အခန်း ၂ ။ အများပြည်သူပိုင်နေရာ (Public domain) နှင့် Creative Commons လိုင်စင်များအားမိတ်ဆက်ခြင်း

မိတ်ဆက်

Built on copyright my [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ’ သည် UK - Aid က ရန်ပုံငွေထောက်ပံ့သော SPHEIR အစီအစဉ်(spheir.org.uk)၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် TIDE စီမံကိန်းအတွက် Visual Thinkery က ဖန်တီးခဲ့ပြီး CC BY 2.0 ဖြင့် မှတ်ပုံတင်ထားသည်။

Creative Commons လိုင်စင်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ကိုအစားထိုးခြင်းမဟုတ်ဘဲ ၎င်းအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။

အခန်း ၁ တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် မြန်မာနိုင်ငံစာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတွင် မကြာသေးမီကပြုလုပ်ခဲ့သော အပြောင်းအလဲများကို လေ့လာခဲ့ပါသည်။ အဆိုပါအပြောင်းအလဲများက ကျွန်ုပ်တို့၏ လုပ်ပုံကိုင်ပုံအပေါ် သက်ရောက်ပုံနှင့် တခြားသူဖန်တီးထားသည့် လက်ရာများကိုအသုံးပြုသည့်အခါ ထည့်သွင်းစဉ်းစားရမည့်အချက်များကို ပြန်လည်သုံးသပ်ခဲ့ပါသည်။

အခန်း ၂ တွင် အများပြည်သူပိုင်နေရာမှ အရင်းအမြစ်များကို မိတ်ဆက်ပေးပြီး Creative Commons လိုင်စင်များအကြောင်း အနည်းငယ်ထပ်မံလေ့လာပါမည်။ အများပြည်သူပိုင်နေရာရှိ ရင်းမြစ်များတွင် မူပိုင်ခွင့်မရှိသဖြင့် ခွင့်ပြုချက်တောင်းခံစရာမလိုဘဲ ၎င်းတို့အား မျှဝေ၊ ပြောင်းလဲ၊ အသုံးပြုနိုင်ပါသည်။ Creative Commons ဆိုသည်မှာ

  • ဥပဒေအထောက်အကူ(Legal tools) စုစည်းမှု တစ်ခုဖြစ်သည်။
  • အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
  • ကမ္ဘာအနှံ့ချိတ်ဆက်ထားသည့်ကွန်ရက်နှင့် လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။

သင်ယူဆထားနိုင်သကဲ့သို့ပင် Creative Commons သည် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ဆက်နွယ်နေပါသည်။ ယင်းသည် လူသားတို့၏ ၎င်းတို့၏ဖန်တီးနိုင်မှုစွမ်းအားနှင့် ဗဟုသုတများကို မျှဝေလိုသည့် ဆန္ဒမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါမျှဝေလိုသည့်ဆန္ဒကိုး လွတ်လပ်စွာအသုံးပြုနိုင်သည့်စာပေနှင့်အနုပညာမူပိုင်ခွင့်လိုင်စင်များက အကောင်အထည်ပေါ်စေခဲ့သည်။ အခန်း ၃ တွင် တခြားသူတို့ဖန်တီးထားသည့် လက်ရာများကို မူပိုင်ခွင့်အားချိုးဖောက်ခြင်းမရှိဘဲ ကျွန်ုပ်တို့ သိရှိနားလည်၊ မျှဝေ၊ ပြောင်းလဲ၊ အသုံးပြုနိုင်စေရန် Creative Commons မှ အထောက်အကူများကို မိတ်ဆက်ပေးသွားပါမည်။ သင်တန်းနောက်ပိုင်းတွင် အဆိုပါ ဥပဒေအထောက်အကူများကို အသုံးချနည်းနှင့် ၎င်းတို့၏အသုံးဝင်ပုံများကို လေ့လာသွားပါမည်။

ဤအခန်းတွင် အပိုင်း ၃ ပိုင်းရှိသည်။

  • ၂.၁ အများပြည်သူပိုင်နေရာ (Public domain)
  • ၂.၂ Creative Commons ၏သမိုင်းကြောင်း
  • ၂.၃ လက်ရှိ Creative Commons အခြေအနေ တို့ဖြစ်ကြသည်။

ဤအခန်းမှအကြောင်းအရာများကို ထပ်မံလေ့လာလိုပါက နောက်ဆက်တွဲအရင်းမြစ်များတွင် လေ့လာနိုင်ပါသည်။

၂.၁ အများပြည်သူပိုင်နေရာ (Public domain)