အခန်း ၃ CC လိုင်စင်အား လေ့လာဆန်းစစ်ခြင်း

နိဒါန်း

Which licence? [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ’ သည် UK-Aid က ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ် (spheir.org.uk)၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် TIDE စီမံကိန်းအတွက် Visual Thinkery က ဖန်တီးထားပြီး CC BY 2.0 ဖြင့် မှတ်ပုံတင်ထားသည်။

Creative Commons လိုင်စင်များသည် တစ်ဦးချင်းတီထွင်ဖန်တီးသူများမှ ကုမ္ပဏီကြီးများနှင့် အဖွဲ့အစည်းများအထိ ၎င်းတို့၏ ဖန်တီးမှုလက်ရာကို အခြားသူများအား အသုံးပြုခွင့် ပေးနိုင်ရန် ရှင်းလင်း၍ တသမတ်တည်းဖြစ်သော နည်းလမ်းတစ်ခုကို ပေးသည်။ ယင်းလိုင်စင်ကို မည်သို့အသုံးချနိုင်သနည်းဟူသည့် မေးခွန်းကို ပြန်လည်အသုံးပြုသူဘက်မှနေ၍ ကြည့်ပါက Creative Commons လိုင်စင်ဆိုသည်မှာ ရှင်းလင်းစွာသတ်မှတ်ထားသည့်အခြေအနေများနှင့်ကိုက်ညီပါက လွတ်လပ်စွာ ပြန်လည်အသုံးပြုနိုင်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည် ဖြစ်ပါသည်။

Creative Commons လိုင်စင်များအားလုံးသည် အခြားသူများကို မိမိ၏တီထွင်ဖန်တီးမှု လက်ရာအား မိတ္တူပွားခြင်း နှင့် ပြန်လည်ဖြန့်ချိခြင်းတို့ကို ခွင့်ပြုထားနိုင်သည့်အပြင် တီထွင်ဖန်တီးသူ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် မူလလက်ရာရှင်အဖြစ် အသိအမှတ်ပြုခံခြင်းတို့အား ထိန်းသိမ်းထားနိုင်စေမည်ဖြစ်သည်။ ယင်းအထောက်အကူတို့ကို အသုံးပြုရန် အလွယ်ကူဆုံးဖြစ်စေဖို့ ဖန်တီးထားခြင်း ဖြစ်သော်လည်း ၎င်းတို့ အလုပ်လုပ်ပုံကို နှံ့စပ်စွာ သိရှိနားလည်စေရန် လေ့လာစရာများရှိနေပါသေးသည်။

ဤအခန်းတွင် အပိုင်း ၄ ပိုင်းရှိသည်။

  • ၃.၁ လိုင်စင်ဖွဲ့စည်းပုံနှင့် အသုံးအနှုန်းများ
  • ၃.၂ လိုင်စင်၏ သက်ဆိုင်သည့်နယ်ပယ်
  • ၃.၃ လိုင်စင်အမျိုးအစားများ
  • ၃. ၄ လိုင်စင်၏ စိုးမိုးနိုင်စွမ်း

ဤအခန်းမှအကြောင်းအရာများကို ထပ်မံလေ့လာလိုပါက နောက်တိုးအရင်းအမြစ်များ တွင် လေ့လာနိုင်ပါသည်။

၃.၁ လိုင်စင်ဖွဲ့စည်းပုံနှင့် အသုံးအနှုန်းများ