သင်၏လက်ရာက အခြားသူ၏လက်ရာပေါ် အခြေခံမှုရှိမရှိကို ညွှန်ပြခြင်း
ဒုတိယအဆင့်မှာ သင်၏လက်ရာက အခြားသူ၏လက်ရာပေါ် အခြေခံမှုရှိမရှိကို ညွှန်ပြခြင်းဖြစ်သည်။ သင်၏လက်ရာသည် အခြားလက်ရာတစ်ခုအား ပြုပြင်ဖန်တီးထားခြင်း (သို့) ဆင့်ပွားဖန်တီးထားခြင်းဖြစ်ပါက ယင်းအချက်ကိုထည့်သွင်းပြီး မူလလက်ရာ၏လက်ရာရှင်အား အသိအမှတ်ပြု ဖော်ပြပါ။ သင်ပြုပြင်ဖန်တီးထားသောလက်ရာ၏ လင့်ခ်ကိုပါထည့်သွင်းဖော်ပြကာ ၎င်းလက်ရာ၏လိုင်စင်ကိုပါ ဖော်ပြပါ။
ဥပမာအားဖြင့် သင်သည် အထက်တွင်ဖော်ပြထားသောဓာတ်ပုံအား အသေးစားပြောင်းလဲမှုများ ပြုလုပ်ချင်သည် ဆိုပါစို့။ အောက်ပါ ဥပမာတွင် ဓာတ်ပုံအရောင်ပါဝင်မှုကိုလျှော့ချထားသည်။
ယခုလိုပြုပြင်ထားသောဗားရှင်းအတွက် ကောင်းမွန်သော အသိအမှတ်ပြု ဖော်ပြမှုမှာ -
CC BY 2.0 ဖြင့်လိုင်စင်တင်ထားသော tvol ၏ Creative Commons 10th Birthday Celebration San Francisco အား မူရင်းလက်ရာမှ အရောင်ကိုလျှော့ချထားသည်။
အသိအမှတ်ပြု ဖော်ပြချက်တွင် မူရင်းဓာတ်ပုံ၏ ခေါင်းစဉ်၊ လက်ရာရှင်၊ အရင်းအမြစ်နှင့် လိုင်စင်များကို ထည့်သွင်းဖော်ပြထားပြီး မူရင်းဓာတ်ပုံအား မည်သို့ပြုပြင်ထားသည်ကိုပါ ဖော်ပြထားသည်။
အရင်းအမြစ်တစ်ခုတွင် အသေးစားပြောင်းလဲမှုမျာ ပြုလုပ်ထားသော း အခြားဥပမာများအတွက် ဖော်ပြနိုင်သောဥပမာများမှာ အောက်ပါကဲ့သို့သော ဖော်ပြချက်တစ်ခုကို အသုံးပြုနိုင်သည် အတိုင်းဖြစ်သည်။
CC BY 2.0 လိုင်စင်အရ အသုံးပြုထားသော tvol ၏ Creative Commons 10th Birthday Celebration San Francisco အား မှီငြမ်းပြုပြင် သည်။
တစ်ခါတစ်ရံ ရင်းမြစ်တစ်ခုတွင် ပိုကြီးမားသော အပြောင်းအလဲများ ပြုလုပ်လိုသည့်ဆန္ဒ ရှိနိုင်ပါသည်။ ထိုအခါ ဆင့်ပွားလက်ရာဖန်တီးခြင်းဖြစ်နိုင်ပါသည်။ အထက်တွင် ဖော်ပြထားသောပုံကို အသုံးပြုပြီး (90fied ဟုခေါ်သည့်) လက်ရာသစ်တစ်ခုကို ဖန်တီးထားသော အောက်ပါဥပမာကို လေ့လာကြပါစို့။
ဤလက်ရာသစ်အတွက် အသိအမှတ်ပြုဖော်ပြချက်တွင် လက်ရာသစ်အတွက် TASL အသေးစိတ် အချက်အလက်ဖြစ်သော ‘90fied’ နှင့် မူရင်းဓာတ်ပုံ၏ အသေးစိတ် အချက်အလက်ဖြစ်သော ‘Creative Commons 10th Birthday Celebration San Francisco’ ပါဝင်သင့်သည်။ ကောင်းမွန်သော အသိအမှတ်ပြု ဖော်ပြမှုမှာ -
‘90fied’ သည် CC BY 2.0 အရ tvol အသုံးပြုထားသော Creative Commons 10th Birthday Celebration San Francisco ၏ ဆင့်ပွားလက်ရာတစ်ခုဖြစ်သည်။ ‘90fied’ ကို [သင့်နာမည်] မှ [လိုင်စင်အမျိုးအစား] ဖြင့် လိုင်စင် ချပေးထားသည်။ ‘Creative Commons 10th Birthday Celebration San Francisco’ ကို CC BY 2.0 လိုင်စင်ချထားသည်။
ဆင့်ပွားလက်ရာများစတင်ဖန်တီးသည်နှင့်တစ်ပြိုင်နက် သင်၏လက်ရာအသစ်များကို မည်သို့လိုင်စင် ချပေးမည်ကို သတိပြုရန်လိုအပ်သည်။ ‘90fied’ လက်ရာအတွက် အသုံးပြုနိုင်သော လိုင်စင်အမျိုးအစားများနှင့် ဆင့်ပွားလက်ရာများကို အခန်း ၅.၃ တွင် လေ့လာပါမည်။
သင်၏ကိုယ်ပိုင်လက်ရာကို အမှတ်အသားပြုလုပ်ခြင်း