၃.၄ လိုင်စင်၏ စိုးမိုးနိုင်စွမ်း

Magdalena Roeseler ၏ Untitled CC BY 2.0 လိုင်စင်

Creative Commons လိုင်စင်များကို ကမ္ဘာစ်ဝန်းရှိ နိုင်ငံများတွင် ဥပဒေကြောင်းအရ စိုးမိုးနိုင်စေရန် အထူးသေချာစွာ ရေးဆွဲထားခြင်းဖြစ်ပါသည်။

သင်ယူမှုရလဒ်များ

ဤအခန်းပြီးဆုံးချိန်တွင် သင့်အနေဖြင့်

  • Creative Commons ၏ စီရင်ထုံးအနေအထားကို ဖော်ပြနိုင်မည်။
  • လိုင်စင်မူကွဲအမျိုးမျိုးနှင့် မည်သည့်အတွက်ကြောင့် ပြောင်းလဲမှုများအား ပြုလုပ်ထားသည်တို့ကို နားလည်လာမည်။

ပြန်လည်သုံးသပ်ချက်

သင် သို့မဟုတ် သင့်အဖွဲ့အစည်းက CC လိုင်စင်များကို အသုံးပြုနေသည်ဖြစ်စေ၊ ယင်းလိုင်စင်များကို အခြားသူများက အသုံးပြုခြင်းနှင့် ပတ်သက်၍ သင်က အကြံပေးနေသည်ဖြစ်စေ CC လိုင်စင်များ၏ စည်းကမ်းချက်များက ဥပဒေကြောင်းအရ စိုးမိုးနိုင်ခြင်းနှင့် ပတ်သက်၍ ယုံကြည်မှုရှိထားချင်မည်ဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်လက်ရာကို အလွဲသုံးစားပြုပါက မည်သည့် အားကိုးအားထားပြုစရာ သင့်တွင် ရှိပါသနည်း။ ဥပမာ တစ်စုံတစ်ယောက်က သင့်ထံမှ ခွင့်ပြုချက်မတောင်းခံဘဲ သင် CC လိုင်စင်သုံးထားသည့် ဓာတ်ပုံတစ်ပုံကို မဂ္ဂဇင်းတစ်စောင်တွင် အသုံးပြုထားကြောင်း သိရသည့်အခါ မည်သို့ ပြုလုပ်ပါမလဲ။

အပြီးသတ် မှတ်ချက်

မိတ်ဆက်