အခန်း ၂ ။ နောက်ဆက်တွဲ အရင်းအမြစ်များ

အခန်း ၂ ။ အများပြည်သူပိုင်နေရာ (Public domain) နှင့် Creative Commons လိုင်စင်များအားမိတ်ဆက်ခြင်း

၂.၁ အများပြည်သူပိုင်နေရာ (Public domain)

  • Cornell University Library Copyright Information Center ၏ ‘Copyright term and the public domain in the United States’ [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] (CC BY.3.0) ရင်းမြစ်များအနေဖြင့် ၎င်းတို့အားရေးသားထားသည့် အခြေအနေများအပေါ်မူတည်ပြီး အများပြည်သူပိုင်နေရာသို့ ရောက်ရှိပုံနှင့်ပတ်သက်သော အချက်အလက်များဖြစ်သည်။
  • စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်မသက်ဆိုင်သည့် ရင်းမြစ်များ မူလလက်ရာများ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်အခြေအနေကို ဆုံးဖြတ်ခြင်း (Determining the Copyright Status of Works) သည် လက်ရာတစ်ခု၏ မူပိုင်ခွင့်အခြေအနေနှင့် အများပြည်သူပိုင်နယ်ပယ်ဲတွင် ရှိမရှိဆိုသည်ကို ကူညီဆုံးဖြတ်ပေးသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။
  • Communia ၏ The Public Domain Manifesto (GNU General Public License) သည် အများပြည်သူပိုင်နေရာ (Public domain) အကြောင်း၊ ထောက်ခံသူအချို့၏တန်ဖိုးများအကြောင်း နှင့် အများပြည်သူပိုင်နေရာကို အသုံးချပုံနှင့်ပတ်သက်၍ အကြံပြုချက်များကို ဖော်ပြထားသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။
  • Duke Law School ၏ Center for the Study of Public Domain တွင် အများပြည်သူပိုင်နေရာနှင့်ဆက်စပ်သည့် သတင်းအချက်အလက်များနှင့် ပွဲလမ်းအစီအစဉ်များပါဝင်သည်။
  • Keith Aoki, James Boyle, and Jennifer Jenkins ၏ Bound by Law (CC BY-NC-SA 2.5): ဉာဏပစ္စည်းဥပဒေနှင့် အများပြည်သူပိုင်နေရာအကြောင်း ရေးသားထားသည့် ကာတွန်းစာအုပ်
  • Public Domain Review: အများပြည်သူပိုင်နေရာ (Public domain) သို့ရောက်ရှိနေသည့် လက်ရာများကိုပြသထားသော အင်တာနက်ဂျာနယ်နှင့် အကျိုးအမြတ်အတွက်မဟုတ်သည့် စီမံကိန်းတစ်ခု ယင်းဂျာနယ်တွင် အနုပညာ၊ စာပေနှင့် အတွေးအခေါ်သမိုင်းကြောင်းမှ စိတ်ဝင်စားဖွယ် ဖန်တီးမှုလက်ရာများကို ဖော်ထုတ်လေ့လာထားသည်။
  • Wikimedia Foundation ၏ ‘It’s time to protect the public domain’ (CC BY 3.0): ဤဘလော့ဂ်တင်ပြမှုတွင်တွင် အများပြည်သူပိုင်နေရာ၏ အရေးပါသော အသေးစိတ်အချက်အလက်အချို့၊ယင်း၏ ဥပဒေအထောက်အပံ့များနှင့် အများပြည်သူအကျိုးစီးပွားအကြောင်းများ ပါဝင်ပါသည်။

၂.၂ Creative Commons ၏သမိုင်းကြောင်း

CC ၏ သမိုင်းကြောင်းကို ထပ်မံလေ့လာလိုပါက

  • Lawrence Lessig ၏ ‘How I lost the big one’ တွင် Eldred အမှုအကြောင်းကို အသေးစိတ်ရေးသားထားသည်။
  • Lawrence Lessig ၏ An extract from Free Culture (CC BY-NC 1.0) တွင် Eldred အမှု၏ နောက်ခံအကြောင်းအရာများကို ရေးသားထားသည်။

၂.၃ လက်ရှိ Creative Commons အခြေအနေ တို့ဖြစ်ကြသည်။

CC နှင့် open licensing များအကြောင်းကို ထပ်မံလေ့လာလိုပါက

  • David Blake @ Degreed ၏ ‘Why open education matters’ (CC BY 3.0) သည် လွတ်လပ်၍ ကန့်သတ်ပိတ်ပင်မှုမရှိသောပညာရေး (open education) ကို အင်တာနက်က ဆောင်ရွက်ပေးပုံ၊ ကမ္ဘာ့အသိုင်းအဝိုင်းအတွက် တန်ဖိုးကြီးမားပုံနှင့် လွတ်လပ်၍ ကန့်သတ်ပိတ်ပင်မှုမရှိသောပညာရေး (open education) ဖြစ်အောင် Creative Commons လိုင်စင်များက ဆောင်ရွက်ပေးပုံတို့ကို ရှင်းပြထားသော အကျဉ်းချုပ်ဗီဒီယိုဖြစ်သည်။
  • Cory Doctorow ၏ We copy like we breathe’ သည် ပွားယူခြင်း (copying) နှင့် အင်တာနက်က ပွားယူသည့် အချိန်ပမာဏကို ပြောင်းလဲလိုက်ပုံတို့ကို ရှင်းပြထားသော အဓိကအချက်အလက်များကို ပြောကြားချက်တစ်ခုဖြစ်သည်။ အွန်လိုင်းတွင် ကူးယူကာ မျှဝေခြင်းတို့အတွက် လုံလောက်သောလိုင်စင်များ ရယူထားရန်လိုအပ်မှုကို ၎င်းကသတ်မှတ်ပေးသည်။
  • Ryan Merkley @ Creative Commons ၏ ‘We need to talk about sharing’(CC BY-SA 3.0) သည် မျှဝေခြင်း၏တန်ဖိုး၊ မျှဝေခြင်းဖြင့် လူမှုအသိုင်းအဝန်းကို တိုးတက်စေနိုင်ပုံနှင့် Creative Commons က မျှဝေနိုင်အောင် စွမ်းဆောင်ပေးပုံတို့ကို အတိုချုပ်ဆွေးနွေးထားခြင်းဖြစ်သည်။

ဘုံအရင်းအမြစ် (commons) များအကြောင်းကို ထပ်မံလေ့လာလိုပါက

  • The Next System Project ၏ Commoning as a Transformative Social Paradigm မှ မှီငြမ်းထားသော ‘How does the commons work?’ (CC BY 3.0) သည် စီးပွားရေးပညာရှင် David Bollier ၏ ဘုံအရင်းအမြစ်များ (commons) အကြောင်းနှင့် ယင်း၌ ကျရေက်နိုင်သော အန္တရာယ်များအား ရှင်းပြထားသည်ကို မှီငြမ်းထားသော ဘုံအရင်းအမြစ်များ (commons) အလုပ်လုပ်ပုံကို ရှင်းပြထားသော ဗီဒီယိုဖြစ်သည်။
  • David Bollier ၏ ‘The commons short and sweet’ (CC BY 3.0) သည် ဘုံအရင်းအမြစ်များ (commons) နှင့် ယင်း၏ပြဿနာများ၊ ဘုံအရင်းအမြစ်များ (commons) ကို ပေါ်ထွက်စေသောအချက်များကို အကျဉ်းချုပ်ရှင်းပြထားသော ဘလော့ဂ်တင်ပြမှုဖြစ်သည်။
  • ဘုံအရင်းအမြစ်များ၏ ကြွယ်ဝမှုများ David Bollier and Silke Helfrich ၏ A World Beyond Market and State (CC BY-SA 3.0) သည် ဘုံအရင်းအမြစ်များ (commons) တွင်တည်ရှိသည့် ရင်းမြစ်အမျိုးအစားများ၊ ဘုံအရင်းအမြစ်များ (commons) ဆိုင်ရာ ပထဝီအနေအထားများ၊ ဘုံအရင်းအမြစ်များ (commons) နှင့် နိုင်ငံရေးဆက်စပ်မှုအကြောင်းအရာတို့ကို လူပေါင်းစုံကိုမေးမြန်းကာ ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။
  • ‘Enclosure’ (CC BY-SA 3.0) သည် ဘုံအရင်းအမြစ်များ (commons) တွင် တွေ့ရသော ပြဿနာတစ်ခုဖြစ်သည့် ခြံဝင်းခတ်ခြင်း (enclosure) အကြောင်းကိုရေးသားထားသည့် ဝီကီပီးဒီးယားဆောင်းပါးတစ်ခုဖြစ်သည်။
  • Yochai Benkler ၏ ‘The political economy of the commons’ (CC BY 3.0) သည် ဘုံအခြေခံအဆောက်အအုံများက ဘုံအရင်းအမြစ်များ (commons) ကို ထိန်းသိမ်းနိုင်ပုံကို ရှင်းပြထားသော ဆောင်းပါးတိုဖြစ်သည်။
  • On the Commons ၏ ‘Debunking the tragedy of the commons’(CC BY-SA 3.0) သည် ဘုံအရင်းအမြစ် (commons) များ၏အဖြစ်ဆိုးကို ကျော်လွှားနိုင်ပုံကို ဖော်ပြထားသော ဆောင်းပါးတိုဖြစ်သည်။
  • On the Commons ၏ ‘Elinor Ostrom’s eight principles for managing a commons’(CC BY-SA 3.0) သည် စီးပွားရေးပညာရှင် Elinor Ostrom ၏ သမိုင်းကြောင်းအကျဉ်းချုပ်နှင့် သူမ ထူထောင်ချမှတ်ခဲ့သော ဘုံအရင်းအမြစ်များ (commons) အား စီမံခန့်ခွဲခြင်း နည်းဥပဒေသ ၈ ချက်အကြောင်းဖြစ်သည်။

အခြားသော လွတ်လပ်စွာရယူအသုံးပြုနိုင်ရေး လှုပ်ရှားမှု (open movement) များအကြောင်းကို ထပ်မံလေ့လာလိုပါက

  • Molle Industria ၏ Free Culture Game (CC BY-NC-SA 3.0) သည် လွတ်လပ်သောယဉ်ကျေးမှု (free culture) သဘောတရားကို နားလည်စေရန် ကူညီပေးသည့် ဂိမ်းဖြစ်သည်။