အပြီးသတ် မှတ်ချက်

CC လိုင်စင်များ၏ ဥပဒေကြောင်းအရ ခိုင်မာအားကောင်းမှုသည် အလွန်အရေးကြီးလှပါသည်။ CC သည် ၎င်း၏ နိုင်ငံတကာ ဥပဒေနှင့် မူဝါဒရေးရာကျွမ်းကျင်သူများကွန်ယက်၏ အကူအညီကိုရယူထားသောကြောင့် CC လိုင်စင်များကို ကမ္ဘာတစ်ဝှမ်းတွင် အသိအမှတ်ပြုလက်ခံကြပြီး ဥပဒေအရ အကျုံးဝင်သက်ရောက်မှုရှိနေပါသည်။ ယနေ့အချိန်အထိ CC လိုင်စင်များအား မည်သည့် တရားရုံးတွင်မှ ဥပဒေအရအကျုံးမဝင်ဟု ကြေညာခြင်းမခံရသေးပါ။ တရားရုံးအထိ တရားစွဲဆိုခံရခြင်းများလည်း မရှိသလောက် နည်းပါနေပါသေးသည်။ အငြင်းပွားမှုအများအပြားသည်လည်း တရားရုံးအထိရောက်သွားခြင်းမရှိဘဲ CC အသိုက်အဝန်းကြီးထဲတွင်ပင် ပြေလည်သွားကြပါသည်။

အခန်း ၃ ဉာဏ်စမ်းမေးခွန်းများ

လိုင်စင်မူကွဲများ