ဆန်နီဘိုနို စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်း တိုးမြင့်ခြင်း အက်ဥပဒေ (The Sonny Bono Copyright Term Extension Act - CTEA)

ထိုအကြောင်းအရာသည် အမေရိကန်ပြည်ထောင်စုတွင် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပြုမှုတစ်ခုနှင့် စတင်ပါသည်။ ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းသော ‘ဆန်နီဘိုနို စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်း တိုးမြင့်ခြင်း အက်ဥပဒေ (CTEA)’ ပင် ဖြစ်ပါသည်။ ယင်းက အမေရိကန်ပြည်ထောင်စုရှိ (ထုတ်ဝေဖော်ပြပြီး လက်ရာများအပါအဝင်) ဖန်တီးမှုတိုင်းအတွက် စာပေနှင့် အနုပညာမူပိုင်ခွင့်သက်တမ်းကို နောက်ထပ်အနှစ် ၂၀ တိုးပေးပါသည်။ မူလလက်ရာရှင်၏ တသက်တာအပြင် ၎င်းကွယ်လွန်ပြီးနောက် အနှစ် ၇၀ ဖြစ်ပါသည်။ (ထိုသို့ ပြောင်းလဲမှုက အမေရိကန်ပြည်ထောင်စု၏ စာပေနှင့် အနုပညာမူပိုင်ခွင့်သက်တမ်းကို တခြားနိုင်ငံအချို့နှင့် တူညီသွားစေပါသည်။ သို့သော် မြန်မာနိုင်ငံ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေသစ် အပါအဝင် နိုင်ငံအတော်များများတွင် မူလလက်ရာရှင် ကွယ်လွန်ပြီး အနှစ် ၅၀ ဖြင့်သာ ဆက်ရှိနေပါသည်။)
စတန်းဖို့ဒ်တက္ကသိုလ် ဥပဒေပါမောက္ခ Lawrence Lessig က ဤဥပဒေသစ်သည် အခြေခံဥပဒေနှင့်ဆန့်ကျင်နေသည်ဟု ယူဆပါသည်။ နှစ်ကာလကြာမြင့်သည်နှင့်အမျှ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းသည် စဉ်ဆက်မပြတ် တိုးလာခဲ့သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်း၏အဆုံးသတ်သည် အရေးကြီးပါသည်။ ယင်းက လက်ရာတစ်ခု အများပြည်သူပိုင်နေရာသို့ စတင်ဝင်ရောက်သည့် အခိုက်အတန့်ကို သတ်မှတ်ပေး ပါသည်။ ထို့နောက် ချက်ချင်းပင် အဆိုပါလက်ရာကို ခွင့်ပြုချက်တောင်းခံစရာမလိုဘဲ မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုနိုင်သည်။ ယင်းအချက်သည် စာပေနှင့်အနုပညာမူပိုင်ခွင့်စနစ်ရှိ ဘက်စုံစဉ်းစားရမည့် အခြေအနေ၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ တီထွင်ဖန်တီးနိုင်စွမ်းများနှင့် အသိပညာများအားလုံးသည် ယခင်ကရှိခဲ့သည်တို့အပေါ်တွင် အခြေခံထားခြင်းဖြစ်ကာ စာပေနှင့်အနုပညာမူပိုင်ခွင့်သက်တမ်းကုန်ဆုံးမှုက မူပိုင်ခွင့်တင်ထားသည့်လက်ရာသည် နောက်ဆုံးတွင် အများပြည်သူပိုင်နေရာသို့ ရောက်ရှိသွားပြီး ကျွန်ုပ်တို့အားလုံး လက်ရာအသစ်များကိုဖန်တီးရာတွင် လွတ်လပ်စွာယူငင်အသုံးပြု နိုင်သည့် အသိပညာနှင့် ဖန်တီးနိုင်စွမ်းများသိုလှောင်ရာသို့ ရောက်ရှိစေခြင်းကို သေချာစေပါ သည်။
မူလလက်ရာရှင်များအား ၎င်းတို့၏လက်ရာများအပေါ် အကန့်အသတ်ဖြင့် လက်ဝါးကြီးအုပ်ခွင့်ပြုခြင်းဖြင့် ၎င်းတို့၏လက်ရာများကို ပြန်လည်မျှဝေကြစေရေး ဆွဲဆောင်မှုတစ်ခု ဖန်တီးရန် အမေရိကန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ထည့်သွင်းရေးဆွဲထားသဖြင့် ဥပဒေသစ်က ယင်းစာပေနှင့်အနုပညာမူပိုင်ခွင့်၏ရည်ရွယ်ချက်နှင့် ကိုက်ညီရန် ခက်ခဲခဲ့ပါသည်။ ဥပဒေက ရှိရင်းစွဲလက်ရာများအား ဖန်တီးမှုကို မည်သို့မက်လုံးပေးဆွဲဆောင်နိုင်သည့် အလားအလားများရှိပါသနည်း။
အများပြည်သူပိုင်နေရာသို့ မူလလက်ရာများ ရောက်ရှိသွားသည်နှင့်အမျှ အဆိုပါလက်ရာများကို အများပြည်သူရရှိသုံးစွဲနိုင်ရန် ဆောင်ရွက်လေ့ရှိသော ဝက်ဘ်ဆိုက်လွှင့်တင်သူ (web publisher) တစ်ဦးဖြစ်သည့် Eric Eldred အတွက် Lessig က အကျိုးဆောင်ရှေ့နေလိုက်ပေးခဲ့သည်။ ၎င်းတို့နှစ်ဦးပေါင်းကာ အဆိုပါဥပဒေ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိခြင်း ကို စိန်ခေါ်ရင်ဆိုင်ခဲ့ကြသည်။ Eldred v. Ashcroft ဟု လူသိများသည့် အဆိုပါအမှုသည် အမေရိကန်နိုင်ငံတရားရုံးချုပ်ထိ ရောက်ရှိသွားခဲ့သည်။ Eldred lost
ခြုံငုံဖော်ပြချက်
