အခန်း ၃ နောက်ဆက်တွဲ အရင်းအမြစ်များ
အခန်း ၃ CC လိုင်စင်အား လေ့လာဆန်းစစ်ခြင်း
၃.၂ လိုင်စင် သက်ရောက်သည့်နယ်ပယ်
- Creative Commons ၏ 'မျှတစွာ ပတ်သက်ဆက်ဆံမှု (fair dealing)' နှင့် မျှတစွာအသုံးပြုမှု(fair use)' ဆိုင်ရာ FAQ
- Creative Commons ၏ အများပြည်သူပိုင်နေရာဆိုင်ရာ FAQ
- Creative Commons လိုင်စင်တစ်ခုသည် ဖန်တီးထားသော လက်ရာတစ်ခုကို အသုံးပြုရန် ကျွန်ုပ်လိုအပ်သည့် အခွင့်အရေးများအားလုံး ပေးထားပါသလား။
- Creative Commons လိုင်စင်များသည် မျှတစွာအသုံးပြုမှု(fair use)'နှင့်'မျှတစွာ ပတ်သက်ဆက်ဆံမှု (fair dealing)' တို့ကဲ့သို့ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ ခြွင်းချက်များနှင့် ကန့်သတ်ချက်များအပေါ် သက်ရောက်မှုရှိပါသလား။
- အများပြည်သူပိုင်နေရာတွင်ရှိသည့် လက်ရာတစ်ခုအတွက် Creative Commons လိုင်စင်တစ်ခုကို အသုံးပြုလို့ရပါသလား။
၃.၄ လိုင်စင်၏ စိုးမိုးနိုင်စွမ်း
- ကျွန်ုပ်၏လက်ရာကို Creative Commons လိုင်စင်ဖြင့် မျှဝေပေးထားပြီး အခြားသူတစ်ယောက်က ၎င်းလက်ရာကို လိုင်စင်စည်းကမ်းချိုးဖောက်ကာ အသုံးပြုပါက မည်သို့ ဆက်ဖြစ်ပါသလဲ။
- Creative Commons လိုင်စင်အရ ရရှိထားသည့် အခွင့်အရေးများကို မည်သို့ ဆုံးရှူံးသွားနိုင်ပါသလဲ။ ယင်းသို့ဖြစ်လျှင် အခွင့်အရေးများအား မည်သို့ ပြန်လည်ရရှိနိုင်ပါသလဲ။
CC ဥပဒေ အထောက်အကူများကို တရားဝင် ဘာသာပြန်ဆိုချက်များ
ဘာသာပြန်ဆိုချက်များသည် မူရင်းနှင့်တတ်နိုင်သမျှအနီးစပ်ဆုံးဖြစ်စေရန်အတွက် Creative Commons တွင် ဘာသာပြန်ဆိုခြင်းဆိုင်ရာ တရားဝင်လုပ်ထုံးလုပ်နည်း တစ်ခုရှိပါသည်။ ယင်းလုပ်ထုံးလုပ်နည်း၏ ရည်ရွယ်ချက်မှာ လိုင်စင်စည်းကမ်းချက်များကို လူတိုင်း၎င်းတို့၏ မိခင်ဘာသာစကားဖြင့် ဖတ်ရှုနားလည်နိုင်စေရန် CC ဥပဒေအထောက်အကူများကို ဘာသာစကားပေါင်းစုံသို့ တတ်နိုင်သမျှ များများ ဘာသာပြန်ဆိုထားနိုင်ရန်ဖြစ်ပါသည်။ လိုင်စင်များအားလုံးတွင် တရားဝင်ဘာသာပြန်ဆိုချက်များကို ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code) ၏အောက်ခြေတွင် မှတ်သားထားပြီး တစ်ခုနှင့်တစ်ခု တူညီကြပါသည်။
မူရင်းအင်္ဂလိပ်ဘာသာနှင့် တရားဝင်ဘာသာပြန်ဆိုချက်များအကြား ဆက်နွယ်မှုအား လူအများ မေးမြန်းလေ့ရှိကြပါသည်။ တရားဝင်ဘာသာပြန်ဆိုချက်များအားလုံးသည် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲထားခြင်းနှင့်မတူဘဲ ဘာသာစကားတစ်ခုသို့ ဘာသာပြန်ဆိုချက်သီးသန့်သာဖြစ်ပါသည်။ ဘာသာပြန်ဆိုချက်များအားလုံး၏ ဥပဒေအရအကျုံးဝင်မှုမှာ တစ်ခုနှင့်တစ်ခု တူညီကြပါသည်။ ဆိုလိုသည်မှာ လိုင်စင်ပိုင်ရှင်က ၎င်း၏လက်ရာတစ်ခုအတွက် အင်္ဂလိပ်ဘာသာစကားဖြင့် ဖော်ပြထားသော CC-BY လိုင်စင်တစ်ခုသုံးထားသော်လည်း အာရပ်စကားပြောသည့် ယင်းလက်ရာကို ပြန်လည်အသုံးပြုသူက ယင်းလိုင်စင်ကိုပင် အာရပ်ဘာသာစကားဖြင့် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ယင်းပုံစံသည် World Wide Web Consortium ကဲ့သို စံနှုန်းသတ်မှတ်ခြင်းဆိုင်ရာ အဖွဲ့အစည်းများက စံနှုန်းတစ်ခုအား များစွာသောဘာသာစကားအမျိုးမျိုးသို့ ဘာသာပြန်ဆိုထားသည့်ပုံစံ နှင့် ကုလသမဂ္ဂ၏ သဘောတူစာချုပ်များ ထုတ်ဝေသည့်ပုံစံများနှင့် အလားတူပင်ဖြစ်ပါသည်။
အခြားအရင်းအမြစ်များ
- David Wiley၏ ‘About the open publication license’ by (CC BY 4.0): လွတ်လပ်စွာ ရယူအသုံးပြုနိုင်သော အကြောင်းအရာ၊ အချက်အလက်များ လိုင်စင်တင်ခြင်းဆိုင်ရာ သမိုင်းကြောင်းအကျဉ်းချုပ် နှင့် နောက်ဆုံးတွင် ယင်းလိုင်စင်များနေရာတွင် ပိုမိုအားကောင်းသည့် Creative Commons လိုင်စင်များက အစားထိုးဝင်ရောက်လာရသည့် အကြောင်းရင်း။
- ‘Creative Commons licenses’ (CC BY-SA 3.0) - လိုင်စင်များအကြောင်းအကျဉ်းချုပ်နှင့် အသုံးချမှုဆိုင်ရာ လမ်းညွှန်ချက်အချို့ကို ဖတ်ရှုနိုင်သည့် ဝီကီပီးဒီးယား (Wikipedia) ဆောင်းပါး
- Creative Commons ၏ ‘About the licenses’ (CC BY 4.0) တွင် လိုင်စင်များ၏ ဥပဒေရေးရာ ပြဋ္ဌာန်းချက် (Legal Code)များနှင့် သဘောတူညီချက်များ (deeds) အကြောင်း မှန်သမျှကို လေ့လာရန် အဆိုပါဝဘ်ဆိုက်ကို သွားရောက်ပြီး လိုင်စင်အမျိုးမျိုးကို လေ့လာနိုင်ပါသည်။
