အပြည်ပြည်ဆိုင်ရာစာပေနှင့်အနုပညာမူပိုင်ခွင့်စနစ်ကို မိတ်ဆက်ခြင်း

နိုင်ငံတကာဥပဒေများ

နိုင်ငံတိုင်းတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများကိုယ်စီရှိပါသည်။ သို့သော် မကြာသေးခင်က နှစ်များအတွင်း ယင်းဥပဒေများကို ကမ္ဘာနှင့်အဝန်း အတိုင်းအတာကြီးမားစွာဖြင့် တညီတညွတ်တည်းဖြစ်ရန် လုပ်ဆောင်မှုကို စာချုပ်စာတမ်းများ ၊ နိုင်ငံပေါင်းစုံ နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး သောသဘောတူညီချက်များမှတစ်ဆင့် လုပ်ဆောင်နေပါသည်။ ၎င်းတို့သည် ပါဝင်သောနိုင်ငံများအားလုံးအတွက် အနိမ့်ဆုံးအဆင့် စံချိန်စံညွှန်းများကို သတ်မှတ်ပါသည်။ ထို့နောက် နိုင်ငံများက ၎င်းတို့၏ ကိုယ်ပိုင်ဥပဒေများကို သဘောတူညီထားသော ကန့်သတ်ချက်များနှင့်အညီ ပြဋ္ဌာန်းကြပါသည် သို့မဟုတ် ကိုက်ညီအောင် ပြုလုပ်ကြပါသည်။ ဤစနစ်တွင် ဒေသအလိုက် ကွဲလွဲခွင့် ပေးထားပါသည်။

ယင်းစာချုပ်များနှင့် သဘောတူညီချက်များကို ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)နှင့် သီးသန့်နိုင်ငံများအကြား သီးသန့်စေ့စပ်ညှိနှိုင်းမှုများ အစရှိသည့် ဆွေးနွေးပွဲမျိုးစုံတို့တွင် ညှိနှိုင်းနေကြပါသည်။

အထင်ရှားဆုံးနိုင်ငံတကာသဘောတူညီချက်များမှတစ်ခုမှာ ၁၈၈၆ ခုနှစ်တွင် အပြီးသတ် ညှိနှိုင်းသဘောတူခဲ့သော စာပေနှင့်အနုပညာလက်ရာများအကာအကွယ်ပေးမှုဆိုင်ရာ ဘန်းသဘောတူညီချက် (the Berne Convention)ဖြစ်ပါသည်။ ထိုအချိန်မှစ၍ ဘန်းကွန်ဗင်းရှင်း(The Berne Convention)ကို အကြိမ်ကြိမ် ပြောင်းလဲခြင်းနှင့် ပြင်ဆင်ခြင်းများ ပြုလုပ်လာခဲ့ပါသည်။ WIPO သည် သဘောတူစာချုပ်နှင့် ယင်းကို ပြောင်းလဲခြင်းများနှင့် ပြင်ဆင်ခြင်းများ အား စီမံခန့်ခွဲသည့် အဖွဲ့အစည်းအဖြစ် လုပ်ဆောင်ပြီး ို့ လက်ခံသဘောတူခြင်းနှင့် သဘောတူလက်မှတ်ရေးထိုးခြင်းဆိုင်ရာ တရားဝင်စာချုပ်စာတမ်းများထားရှိရာနေရာဖြစ်ပါသည်။ ၂၀၂၀ ဇွန်လအထိ ဘန်းသဘောတူညီချက်(the Berne Convention) တွင် လက်မှတ်ရေးထိုးခဲ့ကြသည့်အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၉ နိုင်ငံကျော် ရှိနေပြီဖြစ်သည်။ အရှေ့တောင်အာရှ၌ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့သာ လက်မှတ်ထိုးရန်ကျန်ရှိနေပါသည်။ ထိုသဘောတူညီမှုစာချုပ်(ပြင်ဆင်ပြောင်းလဲခဲ့သည့်အတိုင်း)သည် ပါဝင်သည့်နိုင်ငံအားလုံးက သဘောတူညီထားသည့် အခြေခံမူများစွာကို ချမှတ်ထားပါသည်။ အဆိုပါမူများအနက် တစ်ခုသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ကို အလိုအလျောက် ခွင့်ပြုရမည်ဆိုသည်ပင် ဖြစ်ပါသည် ဆိုလိုသည်မှာ စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ရရှိရန် ဥပဒေရေးရာလုပ်ရိုးလုပ်စဉ်များ လိုအပ်ခြင်း မရှိရပါ။ ဥပမာ သဘောတူညီချက်တွင်လက်မှတ်ထိုးထားသည့်နိုင်ငံများ၏ သက်ဆိုင်ရာဥပဒေများက မူပိုင်ခွင့်အကာအကွယ်ရရှိရန် သတ်မှတ်ချက်တစ်ခုအဖြစ် သင်၏မူပိုင်ခွင့်အား မှတ်ပုံတင်ခြင်း သို့မဟုတ် ယင်းအတွက်အခကြေးငွေပေးခြင်းများလုပ်ရန် လိုအပ်ကြောင်း မပြဋ္ဌာန်းနိုင်ပါ။ ယေဘုယျအားဖြင့် ပြင်ဆင်ပြောင်းလဲမှုများလုပ်ထားသည့်ဘန်းသဘောတူညီချက်(the Berne Convention)သည် နိုင်ငံအားလုံးက မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်းဖန်တီးသည့်လက်ရာများကိုပေးသည့် အကာအကွယ်များနှင့်တန်းတူ ပြည်ပနိုင်ငံမှ လက်ရာများကိုလည်း ယင်းနိုင်ငံသည် သဘောတူလက်မှတ်ရေးထိုးထားသည့် နိုင်ငံဟုမှတ်ယူပြီး အကာအကွယ်ပေးရန်လိုအပ်စေပါသည်။ (အပြာဖြင့်)ပြထားသည့်အောက်ပါမြေပုံသည် ၂၀၂၀ ခုနှစ်မှအထိ ဘန်းသဘောတူညီချက် (the Berne Convention)၌ လက်မှတ်ရေးထိုးထားသည့်နိုင်ငံများအားပြပါသည်။

ထို့အပြင် သက်ဆိုင်ရာအကြောင်းအရာအလိုက် ခြွင်းချက်အချို့ရှိသော်လည်း ဘန်းသဘောတူညီချက်(the Berne Convention)က ် ဖန်တီးထားသောလက်ရာများအတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်သက်တမ်းနှင့်စပ်လျဉ်းသည့် အနည်းဆုံးစံသတ်မှတ်ချက်များ_(စံသတ်မှတ်ထားသော စည်းကမ်းချက်များ) ကိုချမှတ်ထားပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်အတွက်ဘန်းသဘောတူညီချက်(the Berne Convention)၏ စံသတ်မှတ်ချက်များသည် အနိမ့်ဆုံးသက်တမ်းကို မူလလက်ရာရှင်၏တစ်သက်တာအပြင် အနှစ် ၅၀ ကာလအထိ သတ်မှတ်ပေးပါသည်။ ဘန်းသဘောတူညီချက်(the Berne Convention) သည် အနိမ့်ဆုံးသက်တမ်းများကိုသာသတ်မှတ်သဖြင့် အချို့နိုင်ငံများသည် မူလလက်ရာရှင်တစ်ဦးချင်းစီအလိုက် ပိုကြာသောစာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းများကိုသတ်မှတ်ထားခဲ့ပါသည်။ ဥပမာ 'မူလလက်ရာရှင်၏တစ်သက်တာအပြင် အနှစ် ၇၀' နှင့်'မူလလက်ရာရှင်၏တစ်သက်တာအပြင် အနှစ် ၁၀၀' တို့ဖြစ်ပါသည်။ အောက်ပါမြေပုံသည် ၂၀၁၂ ခုနှစ်တွင်ရှိသော ကမ္ဘာတစ်ဝန်းရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းများ၏အခြေအနေကိုပြပါသည်။

ကမ္ဘာတစ်ဝန်းရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်ကာလသက်တမ်း Balfour Smith, Canuckguy, Badseed, Martsniez- Duke Universityမှ Balfour Smith ၏မူရင်းပုံ CC BY 3.0

ဘန်းသဘောတူညီချက်(the Berne Convention) အပြင် အခြား အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များစွာက ကမ္ဘာတစ်ဝန်းရှိ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ စည်းကမ်းချက်များကို ပို၍ညီညွတ်လာစေပါသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် ဘန်းသဘောတူညီချက်(the Berne Convention)တွင် လက်မှတ်ထိုးမထားသော်လည်း ဉာဏပစ္စည်းမူပိုင်ခွင့်နှင့်ပတ်သက်သည့် စာချုပ်စာတမ်း ၉ ခုတို့တွင် လက်မှတ်ထိုးထားပါသည်။ ထိုစာချုပ်စာတမ်းများတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)၏ ဉာဏပစ္စည်းမူပိုင်ခွင့်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်မူဘောင်(Framework Agreement on Intellectual Property Cooperation) ၊ ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာအဖွဲ့(WIPO) နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)မှ အဖွဲ့ဝင်များအားလုံးလိုက်နာရသော ဉာဏပစ္စည်းမူပိုင်ခွင့်များ၏ ကုန်သွယ်ရေးဆိုင်ရာ လက္ခဏာများနှင့်စပ်လျဉ်းသည့် သဘောတူညီချက် (TRIPS) တို့ ပါဝင်သည်။ TRIPS အဖွဲ့ဝင်နိုင်ငံများအားလုံးသည် စာပေနှင့်အနုပညာမူပိုင်ခွင့်အပါအဝင် ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေများကိုပြဋ္ဌာန်းရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံအား ့်ဥပဒေများပြဋ္ဌာန်းရမည့်သတ်မှတ်ကာလအား သက်တမ်းတိုးပေးခြင်းကို အကြိမ်ကြိမ်တိုးပေးထားခဲ့ပါသည်။ အကောင်အထည်ဖော်ရန်နောက်ဆုံးသတ်မှတ်ထားသည့်အချိန်မှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ဖြစ်ပါသည်။ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ်များစာရင်းကို နောက်ဆက်တွဲ အရင်းအမြစ်များတွင် ကြည့်ရှုနိုင်ပါသည်။

ရှေ့တွင်လေ့လာခဲ့ရသည့်အတိုင်း လက်ရှိတွင် မြန်မာနိုင်ငံသားများဖန်တီးသည့်လက်ရာများသည် အခြားနိုင်ငံများတွင် တန်းတူသောစာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်များကိုမရရှိသေးပါ။ အခြားနိုင်ငံများတွင် မြန်မာနိုင်ငံသားများဖန်တီးသည့်လက်ရာများ စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ရရှိနိုင်ရန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသစ်ကိုဖော်ဆောင်သည့်အခါ မြန်မာနိုင်ငံသည် ဘန်းသဘောတူညီချက်(the Berne Convention) (၁၈၈၆) ခုနှစ်၊ WIPO ဝီပိုမူပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ် (၁၉၉၆) နှင့် မာရာကက်ရှ် သဘောတူစာချုပ် (Marrakesh Treaty) (၂၀၁၆) တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ရန် လိုအပ်ပါသည်။ ဝီပို နှင့် မာရာကက်ရှ် စာချုပ်များသည် မျက်မမြင်များ သို့မဟုတ် အမြင်အာရုံချို့တဲ့သူများအတွက် ဒစ်ဂျစ်တယ်အရင်းအမြစ်များရရှိစေပြီး အရင်းအမြစ်များဝေမျှခြင်းကိုလွယ်ကူချောမွေ့စေရန် အထောက်အကူပေးပါသည်။

ပြည်တွင်းဥပဒေများ

ဘန်းသဘောတူညီချက်(the Berne Convention)နှင့်အခြားသဘောတူစာချုပ်များ သဘောတူညီချက်များကြောင့် နိုင်ငံတကာဆိုင်ရာမူဘောင်များရှိနေသော်လည်း စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ပြည်တွင်းဥပဒေများဖြင့် ပြဋ္ဌာန်းပြီး စိုးမိုးစေပါသည်။ ပြည်တွင်းမူပိုင်ခွင့်ဦးစီးဌာနများမှ ထိုဥပဒေများအတိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မူပိုင်ခွင့်ရရှိသူများအားအကူအညီပေးခြင်း၊ မှတ်ပုံတင်ရန်ဆောင်ရွက်ခြင်းနှင့် ရှင်းလင်းသောလမ်းညွှန်ချက်များပေးခြင်းတို့ကို ဆောင်ရွက်စေရမည် ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ကမ္ဘာတစ်ဝန်းတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်အတွက်စံသတ်မှတ်ချက်များအနည်းဆုံးဖြစ်စေရန်အထူးကြိုးပမ်းနေကြသော်လည်း သဘောတူစာချုပ်များနှင့်သဘောတူညီချက်များ၏စည်းကမ်းချက်များအား လိုက်နာမှုနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် မတူကွဲပြားမှု ကြီးမားစွာ ရှိနေဆဲဖြစ်ပါသည်။ ဆိုလိုသည်မှာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၏အသေးစိတ်အချက်အလက်များသည် နိုင်ငံအလိုက် ကွဲပြားနေကြဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ဦးစီးဌာနအကြောင်းနှင့် သင့်ကိုမည်သို့အကူအညီပေးနိုင်ကြောင်းကို အဆိုပါဌာန၏ဝက်ဘ်ဆိုက်တွင် ပိုမိုလေ့လာနိုင်ပါသည်။

မိမိက စာပေနှင့်အနုပညာမူပိုင်ခွင့်ဖြင့်ကန့်သတ်ထားသည့်လက်ရာတစ်ခုအား အသုံးပြုခြင်းသည် မည်သည့်ဥပဒေနှင့် သက်ဆိုင်ပါသနည်း။

လက်ရာတစ်ခုအား အသုံးပြပုံတစ်ခုသည် မည်သည့်စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့်သက်ဆိုင်သနည်းဆိုသည်မှာ မူပိုင်ခွင့်မူလလက်ရာရှင်များနှင့် ၎င်းတို့၏လက်ရာများကိုအသုံးပြုသူများ မေးကြလေ့ရှိသည့် မေးခွန်းတစ်ခုဖြစ်ပါသည်။ အများအားဖြင့် နယ်မြေဒေသကန့်သတ်ချက်စည်းကမ်းများဖြင့် သက်ဆိုင်ပါသည်။ နိုင်ငံတွင်းဖြစ်ပေါ်သည့် ကိစ္စများအပေါ်တွင်သာ ပြည်တွင်းဥပဒေများ၏ အာဏာစက်သက်ရောက်မှုရှိပါသည်။ ယေဘုယျအားဖြင့် လက်ရာတစ်ခုကိုအသုံးပြုရာနိုင်ငံ၏ဥပဒေက ထိုအသုံးပြုမှုအပေါ် သက်ဆိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံတွင် စာအုပ်တစ်အုပ်အား ဖြန့်ချိပါက ယေဘုယျအားဖြင့် အဆိုပါစာအုပ်ကိုဖြန့်ချိမည့်နိုင်ငံ၏ ဥပဒေအတိုင်း ကျင့်သုံးရမည်ဖြစ်သည်။

ကျင့်သုံးရန်များစွာပိုမိုခက်ခဲသော အင်တာနက်ခေတ်တွင်ပင်လျှင် ယင်းအတိုင်း ကျင့်သုံးရမည်ဖြစ်သည်။ ဥပမာ သင်သည်ဂျာမနီနိုင်ငံသို့ခရီးသွားသည့် ကနေဒါနိုင်ငံသားတစ်ဦးဖြစ်ပြီး ပါဝါပွိုင့်တင်ဆက်စဉ်အတွင်း မူပိုင်ခွင့်ရထားသည့်လက်ရာတစ်ခုကိုသုံးလျှင် ပုံမှန်အားဖြင့် သင်၏အသုံးပြုမှုအား ဂျာမန်ဥပဒေက သက်ရောက်မည် ဖြစ်သည်။

ကြုံရသည့်အခြေအနေအလိုက် သက်ရောက်သည့်ဥပဒေကိုဆုံးဖြတ်ရာတွင် ရှုပ်ထွေးနိုင်ပါသည်။ ထိုရှုပ်ထွေးမှုသည် နေရာဒေသတိုင်းတွင် အာဏာတည်စေရန်ချမှတ်ထားသော Creative Commons လိုင်စင်များ၏ အားသာချက်တစ်ခုဖြစ်ပါသည်။ နောက်အခန်းတွင် Creative Commons အကြောင်းကိုပိုလေ့လာသွားပါမည်။

ခြုံငုံဖော်ပြချက်

အပြီးသတ် မှတ်ချက်များ