်မတူသည့်အချက်မှာ လူသားတို့၏အသိပညာတိုးတက်ရေးအတွက်ရည်မျှော်၍ ၎င်းတို့၏လက်ရာများအား ထုတ်ဝေသူများထံ အခကြေးငွေမယူဘဲ လွှဲပြောင်းပေးခြင်း ဖြစ်ပါသည်။
  • အချင်းချင်းအပြန်အလှန်သုံးသပ်ပေးသည့် လုပ်ငန်းစဉ်ဖြင့် သုတေသနပညာရှင်များသည် ၎င်းတို့အချင်းချင်း၏လက်ရာများအား အခမဲ့ ပြန်လည်သုံးသပ်ပေးကြပါသည်။
  • ထုတ်ဝေပြီးသည်နှင့် သုတေသနတွင်ပါဝင် အကျိုးပြုခဲ့ သူများ(ယင်းသုတေသအား ပံ့ပိုးခဲ့သည့် အခွန်ထမ်းများမှအစ အဖွဲ့အစည်းများအထိ)သည် ယင်းတွေ့ရှိချက်များအား အသုံးပြုခွင့်ရရှိရန်အတွက် အခကြေးငွေထပ်မံပေးဆောင်ရပါသည်။ သုတေသနအား အများပြည်သူပိုင်တစ်ခုအဖြစ် ထုတ်ဝေလိုက်သော်လည်း အခကြေးငွေပေးခဲ့သောပြည်သူများအနေဖြင့် အသုံးပြုခွင့်မရရှိပါ။
© 2007–17 SPARC သည် CC BYလိုင်စင် သုံးထားပါသည်။

မြန်မာနိုင်ငံ သုတေသနပညာရှင်များ၏ ထုတ်ဝေမှုများ

မြန်မာပညာရှင်များ၏ အခမဲ့ လွတ်လပ်စွာရယူအသုံးပြုနိုင်သော ထုတ်ဝေမှုများမှ နမူနာအချို့

ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာဖိုးကောင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒဌာနမှ ဦးစောလင်းဦး၊ မအူပင်တက္ကသိုလ် ရူပဗေဒဌာနမှ ဦးဇေယာသူ၊ ပင်လုံတက္ကသိုလ် ရူပဗေဒဌာနမှ ဦးသန်းဇော်ဦးတို့၏

  • Oo, S.L., Thu, Z., Oo, T.Z. နှင့် Kaung, P (၂၀၁၇) ‘Optical and electrical properties of antimony and fluorine doped tin oxide thin films’ Universal Journal of Physics and Application, 11(3) pp. 91–6, doi 10.13189/ujpa.2017.110304 (အွန်လိုင်း) ဖတ်ရှုနိုင်သည့်နေရာမှာ http://www.hrpub.org/ journals/ article_info.php?aid=6120 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) Copyright © 2017 by authors ယခုဆောင်းပါးအား Creative Commons Attribution လိုင်စင် ၄.၀ International Licence ပါစည်းကမ်းချက်များအရ အခမဲ့လွတ်လပ်စွာအသုံးပြုခွင့်(open access) ဖြင့်အမြဲတမ်း ထားရှိရန် စာတမ်းရှင်များက သဘောတူခဲ့ကြပါသည်။

မိတ္ထီလာတက္ကသိုလ် လက်ထောက်ပါမောက္ခချုပ် ဦးကိုကိုကျော်စိုးနှင့် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ လက်ထောက်ကထိက ဒေါ်မိုးမိုးအေး၊ ကထိက ဒေါ်သန်းသန်းဝင်းနှင့် ဦးရင်မောင်မောင်တို့၏

  • Aye, M.M.,Win, T.T., Maung Maung, Y. and Kyaw Soe, K.K. (၂၀၁၄) ‘Binary oxide photoelectrode with coffee natural dye extract for DSSC application’, International Journal of Innovation and Scientific Research, 8(2), pp. 276–82 (online). ဖတ်ရှုနိုင်သည့်နေရာမှာ http://www.ijisr.issr-journals.org/ abstract.php?article=IJISR-14-179-02 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) Copyright © 2014 ISSR Journals ယင်းဆောင်းပါးသည် Creative Commons Attribution လိုင်စင်ဖြင့် ် ဖြန့်ဝေခဲ့သော အခမဲ့လွတ်လပ်စွာအသုံးပြုခွင့်ရှိသည့် (open access) ဆောင်းပါးတစ်ခုဖြစ်ပါသည်။မူလလက်ရာအား သင့်လျှော်စွာကိုးကားဖော်ပြ လျှင် လွတ်လပ်စွာအသုံးပြုခွင့်၊ ဖြန့်ဝေခွင့်နှင့် မည်သည့်မီဒီယာတွင်မဆို ပြန်လည်ကူးယူဖော်ပြခွင့်ပေးထားပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှပံ့ပိုးပေးသည့် စီမံကိန်းတွင်ပူးပေါင်းပါဝင်ခဲ့ကြသော ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ သုတေသနပညာရှင်များကလည်း အောက်ဖော်ပြပါဆောင်းပါးများထဲတွင်ဖော်ပြပါရှိသည့်အတိုင်း လက်တွေ့ကွင်းဆင်းလုပ်ဆောင်မှုများအား စီစဉ်ခဲ့ကြပါသည်။

  • Jaeger, J.-J., Soe, A.N., Chavasseau, O., Coster, P., Emonet, E.-G., Guy, F., Lebrun, R., Maung, A., Khyaw, A.A., Shwe, H., Tun, S.T., Oo, K.L., Rugbumrung, M., Bocherens, H., Benammi, M., Chaivanich, K., Tafforeau, P. and Chaimanee, Y. ‘First hominoid from the late Miocene of the Irrawaddy Formation (Myanmar)’, POLS ONE, 20 April (online).+ ဖတ်ရှုနိုင်သည့်နေရာမှာ https://doi.org/ 10.1371/ journal.pone.0017065 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) Copyright © 2011 Jaeger et al. ယင်းဆောင်းပါးသည် Creative Commons Attribution လိုင်စင်ဖြင့် ဖြန့်ဝေခဲ့သော လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော (open - access) ဆောင်းပါးတစ်ခုဖြစ်ပါသည်။ မူလလက်ရာရှင်နှင့် ရင်းမြစ်အား ကိုးကားဖော်ပြပေးပါက လွတ်လပ်စွာအသုံးပြုခွင့်၊ ဖြန့်ဝေခွင့်နှင့် မည်သည့်မီဒီယာတွင်မဆို ပြန်လည်ကူးယူဖော်ပြခွင့်ကို ပေးထားပါသည်။

ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဒေါ်ဝါဝါမင်း၏

  • Zin, W.W.M., Buttachon, S., Buaruang, J., Gales, L., Pereira, J.A., Pinto, M.M.M., Silva, A.M.S. and Kijjoa, A. (2015) ‘A new meroditerpene and a new tryptoquivaline analog from the algicolous fungus Neosartorya takakii KUFC 7898’, Marine Drugs, 13, pp. 3776–90 (online) ဖတ်ရှုနိုင်သည့်နေရာမှာ https://www.mdpi.com/ 1660-3397/ 13/ 6/ 3776 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) ယင်းဆောင်းပါးသည် Creative Commons Attribution လိုင်စင်ဖြင့် ဖြန့်ဝေခဲ့သော အခမဲ့လွတ်လပ်စွာအသုံးပြုခွင့်ရှိသည့် (open access) ဆောင်းပါးတစ်ခုဖြစ်ပါသည်။မူလလက်ရာအား သင့်လျှော်စွာကိုးကားပေးလျှင် လွတ်လပ်စွာအသုံးပြုခွင့်၊ ဖြန့်ဝေခွင့်နှင့် မည်သည့်မီဒီယာတွင်မဆို ပြန်လည်ကူးယူဖော်ပြခွင့်ပေးထားပါသည်။
  • Tiwary, C., Haq, M., Vaitheeswari, S., Kalaiselvi, M., Sikder, M. and Min, W. (2016) ‘DNA barcoding and intra species analysis of the ember parrot fish scarus rubroviolaceus using mtCO1’, IRA International Journal of Applied Sciences, 5(2), pp. 91–109, ISSN 2455-4499 (online) ဖတ်ရှုနိုင်သည့်နေရာ http://dx.doi.org/ 10.21013/ jas.v5.n2.p5 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) © Institute of Research Advances ၊ ယခုလက်ရာကို မူလလက်ရာအား သင့်လျှော်စွာကိုးကားပေးရမည့် Creative Commons Attribution-NonCommercial 4.0 International Licence သုံးထားပါသည်။

မန္တလေးတက္ကသိုလ် သတ္တဗေဒဌာနမှ ဦးစိုင်းစိန်လင်းဦး၊ ဦးနေမျိုးလှိုင်၊ ဦးကျော်မျိုးနိုင်နှင့် ဒေါ်မိမိစိန်၊ ရန်ကုန် Wild Wings မှ ဦးသိန်းအောင်၊ ရန်ကုန် အင်ဒို-မြန်မာကွန်ဆာဗေးရှင်းမှ ဦးထွန်းဦးတို့၏

  • Suarez-Rubio, M., Aung, T., Oo, S.S.L., Shwe, N.M., Hlaing, N.M., Naing, K.M., Oo, T., Sein, M.M. and Renner, S.C. (2016) ‘Nonbreeding bird communities along an urban–rural gradient of a tropical city in central Myanmar’, Tropical Conservation Science, 9(4) (online). ဖတ်ရှုနိုင်သည့်နေရာ https://doi.org/ 10.1177/ 1940082916675961 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) © the author(s) 2016. ဤဆောင်းပါးကို Creative Commons Attribution-NonCommercial 3.0 လိုင်စင်ဖြင့် ဖြန့်ဝေခဲ့သည်။(http://www.creativecommons.org/ licences/ by-nc/ 3.0/) ယင်းလိုင်စင်သည် SAGE နှင့် Open Access စာမျက်နှာများတွင် ဖော်ပြထားသည့်အတိုင်း မူလလက်ရာအား အသိအမှတ်ပြုဖော်ပြလျှင် နောက်ထပ် ခွင့်ပြုချက်များတောင်းခံစရာမလိုဘဲ စီးပွား ဖြစ်မဟုတ်သည့်အသုံးပြုမှု၊ မူပွားခြင်းနှင့် ဖြန့်ဝေခြင်းတို့အား ခွင့်ပြုပေးပါသည်။ (https://us.sagepub.com/ en-us/ nam/ open-access-at-sage) (၂၀၁၆ ဇူလိုင် ၁၁ တွင် ရရှိခဲ့၊ ၂၀၁၆ စက်တင်ဘာ ၁၃ တွင်လက်ခံခဲ့၊ ၂၀၂၀ ဇန်နဝါရီ ၁ တွင်ထုတ်ဝေခဲ့)

ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ ဒေါ်ဇာဇာဦး၊ မန္တလေးတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ ဒေါ်သွယ်လင်းကိုနှင့် ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ ဒေါ်စိုးစိုးသန်းတို့၏

  • Oo, Z.Z., Ko, T.L. and Than, S.S (2017) ‘Preparation and characterization of chickpea protein concentrate’, International Journal of Development Research, 7(12), pp. 17720–24 (online). ဖတ်ရှုနိုင်သည့်နေရာ https://www.journalijdr.com/ preparation-and-characterization-chickpea-protein-concentrate (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) Copyright © 2017, Zar Zar Oo et al. ဤဆောင်းပါးသည် Creative Commons Attribution လိုင်စင်ဖြင့် ဖြန့်ဝေခဲ့သော အခမဲ့လွတ်လပ်စွာအသုံးပြုခွင့်ရှိသည့် (open access) ဆောင်းပါးတစ်ခုဖြစ်ပါသည်။မူလလက်ရာအား သင့်လျှော်စွာကိုးကားပေးလျှင် လွတ်လပ်စွာအသုံးပြုခွင့်၊ ဖြန့်ဝေခွင့်နှင့် မည်သည့်မီဒီယာတွင်မဆို ပြန်လည်ကူးယူဖော်ပြခွင့်ပေးထားပါသည်။

ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ ဒေါ်စိုးစိုးသန်းသည်လည်း အောက်ပါဆောင်းပါးအား ပူးတွဲမူလလက်ရာရှင်ဖြစ်သည့် ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနမှ ဒေါ်သက်နှင်းဦး၊ ဒေါ်ခင်ဆွေဦးတို့နှင့်အတူ ပူးတွဲထုတ်ဝေ ခဲ့ပါသည်။

  • Oo, T.H., Oo, K.S. and Than, S.S. (2019) ‘physico-chemical properties and sensory evaluation of fish seasoning powder’, American Journal of Food Science and Technology, 7(2), pp. 52–6 (online). ဖတ်ရှုနိုင်သည့်နေရာ http://pubs.sciepub.com/ ajfst/ 7/ 2/ 3 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) သိပ္ပံနှင့်ပညာရေးပုံနှိပ်တိုက် မှ လိုင်စင်ဖြင့် ထုတ်ဝေသည်၊ မူပိုင်ခွင့် © ၂၀၁၉ သက်နှင်းဦး၊ ခင်ဆွေဦးနှင့် စိုးစိုးသန်း ။ ဤလက်ရာအား Creative Commons Attribution 4.0 International Licence သုံးထားပါသည်။ ယင်းလိုင်စင်၏မိတ္တူအားကြည့်ရန်http://creativecommons.org/ licences/ by/ 4.0/သို့ဝင်ရောက် ပါ။

မန္တလေးတက္ကသိုလ် ရူပဗေဒဌာနမှသုတေသနပညာရှင်များ၏

  • Nakashima, D., Hoshino, K., Itonaga, K., Kobayashi, H., Kinbara, S., Nakazawa, K., Soe, M.K., Theint, A.M.M., Tint, K.T. and Yoshida, J. (2017) ‘The alignment method of the emulsion plates for [symbol] hyperon tracking on J-PARC E07’, Proceedings of the 12th International Conference on Hypernuclear and Strange Particle Physics (HYP2015), The Physical Society of Japan (online). ဖတ်ရှုနိုင်သည့်နေရာ https://doi.org/ 10.7566/ JPSCP.17.033005 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) © 2017 the author(s) ယင်းဆောင်းပါးကို Creative Commons Attribution 4.0 လိုင်စင် သုံးထားပါသည်။ ဤလက်ရာအားထပ်မံဖြန့်ဝေမှုတစ်စုံတစ်ရာအား ပြုလုပ်ပါက မူလလက်ရာရှင်(များ)အား အသိအမှတ်ပြုဖော်ပြခြင်းနှင့် ဆောင်းပါးခေါင်းစဉ်၊ ဂျာနယ်ကိုးကားမှုနှင့် DOI တို့ပါရှိရမည်။
  • Yoshida, J., Ito, H., Kinbara, S., Kobayashi, H., Nakashima, D., Nakazawa, K., Soe, M.K., Theint, A.M.M. and Tint, K.T. (2017) ‘Scanning systems for searching double strangeness nuclei in nuclear emulsion’, Proceedings of the 12th International Conference on Hypernuclear and Strange Particle Physics (HYP2015), The Physical Society of Japan (online). ဖတ်ရှုနိုင်သည့်နေရာ https://journals.jps.jp/ doi/ abs/ 10.7566/ JPSCP.17.032001 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) © 2017 the author(s) ဤဆောင်းပါးကို Creative Commons Attribution 4.0 လိုင်စင သုံးထားပါသည်။ ယင်းလက်ရာအားထပ်မံဖြန့်ဝေမှုတစ်စုံတစ်ရာအား ပြုလုပ်ပါက မူလလက်ရာရှင်(များ)အား အသိအမှတ်ပြုဖော်ပြခြင်းနှင့် ဆောင်းပါးခေါင်းစဉ်၊ ဂျာနယ်ကိုးကားမှုနှင့် DOI တို့ပါရှိရမည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သီးနှံစိုက်ပျိုးရေးပညာဌာနမှ သုတေသနပညာရှင်များ၏

  • Htwe, A.Z., Yamakawa, T., Moe, K. and Dien, D.C. (2015) ‘Symbiotic effectiveness of different indigenous Bradyrhizobium strains on selected Rj-genes harboring Myanmar soybean cultivars’, African Journal of Microbiology Research, 9(49), pp. 2345–53 (online). ဖတ်ရှုနိုင်သည့်နေရာ https://doi.org/ 10.5897/ AJMR2015.7751 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) မူပိုင်ခွင့် © ၂၀၂၀ ၊ မူလလက်ရာရှင်(များ)သည် ဤဆောင်းပါး၏ စာပေနှင့်အနုပညာမူပိုင်ခွင့်ကို ထိန်းသိမ်းထားပါသည်။ ဤဆောင်းပါးကို Creative Commons Attribution 4.0 လိုင်စင် သုံးထားပါသည်။
  • Ko, K.M.M., Hirai, Y., Zamora, O.B. and de Guzman, L.E. (2017) ‘Agronomic and physiological responses of rice (Oryza sativa L.) under different water management systems, fertilizer types and seedling age’, American Journal of Plant Sciences, 8, pp. 3338–49 (online). ဖတ်ရှုနိုင်သည့်နေရာ https://doi.org/ 10.4236/ ajps.2017.813225 (၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရရှိခဲ့) Copyright © 2017 by authors and Scientific Research Publishing, Inc ။ ဤလက်ရာအား Creative Commons Attribution International Licence (CC BY 4.0) သုံးထားပါသည်။ http://creativecommons.org/ licences/ by/ 4.0/

အခမဲ့လွတ်လပ်စွာအသုံးပြုနိုင်မှု (open access) ဆိုင်ရာ အခြားနောက်ခံအကြောင်းများ

  • Piled Higher နှင့် Deeper (PhD Comics) ၏ ‘Open access explained!’ (အင်္ဂလိပ်ဘာသာဖြင့်)
  • Jon Tennant နှင့်အခြားသူများရေးသားသည့် ‘The academic, economic and societal impacts of open access: an evidence-based review’ တွင် အခမဲ့လွတ်လပ်စွာအသုံးပြုနိုင်ခြင်း(open access) ၏ ပညာရေး၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းတို့အပေါ်သက်ရောက်မှုများကို ဖော်ပြထားသည်။
  • Peter Suber၏ ‘A very brief introduction to open access’တွင် အခမဲ့လွတ်လပ်စွာအသုံးပြု နိုင်ခြင်း၏ အဓိပ္ပာယ်အားအကျဉ်းချုံးဖော်ပြချက်တစ်ခု၊ သုတေသနဆောင်းပါးများ၊ (open access repositories) လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော အင်တာနက် မော်ကွန်းတိုက်များ၊ မော်ကွန်းတိုက်များနှင့် ဂျာနယ်များ ပါဝင်သည်။
  • မင်နီဆိုးတား တက္ကသိုလ် စာကြည့်တိုက်များ၏ ‘Open access overview’ တွင် အခမဲ့လွတ်လပ်စွာအသုံးပြုနိုင်မှု (open access)အား မိတ်ဆက်ခြင်း၊ အထူးသဖြင့် စာကြည့်တိုက်မှူးများနှင့်သက်ဆိုင်ပုံတို့ကို ဖော်ပြထားသည်။ ပညာရပ်ဆိုင်ရာ ထုတ်ဝေရေးနှင့် ပညာရေး အရင်းအမြစ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SPARC) မှ စာကြည့်တိုက်မှူးများအတွက် လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်း (open access) နှင့်ပတ်သက်သည့် နောက်ဆက်တွဲ အရင်းအမြစ်များနှင့်အချက်အလက်များအား ပံ့ပိုးပေးပါသည်။
  • ဝါရှင်တန်စာကြည့်တိုက်များတက္ကသိုလ်၏ ‘Open access publishing: a new model based on centuries of tradition’ တွင် အခမဲ့လွတ်လပ်စွာအသုံးပြုနိုင်ခြင်းကို ပံ့ပိုးမှုနှင့်စပ်လျဉ်း၍ စာကြည့်တိုက်မှူးများအတွက် သက်ဆိုင်ရာလမ်းညွှန်ချက်နောက်ဆက်တွဲလင့်ခ်များပေးခြင်းအပါအဝင် စာကြည့်တိုက်မှူးများအတွက် လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေသော (open access) ထုတ်ဝေမှုအား အကျဉ်းချုံးမိတ်ဆက်ပေးမှု ပါဝင်သည်။
  • Berkeley Library Scholarly Communication Services ၏ ‘Open access publishing’ ။ အခမဲ့လွတ်လပ်စွာအသုံးပြုနိုင်ခြင်း (open access) ၊ ရန်ပုံငွေ နှင့် ပညာရပ်ဆိုင်ရာ ထုတ်ဝေ မှု မူဘောင်နှင့် လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော လေ့လာမှု ှု တို့အံဝင်ကိုက်ညီပုံတို့အကြောင်း ရေးသားထားသည်။
  • Aaron Tay ၏ ‘ Academic libraries and open access’ တွင် လွတ်လပ်စွာ ရယူအသုံးပြုနိုင်စေသော ထုတ်ဝေမှုသည် ပညာရပ်ဆိုင်ရာ ထုတ်ဝေမှုနယ်ပယ်တွင် ယေဘုယျအားဖြင့် ကိုက်ညီပုံနှင့် လွတ်လပ်စွာ ရယူအသုံးပြုနိုင်ခြင်းနှင့်ပတ်သက်၍လက်ရှိပြဿနာများအကြောင်း ဆွေးနွေးထားသည့် အဓိကဆွေးနွေးချက်တစ်ခု။
  • ‘Academic libraries and open access’ by Aaron Tay: a substantial discussion regarding how open access publishing fits into the space of academic publishing at large, and current issues surrounding open access.
  • Peter Suber ၏ ‘Removing the barriers to research: an introduction to open access for librarians’သည်လက်တွေ့၌လွတ်လပ်စွာရယူအသုံးပြုနိုင်စေသောထုတ်ဝေခြင်းအလုပ်လုပ်ပုံ၏ပိုနက်နဲသောအသေးစိတ်စီမံခန့်ခွဲမှုများမှအချို့အားတူးဆွထားသည့်စာကြည့်တိုက်မှူးများအတွက်လွတ်လပ်စွာရယူအသုံးပြုနိုင်မှု (open access) အကြောင်းအသေးစိတ်ဖော်ပြချက်တစ်ခုဖြစ်သည်။
  • Peter Suber ၏ ‘Open access overview: focusing on open access to peer-reviewed research articles and their preprints’။ (CC-BY 3.0) လိုင်စင်သုံးထားသည်။ပညာရပ်ဆိုင်ရာဂျာနယ်များ၊ (repositories) မော်ကွန်းတိုက်များ၊ကုန်ကျစရိတ်မိုဒယ်များ(cost models) နှင့်အများပြည်သူအကျိုးစီးပွားဆိုင်ရာဆွေးနွေးချက်များအပါအဝင်အခမဲ့လွတ်လပ်စွာအသုံးပြုနိုင်မှု (open access)ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊စီမံချက်များနှင့်ဆွေးနွေးချက်များကိုဖော်ပြထားသောဆောင်းပါးတစ်ပုဒ်ဖြစ်သည်။
  • Stephen Buranyi ၏ ‘Is the staggeringly profitable business of scientific publishing bad for science?’သည်သမားရိုးကျပညာရပ်ဆိုင်ရာထုတ်ဝေမှုပုံစံ၏ကျင့်ဝတ်များနှင့်ခေတ်သစ်သုတေသနနှင့်သိပ္ပံရှာဖွေတွေ့ရှိမှုများအားဖြန့်ဝေခြင်းအပေါ်၎င်း၏သက်ရောက်မှုတို့အကြောင်းဆွေးနွေးထားသည့်ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။

အခမဲ့လွတ်လပ်စွာအသုံးပြုနိုင်ခြင်း (open access)နှင့် OER အားထောက်ခံအားပေးမှုကြောင်းပိုမိုလေ့လာရန်

  • University of Toronto Libraries ၏ ‘OER and advocacy: what can librarians do?’ သည် OER အပေါ် တက္ကသိုလ် ဆရာ၊ ဆရာမများ၏ ရှုမြင်သုံးသပ်ချက်များအပါအဝင် OER များအား ူ စတင်အသုံးပြုခြင်းကို စာကြည့်တိုက်မှုးများအနေဖြင့် မည်သို့မည်ပုံ ပံ့ပိုးကူညီပေးနိုင်မည် ဆိုသည်နှင့် စပ်လျဉ်းသည့် အရင်းအမြစ်များနှင့်သတင်းအချက်အလက်များ ဖြစ်သည်။

၆.၂ သင်၏တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်းအား လွတ်လပ်စွာ လက်လှမ်းမီစေခြင်း