အခန်း ၄ ။ OER နှင့် CC လိုင်စင်ရှိ သောလက်ရာများကိုအသုံးပြုခြင်း

မိတ်ဆက်

Permission to share_my [Tip: hold Ctrl and click a link to open it in a new tab. (Hide tip)] ’ ကို UK Aid မှ ရန်ပုံငွေ ထောက်ပံ့သော SPHEIR အစီအစဉ် spheir.org.uk ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် TIDE စီမံကိန်းအတွက် Visual Thinkery က ဖန်တီးထားပြီး CC BY 2.0 လိုင်စင်သုံးထားပါသည်။

ယခုဆိုလျှင် လိုင်စင်များအလုပ်လုပ်ပုံနှင့် မည်သို့ရေးဆွဲထားသည်ကို သိပြီးဖြစ်တာကြောင့် လွတ်လပ်စွာ ရယူအသုံးပြုခွင့်လိုင်စင်ရှိသည့် လက်ရာများကို အသုံးပြုလိုသည့် အကြောင်းရင်းများကို ဆွေးနွေးပါမည်။ CC license ရှိ သော လက်ရာများကို မည်သည့်နေရာတွင်တွေ့နိုင်ပါသနည်း။ မည်ကဲ့သို့ အကဲဖြတ်ကာ သင့်တော်စွာ ရည်ညွှန်းကိုးကားနိုင်ပါသနည်း။

ဤယူနစ်တွင် အခန်း ၄ ခန်း ရှိသည်။

  • ၄.၁ အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်သည့်ပညာရေးအရင်းအမြစ်များ (Open educational resources -- OER)
  • ၄.၂ OER ကို အဘယ်ကြောင့် အသုံးပြုပါသနည်း
  • ၄.၃ OER ကို ရှာဖွေခြင်းနှင့်အကဲဖြတ်ခြင်း
  • ၄.၄ OER ကို အသိအမှတ်ပြုဖော်ပြခြင်း

ဤယူနစ်မှအကြောင်းအရာများကို ထပ်မံလေ့လာလိုပါက နောက်ဆက်တွဲ အရင်းအမြစ်များတွင် လေ့လာနိုင်ပါသည်။

၄.၁ အခမဲ့လွတ်လပ်စွာရယူအသုံးပြုနိုင်သည့်ပညာရေးအရင်းအမြစ်များ ( Open educational resources )